လျှပ်စစ် သစ်သား ဆိုင်ကယ်ကို ဒီဇိုင်နာ Jordi Poblet Pedrol မှ ရေးဆွဲ ပေးထားခြင်း ဖြစ်ပါတယ်။
ဆိုင်ကယ်ကိုယ်ထည် အစိတ်အပိုင်းအများစုကို သစ်သားနဲ့ပြုလုပ်ထားပြီး ပလပ်စတစ်ဖိုက်ဘာ နဲ့ သတ္တု အနည်းငယ်သာ ပါဝင်မှာ ဖြစ်ပါတယ်။ ဆိုင်ကယ်အတွက် လိုအပ်တဲ့ ဘက်ထရီက အိတ်ကတ်ထဲထည့်ပြီးတောင် သယ်သွားသယ်လာလုပ်လို့ ရတယ်လို့ ဆိုပါတယ်။ ဘက်ထရီ သေးသေးလေး နဲ့ ဆိုင်ကယ်ရဲ့ မော်တာကို လည်ပတ်ပေး မှာ ဖြစ်ပြီး လျှပ်စစ် စက်ဘီးထက်တော့ စွမ်းဆောင်ရည် မြင့်ပါတယ်။
Jordi အနေနဲ့ လောင်စာဆီ အသုံးပြု စက်တပ်ယာဉ်များ အစားထိုးရန် စိတ်ကူးနဲ့ ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ ယင်းဆိုင်ကယ်ကို Biona လို့ အမည်ပေး ထားပါတယ်။ ဆိုင်ကယ်အလေးချိန် လျော့ချရန် ဖြစ်တဲ့အတွက် ပလပ်စတစ် အသုံးပြုဖို့လည်း စဉ်းစားခဲ့ပါသေးတယ်။ သို့ပေမယ့် Biona ကိုတော့ သစ်သားနဲ့ပဲ ပြုလုပ်ထားပါတယ်။ သူလည်း အလေးချိန်နည်း ပါတယ်။ အကယ်၍ ထုတ်လုပ်မယ်ဆိုရင်တော့ သစ်သားကော ပလပ် စတစ်ကော နှစ်မျိုးလုံးနဲ့ ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
-----
Ref: zurmat
ColayOnline:Automobile