Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

ပျော်ရွှင်ချမ်းသာလိုလျှင်


တစ်နေ့ လူတစ်ယောက်သည် မြတ်စွာဘုရား ထံ၌ ချဉ်းကပ်၍ မေးလေ၏။ "ကျွန်တော်မျိုး ပျော်ရွှင်ချမ်းသာလို၏။ "
မြတ်စွာဘုရားက ဤသို့ဖြေလေ၏။ " ငါချမ်းသာဖို့ ငါပျော်ရွှင်ဖို့ ဆိုတဲ့ အတ္တတည်း ဟူသော ငါကို ပယ်လိုက်ပါ၊ တဏှာတည်းဟူသော လိုချင်မှု ကိုလည်း ပယ်လိုက်ပါ၊ ဒါဆို သင်သည် အမှန်တကယ် ချမ်းသာစေသော ပျော်ရွှင်ခြင်းကို ရလိမ့်မည်။

(မြတ်ဗုဒ္ဓ)

နျူကလိယဗုံး ပေါက်ကွဲခြင်း ဟူသည်


နျူကလိယဗုံး ပေါက်ကွဲတာထက် သူ့ကိုဘာနဲ့ လုပ်တယ်ဆိုတာ အရင် လေ့လာ ရပါမယ်။

အသုံးပြုသော သတ္တုအမျိုးအစား

အဓိက အသုံးပြုတဲ့ ပစ္စည်းကတော့ ပလူတိုနီယံ သတ္တု နဲ့ ယူရေနီယမ် ဖြစ် ပါတယ်။ ပလူတိုနီယမ်မှာ ထူးခြားချက် နှစ်ခုက ရေဒီယို ဓာတ်ကြွခြင်း ဓာတုဓာတ်ပြုခြင်း ဖြစ်ပါတယ်။ ယူရေနီယမ်ကတော့ ရေဒီယို ဓာတ်ကြွမှု နည်းပေမယ့် ကျန်တာကတော့ တူပါတယ်။ ယင်း အချက်နှစ်ချက်ကြောင့် ပဲ နျူကလိယဗုံးအတွက် အသုံးပြု ရတာ ဖြစ် ပါတယ်။ ပလူတိုနီယမ် တစ်ခုတည်းကိုပဲ အသုံးပြုလို့ မရပါဘူး။ အလိုလိုနေရင်းနဲ့ကို ယခုလို ဓာတ်ကြွပြီး ဓာတ်ပြုချင်နေတဲ့အတွက် ပတ်ပတ်လည်မှာ ကာရန်ပေးထား၊ ကာကွယ်ပေးထားရတဲ့ အခြားသော သတ္တုများလည်း ရှိနေပါသေးတယ်။ ပလူတိုနီမ်-239 ဆိုတာကလည်း ယူရေနီယမ်ကနေ ပြန်လည် ဓာတ်ခွဲယူထားတာ ဖြစ်ပါတယ်။

နျူကလိယဗုံးလို့ခေါ်ရတဲ့ အကြောင်းအရင်းတော့ နျူကလိယဓာတ်ပြုခြင်း လုပ်ဆောင်ချက်ကို လုပ်လို့ ဖြစ်ပါတယ်။ နျူလိကယ ဓာတ်ပြုမှု အက်တမ် တစ်ခုရဲ့  အလယ်ဗဟိုက နျူကလိယနဲ့ အခြား အက်တမ်များရဲ့  အလယ်ဗဟို က နျူကလိယတို့ ပွတ်တိုက်ပြီး နောက်ထပ် နျူကလိယတွေ၊ အက်တမ်တွေ ဆက်တိုက်မွေးဖွားလာခြင်း ဖြစ်ပါတယ်။ ယင်း ဖြစ်စဉ်က တော်တော်လေး ကို မြန်ဆန်ပါတယ်။ ဒါကြောင့် သူ့ကို အက်တမ်ဗုံး (Atomic bomb) လို့လည်း ခေါ်ပါတယ်။



နျူကလိယဗုံး ပေါက်ကွဲခြင်း

နျူကလိယ ဗုံးကြဲလိုက်တယ်ဆိုတာ ပလူတိုနီယံ၊ ယူရေနီယဆ်ကို အပြင်က ကာကွယ်ပေးထားတဲ့ သတ္တုအလွှာကို ဖယ်ရှားပေးခြင်း သို့မဟုတ် အပြင် သတ္တုထက် ပိုမိုအားပြင်းသော Input တစ်ခုပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ အမြင့်ပေပေါင်းထောင်ချီက ပစ်ချတဲ့ ပလူတိုနီယမ်ဗုံးက များသော အားဖြင့် မပေါက်ကွဲစရာ အကြောင်းမရှိပါဘူး။ သူ့ကို ထိန်းသိန်း ထားလို့တော့ သာမန်အခန်းအပူချိန်နဲ့ မရနိုင်တာ အပြင်မှာ ဖြစ် သလို ပစ်ချတော့ ကြိမ်းသေကွဲပါတယ်။ နျူကလိယဗုံး ကြဲချ လိုက်ပြီ ဆိုပါစို့။

Fission လို့ခေါ်တဲ့ အနုမြု မျိုးပွားစနစ်နဲ့ စတင် အလုပ်လုပ် ပါတယ်။ နျူကလိယ ဗုံးဟာ လေထုထဲမှာ ရှိတဲ့ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင် အပြင် အခြားသော ဓာတ်ငွေ့ အားလုံးနဲ့ ဓာတ်ပြုပြီး အဆင့်ဆင့်မျိုးပွားပါတယ်။ အသေးစိတ်ဆိုရင် သူတို့ရဲ့  အက်တမ်တွေရဲ့ နျူကလိယ အလယ်ဗဟိုအားလုံးကို ပွတ်တိုက်ပါတယ်။ ဒီတော့ အဆိပ်ဖြစ်စေတဲ့ Co, N ဓာတ်ငွေ့များအပြင် မီးလည်း လောင်စေ ပါတယ်။ Fireball လို့ခေါ်တဲ့ မီးလုံးကြီး တက်လာပါတယ်။

ယင်းမီးလုံးဟာ ၂ စက္ကန့်အတွင်း မီတာ ၆၀၀ အထိ အပေါ်တက်ပါတယ်။ ဒါကြောင့် ၁၂ ကီလိုမီတာအထိလည်း ဆက်တက်ဖို့ မခဲယဉ်းပါဘူး။ မှိုပွင့်ကြီးလို့ အမြင့်ကြီးကို တက်ပါတယ်။ ယင်းမီးလုံးရဲ့ အပူချိန်ကလည်း ၄၄၀၀ ကီလိုဂရမ် အက်တမ်းဗုံးဆိုရင် ဖာရင်ဟိုက် ၇၀၀၀ ကျော်အထိ တက်နိုင်ပါတယ်။ ဒါက ကမ္ဘာစစ်ကာလက နျူကလိယဗုံးကိုအခြေံပြီး တွက်ချက်တာ ဖြစ်ပါတယ်။ ယနေ့ခေတ် နျူကလိယဗုံးက အရင်ကလောက် မကြီးတော့ပါဘူ။ အလေးချိန်လည်း ကျသွားပါတယ်။ သို့ပေမယ့် ပြင်းအား ကျတော့ အဆပေါင်းများစွာ တက်လာပါတယ်။

ရလဒ်ဆိုးကျိုး

နျူကလိယဗုံး ပေါက်ကွဲမှုကြောင် မီးလောင်ပျက်ဆီးမှုကတော့ သာမန်ဗုံးလို ပါပဲ သို့ပေမယ့် ကျန်ရှိတဲ့ ဆိုးကျိုးကတော့ ကမ္ဘာ့အဆိုးရွားဆုံး ပဲ ဖြစ်ပါ တယ်။ နျူကလိယဗုံးကြဲပြီးသွားပေမယ့် ၁၀ နှစ်ကြာတောင် ယင်းဒေသ မှာ ရေဒီယိုဓာတ် ကြွယ်ဝနေဆဲ ဖြစ်ပါတယ်။ ရေဒီယို ဓာတ်ဆိုတာ ကိုယ်တွင်းအထိကို ထိုးဖောက်နိုင်တဲ့ ရောင်ခြည်တစ်မျိုး ဖြစ်ပြီး ဓာတ်ရောင်ခြည်အဆိပ်သင့် တယ်လို့ ခေါင်းစဉ် တပ်နိုင်တဲ့ ရောဂါပေါင်း များစွာ ဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်ကြောင့် သက်ရှိအားလုံးရဲ့  ဇီဝ စနစ်တွေအားလုံးကို ဖျက်ဆီးပါတယ်။ သေစေ ပါတယ်။ ပြောင်းလဲစေ ပါတယ်။ ဥပမာ- ငါးက မွေးပေမယ့် လူရုပ်ပေါက်နေတာတို့။ လူကမွေးပေ မယ့် တိရစ္ဆာန်ဖြစ်နေတာတို့၊ ဝက်ကမွေးပေမယ့် လူတစ်ပိုင်း ဝက်တစ်ပိုင်း ဖြစ် တာတို့၊ ခြေ လက် များစွာပါတဲ့ လူမွေးလာတာတို့၊ မြင်းနွား အစရှိသဖြင့် ထူးထူးခြားခြား ဇီဝပြောင်းလဲမှု အထိ ဖြစ်စေပါတယ်။ အပင်တွေလည်း မပေါက်တော့ပဲ ပေါက်တဲ့အပင်ကလည်း အဆိပ်သင့်ပါတယ်။

အသုံးပြုခဲ့တဲ့ နျူကလိယဗုံး အရွယ်အစား အကြီးအသေးကိုလိုက်လို့ သူ့ပတ်ဝန်းကျင် မိုင်ပတ်ပတ်လည် အတိုင်းအတာအတွင်းထိ ထိရောက်မှုက နှစ်ပေါင်းများစွာ ကြာမြင့်ပါတယ်။ ဒါကြောင့် နျူကလိယ ဗုံးကို အတတ်နိုင်ဆုံး အသုံးမပြုဖို့ ကမ္ဘာနိုင်ငံအားလုံးက နားလည် လက်ခံထားပါတယ်။

ကမ္ဘာမှာ နျူကလိယ စွမ်းအင်ပိုင်ဆိုင်တဲ့ နိုင်ငံအရေအတွက်တိုးလာ ပါတယ်။ ဗုံးအတွက်တင်မဟုတ်ပဲ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖို့အတွက် နျူကလိယ နည်းပညာကလည်း သက်သက်ရှိနေပါသေးတယ်။ သို့ပေမယ့် ဆက်စပ်မှုက သိပ်မဝေးပါဘူး။ အသုံးပြုပုံသာ ကွဲသွားတာဖြစ်ပါတယ်။ ပလူတိုနီယမ်၊ ယူရေနီယမ်တို့ကို အခြေခံထားခြင်း ဖြစ်တဲ့အတွက်လည်း ဓာတု အဆိပ်က ဗုံးနဲ့ သိပ်မကွာပါဘူး။ သို့ပေမယ့် စွမ်းအင်းရှားပါးလာ တဲ့ ခေတ်မှာ ယင်း သတ္တုများက ထွက်ပေါက်လို့ အများက ယူဆနေခြင်း ဖြစ် ပါတယ်။

အနှစ်ချုပ်

အနာဂတ်မှာ စွမ်းအင်ရှားပါးလာတဲ့အခါ သဘာဝအတိုင်းရတဲ့ နေရောင်ခြည် တို့လို ဟာကိုသုံးမလား နျူကလိယစွမ်းအင်ကို သုံးမလားဆိုတာ စဉ်းစားစရာ ရှိနေပါတယ်။ ဒါတွေအတွက်လည်း ပညာရှင်များလိုအပ် ပါတယ်။ လျှပ်စစ်စွမ်းအင်၊ ဓာတုဗေဒစွမ်းအင်ကို အကောင်းဆုံး သိရှိနားလည်တဲ့ ပညာရှင်များ ပိုမို ပေါက်ဖွားလာမှသာ ယင်းအခက်အခဲများ ကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်ကမ္ဘာမှာ နျူကလိယစွမ်းအင် လို မဟုတ် ပဲ အခြားသော အန္တရာယ်နည်း စွမ်းအင်စနစ် တစ်ခုခုသို့မဟုတ် သဘာဝ စွမ်းအင်များကို ခွဲဝေအသုံးချနိုင်ရေး အတွက် ကမ္ဘာအရပ်ရပ်က ကြိုးပမ်းဆောင်ရွက်လျက် ရှိသလို မြန်မာပြည်ကလည်း အားကိုးအားထား ရတဲ့ စွမ်းအင်စနစ်တစ်ခု ပေါ်ပေါက်လာရန် ကြိုးစားလုပ်ဆောင်သင့်ကြောင့် ဆန္ဒပြုရင်း နိဂုံးချုပ်လိုက် ရပါတယ်။
--
အောင်ခမ်း

International news for myanmar

အမေရင်းကိုဖေ့ပုတ်ပေါ်မှာလိုက်ရှာနေတဲ့သဲသဲထိုင်းနိုင်င်ငံမှာ မုဒိန်းကျင့်သတ်ခံလိုက်ရ။


ဘုရား..ဘုရား..တစ်ကယ်သေသွားတာပဲ...မယုံနိုင်စရာ.၊ ကျမတို့မြို့မှာ မိခင်ကစွန့်ပစ်သွားခဲ့လို့ ကံဆိုးလိုက်တာလို့ တွေးမိခဲ့တာ...၊ တစ်ကယ်ကို ကံဆိုးတာပါပဲ..။

ဟိုတလောက ဖေ့စ်ဘုတ်မှာ အမေပျောက်လို့ ရှာပုံတော်ဖွင့်တဲ့ သဲသဲသော် ဆိုတဲ့ ကောင်မလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ခုတော့ အဲဒီ့ကောင်မလေး အသတ်ခံရလို့ သေရှာပါပြီ။ ဒီနေ့မနက် ဖေ့စ်ဘုတ်ပေါ်မှာ အဲဒီ့သတင်းတွေ့တော့ အမှုမဲ့အမှတ်မဲ့ပဲနေမိတယ်။ စောစောက ထိုင်းသတင်းစာ တစ်စောင်မှ မြန်မာမိန်းကလေး တစ်ယောက် အသတ်ခံရတယ်ဆိုပြီး သတင်း ပါလာတော့ စိတ်ဝင်စားတာနဲ့ ထိုင်းလိုကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းပြီး ဘာသာပြန်ခိုင်းရတယ်။ ၁၃-၄-၂၀၁၃ (သင်္ကြန်အကြိုနေ့) တုန်းက အဲဒီ့ကောင်မလေးက ဖေ့စ်ဘုတ်ပေါ်မှာ ရင်းနှီးတဲ့ ကောင်လေးတစ်ယောက် (ဖေ့စ်ဘုတ်အကောင့် နာမည် နတ်သားလေး တဲ့)နဲ့ ချိန်းတွေ့ပါသတဲ့။
ချိန်းတွေ့ရင်း ကောင်မလေးကို သတ်ဖြတ်ပြီး ပိုက်ဆံနဲ့ဖုန်းကို ယူသွားခဲ့တယ်လို့ သိရပါတယ်။ ကောင်မလေးအလောင်းကို သူ့အခန်းထဲမှာ အ၀တ်အစားမပါပဲ တွေ့တယ်ဆိုတော့ အဓမ္မကျင့်ဖို့ ကြံစည်ရင်းနဲ့ အသတ်ခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ခုတော့ တရားခံကို ဆမူပါကန်မြို့ဖမ်းမိပြီလို့ သိရပါတယ်။ တရားခံကလည်း မြန်မာလူမျိုးတစ်ယောက်ပါပဲ။ ပြည်ပရောက်နေတဲ့ ကိုယ့်လူမျိုးအချင်းချင်း ယုတ်မာရဲတဲ့ စိတ်ဓာတ်ကို ရွံမိပါတယ်။ ဖေ့စ်ဘုတ်ပေါ်က မိန်းကလေးတွေအနေနဲ့လည်း ချက်တင်မှာ တွေ့တဲ့သူတိုင်းကို လွယ်လင့်တကူ မယုံကြည်သင့်ကြောင်း မမြင့်မြင့်အေး (ခ) သဲသဲသော် (ဖေ့စ်ဘုတ်အမည် Sky Queen) က အသက်နဲ့လဲပြီး သက်သေပြသွားပါပြီ။ မနက်ဖြန် သင်္ဂြုလ်မယ်လို့ သိရပါတယ်။ မမြင့်မြင့်အေး (ခ) မသဲသဲသော် တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေကွယ်။

(credit to - Moe Zay Nyein)

Myintzu Zaw

မိန်းကလေးများ ပျက်စီးခြင်း (၉) မျိုး


တချို့မိဘတွေက သူတို့သမီးပျိုလေးများကို မပျက်စီးအောင် ဘယ်လိုဆုံးမပေးရမလဲ။ ဘယ်လိုပြုလုပ်သင့်ပါသလဲ လို့ မေးလာကြတဲ့အတွက် မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ မိန်းကလေးများ ပျက်စီးခြင်း(၉)မျိုးကို ရေးသားပေးလိုက်ပါတယ်။ ဒီအချက်တွေကို မိမိတို့သမီးများ မပြုလုပ်မိအောင် စောင့်ရှောက်ကာကွယ် သတိပေးထားမယ်၊ သမီးဖြစ်သူများကလည်း စောင့်ထိန်း လိုက်နာမယ်ဆိုရင်တော့ ပျက်စီးခြင်းများကနေ လွတ်ကင်းပါလိမ့်မယ်။

၁။ ပန်းခြံများသို့ အသွားများခြင်း။
၂။ ဥယျာဉ်များသို့ အသွားများခြင်း။
၃။ ရေဆိပ်သို့ အသွားများခြင်း။
၎။ ဆွေမျိုးအိမ်သို့ အသွားများခြင်း။
၅။ မကောင်းတဲ့မိတ်ဆွေများထံသို့ အသွားများခြင်း။
၆။ မှန်ကြည့်ခြင်း၊ အ၀တ်အစား၊ ပန့်နံ့သာဆင်ခြင်ခြယ်သမှုများခြင်း။
၇။ မူးယစ်စေတတ်တဲ့ အရက်သေစာများ သောက်စားခြင်း။
၈။ ပြတင်းပေါက်အပြင်သို့ အကြည့်များခြင်း။
၉။ အိမ်တံခါးဝကနေ မိမိခန္ဓာကိုယ်ကို အလှပြများခြင်း။

အထက်ပါ(၉)ချက်ထဲက တစ်ခုခုလွန်ကဲနေတဲ့ မိန်းကလေးဟာ ပျက်စီးခြင်း ဆိုက်ရောက်ရပါတယ်။ (ကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ နှာ-၁၂၀၊)

ဒါတွေကတော့ မြတ်ဗုဒ္ဓခေတ်က နေရာဒေသနဲ့အခြေအနေများ ဖြစ်ပါတယ်။ အဲဒီနေရာဒေသတွေနဲ့ အခြေအနေများကို မျက်မှောက်ခေတ်နဲ့ အစားထိုးကြည့်ပြီး သွားသင့်မသွားသင့်၊ ပြုလုပ်သင့် မပြုလုပ်သင့်ကို နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။



တချို့က မိန်းကလေးများ ဘီယာသောက်ခြင်း၊ အရက်သောက်ခြင်းများဟာ မိန်းကလေးသိက္ခာ မထိခိုက်ဘူး။ မိန်းကလေးဣနြေ္ဒ ကျဆင်းမသွားဘူးလို့ ယူဆတတ်ကြပါတယ်။ အဲဒီလို ယူဆတဲ့မိန်းကလေးများဟာ မိမိတို့မိန်းကလေးတန်ဖိုးကို အလေးမထားသူများသာ ဖြစ်ပါတယ်။ အဲဒီလိုမိန်းကလေးများပြုလုပ်တာကို အပြစ်မဟုတ်ဘူးလို့ ယူဆကြတဲ့ ယောက်ျားလေးများကလည်း သူတို့ကိုယ်တိုင် ယောက်ျာလေးသိက္ခာ မရှိသူများသာ ဖြစ်ပါလိမ့်မယ်။

အထက်ကဖော်ပြခဲ့တဲ့ မိန်းကလေးများ ပျက်စီးခြင်း(၉)မျိုးထဲမှာ အရက်သေစာ သောက်စားခြင်းဆိုတာ ပါနေတဲ့အတွက် ယနေ့ခေတ်မိန်းကလေးများအနေနဲ့ အထူးသတိထား ဆင်ခြင်သင့်တယ်ဆိုတာ မမေ့ပါနဲ့။ မိမိက မိန်းကလေးမို့ မိန်းကလေးပီသအောင် နေထိုင်ဖို့လိုပါတယ်။ ယောက်ျားလေးကလည်း ယောက်ျားလေးပီသအောင်၊ ရဟန်းသံဃာဆိုရင်လည်း ရဟန်းသံဃာပီသအောင်၊ မိဘဆရာသမားလူကြီးဆိုရင်လည်း သူ့အဆင့်နဲ့သူ ပီသအောင်နေထိုင်မှသာ မိမိကိုယ်ကိုကိုယ်လည်း ကြည်ညိုလေးစားမိပြီး အများကလည်း လေးစားတဲ့သူ ဖြစ်နေမှာပါ။

အဲဒါမှသာ လောကရှိသတ္တ၀ါများဟာ သူကိုလည်း ကိုယ်ကလေးစား၊ ကိုယ့်ကိုလည်း သူကလေးစားနေမယ်ဆိုရင် အရာအားလုံးဟာ သင့်တင့်လျောက်ပတ်စွာနဲ့ ပြည့်စုံနေပါလိမ့်မယ်။

စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာခရီးကို လျင်မြန်စွာ လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလျက်....။

ဆန်နီနေမင်း

တကယ့် အဖြစ်ပျက်လေးပါ။

ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကိုတွေ့တဲ့ အချိန်မှာ သူသေနေခဲ့ပြီ။ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ။
အပျက်အစီးတွေကြားကနေ သေဆုံးနေတဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ်။ဒူးကွေးပြီ
း ရှေ့ကိုကိုင်းနေတဲ့ကိုယ်ခန္ဓာကိုယ်နဲ့ လက်နှစ်ချောင်းကို အားပြုထောက်ထားတဲ့ သူ့ပုံစံက ဘုရားဝတ်ပြုနေတဲ့ ပုံနဲ့တူနေတယ်။

ဒါပေမဲ့ အသက်ရှင်မရှင် ပိုသေချာအောင်ကယ်ဆယ်ရေးလုပ်
သားတွေက သူ့ကို စမ်းသပ်ကြည့်ကြတယ်။ကယ်ဆယ်ရေးအလုပ်သမားတဦးက ဦးခိုက်ချသေနေတဲ့ သူ့ခန္ဓာကိုယ်ထဲ ခဲရာခဲဆစ် လက်ကိုထိုးထည့်ပြီး ၀မ်းသာအားရ လှမ်းအော်လိုက်တယ်။

”လူရှိတယ်။
ကလေး တစ်ယောက်ရှိတယ်၊အသက်ရှင်လျက
်ပဲ” လို့

ထအော်လိုက်တယ်။ရှိသမျှ ခွန်အားတွေနဲ့ သူ့ကိုယ်ပေါ်မှာ ဖိကပ်နေတဲ့ အုတ်ပုံတွေကို ရှင်းလင်းလိုက်ကြတယ်။သူ့ခန္ဓ
ာကိုယ်ကို ထောင်မတ်လိုက်တယ်ဆိုရင်ပဲ အိပ်ပျော်နေတဲ့ သုံး၊ လေးလသားအရွယ်ကလေးတစ်ယောက်ကို သွားတွေ့မိတယ်။



ကလေးကိုစစ်ဆေးဖို့ ဆရာဝန်တစ်ဦးက ပွေ့ချီလိုက်တယ်ဆိုရင်ပဲ ကလေးကျောပိုးစထဲကနေ ဖုံးတစ်လုံးထွက်ကျလာတယ်။ဆရာ
ဝန်က ဖုံးကိုကြည့်လိုက်တော့ message တိုလေးတစ်ကြောင်းကို
တွေ့လိုက်ရတယ်…

“သားလေးရေ…တကယ်လို့များ သားလေးအသက်ရှင်ခဲ့မယ်ဆိုရင်
သားကိုအမေအရမ်းချစ်တယ်ဆိုတာကို သေသေချာချာမှတ်ထားပေးပါနော်။”တဲ့။ သေသူပေါင်းများစွာကို တွေ့ဖူးတဲ့ ဆရာဝန်ရဲ့ ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကျလာခဲ့တယ်။တယောက်လက်ကို တယောက်ကမ်းလိုက်တဲ့ ဖုံးထဲက message ကို ဖတ်မိသူတိုင်း
ရင်ထဲဆို့နင့်သွားတဲ့ ဒီခံစားချက်က ဘာနဲ့မှ နှိုင်းပြလို့ မရနိုင်ခဲ့ဘူး။မုချသေရတော့မ
ယ်ဆိုတာ သိလိုက်ရတဲ့ အမေတစ်ယောက်ဟာ နောက်ဆုံးအချိန်ထိ သူ့ရင်သွေးအတွက် ပေးဆပ်သွားခဲ့တာ….သြော်…မိခင်တွေ…မိခင်တွေ……

PS: ဒီpostလေးဟာ ပုံပြင် မဟုတ်ပါဘူး။၂၀၀၈၊မေလ၁၂ရက်နေ
့ကတရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ လှုပ်ခဲ့တဲ့ ငလျင်ရဲ့ ဖြစ်ရပ်မှန်လေးပါ..မိခင်မေတ္တာကို ခံစားရတာကြောင့် သူငယ်ချင်းတွေကို share လုပ်ပေးလိုက်တာပါ………

Photo from Rapper Lay

မေတ္တာတရားကို ခုတုံးလုပ် လူကုန်ကူးမှု

မေတ္တာတရားကို ခုတုံးလုပ်တယ်ဆိုတာ လူ့ဘ၀မှာ မကြာခဏ ကြုံရတတ်တဲ့ ကိစ္စပါ။ အခုဟာက
တော့ မေတ္တာတရား ကို ခုတုန်းလုပ် လူကုန်ကူးမှု ဖြစ်စဉ်တခုပါ။ 


 ဓာတ်ပုံ-jobsbump.com

မေတ္တာတရားကို ခုတုံးလုပ်တယ်ဆိုတာကလည်း သားမယားအဖြစ် လက်ထပ်ပေါင်းသင်းယူပြီးမှ ကိုယ့် ဇနီး မယားကို တဖက်နိုင်ငံမှာ ရောင်းစားလိုက်တာကို ဒီကနေ့ ထုတ် ကြေးမုံသတင်းစာက သတင်းတပုဒ် မှာ တွေ့ရပါတယ်။ 

ကရင်ပြည်နယ် ဘားအံမြို့မှာတော့ ဦးပန်းစုံဆိုတဲ့ သူက ၂၀၁၂ ခုနှစ် သြဂုတ်လတုန်းက သထုံမြို့က အမျိုး သမီး တဦးကို လက်ထပ်မယ်ဆို ပြီး ဖျားယောင်းသွေးဆောင်ကာ တခြားတရွာက သူငယ်ချင်းဖြစ်သူ တဦးရဲ့ အိမ်မှာ သားမယား အဖြစ် ပေါင်းသင်း နေထိုင်ခဲ့ပါတယ်တဲ့။ 

အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့က ဆေးဆိုးပန်းရိုက်စက်ရုံမှာ ဦးပန်းစုံက သူ့ဇနီးကို အလုပ် သွင်းပေးခဲ့ပြီး မြန်မာပြည် ပြန်သွားခဲ့တယ်တဲ့။ 

လကုန်လို့ လစာထုတ်ချိန်ရောက်မှ ဦးပန်းစုံက သူ့ကို ရောင်းစားသွားခဲ့တယ်ဆိုတာ သိရလို့ စက်ရုံက ထွက် ပြေးလွတ်မြောက်လာခဲ့ပြီး ၂၀၁၃ ဧပြီလ ၁၃ ရက်နေ့က ဘားအံမြို့မ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြား ခဲ့လို့ အခုတော့ စစ်ဆေးနေပြီလို့ ဆိုပါတယ်။  

 ကြေးမုံသတင်းစာဖြတ်ပိုင်း

အမှုဖြစ်စဉ် ရက်တွေကို ပြန်သုံးသပ်မိတော့ အနည်းဆုံး ၇ လကြာ ပြီးမှ ရဲစခန်းမှာ အမှုဖွင့်နိုင်ခဲ့တာဖြစ်တာ ကို သတိထားမိပါတယ်။ 

ဘာပဲ ပြောပြော ဒီလို မေတ္တာတရားကို ဟန်ပြ အသုံးချပြီး လူကုန်ကူးမှုဖြစ်တတ်တယ်ဆိုတာကတော့ အမျိုးသမီးတိုင်း သတိထားရမယ့် ကိစ္စတခုပါ။ လူကုန်ကူးမှု အန္တရာယ်ကတော့ မြန်မာနိုင်ငံ သာမက နိုင်ငံ တကာမှာလည်း ရင်ဆိုင်နေကြရလို့ တိုက်ဖျက်ရေး လုပ်ငန်းတွေ၊ အစီအမံတွေ ချပြီး အရေးတယူ လုပ်ဆောင်နေတာပါ။ 


ယဉ်ကျေးလာတဲ့ လူ့ကမ္ဘာကြီးမှာ လူကုန်ကူးတယ်ဆိုတာ အလွန် အကျဉ်းတန် အရုပ်ဆိုးတဲ့ ဖြစ်စဉ်တခုပါ။ လူကုန်ကူးမှုရဲ့ သားကောင်တွေမဖြစ်စေဖို့ သတိပေးမှုတွေ၊ ပညာပေးမှုတွေကို နိုင်ငံတကာမှာလည်း လုပ်ဆောင်နေကြပါတယ်။ 

အယုံလွယ်အမိုက်မှားတတ်တဲ့ မြန်မာမိန်းကလေးတွေအနေနဲ့ လူကုန်ကူးမှု အန္တရာယ်ဖြစ်လာမယ့် အကြောင်း တရားတွေကို သိထားသင့်ပြီး ဝေဖန်ဆင်ခြင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ 

ထိုင်းနိုင်ငံမှာတော့ အကြောင်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံကနေ လူကုန်ကူးတင်ပို့နေတာတွေကို ဖမ်းမိတဲ့ သတင်းတွေကတော့ မကြာခဏဆိုသလို တွေ့မြင်နေရတော့ ဖမ်းဆီးရမိတာမရှိတာ ဘယ်လောက် များလိုက်မလဲ ဆိုပြီး တွေးပူစရာဖြစ်မိပါတယ်။ 

မြန်မာနိုင်ငံက တချို့လူကုန်ကူးမှုရဲ့ ဓားစာခံတွေဟာ ပြည့်တန်ဆာလုပ်ငန်းတွေမှာ လုပ်ကိုင်ကြရတာဆိုပါ တယ်။  

ထိုင်းနိုင်ငံဟာ ပြည့်တန်ဆာတွေပေါများပြီး ပြည့်တန်ဆာ အများစုကြီးဟာ ထိုင်းအမျိုးသမီးတွေ မဟုတ်ပါ ဘူးလို့ သိရပါတယ်။ ပြည့်တန်ဆာ အများစုကတော့ အိမ်နီးချင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စ တဲ့ နိုင်ငံ တွေက ဖြစ်တဲ့အကြောင်း ယမန်နှစ်က ထိုင်း နိုင်ငံ လိင်ဖျော်ဖြေရေးဆိုင်ရာ စစ်တမ်းတခုက ဆိုပါတယ်။ 

အိမ့်သံစဉ် ~ irrawaddy Blog

ဦးဇင်း ကျော်ဟိန်းနှင့် သူ့ဘ၀၊ သူ့အမြင်၊ သူ့လုပ်ဆောင်ချက်

ဦးကျော်ရဲ့နောက်ဆုံးတရားခွေများကိုကြည့် ရှုရန်  http://www.athithedi.com/biography.html?start=1
နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ထပ်ဆင့်အကယ်ဒမီ ဦးကျော်ဟိန်း တစ်ဖြစ်လဲ ဦးပဉ္စင်း ဦးကိတ္တိသာရသည် ကျင့်ကြံ အားထုတ်၍ သိရှိခဲ့ပြီးသော စိတ်လေ့ကျင့်ခန်းများကို တစ်ကမ္ဘာလုံးရှိ လူသားအားလုံး သိရှိနိုင်စေ ရန် အတွက် www.athithedi.com အမည်ဖြင့် ၀က်ဘ်ဆိုဒ်တစ်ခု လွှင့်တင်တော့မည်ဖြစ်ကြောင်း ကြား သိရ သဖြင့် Myanmar ICT ဂျာနယ်မှ ဦးကိတ္တိသာရ ထံသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန် လည် မျှဝေ ဖော်ပြလိုက်ပါသည်။
...
လူ့လောကကြီးကို စွန့်ခွာခဲ့တာ နောင်တရလား ဘုရား။တစ်ခါမှ မရခဲ့ဖူးဘူး။ အခုဆို လေးနှစ်ကျော်သွားပြီ။
ဘာလို့ နောင်တ မရခဲ့တာပါလဲ ဘုရား။
မထွက်ခင်၊ ရဟန်းဘ၀ မရောက်ခင်၊ ပြီးခဲ့တဲ့ ရှစ်နှစ် ကတည်းက ကြိုတင်ပြီး ၂၀၀၀ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့မှာ ကြေညာခဲ့တယ်။ ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ၊ ဒီအလုပ် က ရုတ်တရက် ကောက်ပြီး ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ နောက်ရှစ်နှစ်ကြာရင် ထွက်မယ်ဆိုပြီး ပြင်ဆင်ထားတာတွေ၊ အစီအစဉ်တွေ ပါတယ်။ နောင်တရစရာ မရှိဘူး။



အခု www.athithedi.com ဆိုပြီး ၀က်ဘ်ဆိုဒ် လွှင့်တင်မယ်လို့ သိရပါတယ်။ ဘယ်ကနေဘယ်လို ၀က်ဘ် ဆိုဒ် တင်မယ်လို့ တွေးမိပါသလဲ ဘုရား။ ရည်ရွယ်ချက်ကရော ဘုရား။
ဦးပဉ္စင်းအသက်က ၆၆နှစ်၊ လူ့သက်တမ်း ၇၀လို့ထားရင် နောက် ၄နှစ်ပဲ ကျန်တယ်။ ဒီလေးနှစ်အတွင်း ဘာေ တွ လုပ်ခဲ့ရမလဲ။ ကိုယ်သိထားတာလေးတွေ ကိုယ်ကျင့်လို့ ရတာတွေရဲ့ အဖြေက ဘယ်အရာမှ အကြာ ကြီး မဟုတ်ဘူး။ ပြီးတော့ အားလုံးကို စွန့်လွှတ်ရမယ် ဆိုတာတွေအထဲမှာ သိခဲ့တဲ့ အသိတွေကိုပါ ထားခဲ့ရ မယ့် အတူတူ တန်ဖိုးရှိတဲ့ အသိတွေကို အရှိန်အဟုန်ပြင်းစွာ တိုးတက်လာတဲ့ ITခေတ်မှာ ၀က်ဘ် ဆိုဒ်နဲ့ IT ပစ္စည်းတွေရဲ့ အကူအညီကို ယူပြီး ထိထိရောက်ရောက် အသုံးချချင်တယ်။ အထူးသဖြင့် ဒီနေ့ေ ခတ် လူငယ်တွေ သိအောင် ဖြန့်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀က်ဘ်ဆိုဒ် လွှင့်တင်မှာပါ။

ဦးပဉ္စင်းရဲ့ ဒီဝက်ဘ်ဆိုဒ်ထဲမှာ စိတ်နဲ့ ပတ်သက်တဲ့အကြောင်းတွေ ဖော်ပြထားတော့ စိတ်နဲ့စေတသိက်ရဲ့ ကွာခြား မှုလေးကို ရှင်းပြပေးပါလား ဘုရား။
စိတ်ဆိုတာ အာရုံကို သိရုံသိတာ။ စေတသိက်က စိတ်ကို မှီပြီး ခြယ်လှယ်တာ၊ ဒုက္ခပေးနေတာ စေတသိက် ဆိုတဲ့ စိတ်တွေ။

အသိနဲ့ သတိကို ခေါင်းစီးနာမည် ယူထား တာလည်း သိချင်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ အရည်အချင်းတွေကို ကြည်ညိုလွန်းလို့ သိစေချင်တယ်။ ဂုဏ်တော်ကိုးပါးမှာ ဒုတိယ အချက်ဖြစ်တဲ့ သမ္မာသဗ္ဗုဒ္ဓေါ ဂုဏ်တော်မှာ မြတ်စွာဘုရားဟာ သိစရာ မှန်သမျှ အရာအားလုံးကို ဆရာမလို ကိုယ် ပိုင် ဉာဏ်နှင့် ကိုယ်တော်တိုင် ထိုးထွင်းပြီး အကြွင်းမရှိ သိမြင်တော်မူတယ်။ လက်တဖျစ် အတွင်းမှာ ရုပ် ခန္ဓာ ရဲ့ ဖြစ်ပျက်မှုဟာ အကြိမ်ကုဋေပေါင်း ငါးထောင်၊ စိတ်က ကုဋေတစ်သိန်းဆိုတာ ဘုရားရဲ့ အသိ ဉာဏ်တော်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုခါနီးမှာ နောက်ဆုံးမှာခဲ့တာ ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေ ထတဲ့။ ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကြကုန်၏။ မေမ့မေ လ်ာ့ေ သာ သတိတရားနဲ့ ကိစ္စ ပြီးအောင် ဆောင်ရွက်ကြကုန်လော့တဲ့။ သတိ အရေးကြီးဆုံးဆိုတာ ဟောခဲ့ လို့ အသိ နဲ့ သတိကို ဦးညွတ်တဲ့သဘော။

ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေ၊ လက်ရှိ သူတို့ လုပ်ကိုင် နေကြပုံတွေကို အားရရဲ့လား ဘုရား။
ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေကို ပြောရရင်တော့ သူတို့ လွတ်လပ်စွာ တွေးခေါ်ခွင့် ရနြေ ပီလား။ ရခဲ့ရင်လည်း တကယ်တွေးခေါ်နိုင်တဲ့ အတွေ့အကြုံတွေရော ရနေပြီလား၊ အခွင့်အရေး ရခဲ့ ရင်ေ ရာ အသုံးချဖို့ အဆင်သင့် ပြင်ဆင်ထားတဲ့ အရည်အချင်း ရှိနေပြီလား ဆိုတာတွေကို ကြည့်ပြီးတော့မှ အား ရ တယ်၊ အားမရဘူးဆိုတာ ပြောနိုင်မှာပေါ့။ လူငယ်တွေ အနေနဲ့လည်း သူတို့လုပ်ချင်တာတွေ လုပ် ခွင့်ရပြီး လုပ်ပြနိုင်တဲ့ အရည်အချင်းတွေ အဆင်သင့် ဖြစ်နေပြီဆိုရင် လက်ခုပ်တီးပေးမယ့် လူတွေက နေရာ တိုင်းမှာ အပြည့်ပဲ။ အားလုံးက စွမ်းအားအသစ်တွေ လိုချင်နေကြပြီ။ ကိုယ့်ဘက်က အဆင်သင့် ပြင်ဆင် ထားဖို့ပဲ လိုတယ်။ ဒီသဘောကို မသိကြဘူးဆိုရင်တော့ စိတ်မကောင်းပါဘူး။

အနုပညာလောကသားတွေနဲ့ ပြန်တွေ့ ဖြစ်သေးလား။ တွေ့ဖြစ်ရင်ရော သူတို့တွေကို အကြံပေး ဝေဖန် မှုတွေ လုပ်ပေးသေးသလား ဘုရား။
တွေ့ဖြစ်ပါတယ်။ တွေ့တဲ့အခါမှာ သူတို့လည်း ဘာဆက်လုပ်ရင် ကောင်းမလဲ ဆိုတာကို မေးကြတယ်။ အား လုံး တိုင်ပင် ဆွေးနွေးပြီး လုပ်ကြရင်တော့ ကောင်းလာ မှာပါ။ မျှော်လင့်နေကြတဲ့ အခွင့်အရေးတွေ ရလာ ကြ ရင် အဆင်သင့် ဖြစ်နေဖို့ ပြင်ဆင်ထားစေချင်တယ်။ အင်္ဂလိပ်စာ ဘာသာရပ်၊ ကွန်ပျူတာ ဘာသာရပ်၊ အင် တာနက် အသုံးပြုမှု စတာတွေ တတ်ထားစေချင်တယ်။

မြန်မာ့ရုပ်ရှင်လောကကို ဘယ်လို မြင်ပါသလဲ ဘုရား။
အပြောင်းအလဲတွေ ရှိလာပြီ ဆိုတော့ တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်။

ဟောပြောပွဲတွေ အများကြီး လုပ်ခဲ့ဖူးတာ ဦးကျော်ဟိန်းကြောင့် လူများတာလား။ ဦးပဉ္စင်း ယခုလေ့လာ ကျင့်သုံးခဲ့တဲ့ အသိတရားတွေ များကြောင့်လား ဘုရား။
အရင်ဦးဆုံးကတော့ သူတို့သိခဲ့တဲ့ ကျော်ဟိန်းဆိုတာကို လာကြည့်ကြတာ။ ဦးပဉ္စင်းက စိတ် အကြောင်းေ တွ၊ ဒုက္ခ အကြောင်းတွေ၊ သိစရာရှိတာ သိဖို့အကြောင်းတွေ၊ မရှိတာထက် မသိတာခက်တဲ့အကြောင်း၊ မသိ တာ ထက် မလုပ်တာခက်တဲ့ အကြောင်းတွေ ပြောတော့ သူတို့ ကြားချင်တာ မပြောပေးလို့ ကျေနပ် မှုတွေ ရှိချင်မှ ရှိနိုင်မယ်။ အသိနဲ့ သတိအကြောင်းကိုပဲ အဓိကထား ပြောတဲ့နေရာမှာ တစ်ချိန်ချိန်တော့ အသိနဲ့သတိ အရေးကြီးတာကို သဘောပေါက်လာမယ်လို့ ယုံကြည်တယ်။ စိတ်ရှည်ပေးရမှာပေါ့။

ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးများလို မရွတ်ဖတ်နိုင်တော့ ယခုလို လေ့လာ ကျင့်ကြံ တွေ့ရှိမှုတွေဟာ ဦးပဉ္စင်းဘက်မှာ ဘယ်လို သက်ရောက်မှု ရှိခဲ့သလဲ ဘုရား။
သက်ရောက် မှုတွေ ရှိတာပေါ့။ ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးတွေလို မရွတ် ဖတ်နိုင်တော့ဘဲ ရဟန်းဘောင် ၀င်ပြီး ဘာမှမကြာဘူး၊ စာအုပ်တစ်အုပ် ထွက်လာတယ်။ ဦးပဉ္စင်းဟာ ဘယ် ဂိုဏ်းဝင်ပါ၊ ပြောနေတဲ့ စကားတွေက အဓမ္မ၀ါဒီတွေပါ၊ ဘုရားရဲ့ အယူအဆ တွေကို ပြောင်းပြန်ဖြ စ်အောင် လုပ်နေတာပါ။ ဓမ္မတွေ၊ ၀ါဒတွေကို အပြောင်းအလဲ ဖြစ်ကုန်မယ်နော်၊ ဒီလူကြီးကို လွှတ်မထားနဲ့၊ သတိထားပါ ဆိုပြီး ရဟန်းခြောက်ပါးက တိုင်တယ်။ အဖွဲ့အစည်းတွေကလည်း စောင့်ကြည့် ကြတာပေါ့။ ဦးပဉ္စင်း အနေနဲ့ ကျော်ဟိန်း ဘ၀ကို စွန့်လွှတ်ပြီးတဲ့နောက်မှာ ဘာကို လိုချင်ရဦးမှာလဲ။ ဘာမှမဖြစ်ချင်၊ မလို ချင်တော့ဘူး။ ဘယ်အရာမှ မမြဲဘူး ဆိုတာကို ဦးပဉ္စင်းက သဘောပေါက်နေပြီ။ ဦးပဉ္စင်းက ဘုရားရဲ့ တ ရားေ တ်ာတွေကို အများသိအောင်၊ တစ်ဖက်တစ်လမ်းကနေ ကူညီချင်တာ။ သြော် ဦးပဉ္စင်းကြီးက သာ သ နာကို တစ်ဖက်တစ်လမ်းက နိုင်သလောက် အကူအညီ ပေးနေတာလို့ အကောင်းမြင်တဲ့ဘက်က သိပေး ရင်၊ နားလည်ပေးရင် အဆင်ပြေမှာပါ။

လူအဖြစ် ပြန်လည် မနေထိုင်တော့ဘူးလား ဘုရား။
မနေထိုင်တော့ပါဘူး။ အာရုံတွေကို ကြိုက်တတ်တဲ့ စိတ်တွေကို ဆက်တိုက် စွန့်လွှတ်နိုင်အောင် ကြိုးစား ရင်း နောက်ဆုံး စွန့်လွှတ်စရာ အသက်ပဲ ကျန်တော့တယ်။ မသေခင် အကြွေးတွေ အကုန်ဆပ်ခဲ့ချင်တယ်။

ဒီဝက်ဘ်ဆိုဒ်လေးက နိုင်ငံတကာမှာရှိတဲ့ မြန်မာလူမျိုးများလည်း လေ့လာနိုင်တယ်ဆိုတော့ သူတို့နှင့်တကွ ပြည်တွင်းမှ မြန်မာလူမျိုးအားလုံးရဲ့ ဝေဖန်မှုကို ဘယ်လိုမျှော်လင့်ထားသလဲ ဘုရား။
အပြုသဘောနဲ့ ဝေဖန်တာကို လက်ခံရမယ်။ လူဖြစ်နေတဲ့အတွက် ပြည်စုံပြီလို့ မပြောနိုင်ဘူး။ မှားတာကို ထောက်ပြနိုင်လို့ ဦးပဉ္စင်းဘက်က မှားမှန်း သိရင် ချက်ချင်းပြင်မယ်။

ဦးပဉ္စင်းရဲ့ ဘ၀တစ်လျှောက်မှာ ဆုံးရှုံးခဲ့ဖူးတယ်လို့ လူတွေထဲမှာ ပြောသံ မကြားဖူးဘူး ဘုရား။ ဒီဘ၀မှာ ကျရှုံးမှု မရှိခဲ့လို့ ယခုလို နောက်လာမယ့် ဘ၀မှာ မဖြစ်အောင် ယခုလို ကျင့်ကြံနေတာလား ဘုရား။
နောက်ဘ၀ကို မျှော်လင့်ပြီး ဘာမှမလုပ်ခဲ့ဖူးဘူး။ ပြီးတော့ အောင်မြင်နေတဲ့ လူအားလုံးကို မေးကြည့်လိုက်! ဆုံးရှုံးမှုကို မကြုံဖူးပဲနဲ့ အောင်မြင်မှု အကြီးစား ရတဲ့သူဆိုတာ မရှိဘူး။ ဦးပဉ္စင်းကတော့ ဆုံးရှုံးခဲ့တာတွေ များလွန်းလို့ လူတော့လူပဲ ဒါပေမယ့် ဒဏ်ရာများနဲ့လူ။

ယနေ့လို အပြောင်းအလဲ မြန်ဆန်လွန်းနေတဲ့ မြန်မာပြည်မှာ ဦးပဉ္စင်းလို အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ဖူးသူ တစ်ယောက်အနေနဲ့ ပထမဆုံး လုပ်ဆောင်သင့်သည့် တာဝန် (သို့) လုပ်ငန်းဆောင်တာ ငါးချက်ကို ပြောပြလို့ ရမလားဘုရား။
ပြောကြည့်မယ်။ ငါးချက်တော့ ပြည့်ချင်မှ ပြည့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် တိုးတက် အောင်မြင်စေ ချင်တဲ့ စိတ်အသိနဲ့ ညှိကြည့်စေချင်တယ်။ အကောင်းမြင်တဲ့ဘက်က ဝေဖန် စေချင်တယ်။ ဝေဖန်ခံစေ ချင် တယ်။ ညှိနှိုင်းပြီး အဖြေထွက်လာရင် ချက်ချင်း အကောင်အထည် ဖော်စေချင်တယ်။ တစ်ခုခုကို ချက်ချင်း လက်မ ခံပါနဲ့။ ချက်ချင်းလည်း မပယ်ပါနဲ့လို့ ပြောချင်ပါတယ်။
တိုင်းပြည်ကြီးလည်း ပြောင်းလဲနေပြီဆိုတော့ လက်ရှိ အခြေအနေလေးကို သုံးသပ်ပေးလို့ ရမလား ဘုရား။
တိုင်းပြည်မှာ လက်ရှိ အခြေအနေက တိုးတက်ဖို့ ကြိုးစားနေတဲ့ အချိန်ဆိုတော့ တကယ် တိုးတက်အောင် လုပ်နိုင် တဲ့ လူတွေနဲ့ တွဲလုပ်ပါ။ စိတ်တွေ ရှင်းဖို့လိုတယ်။ ဟန်မဆောင်နဲ့၊ မလိမ်နဲ့၊ လုပ်နိုင်တယ်၊ မ လုပ်နိုင် ဘူး၊ လုပ်တတ်တယ်၊ မလုပ်တတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ လုပ်နိုင် တဲ့လူ၊ လုပ်တတ်တဲ့လူကို လုပ်ခွင့်ပေးပါ။ လုပ်ခွင့်ရတဲ့ လူကလည်း ရိုးသား စင်ကြယ်တဲ့ စိတ်မျိုး ထားပြီး လုပ်နိုင်စွမ်း ရှိသလောက် လုပ်ပါ။ ချက်ချင်း လုပ်ပါ။

ဦးပဉ္စင်း လူသူကင်းမဲ့တဲ့ တောထဲမှာ တစ်ပါးတည်း သီတင်း သုံးတယ်လို့ ကြားပါတယ် ဘုရား။ ယခင်က ချောေ ချာ လှလှလေးတွေ ၀ိုင်းနေတဲ့ ပတ်ဝန်းကျင်ကနေ ယခုလို ကျင့်သုံးနိုင်ဖို့ ဘယ်လိုများ ကြိုးစား ခဲ့ပါ သ လဲ ဘုရား။
အရင်က ချောချောလှလှလေး တွေလည်း အခုချိန်ဆို ပြောင်းလဲနေကြပြီ ပေါ့။ ဘယ်အရာမှ အကြာကြီး မ ဟုတ် ဘူး။ အားလုံးကို စွန့်လွှတ်ရမယ်ဆိုတာတွေ ကြိုသိထားပြီး ပြင်ဆင်ထားတဲ့နည်းနဲ့ အချိန်တွေကို ရင်ဆိုင်ေ နတယ်။
အခုလို အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့ ဦးပဉ္စင်းကို ICT အဖွဲ့သားများမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ ၀က်ဘ် ဆိုဒ် လွှင့်တင်တဲ့ အခါမှာလည်း တစ်ကမ္ဘာလုံးရှိ လူသားအားလုံးက စိတ်ဝင်တစား ၀င်ရောက် ကြည့်ရှုကြမယ့် Website တစ်ခု ဖြစ်မယ်ဆိုတာ ယုံကြည်နေပါသည်။

Ref : Myanmar ICT
Myanma Spectrum's photo.

တန်ဖိုးနည်းကျပ်(၁၅၀၀)တန်ဆင်းကတ်အတွက် ဟန်းဆက်ကြိုတင် ၀ယ်မထားသင့်….



ကျပ်(၁၅၀၀)တန်၊တန်ဖိုးနည်းဖုန်းဆင်းကတ်များသည် 800MHz ဟန်းဆက်တိုင်းတွင် ထည့်သွင်း အသုံးပြု လို့ရသည်ဆိုသော်လည်း ဈေးပေါသည့်တရုတ်ဟန်းဆက်များတွင် ကတ်မဖတ်ခြင်းများရှိနေပြီးအမြင့်ဟန်း ဆက်အချို့မှာလည်းချက်ချင်းထည့်ပြီး အသုံးပြုလို့ မရခြင်း များ ရှိနေကြောင်း သိရသည်။Today's Mobil မှမန်နေးဂျင်းဒါရိုက်တာဦးနေလင်းထွန်းက တန်ဖိုးနည်း ဟန်းဆက် များတွင် Key pad ဆမ်ဆောင်း 339 သည်ဆော့ဖ်ဝဲ ပိုင်းပြန်လည်ပြုပြင်ပြီးမှအသုံးပြုနိုင် မည်ဖြစ်ပြီး တန်ဖိုးအရမ်းနည်းပြီးအရည် အသွေးနိမ့် လွန်းသည့် ဟန်းဆက်များတွင် အသုံးပြုရန် အဆင် မပြေကြောင်း၊Tablet များနှင့်လည်းလိုင်း အတက် အကျများဖြစ်တတ်ကြောင်း၊ထို့ကြောင့် ကျပ်(၁၅၀၀) ဖုန်းဝယ်ယူသူများအနေဖြင့် ဟန်း ဆက်ကိုကြို တင်ဝယ် ယူမထားသင့်ဘဲ ကိုယ့်လက်ထဲကို ကတ်ရောက် မှသာ ဟန်းဆက် ဆိုင် တွင် သေချာ ထည့်သွင်း စမ်းသပ်ပြီးမှဝယ်ယူသင့် ကြောင်း အကြံပြုပြော ကြားပါသည်။ လတ်တလော မြို့နယ်အတော်များများတွင် ကျပ်(၁၅၀၀) တန်ဖုန်းဆင်းကတ် ကို မဲနှိုက် ၀ယ်ယူရသည့် အပေါ်အငြင်းပွားမှု၊ မပြေလည်မှုပြဿနာ များ ရှိနေကြောင်း ကြားသိနေ ရပြီးဖုန်း ၀ယ်ယူ လိုသူ များပြားသည့်အတွက်ပြင်ပပေါက်ဈေးသည်လည်း နယ်မြေဒေသပေါ် မူတည်ပြီး မူရင်း ဈေးထက် အဆပေါင်းများစွာမြင့်တက်နေကြောင်း သိရသည်။

SkyNet TV Browser

Samsung Galaxy S4 မေ ၄ တွင် ပြည်တွင်း၌ စတင်ရောင်းချမည်



ဆမ်ဆောင်း၏ စွမ်းရည်မြင့် မျိုးဆက်သစ်ဖုန်း Galaxy S4 ကို လာမည့် မေလ ၄ ရက်နေ့တွင် ပြည်တွင်း၌ စတင်ရောင်းချသွားမည် ဖြစ်သည်။

Galaxy S4 စမတ်ဖုန်းမှာ ၅ လက်မ မြင်ကွင်းရှိမည် ဖြစ်ပြီး အလုံးရေ (၁၀၀၀)အား အထူးနှုန်း ငါးသိန်းခြောက်သောင်းကိုးထောင် (569,000) ကျပ်ဖြင့် မေလ ၄ ရက်နေ့တွင် ဆီဒိုးနာဟိုတယ် ပထမ ထပ်၌ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ထူးခြားချက်များအနေဖြင့် ရှေ့နောက် ကင်မရာအား တစ်ပြိုင်တည်း အသုံးပြုနိုင်မည့် Dual Camera၊ ဓာတ်ပုံရိုက်ကူးရာတွင် အသံဖြင့်ပါ ထည့်သွင်းမှတ်တမ်းတင်နိုင်မည့် Sound & Shot, ဓာတ်ပုံများအား မှတ်စုသဖွယ် မှတ်တမ်းတင်နိုင်မည့် Story Album,

သီချင်း၊ဓာတ်ပုံစသည်များအား အပေါင်းအသင်းများနှင့် ပူးတွဲခံစားနိုင်မည့် Ground Play, ရုပ်ရှင်များ ကြည့်ရှုနေရာမှ မျက်လုံးအကြည့်လွှဲလိုက်ရုံဖြင့် ရပ်တန်ပေးထားမည့် Smart Pause များ ထည့်သွင်း ထားကြောင်း Samsung မှ ကိုဇာနည်က ရှင်းလင်းပြောကြားသည်။

ထို့ပြင် Samsung ၏ Note 8.0မော်ဒယ်အသစ်ကိုပါ တင်သွင်းရောင်းချမည် ဖြစ်ပြီး ဧပြီလ ၂၈ ရက်နေ့တွင် Junction Square ၌ အထူးနှုန်း 479000 ကျပ်ဖြင့် အလုံးရေ (၈၀၀)စတင်ရောင်း ချပေး သွား မည် ဖြစ်သည်။

သုတလင်း

ကမ္ဘာကျော် ပေါ့စတား ဂျက်စတင်ဘီဘာရဲ့ ခရီးသွား ကားပေါ်မှာ ဆေးဝါးများနှင့် Stun Gun တစ်လက်တွေ့ရှိထားကြောင်း

ဂျက်စတင်ဘီဘာ ရဲ့ ကားပေါ်မှာ ဆေးဝါးများနှင့် Stun gun တွေ့ရှိ



ဂျက်စတင်ဘီဘာ ရဲ့ ကားပေါ်မှာ ဆေးဝါးများနှင့် Stun gun တွေ့ရှိ  ======================================  April 27, 2013/ ZinYawNews  ဧပြီလ ၂၄ ရက်နေ့က ၁၉ နှစ်အရွယ်၊ ကနေဒါ ကမ္ဘာကျော် ပေါ့စတား  ဂျက်စတင်ဘီဘာရဲ့ ခရီးသွားကားပေါ်မှာ ဆေးဝါးများနှင့် Stun Gun တစ်လက်တွေ့ရှိထားကြောင်း ဆွီဒင်ရဲအရာရှိက ပြောကြားပါတယ်။  သူ့ကားဟာ ဗုဒ္ဓဟူးနေ့ညပိုင်း မြို့တော်မှာ ဂီတဖျော်ဖြေရေးမလုပ်ခင် ဘီဘာနေထိုင်တဲ့ Stockholm ဟိုတယ်အပြင်မှာ ရပ်ထားတာဖြစ်ပါတယ်။ ဘီဘာအပါအ၀င် ခရီးသည် ၁၀ လောက် ကားပေါ်မတက်ခင်မှာ မူးယစ်ရဲအရာရှိများ နိုးနိုးကြားကြားနဲ့ စစ်ဆေးခဲ့တာလို့ Mr Jyllander ကပြောပါတယ်။ ဆေးဝါးအနည်းငယ်နှင့် Stun Gun တစ်လက် တွေ့ခဲ့တယ်လို့ သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။  ခုတော့ ဆေးဝါးတွေကို မှု့ခင်းဆေးဝါးစစ်ဆေးရေးဌာနသို့ပို့ထားပြီး တိကျတဲ့အဖြေရဖို့ စစ်ဆေးနေဆဲဖြစ်ပါတယ်။  Stun Gun ကတော့ သေးငယ်ပဲဖြစ်ပြီး အဲ့ဒီနိုင်ငံမှာ ကိုင်ဆောင်ဖို့အတွက် ပါမစ်တော့ လိုအပ်ပါတယ်၊ သူတို့မှာ ပါမစ်မရှိပါဘူး။  ဆေးဝါးတွေကတော့ ပျင်းထန်တဲ့မူးယစ်ဆေးဝါးမျိုးမဟုတ်ဘူးဆိုပေမယ့် တိကျတဲ့အဖြေရဖို့ ရက်အနည်းငယ်ကြာဦးမှာဖြစ်ပါတယ်၊ ဘီဘာနှင့်သူ့အဖွဲ့ဝင်တွေကိုတော့ လွပ်လပ်စွာ ပြည်ပထွက်ခွာခွင့်ပေးထားပါတယ်လို့ Mr Jyllander က ဆက်လပ်ရှင်းပြခဲ့ပါတယ်။  ဘီဘာဟာ ဥရောပတ၀ိုက်လှည့်လည်ခရီးသွားဖျော်ဖြေနေတာဖြစ်ပြီး သောကြာနေ့မှာ ဖင်လန်မှာ ဖျော်ဖြေရမှာဖြစ်ပါတယ်။  NaingLinn(ZinYawNews) http://www.facebook.com/ZinYawNews


ဧပြီလ ၂၄ ရက်နေ့က ၁၉ နှစ်အရွယ်၊ ကနေဒါ ကမ္ဘာကျော် ပေါ့စတား ဂျက်စတင်ဘီဘာရဲ့ ခရီးသွား ကားပေါ်မှာ ဆေးဝါးများနှင့် Stun Gun တစ်လက်တွေ့ရှိထားကြောင်း ဆွီဒင်ရဲ အရာရှိ က ပြောကြား ပါတယ်။

သူ့ကားဟာ ဗုဒ္ဓဟူးနေ့ညပိုင်း မြို့တော်မှာ ဂီတဖျော်ဖြေရေးမလုပ်ခင် ဘီဘာနေထိုင်တဲ့ Stockholm ဟိုတယ် အပြင်မှာ ရပ်ထားတာဖြစ်ပါတယ်။
ဘီဘာအပါအ၀င် ခရီးသည် ၁၀ လောက် ကားပေါ်မတက်ခင်မှာ မူးယစ်ရဲအရာရှိများ နိုးနိုးကြားကြားနဲ့ စစ်ဆေးခဲ့တာလို့ Mr Jyllander ကပြောပါတယ်။ ဆေးဝါးအနည်းငယ်နှင့် Stun Gun တစ်လက် တွေ့ခဲ့ တယ်လို့ သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။



ခုတော့ ဆေးဝါးတွေကို မှု့ခင်းဆေးဝါးစစ်ဆေးရေးဌာနသို့ပို့ထားပြီး တိကျတဲ့အဖြေရဖို့ စစ်ဆေးနေ ဆဲဖြစ် ပါတယ်။

Stun Gun ကတော့ သေးငယ်ပဲဖြစ်ပြီး အဲ့ဒီနိုင်ငံမှာ ကိုင်ဆောင်ဖို့အတွက် ပါမစ်တော့ လိုအပ်ပါတယ်၊ သူတို့ မှာ ပါမစ်မရှိပါဘူး။

ဆေးဝါးတွေကတော့ ပျင်းထန်တဲ့မူးယစ်ဆေးဝါးမျိုးမဟုတ်ဘူးဆိုပေမယ့် တိကျတဲ့အဖြေရဖို့ ရက်အနည်းငယ် ကြာဦးမှာဖြစ်ပါတယ်၊ ဘီဘာနှင့်သူ့အဖွဲ့ဝင်တွေကိုတော့ လွပ်လပ်စွာ ပြည်ပထွက်ခွာခွင့်ပေးထားပါတယ်လို့ Mr Jyllander က ဆက်လပ်ရှင်းပြခဲ့ပါတယ်။

ဘီဘာဟာ ဥရောပတ၀ိုက်လှည့်လည်ခရီးသွားဖျော်ဖြေနေတာဖြစ်ပြီး သောကြာနေ့မှာ ဖင်လန်မှာ ဖျော်ဖြေရ မှာဖြစ်ပါတယ်။

NaingLinn(ZinYawNews)

၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း


၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့် နည်းကို Myanmar Mobile App Store မှ users များအတွက်တင်ဆက်ပေးလိုက်ပါတယ်။
Internet Setting ထည့်နည်း
၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့် အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။


၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ
Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ – mectel )
APN – #777
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mectel@c800.mm
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port -ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ
ဒါဆိုရင် အင်တာနက် setting ထည့်ခြင်းအဆင့်ပြီးပါပြီ။

From...SKY Net - dth/mps

ရုပ်ချောလို့ ပြည်နှင်ဒဏ်ခံရတဲ့ ဒူဘိုင်းနိုင်ငံသား

ရုပ်ချောလို့ ပြည်နှင်ဒဏ်ခံရတဲ့ ဒူဘိုင်းနိုင်ငံသား  27.4.2013  ဆော်ဒီအာရေဗျ အစိုးရဟာ ဒူဘိုင်းနိုင်ငံသား ဖက်ရှင်ဓာတ်ပုံဆရာ၊ ရုပ်ရှင်သရုပ်ဆောင်နဲ့ ကဗျာ ဆရာ တစ်ဦးဖြစ်သူ Omar Borkan Al Gala ကို အရမ်းကိုချောမောလွန်းနေတဲ့အတွက် သူတို့နိုင်ငံကနေနှင် ထုတ် လိုက်တယ် လို့သိရပါတယ် ... ဘာကြောင့်လဲဆိုတော့ ဆော်ဒီ အမျိုးသမီးတွေအနေနဲ့ အဆိုပါ အမျိုး သား ကို တမ်းတမ်းစွဲဖြစ်ပြီး သူတို့တိုင်းပြည်ကချမှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို ချိုးေ ဖာက် မှာစိုးလို့ဖြစ်တယ်လို့ ဘာသာရေးဆိုင်ရာ ရဲတပ်ဖွဲ့အရာရှိတွေက ပြောပါတယ်။  ... ဆော်ဒီအာေ ရဗျနိုင်ငံမှာ အမျိုးသမီးတွေဟာ ကိုယ့်ဆွေမျိုး သားချင်း မဟုတ်တဲ့ သူစိမ်း အမျိုး သားတွေ နဲ့ စကားပြောဆိုဆက်ဆံခြင်းမျိုးကို တင်းကြပ်စွာတားမြစ်ထားပါတယ် ... အိမ်ထောင်သည် အမျိုး သ မီးတွေ အနေနဲ့ အိမ်ထောင်ရေးဖောက်ပြန်ခဲ့ရင် ကြိမ်ဒဏ်ကနေ သေဒဏ်အထိ အပြစ်ပေး ခံရမယ်လို့ လည်း ဥပဒေ ထုတ်ပြန်ထားပါတယ် ... by OppositEyE

 ဆော်ဒီအာရေဗျ အစိုးရဟာ ဒူဘိုင်းနိုင်ငံသား ဖက်ရှင်ဓာတ်ပုံဆရာ၊ ရုပ်ရှင်သရုပ်ဆောင်နဲ့ ကဗျာ ဆရာ တစ်ဦးဖြစ်သူ Omar Borkan Al Gala ကို အရမ်းကိုချောမောလွန်းနေတဲ့အတွက် သူတို့နိုင်ငံကနေနှင် ထုတ် လိုက်တယ် လို့သိရပါတယ် ... ဘာကြောင့်လဲဆိုတော့ ဆော်ဒီ အမျိုးသမီးတွေအနေနဲ့ အဆိုပါ အမျိုးသားကို တမ်းတမ်းစွဲဖြစ်ပြီး သူတို့တိုင်းပြည်ကချမှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ စည်းမျဉ်း ဥပဒေတွေ ကို ချိုးေ ဖာက် မှာစိုးလို့ဖြစ်တယ်လို့ ဘာသာရေးဆိုင်ရာ ရဲတပ်ဖွဲ့အရာရှိတွေက ပြောပါတယ်။

... ဆော်ဒီအာေ ရဗျနိုင်ငံမှာ အမျိုးသမီးတွေဟာ ကိုယ့်ဆွေမျိုး သားချင်း မဟုတ်တဲ့ သူစိမ်း အမျိုး သားတွေ နဲ့ စကားပြောဆိုဆက်ဆံခြင်းမျိုးကို တင်းကြပ်စွာတားမြစ်ထားပါတယ် ... အိမ်ထောင်သည် အမျိုးသမီးတွေ အနေနဲ့ အိမ်ထောင်ရေးဖောက်ပြန်ခဲ့ရင် ကြိမ်ဒဏ်ကနေ သေဒဏ်အထိ အပြစ်ပေး ခံရမယ် လို့လည်း ဥပဒေ ထုတ်ပြန်ထားပါတယ် ...
by OppositEyE
From...Myawady News

ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar


ရက်ရက်စက်စက်တော့ လှချင်မှလှပါ။ Hot ဖြစ်တာတော့ အမှန်ပပါပဲ။ သို့ပေမယ့် ရက်ရက်စက်စက် တော့ သေသွားရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။
အသက်က ၂၆ နှစ်သာရှိသေးပြီး ၂၀၁၁ ခုနှစ်ထွက်တဲ့ 404 အမည်ရ ထိတ်လန့်သဲဖို ရုပ်ရှင်နဲ့ နာမည်ရအောင်မြင်လာသူလေး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာပဲ ကွယ်လွန် အနိစ္စ ရောက်ရခြင်းပါ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း မှာ Heroine အမည်ရ ရုပ်ရှင်ရိုက်ကူးစဉ် ဖြစ် ပါတယ်။ ရုပ်ရှင်မှာ အတူတွဲဖက် သရုပ်ဆောင်တဲ့ ဇာတ်ပို့ သရုပ်ဆောင် နှစ်ဦး ဖြစ်တဲ့ Amit Jaiswal နဲ့ သူ့ချစ်သူ မိန်းကလေး Preeti Surin တို့ ဖြစ်ပါတယ်။ အပြင်မှာ Amit နဲ့ Preeti တို့ ၂ ဦးက ချစ်သူတွေပါ။  

Tharpar အနေနဲ့ သူတို့ ၂ဦးနဲ့ အတွဲကျပြီး သူ့အနေနဲ့ ဥစ္စာပိုင်ဆိုင်မှု ဘယ်လောက်ရှိကြောင်း သွားကြွားမိပါတယ်။ အိန္ဒိယ ရူပီ ၁.၅ သန်း ရှိတယ်လို့ သွားကြွားမိတော့ ပြဿနာက စပါလေရော။
Amit တို့ နှစ်ဦးဟာ Tharpar ကိုပြန်ပေးဆွဲပါတော့တယ်။ ဟိုတယ် တစ်ခု မှာ ဖမ်းဆီးပြီး နယ်စပ်မှာနေတဲ့ Tharpar ရဲ့  အမေဆီကို ပိုက်ဆံဖုန်းဆက်တောင်းပါတယ်။ ပိုက်ဆံမပေးရင် Tharpar ရဲ့  ပေါ်ပင် ပုံများ တင်မယ်လို့ ပြောတော့ ရှိစုမဲ့စု ရူပီ ၆ သောင်း ပေးလိုက်ပါလေရော။
ရူပီ ၆ သောင်းရရှိပြီး မကျေနပ်နိုင်တဲ့ လင်မယားက Tharpar ကို ခေါင်းဖြတ်သတ်လိုက်ပါတယ်။ Body ကိုရေတိုင်ကီမှာ ပစ်ခဲ့ပြီး ခေါင်းကိုကျ ဘတ်စ်ကားပေါ်ကနေ လှမ်းပစ်ခဲ့ပါတယ်။ မွန်ဘိုင်းကို အပြန်မှာပေါ့။
နောက်တော့ တရားခံကို Tharpar ရဲ့  Sim card က တစ်ဆင့် ဖမ်းမိ ခဲ့ပါတယ်။ မင်းသမီးချောလေး Tharpar တစ်ယောက်တော့ ရက်ရက်စက်စက် သေဆုံးသွားရရှာပါတယ်။
ဒီမှာ သင်ခန်းစာ တစ်ခုရပါတယ်။ "မိမိရဲ့  ဘယ်လိုအခြေအနေမျိုးကို ပဲ ဖြစ်ဖြစ် ကြွားဝါပြောဆိုခြင်းကို သတိထားရမယ်" ဆိုတာလေးပါ။ ပြီးခဲ့တဲ့ ဧပြီက Tharpar ရဲ့  ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဖြစ်ပါတယ်။
--
Ref: telegraph
ရိုးရာလေး နိုင်ငံတကာ

အချစ်ရေး ကံကောင်းတဲ့ အထဲမှာ မပါဘူးဆိုတဲ့ ဝတ်မှုန်ရွှေရည်


ရုပ်ရှင်၊ ဗီဒီယို၊ ကြော်ငြာတွေမှာ သာမက အလှူဒါန ပြုလုပ်တဲ့ နေရာမှာလည်း ဝတ်မှုံရွှေရည်နဲ့ တွေ့ဆုံခိုက်မှာ အလှူ လှူဖြစ်ခဲ့ပုံကို မေးကြည့်ရာ "အလှူတစ်ခု ဆိုတာက စိတ်ပါပဲ။ သဒ္ဓါတရားပေါ့။ တစ်ကျပ်ပဲဖြစ်ဖြစ်၊ တစ်ရာပဲဖြစ်ဖြစ်၊ အုတ်တစ်ချပ်၊ သဲတစ်ပွင့်လေးဆို ရင်တောင် စိတ်ကို စေတနာဖြူဖြူ စင်စင်လေးနဲ့ ထားရင် ဘယ်အရာ မဆို ကုသိုလ်ပါပဲ။ အဓိကကတော့ စိတ်ပါပဲ။ လှူတဲ့အခါ စိတ်ကို ကြည် ကြည်လင်လင် လေးထားရင် ကုသိုလ် ရပါတယ်။ Channel တွေ ကလည်း များလာပြီ၊ ရုပ်သံဇာတ် လမ်းတွဲတွေ ရိုက်ဖို့ ကစ်ကိုငှားရင် ရိုက်ဖြစ်မှာလား ဆိုတော့ ကစ်ကို ကမ်းလှမ်း လာရင်တော့ ရိုက်ဖြစ်မှာ ပါ။ စိတ်ဝင် စားပါတယ်။ အသစ် တစ်ယောက် အတွက်ဆိုရင်လည်း Channel တွေကိုကြည့်တဲ့ ပရိသတ်တွေလည်း ရှိတယ်။
အဲဒီတော့ အသစ်တစ်ယောက် အနေနဲ့ သေသေချာချာ လုပ်မယ်ဆို အကျိုးတစ် ခုတော့ ရှိမှာပါ။ အခုအချိန်မှာ ကစ်လက်ခံထားတဲ့ မေတ္တာတရား ဆိုတာက မေတ္တာတရားက အေး မြမယ်လို့ ထင်တယ်။ မေတ္တာထား တာက ကောင်းပါတယ်။ အချစ်ကျ တော့ အတ္တတွေ ပါမယ်လို့ ကစ်ထင် တယ်။ မေတ္တာကျတော့ ဘာမှ လည်း ရယူလိုမှုမရှိဘူး။ ဘာမျှော် လင့်ချက်မှ မရှိဘူး။ လူတိုင်းကို မေတ္တာထားတာ အေးချမ်းမယ်ထင် ပါတယ်။ သမီးရည်းစား အချစ်မှာလည်း ချစ်တာထက် မေတ္တာထားတာ အေးချမ်းမယ်လို့ ကစ်ထင် တယ်။ ကစ်က အချစ်ကံကောင်း တဲ့သူလားဆိုတော့ ကစ်က အချစ် ကံမကောင်းဘူးလို့ ထင်တာပဲ။ ကံ ကောင်းတဲ့ အထဲမှာ မပါဘူး။  yoyarlay

PSY ၏ ဗီဒီယို သီချင်းခွေသစ်ကို ပိတ်ပင်မှုအား ပြန်လည်ရုပ်သိမ်းပေးခဲ့


ရိုင်းပြသော ဇာတ်ဝင်ခန်း အမှုအရာများ ပါဝင်မှုကြောင့် PSY ၏ Gentleman သီချင်း ဗီဒီယိုခွေကို  ထုတ်လွှင့်ရန် တောင်ကိုရီးယား ဂီတကွန်ယက်မှ ပိတ်ပင်ခဲ့ပြီးနောက် ပြန်လည်ရုပ်သိမ်း ပေးခဲ့သည်။ ဂီတကွန်ရက်၏ အဆိုအရ အဆိုပါ သီချင်းဗီဒီယို ဇာတ်ဝင်ခန်း အချို့တွင် လမ်းတား ပလပ်စတစ် ကတော့ချွန်များကို ကန်ကျောက်ခြင်း စသည့် မသင့်လျော်သော အမှုအရာများ ပါဝင်မှုကြောင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ဂီတကွန်ရက်အဖွဲ့သည် တောင်ကိုရီးယား သမ္မတ ပက်ဂွမ်းဟေ အနေဖြင့် PSY သည် တောင်ကိုရီးယား နိုင်ငံ၏ ဂုဏ်ကျက် သရေဆောင် ဂီတပညာရှင် ဖြစ်သည်ဟု အစွမ်းအစအပေါ် ချီးမွမ်းဂုဏ်ပြု ခဲ့သောကြောင့် ပြန်လည် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ yoyarlay

ယောက်ျားဖြစ်သူ၏ အင်္ဂါဇာတ်ကို ဓားဖြင့်ဖြတ်သည့် အမျိုးသမီး


ယောက်ျားဖြစ်သူ၏ အင်္ဂါဇာတ်ကို ဓားဖြင့်ဖြတ်သည့် အမျိုးသမီး
ယောကျာ်း ဖြစ်သူ၏ အင်္ဂါဇာတ်ကို ဓားဖြင့်ဖြတ်သည့် အမျိုးသမီးအား ဗြိတိန် တရားရုံးမှ ကြားနာ စစ်ဆေးခဲ့သည်။ အသက် ၅၀ အရွယ်ရှိ ကက်သရင်းကီအူသည် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် အိပ်ပျော်နေသော ယောင်္ကျား ဖြစ်သူ၏ အင်္ဂါဇာတ်ကို ၁၀ လက်မခန့် ရှည်သော ဓားဖြစ်ဖြတ်ပြစ် ခဲ့သည်။ ၎င်း၏ အမျိုးသား ဖြစ်သူသည် ၎င်းအား ကွာရှင်းရန် ကြံရွယ်နေပြီ ရည်းစားဟောင်း ဖြစ်သူနှင့် လက်ထပ်နိုင်ရန် ကြိုးပမ်း နေသောကြောင့် ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။ ထို့ပြင် ဗီယက်နမ် စစ်ပွဲကာလ နောက်ပိုင်း ယောကျာ်း ဖြစ်သူနှင့် ဗြိတိန်၌ အခြေချ နေထိုင်ခဲ့သော်လည်း စစ်ပွဲအနိဋ္ဌာ ရုံများကြောင့် စိတ်ရောဂါ ဝေဒနာ ခံစားနေရကြောင်း ၎င်း၏ရှေ့နေက ကာကွယ် ပြောကြားခဲ့သည်။ သို့သော် ၎င်း၏ အမျိုးသားဖြစ်သူက ကီအူသည် တဏှာစိတ် ပြင်းထန်လွန်းခြင်း၊ မကြာခဏ စိတ်ဆိုး ဒေါသထွက် လွယ်ခြင်း စသည်တို့ကြောင့် ကွာရှင်းရန် စိတ်ကူးခဲ့ကြောင်း ပြောကြားခဲ့သည်။ တရားရုံးမှ လာမည့် သီတင်းပတ် နှစ်ပတ်အတွင်း အမှုကို စီရင်ချက်ချ သွားမည်ဖြစ်ကြောင်း သိရသည်။  ရိုးရာလေး

၆နှစ်သမီး သန်းကြွယ်သူဌေး မော်ဒယ်မလေး

၆နှစ်သမီး သန်းကြွယ်သူဌေး မော်ဒယ်မလေး Thursday, 25 April 2013  Isabella Barrett လို့အမည်ရတဲ့ ၆ နှစ်အရွယ်ကလေးမငယ်လေးဟာ အမေရိကန်မှာ သန်းကြွယ်ချမ်းသာတဲ့မော်ဒယ်မလေး ဖြစ်ပါတယ်။  မော်ဒယ်အလုပ်တစ်ခုတည်းနဲ့ ချမ်းသာတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့  ကိုယ်ပိုင် စိတ်ကူး ဒီဇိုင်းနဲ့ ဖန်တီးတဲ့ လက်ကောက်နဲ့ လက်ဝတ်ရတနာ များရှိပြီး အသက် ၃၉ နှစ်အရွယ် အမေဖြစ်သူနဲ့ အတူ ကုမ္မဏီ တည်ထောင် ထုတ်လုပ်ရောင်းချရာမှာ အမေရိကန်ဒေါ်လာ ၁ သန်း ထက်မက အမြတ်ရရှိ ခဲ့ပါတယ်။  နောက်ထပ်လည်း ပစ္စည်းများ ထုတ်လုပ်နေပြီး ဆက်လက်ဖြန့်ချိရောင်းချမှာ  ဖြစ်ပါတယ်။ မိမိကုန်ပစ္စည်းရဲ့  တစ်ပင်တိုင် မော်ဒယ် ဖြစ်တဲ့အပြင် အခြားသော ဖက်ရှင်စစ္စည်းနဲ့ အဝတ်အထည်များအတွက်လည်း မော်ဒယ် အဖြစ် သရုပ်ဆောင်နေပါတယ်။ မော်ဒယ်ပြိုင်ပွဲများမှာလည်း ဆုတံဆိပ်များ ရရှိပြီး အသက်ငယ်ငယ်နဲ့ အောင်မြင်နေပါတယ်။  ဒါကြောင့် တီဗီရှိုးတွေထဲမှာလည်း ပါဝင်လာတဲ့ ကလေးမလေး Isabella ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ်တိုင်ငွေရှာတဲ့ မီလျံနာ တစ်ဦး  ဖြစ်ကြောင်း သိရပါတယ်။ -- Ref: yahoo International news for myanmar
Isabella Barrett လို့အမည်ရတဲ့ ၆ နှစ်အရွယ်ကလေးမငယ်လေးဟာ အမေရိကန်မှာ သန်းကြွယ် ချမ်းသာတဲ့မော်ဒယ်မလေး ဖြစ်ပါတယ်။


မော်ဒယ်အလုပ်တစ်ခုတည်းနဲ့ ချမ်းသာတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့  ကိုယ်ပိုင် စိတ်ကူး ဒီဇိုင်းနဲ့ ဖန်တီး တဲ့ လက်ကောက်နဲ့ လက်ဝတ်ရတနာ များရှိပြီး အသက် ၃၉ နှစ်အရွယ် အမေဖြစ်သူနဲ့ အတူ ကုမ္မဏီ တည်ထောင် ထုတ်လုပ်ရောင်းချရာမှာ အမေရိကန်ဒေါ်လာ ၁ သန်း ထက်မက အမြတ်ရရှိခဲ့ပါတယ်။

နောက်ထပ်လည်း ပစ္စည်းများ ထုတ်လုပ်နေပြီး ဆက်လက်ဖြန့်ချိရောင်းချမှာဖြစ်ပါတယ်။ မိမိကုန်ပစ္စည်းရဲ့  တစ်ပင်တိုင် မော်ဒယ် ဖြစ်တဲ့အပြင် အခြားသော ဖက်ရှင်စစ္စည်းနဲ့ အဝတ်အထည် များအတွက် လည်း မော်ဒယ်အဖြစ် သရုပ်ဆောင်နေပါတယ်။ မော်ဒယ်ပြိုင်ပွဲများမှာလည်း ဆုတံဆိပ်များ ရရှိပြီး အသက်ငယ်ငယ်နဲ့ အောင်မြင်နေပါတယ်။

ဒါကြောင့် တီဗီရှိုးတွေထဲမှာလည်း ပါဝင်လာတဲ့ ကလေးမလေး Isabella ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ်တိုင်ငွေရှာတဲ့ မီလျံနာ တစ်ဦးဖြစ်ကြောင်း သိရပါတယ်။
--
Ref: yahoo
International news for myanmar

ရင်နင့်ဖွယ်ဖြစ်ရပ်

အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့် ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။


အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်
အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့် ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။ ရဲများက အမန်ဒါသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခြင်းဟု သတ်မှတ်ခဲ့ပြီး သူမသည် အင်တာနက်ပေါ်မှ အနိုင်ကျင့် စော်ကားမှုများကို မခံမရပ်နိုင်သည့်အဆုံး ယခုလမ်းကို ရွေးသွားခြင်းဟု ကောက်ချက်ချခဲ့သည်။

အမန်ဒါသည် စက်တင်ဘာ (၇)ရက်နေ့ ကတည်းက အဖြူအမည်း ဗီဒီယိုဖိုင် တစ်ခုကို အင်တာနက်တွင် လွှင့်တင်ကာ သူမ၏ စိုးရိမ်ထိတ်လန့်နေရသော ဘဝကို ရင်ဖွင့်ခဲ့ဖူးသည်။ ထိုဗီဒီယိုထဲတွင် စကားလုံးဝ မပြောသော အမန်ဒါသည် ကတ်ပြားများဖြင့် စာရေးကာ သူမ၏ သောကကို ဖွင့်ဟခဲ့သည်။ နောက်ကြောင်းပြန် စုံစမ်းမှုများအရ အထီးကျန် ပျင်းရိမှုကြောင့် Chat Roomများတွင် ဝင်ရောက် စကားပြောရင်း အမန်ဒါနှင့် လူတစ်ဦး တွေ့ဆုံခဲ့သည်။ ထိုသူက ပတ်ချွဲနှပ်ချွဲဖြင့် အမန်ဒါအား အပေါ်ပိုင်း ဗလာကျင်း ကိုယ်ဟန်ပြရန် တောင်းဆိုခဲ့သည်။





ငယ်ရွယ်နုနယ်သေးသော မိန်းကလေးသည် ယင်းကို အယုံလွယ်ကာ တစ်ကြိမ် လိုက်လျှောမိသွားခဲ့သည်။ ယင်းတစ်ကြိမ်သည်ပင် သူမဘဝအတွက် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်လာရန် လုံလောက်သွားစေခဲ့သည်။ နောက်တစ်နှစ်မျှ အကြာတွင် ထိုသူက အမန်ဒါအား Facebookမှ ဆက်သွယ်လာကာ အလားတူ ပြုလုပ်ပြရန် တောင်းဆိုခဲ့သည်။ အမန်ဒါက ငြင်းဆန်ချိန်တွင် ပထမတစ်ကြိမ်က သူမ၏ ပုံရိပ်များကို အမန်ဒါ၏ မိတ်ဆွေများ၊ အတန်းဖော်များ၊ ဆွေမျိုးများထံသို့ ယုတ်ယုတ်မာမာ ဖြန့်ဝေပစ်ခဲ့သည်။

"ကျွန်မ ဓာတ်ပုံကို ဘယ်တော့မှ ပြန်မရတော့ဘူးလေ"ဟု ရေးထားသော ကတ်ပြားတစ်ချပ်ကို အမန်ဒါက သူမလွှင့်တင်ခဲ့သော ဗီဒီယိုတွင် ကိုင်ဆောင် ပြသခဲ့သည်။ မကြာမီမှာပင် သူမသည် ကျောင်းအသစ်တွင် ဆယ်ကျော်သက် တစ်စုက ဝိုင်းဝန်းရိုက်နှက်ပြီး ယင်းမြင်ကွင်းကို ဗီဒီယိုရိုက်ယူသည့် အခြေအနေနှင့်လည်း ကြုံခဲ့ရပြန်သည်။ ဆိုးရွားသော၊ အထင်သေး စက်ဆုပ်ခံရသော အခြေအနေများစွာကို ကြုံလာရပြီးနောက် အမန်ဒါသည် သူမ၏ ဘဝကို အစွန်းချွတ်ဆေး တစ်ပုလင်း သောက်သုံးခြင်းဖြင့် အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။

သို့သော်လည်း သူမ မသေခဲ့ချေ။ ဆေးရုံပေါ်တွင် သူမ သက်သာလာချိန်တွင် အင်တာနက်ပေါ်မှ ဖိစီးအနိုင်ကျင့်သူများက အခြားအစွန်းချွတ်ဆေး ပုလင်းများ၏ ဓာတ်ပုံကို လွှင့်တင်ကာ "တကယ်တော့ သူက တခြား ဆေးတစ်မျိုးကို သုံးသင့်ခဲ့တာပါ။ နောက်တစ်ခါဆို ဒီကောင်မ သေစေချင်တယ်။ ဒါက ရူးတယ်တော့ မဟုတ်ဘူးလို့ ပြောရမလား"စသဖြင့် စာများလည်း ရေးသားခဲ့သည်။ တစ်ချိန်က Cheerleader တစ်ဦး ဖြစ်ခဲ့သည့် မိန်းမလှလေးက "ကျွန်မ ဒီမှာ ဆက်ရှိနေသင့်သလား။ ကျွန်မအတွက် ဘယ်သူမှ မရှိဘူး။ ကျွန်မ တစ်ယောက်ယောက်ကို လိုအပ်နေပါတယ်"ဟူသော စာတန်းပါ ကတ်ပြားကို My Story: Struggling, bullying, suicide and self-harmဆိုသော အမည် တပ်ထားသည့် သူမ၏ ဗီဒီယိုတွင် ပြသခဲ့သည်။

ဗုဒ္ဓဟူးနေ့ကမူ သူမ၏ ရုပ်အလောင်းကို ရဲများက နေအိမ်ထဲတွင် ကြေကွဲဖွယ်ရာ ရှာဖွေ တွေ့ရှိခဲ့သည်။ သူမသည် မသေဆုံးမီ အနိုင်ကျင့်သူများအား လူအများက ဆန့်ကျင်ရန်နှင့် သားကောင်များဘက်မှ ရပ်တည်ပေးပါရန် ပန်ကြားသော Slide Presentation တစ်ခုကို ပြုလုပ်ထားခဲ့သေးသည်။ ဗြိတိသျှ ကိုလံဘီယာဒေသ အုပ်ချုပ်ရေးမှူး ခရစ်ဆီကလာ့ခ်က သူမ၏ ကြေကွဲမှုကို အမန်ဒါ၏ မိသားစုအတွက် စာနာမျှဝေသည့် အနေဖြင့် ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့သည်။

"အနိုင်ကျင့်တယ် ဆိုတာ ဘယ်သူ့အတွက်မှ မဖြစ်သင့်ပါဘူး။ ဘယ်သူနဲ့မှ မထိုက်တန်ပါဘူး။ ဒါဟာ မှန်ကန်စွာ ကျင့်သုံးရမယ့် အမူအကျင့်လည်း မဟုတ်ဘူး။ အနိုင်ကျင့် ဖိနှိပ်မှုတွေကို ရပ်တန့်ရပါမယ်"ဟု သူမက ဆိုသည်။ ယခုအခါ Facebookပေါ်တွင် Rest in paradise Amanda Michelle Toddဆိုသော အမှတ်တရ Pageလေး တစ်ခုကို ဖန်တီးထားပြီး လူပေါင်း (၂၈၀၀၀)မျှ Likeထားပြီး ဖြစ်သည်။

အမန်ဒါ၏ မိခင် ကာရိုးလ်က သူမ၏ သမီးဖြစ်သူ နောက်ဆုံး ဖန်တီးခဲ့သည့် ဗီဒီယိုလေးသည် အခြားသော လူငယ်များအတွက် အလားတူ ဖြစ်ရပ်ဆိုးများမှ ရှောင်လွှဲနိုင်ရန် ဆင်ခြင်စရာ သင်ခန်းစာ တစ်ခု ဖြစ်စေလိုကြောင်း ဝမ်းနည်းပက်လက် ပြောကြားခဲ့သည်။ "ဒီဗီဒီယိုကို မျှဝေသင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိရိယာ တစ်ခု အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ဒါကို ကျွန်မရဲ့ သမီးကလည်း လိုလားပါလိမ့်မယ်"ဟု ကာရိုးလ်က ကြေကွဲစွာ ပြောဆိုသွားခဲ့သည်။

စက်တင်ဘာ (၇)ရက်နေ့က အမန်ဒါ လွှင့်တင်ခဲ့သော ဗီဒီယိုကြည့်ရှုရန်

အမန်ဒါအတွက် အမှတ်တရ ဖန်တီးထားသည့် Facebook Page


  Myanmar Express

ရုပ်ရှင်ထဲတွင် သရဲဖြစ်ရသော ကလေးငယ် ၏ ဖြစ်ရပ်


Poltergeist ရုပ်ရှင်ကို စာဖတ်သူအချို့  ကြည့်ဖူးမယ်ထင်ပါတယ။ ၁၉၈၂ ခုနှစ်က ထွက်ရှိပြီးအင်မတန် ကြောက်စရာ ကောင်းတဲ့ သရဲ ကားပါ။
ယင်းဇာတ်ကားမှာ သရုပ်ဆောင်တဲ့ ကလေးငယ်လေးကတော့ ပုံမှာ မြင်တွေ့ရတဲ့ ကလေးငယ်ပါပဲ။ အသက် ၁၂ နှစ် အရွယ်ရောက်တော့ ဖျားပါတယ်။ အဖျားက မကြီးပေမယ့် ဆေးပညာ မှားယွင်းချက်ကြောင့် မသေသင့်ပဲ သေသွားရတယ်လို့ ဆိုပါတယ်။ ဘာကြောင့် ဒီလောက်တိုက်ဆိုင်ရသလဲ ဆိုတာကို အားလုံး အံ့သြ ကြပါတယ်။
ရုပ်ရှင်ထဲမှာ ခြောက်လှန့် သရုပ်ဆောင်ရတဲ့ ကလေးငယ်က အပြင်မှာတကယ်ပဲ အသေစောသွားပါတယ်။ ယနေ့အထိ သူမဟာ စုန်းကဝေ လောကနဲ့ ဆက်စပ်ပြီး သေတယ်လို့ ယုံကြည်နေသူများ ရှိနေကြောင်း သိရပါတယ်။
--
Ref: paranomal

ရိုးရာလေး ထူးဆန်းထွေလာ

မြန်မာနိုင်ငံတွင် ရုပ်သံနှင့်အင်တာနက်တို့ကို ၀န်ဆောင်မှုပေးရန် စင်ကာပူအခြေစိုက် SingTelကုမ္ပဏီ သဘောတူလက်မှတ်ရေးထိုး


Photo: မြန်မာနိုင်ငံတွင် ရုပ်သံနှင့်အင်တာနက်တို့ကို ၀န်ဆောင်မှုပေးရန် စင်ကာပူအခြေစိုက် SingTelကုမ္ပဏီ သဘောတူလက်မှတ်ရေးထိုး Wednesday, April 24, 2013  ပြည်ပနိုင်ငံ၏ နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော SingTelမှ မြန်မာနိုင်ငံတွင် ရုပ်သံနှင့်အင်တာနက်တို့ကို ၀န်ဆောင်မှုပေးရန်အတွက် သဘောတူလက်မှတ် ရေးထိုးပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။  အဆိုပါဝန်ဆောင်မှု လုပ်ငန်းများကို စင်ကာပူနိုင်ငံမှ မိုဘိုင်းဖုန်းတင်သွင်းသော မြန်မာနိုင်ငံအခြေစိုက် ALNOOR စင်ကာပူကုမ္ပဏီနှင့် SingTelတို့ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး အခြားဂြိုဟ်တု ၀န်ဆောင်မှု လုပ်ငန်းများတွင်လည်း ၀န်ဆောင်မှုပေးမည် ဟုသိရသည်။  ဂြိုဟ်တုဝန်ဆောင်မှု လုပ်ငန်းများတွင် မြန်နှုန်းမြင့် အင်တာနက်စနစ်များ၊ ရုပ်သံထုတ်လွှင့်မှု ၀န်ဆောင်မှုများကို ၀န်ဆောင် မှုပေးကြမည် ဖြစ်ကြောင်း သိရသည်။  ထိုသို့သဘောတူ လက်မှတ်ရေးထိုးခြင်းကို ဧပြီ၎ရက်နေ့တွင် ကျင်းပသောစင်ကာပူ-မြန်မာစီးပွားရေးဖိုရမ်တွင် ရေးထိုးခဲ့ခြင်းဖြစ်သည်။  ''အခုလိုပြည်ပနိုင်ငံတွေရဲ့ နာမည်ကြီးနည်းပညာ ကုမ္ပဏီတွေဝင်ရောက် လုပ်ကိုင်လာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့အင်တာနက် မြန်နှုန်းတွေအပါအ၀င် အခြားဆက်သွယ်ရေး ကွန်ရက်တွေလက်ရှိထက် အများကြီးကောင်း မွန်လာမှာပါ။  နည်းပညာ ပိုင်းမှာလည်း လူငယ်တွေအနေနဲ့ ဗဟုသုတများစွာ ရရှိလာကြမှာပါ''ဟုပြည်တွင်း နည်းပညာရှင်တစ်ဦး က ပြောကြားသည်။  SingTelကုမ္ပဏီအနေဖြင့် လက်ရှိတွင် ပြည်ပနိုင်ငံများ၌ မိုဘိုင်းဖုန်း ထုတ်လုပ်ခြင်းလုပ်ငန်း၊ ငွေဖြည့်ကတ် ထုတ်လုပ်ခြင်းလုပ်ငန်း၊ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်း၊ ရုပ်သံဝန်ဆောင်မှုလုပ်ငန်း၊ အပါအ၀င်အခြား နည်းပညာ လုပ်ငန်းများကိုလည်း ၀န်ဆောင်မှုပေး ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်သည်။  ယင်းကုမ္ပဏီမှာ လက်ရှိအချိန်တွင်လည်း ကမ္ဘာ့နိုင်ငံ အသီးသီးရှိ နိုင်ငံပေါင်း ၂၅နိုင်ငံဝန်ကျင်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများကို ဆောင် ရွက်ပေး လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။  Posted From Zaw Min Tun Thit Htoo Lwin blog
ပြည်ပနိုင်ငံ၏ နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော SingTelမှ မြန်မာနိုင်ငံတွင် ရုပ်သံနှင့်အင်တာနက်တို့ကို ၀န်ဆောင်မှုပေးရန်အတွက် သဘောတူလက်မှတ် ရေးထိုးပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါဝန်ဆောင်မှု လုပ်ငန်းများကို စင်ကာပူနိုင်ငံမှ မိုဘိုင်းဖုန်းတင်သွင်းသော မြန်မာနိုင်ငံအခြေစိုက် ALNOOR စင်ကာပူကုမ္ပဏီနှင့် SingTelတို့ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး အခြားဂြိုဟ်တု ၀န်ဆောင်မှု လုပ်ငန်းများတွင်လည်း ၀န်ဆောင်မှုပေးမည် ဟုသိရသည်။

ဂြိုဟ်တုဝန်ဆောင်မှု လုပ်ငန်းများတွင် မြန်နှုန်းမြင့် အင်တာနက်စနစ်များ၊ ရုပ်သံထုတ်လွှင့်မှု ၀န်ဆောင်မှုများကို ၀န်ဆောင် မှုပေးကြမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့သဘောတူလက်မှတ်ရေးထိုးခြင်းကိုဧပြီ၎ရက်နေ့တွင်ကျင်းပသောစင်ကာပူ-မြန်မာစီးပွားရေးဖိုရမ်တွင် ရေးထိုးခဲ့ခြင်းဖြစ်သည်။
''အခုလိုပြည်ပနိုင်ငံတွေရဲ့နာမည်ကြီးနည်းပညာကုမ္ပဏီတွေဝင်ရောက်လုပ်ကိုင်လာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့အင်တာနက် မြန်နှုန်းတွေအပါအ၀င်အခြားဆက်သွယ်ရေး ကွန်ရက်တွေလက်ရှိထက် အများကြီးကောင်း မွန်လာမှာပါ။

နည်းပညာ ပိုင်းမှာလည်း လူငယ်တွေအနေနဲ့ ဗဟုသုတများစွာ ရရှိလာကြမှာပါ''ဟုပြည်တွင်း နည်းပညာရှင်တစ်ဦး က ပြောကြားသည်။

SingTelကုမ္ပဏီအနေဖြင့် လက်ရှိတွင် ပြည်ပနိုင်ငံများ၌ မိုဘိုင်းဖုန်း ထုတ်လုပ်ခြင်းလုပ်ငန်း၊ ငွေဖြည့်ကတ် ထုတ်လုပ်ခြင်းလုပ်ငန်း၊ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်း၊ ရုပ်သံဝန်ဆောင်မှုလုပ်ငန်း၊ အပါအ၀င်အခြား နည်းပညာ လုပ်ငန်းများကိုလည်း ၀န်ဆောင်မှုပေး ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်သည်။

ယင်းကုမ္ပဏီမှာ လက်ရှိအချိန်တွင်လည်း ကမ္ဘာ့နိုင်ငံ အသီးသီးရှိ နိုင်ငံပေါင်း ၂၅နိုင်ငံဝန်ကျင်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများကို ဆောင် ရွက်ပေး လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

Posted From Zaw Min Tun
Thit Htoo Lwin blog

လားရှိုးမြို့တွင် ပြည့်တန်ဆာကိစ္စအလို့ငှာ မြှူဆွယ်လုပ်ကိုင်နေသူများအား ဖမ်းဆီးအရေးယူ


၂၀-၄-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် ရှမ်းပြည်နယ်၊ လားရှိုးအမှတ်(၁)ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်းသတင်းအရ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၆)နေ ရဲလှိုင်ဦး(ခ) ဂျင်းစိမ်း(၂၀)နှစ်၏နေအိမ်သို့ အသွင်ယူသက်သေအား ကြိုတင်မှတ်သားထားသည့် ငါးထောင်တန်ငွေစက္ကူ (၃)ရွက်ပေးအပ်၍ ပျော်ပါးစေပြီး
သက်သေများနှင့်အတူဝင်ရောက်စစ်ဆေ
းရာ နေအိမ်အိပ်ခန်းအတွင်း အသွင်ယူသက်သေနှင့်အတူ ပြည့်တန်ဆာကိစ္စအလို့ငှာ မြှူဆွယ်နေသူ မစန္ဒာဦး(၃၃)နှစ်နှင့် မနန်းပိုးအိမ် (၂၅)နှစ်၊ ပြည့်တန်ဆာခေါင်းအဖြစ်လုပ်ကိုင်သူ ရဲလှိုင်ဦးတို့အား စစ်ဆေးတွေ့ရှိရသဖြင့် ရဲလှိုင်ဦးအား လားရှိုး အမှတ်(၁)ရဲစခန်း(ပ)၁၇၅/၂၀၁၃၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၅(၁)/၈(က)ဖြင့်လည်းကောင်း၊ မစန္ဒာဦးနှင့်မနန်းပိုးအိမ်တို့ ၂ ဦးအား (ပ)၁၇၆/၂၀၁၃၊ အဆိုပါဥပဒေပုဒ်မ ၃(က)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။   ရဲဇာနည်

ဆံတော် ရှင်ကျိုက်ထီးရိုး ဘုရားနှင့်ပုံစံတူသော ထူးခြား အံ့ဘွယ် ကျောက်တုံးကြီး

နေပြည်တော်ရှိ တောတွင်းတစ်နေရာတွင် ဆံတော် ရှင်ကျိုက်ထီးရိုး ဘုရားနှင့်ပုံစံတူသော ထူးခြား အံ့ဘွယ် ကျောက်တုံးကြီး သတင်းမှာ ရန်ကုန်မြို့ပေါ်သို့ ယခုရက် ပိုင်းအတွင်း စတင်နာမည်ကြီးလာပါသည်။ နေပြည် တော်နှင့် အတော် လှမ်းသော ရွှေပြည်သာ ရွာတွင်ရှိ သည်ဟုကြားသိရသည်။  အဆိုပါထူးခြား ကျောက်တုံးကြီးမှာ နေပြည်တော် အနီးတစ်ဝိုက်ရှိ မြို့လေးများသို့ပါအချိန်တို အတွင်း ပျံ့နှံ့ သွားခဲ့ပြီးနေ့စဉ်ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက် ရှိနေကြောင်းကြား သိ ရချိန်တွင် မြန်မာ ပို့စ်သတင်း ဂျာနယ်ပရိသတ် အတွက် အဆို ပါကျောက် တုံးကြီး ရှိရာ ဒေသ သို့ သွားရောက် ကွင်းဆင်းလေ့လာ ဖြစ်ခဲ့ပါသည်။ နေပြည်တော် ပျဉ်းမနားမြို့မှ အဆိုပါ ရွှေပြည်သာ ရွာသို့ မည်သို့ မည်ပုံ သွားရောက်ရသည်ကို ပထမဦးစွာ စုံစမ်း ရသည်။ အိုင်တီ လက်ဖက်ရည်ဆိုင် သို့ရောက်ရှိ လာသော နေပြည်တော် တွင်တာဝန်ထမ်းဆောင် လျက်ရှိ သည့်ရဲမှူးကြီး တစ်ဦးကို စတင်မေးမြန်းရပါ သည်။ အဆိုပါ ရဲမှူးကြီးထံမှ တစ်ဆင့် ထိုသတင်း တိကျ မှန်ကန်ကြောင်း အတည်ပြုချက် ရရှိပြီးနောက် အဆိုပါ ကျောက်တုံးကြီး တည်ရှိရာသို့ အိပ်မက်အရ လမ်းကြောင်း သိရှိပြီး သွားရောက် ရှာဖွေခဲ့သော ဆရာတော်နှင့် ဆရာတော်၏ ဒါယိကာ၊ ဒါယိကာမ များထံ ဆက်သွယ် စုံစမ်းခြင်း၊မေးမြန်းခြင်း များပြုလုပ် ပြီးနောက် အဆို ပါ ရွှေပြည်သာရွာ သို့ မြန်မာပို့စ် သတင်းဂျာနယ် အဖွဲ့ခရီးဆက်လက်ထွက်ခွာ ခဲ့ပါသည်။ အချို့က ဒီနေ့နေ့ချင်းပြန် ခရီးကအဆင်မပြေနိုင်၊ နောက်တစ်နေ့မှ ခရီးထွက်ရန်ပြောသည်။ ယခု ၁၀ နာရီကျော် နေပြီဖြစ်၍ခရီးထွက်ရန် အဆင်မပြေနိုင်၊ မြစ်ကိုဖြတ်ကူး၍ သွားရသော လမ်းမှဆိုလျင် မြန်နိုင် ကြောင်း လည်း ၀ိုင်းဝန်းအကြံပြုကြသည်။ နေပြည်တော် ပျဉ်းမနားမြို့အထိမ်း အမှတ်တစ်ခု ဖြစ်သော ဆင်ရုပ်မှတ်တိုင် အနီးရှိအိုင်တီ လက်ဖက်ရည် ဆိုင်မှ စတင်၍ အဆိုပါ ခရီးစဉ်ကိုစတင်ခဲ့ ရသည်။ မည် သို့ပင်ဖြစ်စေ အဆိုပါ ခရီးစဉ်ကို မရောက်ရောက် အောင် သွားရမည်ဖြစ်ခြင်းကြောင့်နေ့ ချင်းပြန် ခရီးစဉ် စတင် အကောင်အထည် ဖော်ခဲ့ ရသည်။  အသွားလမ်းမှာ မိုးရာသီဖြစ်၍ အလွန်ပင်ကြမ်း တမ်းသည်။ ဆိုင်ကယ် ကယ်ရီသမားများက ပေါင်း လောင်း ရေလွှဲဆည်အထိသာလိုက်ပို့၍ ရမည်။ ကျန် သော ခရီးလမ်းကို ခြေလျှင် ချီတက်မှရမည်ဟု ဆိုပါ သည်။ အနီးဆုံး နေရာသို့ လိုက်ပို့ပေးရန် ညှိနှိုင်းကြပြီး နောက် ခရီးထွက် ခဲ့သည်။ နာမည်ကျော် ပျဉ်းမနား သကြားစက် ကိုကျော်လွန်ပြီးသည့် နောက် အတော် လေးကိုမောင်းပြီးမှ ပေါင်းလောင်း သို့ရောက်သည်။ ကျန်သော ခရီးစဉ်အတွက်ကိုမူ နေပြည်တော် ဒေသခံ ဆိုင်ကယ် ကယ်ရီသမားများက သူတို့လည်း အဆိုပါ ကျောက်တုံးကြီး ဆီသို့မသွားရသေး ဖူးမြော်ချင်သည်ဟု ဆိုကာ ဆက်လက် လိုက်ပါပို့ဆောင် ပေးသည်။ ခရီး လမ်းမှာ ဆိုင်ကယ်ကယ်ရီသမား တို့အတွက် အလွန်ပင် ခက်ခဲကြမ်းတမ်း သော်လည်း မရရအောင် လို့ပို့ပေးကြ သည်။ အမှန်တကယ်တွင် အဆိုပါ ကယ်ရီသမားတို့ အပင်ပမ်းခံ လိုက်မပို့ပါက ညမိုးချုပ်သည့် တိုင်အောင် ကျောက်တုံးကြီးဆီ သို့ ရောက်နိုင်မည် မဟုတ်ပါ။ ကျေး ဇူးများ စွာတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။ ဘုရားတောင်ခြေနှင့် အတော် နီးသောနေရာ အထိ လိုက်ပို့ကြပြီး နောက်တော လမ်းခရီးကိုဆက်ခဲ့ သည်။ နံနက် ၁၀ နာရီဝန်းကျင်မှ စတင်ကာ ခရီး ဆက် ခဲ့သော အဆိုပါ ကျောက်တုံးကြီးခရီးစဉ်မှာ မွန်း လွဲ ၁ နာရီဝန်းကျင် တွင်အဆုံးသတ် ခဲ့ပြီးနောက် ရောက် ရှိခဲ့ လေတော့သည်။ ဘုရားဝန်း ကျင်တွင် လာရောက် ဖူးမြော်သူများ လည်းရှိ နေသည်။ တောင်ပေါ် အတက်တွင်လည်းပြန် ဆင်းသွားကြသူ တို့နှင့်လည်းဆုံ တွေ့ခဲ့ရသည်။ ကျောက်တုံးကြီးမှာ ကား အမှန်တကယ်ပင် ဆံတော်ရှင် ကျိုက်ထီးရိုးသို့သွား ရောက်ရာ ခရီးစဉ်နှင့် ဆင်ဆင်တူ သကဲ့သို့ ကျောက်တုံးကြီး အနေအထားမှာ လည်း ပုံတွင်မြင်တွေ့ရသည့် အတိုင်း များစွာ ဆင်တူ နေပါသည်။ ကျောက်တုံးကြီး ပတ်ပတ်လည်တွင် ဘုရား ဖူးသူတို့ရောက်ရှိနေပါသည်။ ဒေသခံရွာ သား ကိုဖိုးပြားက အဆိုပါ ကျောက်တုံး ကြီးအနီးရှိ ထူးခြားချက်များကို လိုက်လံပြသ ပါသည်။အနီးနားရှိအခြား သော အရံ ကျောက်တုံးကြီးများပေါ် တွင် လူကြီးတစ်ဦး ၏ခြေရာ ထက်ပင်ကြီးနိုင်သော ခြေရာကြီး တစ်ခုနှင့် ကလေးငယ် တစ်ဦး၏ခြေရာတို့ကို လိုက်လံပြသ ပေးသည်။ ယင်းအရံ ကျောက်တုံးကြီးပေါ် တွင်ပင် တစ်စုံတစ်ခုသော မှတ်သားထားသည့် အရာတို့ ရှိနေပြန်သေးသည်။ “ဒီအမှတ်အသားကတော့ သဘာဝအတိုင်းပေါ် ပေါက်နေတာ မဟုတ် လောက်ပါဘူး။ တစ်စုံတစ် ယောက် က မှတ်သားထား တဲ့ပုံစံမျိုးပါ။ ရေးထားတာ ကလည်း ဘာစာ လည်းဆိုတာ ကျွန်တော်တို့ အနေနဲ့ မသိနိုင်ပါဘူး။ သမိုင်းကို လေ့လာတဲ့သူ၊ ရှေးဟောင်း စာပေတတ် ကျွမ်းတဲ့သူတွေ လာပြီးလေ့လာနိုင်ရင် တော့ အကောင်းဆုံးပါပဲ” ဟု ဒေသခံရွာသား ကိုဖိုးပြား ကပြောသည်။ “ကျွန်တော်တို့ ဒီဒေသခံတွေအနေနဲ့ ဒီကျောက် တုံးကြီးကို အားစမ်း တဲ့အနေနဲ့ တွန်းချကြသေးတယ်။ ဘယ်လိုမှ မကျဘူး။ တည်နေပုံ ကလည်းထူးခြားတယ်။ တွန်းချတယ် ဆိုတာတောင် ဒီအတိုင်း လူချည်း သက် သက်အားနဲ့တွန်းချတာ မျိုးမဟုတ်ဘူး၊ ကုတ်နဲ့ ကော် ချတာ။ ကုတ်နဲ့ ကော်တယ်ဆိုတာက ကုတ်တစ်ချောင်း ကို လူငါးယောက် အားနဲ့ညီမျှတယ်ဗျ။ သုံးယောက် ပေါင်း ဆိုတော့ လူဆယ့်ငါးယောက် အားလောက် ရှိတယ်။ ကျောက်တုံးကြီး ဆိုတာ ယမ်းခါ နေပေမယ့် ဘယ်လိုမှ ပြုတ် မကျသွားဘူး” ဟုကိုဖိုးပြားက ဆက် လက် ပြောပြသည်။ လူသူ အရောက်အပေါက်နည်းသော အဆိုပါ ကျောက်တုံးကြီး တည်ရှိရာနေရာ သွားရာလမ်းကို ကျိုက် ထီးရိုးဘုရား လမ်းဟု သာခေါ်ဆိုကြကြောင်း ရွာခံများ ကပြောသည်။ ကျောက်တုံးကြီးနှင့် ခပ်လှမ်းလှမ်း တွင် စမ်းချောင်းငယ် တစ်ခု၏ တသွင်သွင် စီးဆင်းနေသံကို လည်း ကြားရ သဖြင့်သွားရောက် ကြည့်ရှုခဲ့ကြပါသည်။ ကြည်လင်အေးမြသော စမ်းရေကြောင့် ပင်ပမ်းမှုအား လုံးပြေ ပျောက်သွားရသကဲ့ သို့ခံစားရသည်။ အဆိုပါ ထူးခြားဆန်းပြားသော ကျောက်တုံးကြီး သတင်းမှာ နေပြည်တော် ၀န်းကျင်တွင် ပျံ့နှံ့လျက်ရှိပြီး ယခုအခါ အနီးနား ပတ်ဝန်းကျင်ဒေသများမှသူများ နေ့စဉ် လာရောက်ဖူးမြော် ကြကြောင်း၊ စနေ၊ တနင်္ဂနွေ နေ့များတွင် အဆိုပါ ကျောက်တုံးကြီးကြီးဆီသို့ လာ ရောက်လေ့လာ သူများအဆင်ပြေစေရန် ကားတစ်ချို့ ပြေးဆွဲ ပေးနေကြောင်းလည်း သိရသည်။  ကျောက်တုံးကြီး ၏ နာမည်သတင်း ကျော်ဇောမှု ကြောင့် ယခုအခါ တွင်သက်ဆိုင်ရာ မှစာတစ်စောင် ရောက်ရှိ လာပြီး အဆိုပါ ကျောက်တုံးကြီးကို နဂိုမူလ အတိုင်း ထိမ်းသိမ်းပေးထား ရန်နှင့် စေတီဘုရား တည် ခြင်းအမှု တို့ကို လူကြီးများ ကိုယ်တိုင် လာရောက်စစ် ဆေးပြီး စေတီ ဘုရား တည်ခွင့်ပြု မည်ဖြစ်ကြောင်း အကြောင်းကြား စာပို့ထားသည်ဟုသိရသည်။ “ ကျွန်တော် တို့ကတော့ သက်ဆိုင်ရာ ကလာစစ် ဆေးမယ်၊ ဘာမှ မပြုမပြင်ဘဲ ထားရှိပေးရမယ် ဆိုတော့ အခုဘုရား တည်မယ့် ကျောက်တုံးကြီး ပတ်ပတ်လည်မှာ ရွှေချဖို့ အတွက် ခံဆေး သုတ်ထားတာ ကိုရပ်ထားပါ တယ်။ လာတဲ့သူတွေ ကများများလာတာ ကြောင့် ကျွန် တော်တို့ရှိ တဲ့ဒေသခံတွေနဲ့ လာရောက် တဲ့သူတွေ အဆင်ပြေအောင် လမ်းပြင်ပေးတာတွေ၊ လမ်းညွှန် ဆိုင်း ဘုတ်တွေ လမ်းဆုံ လမ်းခွတွေမှာ လိုက်ပြီး စိုက်ထားပေး တာတွေ ကိုတော့လုပ်ပေး ပါတယ်။ ဘုရား တည်တာက တော့ ဒီဝါကျွတ်ပြီး သီတင်းကျွတ် ရောက်ရင်တော့ တည်ဖြစ်မယ် လို့မျှော်လင့်ထား ပါတယ်” ဟုအဆိုပါ ကျောက်တုံးကြီး တည်ရှိရာအနီးမှ ဒေသခံရွာ ရွှေပြည် အေးကျေးရွာ ၊ ဘာသာရေးနှင့်လူမှုရေး ဥက္ကဋ္ဌ ဦးမြင့် ဟန်က ပြောကြားသည်။ ထူးခြားဆန်းပြားပြီး အံ့သြဖွယ်ရာကောင်းသော၊ မမြင်ရ သော်လည်း လူပြော သူပြောများနေသည့် ထူး ခြား ဆန်းပြားမှုမျိုးစုံရှိနေသည် အဆိုပါကျောက်တုံးကြီး ပေါ်တွင်အမြန်ဆုံး ဘုရားတည်နိုင် စေရန်ကိုမူ ဒေသခံ ရွာသူ ရွာသားများ၊ အနီးနား ပတ်ဝန်းကျင်ရွာများမှ လာရောက် ဖူးမြော် လေ့လာကြသူတို့က မျှော်လင့် လျက် ရှိနေကြပါသည်။ မြန်မာပို့စ် သတင်းဂျာနယ်အဖွဲ့အနေ ဖြင့်လည်း မည်သို့ပင်ဖြစ်စေ ကာမူ ထူးခြား ဆန်းပြား သော အဆိုပါ ကျောက်တုံးကြီးဆီသို့ ခက်ခက်ခဲခဲ ရောက်ရှိ ခဲ့ချိန်တွင် လွန်စွာမှ ၀မ်းမြောက် ၀မ်းသာဖြစ် ရပြီး၊ စာဖတ်ပရိသတ် တို့ထံ အချိန်မီ တင်ပြခွင့်ရရှိသည် ကို ပိုမို၍ ပီတိဖြစ်ရပါသည်။ အဆိုပါ ကျောက်တုံးကြီး ပေါ်တွင် စေတီဘုရား တည်ခွင့်ကို ထူးခြားသော အိပ်မက်အရ လမ်းကြောင်း ရှာဖွေ တွေ့ရှိခဲ့သော ဆရာတော်နှင့် တပည့်၊ ဒါယိကာ၊ ဒါယိကာမများ တည်ထား ခွင့်ရမည် လား၊ နိုင်ငံတော်မှ ဦးစီး ဦးဆောင်ပြု၍ တည်ထား ကိုးကွယ်မည် လားဆို သည်ကိုမူ မည်သူမျှ မသိရှိရသေးပါ။ လာမည့် သီတင်းကျွတ် ကာလအရောက်တွင် ယခု ကတည်း ကနာမည်ကျော်ကြား နေသော ဆံတော်ရှင် ကျိုက်ထီးရိုး ပုံစံတူကျောက်တုံးကြီး ပေါ်၌ စေတီတော် တစ်ဆူ ပေါ်ထွန်းလာ တော့မည်ဟု မျှော်လင့် ရပါသည်။  ဖေ့စ်ဘုတ်မှာတွေ့လို့ဖော်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။  https://www.facebook.com/photo.php?fbid=372397112855960&set=a.372396236189381.83914.372395212856150&type=1&theater
နေပြည်တော်ရှိ တောတွင်းတစ်နေရာတွင် ဆံတော် ရှင်ကျိုက်ထီးရိုး ဘုရားနှင့်ပုံစံတူသော ထူးခြား အံ့ဘွယ် ကျောက်တုံးကြီး သတင်းမှာ ရန်ကုန်မြို့ပေါ်သို့ ယခုရက် ပိုင်းအတွင်း စတင်နာမည်ကြီးလာပါသည်။ နေပြည် တော်နှင့် အတော် လှမ်းသော ရွှေပြည်သာ ရွာတွင်ရှိ သည်ဟုကြားသိရသည်။

အဆိုပါထူးခြား ကျောက်တုံးကြီးမှာ နေပြည်တော် အနီးတစ်ဝိုက်ရှိ မြို့လေးများသို့ပါအချိန်တို အတွင်း ပျံ့နှံ့ သွားခဲ့ပြီးနေ့စဉ်ဘုရားဖူးလာရောက်သူများဖြင့်စည်ကားလျက် ရှိနေကြောင်းကြား သိ ရချိန်တွင်
မြန်မာ ပို့စ်သတင်း ဂျာနယ်ပရိသတ် အတွက် အဆို ပါကျောက် တုံးကြီး ရှိရာ ဒေသ သို့ သွားရောက် ကွင်းဆင်းလေ့လာ ဖြစ်ခဲ့ပါသည်။
နေပြည်တော် ပျဉ်းမနားမြို့မှ အဆိုပါ ရွှေပြည်သာ ရွာသို့ မည်သို့ မည်ပုံ သွားရောက်ရသည်ကို ပထမဦးစွာ စုံစမ်း ရသည်။ အိုင်တီ လက်ဖက်ရည်ဆိုင် သို့ရောက်ရှိ လာသော နေပြည်တော် တွင်တာဝန်ထမ်းဆောင် လျက်ရှိ သည့်ရဲမှူးကြီး တစ်ဦးကို စတင်မေးမြန်းရပါ သည်။ အဆိုပါ ရဲမှူးကြီးထံမှ တစ်ဆင့် ထိုသတင်း တိကျ မှန်ကန်ကြောင်း အတည်ပြုချက် ရရှိပြီးနောက် အဆိုပါ ကျောက်တုံးကြီး တည်ရှိရာသို့ အိပ်မက်အရ လမ်းကြောင်း သိရှိပြီး သွားရောက် ရှာဖွေခဲ့သော ဆရာတော်နှင့် ဆရာတော်၏ ဒါယိကာ၊ ဒါယိကာမ များထံ ဆက်သွယ် စုံစမ်းခြင်း၊မေးမြန်းခြင်း
များပြုလုပ် ပြီးနောက် အဆို ပါ ရွှေပြည်သာရွာ သို့ မြန်မာပို့စ် သတင်းဂျာနယ် အဖွဲ့ခရီးဆက်လက်ထွက်ခွာ ခဲ့ပါသည်။
အချို့က ဒီနေ့နေ့ချင်းပြန် ခရီးကအဆင်မပြေနိုင်၊ နောက်တစ်နေ့မှ ခရီးထွက်ရန်ပြောသည်။ ယခု ၁၀ နာရီကျော် နေပြီဖြစ်၍ခရီးထွက်ရန် အဆင်မပြေနိုင်၊ မြစ်ကိုဖြတ်ကူး၍ သွားရသော လမ်းမှဆိုလျင် မြန်နိုင် ကြောင်း လည်း ၀ိုင်းဝန်းအကြံပြုကြသည်။
နေပြည်တော် ပျဉ်းမနားမြို့အထိမ်း အမှတ်တစ်ခု ဖြစ်သော ဆင်ရုပ်မှတ်တိုင် အနီးရှိအိုင်တီ လက်ဖက်ရည် ဆိုင်မှ စတင်၍ အဆိုပါ ခရီးစဉ်ကိုစတင်ခဲ့ ရသည်။ မည် သို့ပင်ဖြစ်စေ အဆိုပါ ခရီးစဉ်ကို မရောက်ရောက် အောင် သွားရမည်ဖြစ်ခြင်းကြောင့်နေ
့ချင်းပြန် ခရီးစဉ် စတင် အကောင်အထည် ဖော်ခဲ့ ရသည်။

အသွားလမ်းမှာ မိုးရာသီဖြစ်၍ အလွန်ပင်ကြမ်း တမ်းသည်။ ဆိုင်ကယ် ကယ်ရီသမားများက ပေါင်း လောင်း ရေလွှဲဆည်အထိသာလိုက်ပို့၍ ရမည်။ ကျန် သော ခရီးလမ်းကို ခြေလျှင် ချီတက်မှရမည်ဟု ဆိုပါ သည်။ အနီးဆုံး နေရာသို့ လိုက်ပို့ပေးရန် ညှိနှိုင်းကြပြီး နောက် ခရီးထွက် ခဲ့သည်။ နာမည်ကျော် ပျဉ်းမနား သကြားစက် ကိုကျော်လွန်ပြီးသည့် နောက် အတော် လေးကိုမောင်းပြီးမှ ပေါင်းလောင်း သို့ရောက်သည်။ ကျန်သော ခရီးစဉ်အတွက်ကိုမူ နေပြည်တော် ဒေသခံ ဆိုင်ကယ် ကယ်ရီသမားများက သူတို့လည်း အဆိုပါ ကျောက်တုံးကြီး ဆီသို့မသွားရသေး ဖူးမြော်ချင်သည်ဟု ဆိုကာ ဆက်လက် လိုက်ပါပို့ဆောင် ပေးသည်။ ခရီး လမ်းမှာ ဆိုင်ကယ်ကယ်ရီသမား တို့အတွက် အလွန်ပင် ခက်ခဲကြမ်းတမ်း သော်လည်း မရရအောင် လို့ပို့ပေးကြ သည်။ အမှန်တကယ်တွင် အဆိုပါ ကယ်ရီသမားတို့ အပင်ပမ်းခံ လိုက်မပို့ပါက ညမိုးချုပ်သည့် တိုင်အောင် ကျောက်တုံးကြီးဆီ သို့ ရောက်နိုင်မည် မဟုတ်ပါ။ ကျေး ဇူးများ စွာတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။
ဘုရားတောင်ခြေနှင့် အတော် နီးသောနေရာ အထိ လိုက်ပို့ကြပြီး နောက်တော လမ်းခရီးကိုဆက်ခဲ့ သည်။ နံနက် ၁၀ နာရီဝန်းကျင်မှ စတင်ကာ ခရီး ဆက် ခဲ့သော အဆိုပါ ကျောက်တုံးကြီးခရီးစဉ်မှာ မွန်း လွဲ ၁ နာရီဝန်းကျင် တွင်အဆုံးသတ် ခဲ့ပြီးနောက် ရောက် ရှိခဲ့ လေတော့သည်။
ဘုရားဝန်း ကျင်တွင် လာရောက် ဖူးမြော်သူများ လည်းရှိ နေသည်။ တောင်ပေါ် အတက်တွင်လည်းပြန် ဆင်းသွားကြသူ တို့နှင့်လည်းဆုံ တွေ့ခဲ့ရသည်။
ကျောက်တုံးကြီးမှာ ကား အမှန်တကယ်ပင် ဆံတော်ရှင် ကျိုက်ထီးရိုးသို့သွား ရောက်ရာ ခရီးစဉ်နှင့် ဆင်ဆင်တူ သကဲ့သို့ ကျောက်တုံးကြီး အနေအထားမှာ လည်း ပုံတွင်မြင်တွေ့ရသည့် အတိုင်း များစွာ ဆင်တူ နေပါသည်။ ကျောက်တုံးကြီး ပတ်ပတ်လည်တွင် ဘုရား ဖူးသူတို့ရောက်ရှိနေပါသည်။
ဒေသခံရွာ သား ကိုဖိုးပြားက အဆိုပါ ကျောက်တုံး ကြီးအနီးရှိ ထူးခြားချက်များကို လိုက်လံပြသ ပါသည်။အနီးနားရှိအခြား သော အရံ ကျောက်တုံးကြီးများပေါ် တွင် လူကြီးတစ်ဦး ၏ခြေရာ ထက်ပင်ကြီးနိုင်သော ခြေရာကြီး တစ်ခုနှင့် ကလေးငယ် တစ်ဦး၏ခြေရာတို့ကို လိုက်လံပြသ ပေးသည်။ ယင်းအရံ ကျောက်တုံးကြီးပေါ် တွင်ပင် တစ်စုံတစ်ခုသော မှတ်သားထားသည့် အရာတို့ ရှိနေပြန်သေးသည်။
“ဒီအမှတ်အသားကတော့ သဘာဝအတိုင်းပေါ် ပေါက်နေတာ မဟုတ် လောက်ပါဘူး။ တစ်စုံတစ် ယောက် က မှတ်သားထား တဲ့ပုံစံမျိုးပါ။ ရေးထားတာ ကလည်း ဘာစာ လည်းဆိုတာ ကျွန်တော်တို့ အနေနဲ့ မသိနိုင်ပါဘူး။ သမိုင်းကို လေ့လာတဲ့သူ၊ ရှေးဟောင်း စာပေတတ် ကျွမ်းတဲ့သူတွေ လာပြီးလေ့လာနိုင်ရင် တော့ အကောင်းဆုံးပါပဲ” ဟု ဒေသခံရွာသား ကိုဖိုးပြား ကပြောသည်။
“ကျွန်တော်တို့ ဒီဒေသခံတွေအနေနဲ့ ဒီကျောက် တုံးကြီးကို အားစမ်း တဲ့အနေနဲ့ တွန်းချကြသေးတယ်။ ဘယ်လိုမှ မကျဘူး။ တည်နေပုံ ကလည်းထူးခြားတယ်။ တွန်းချတယ် ဆိုတာတောင် ဒီအတိုင်း လူချည်း သက် သက်အားနဲ့တွန်းချတာ မျိုးမဟုတ်ဘူး၊ ကုတ်နဲ့ ကော် ချတာ။ ကုတ်နဲ့ ကော်တယ်ဆိုတာက ကုတ်တစ်ချောင်း ကို လူငါးယောက် အားနဲ့ညီမျှတယ်ဗျ။ သုံးယောက် ပေါင်း ဆိုတော့ လူဆယ့်ငါးယောက် အားလောက် ရှိတယ်။ ကျောက်တုံးကြီး ဆိုတာ ယမ်းခါ နေပေမယ့် ဘယ်လိုမှ ပြုတ် မကျသွားဘူး” ဟုကိုဖိုးပြားက ဆက် လက် ပြောပြသည်။
လူသူ အရောက်အပေါက်နည်းသော အဆိုပါ ကျောက်တုံးကြီး တည်ရှိရာနေရာ သွားရာလမ်းကို ကျိုက် ထီးရိုးဘုရား လမ်းဟု သာခေါ်ဆိုကြကြောင်း ရွာခံများ ကပြောသည်။ ကျောက်တုံးကြီးနှင့် ခပ်လှမ်းလှမ်း တွင် စမ်းချောင်းငယ် တစ်ခု၏ တသွင်သွင် စီးဆင်းနေသံကို လည်း ကြားရ သဖြင့်သွားရောက် ကြည့်ရှုခဲ့ကြပါသည်။ ကြည်လင်အေးမြသော စမ်းရေကြောင့် ပင်ပမ်းမှုအား လုံးပြေ ပျောက်သွားရသကဲ့ သို့ခံစားရသည်။
အဆိုပါ ထူးခြားဆန်းပြားသော ကျောက်တုံးကြီး သတင်းမှာ နေပြည်တော် ၀န်းကျင်တွင် ပျံ့နှံ့လျက်ရှိပြီး ယခုအခါ အနီးနား ပတ်ဝန်းကျင်ဒေသများမှသူများ
နေ့စဉ် လာရောက်ဖူးမြော် ကြကြောင်း၊ စနေ၊ တနင်္ဂနွေ နေ့များတွင် အဆိုပါ ကျောက်တုံးကြီးကြီးဆီသို့ လာ ရောက်လေ့လာ သူများအဆင်ပြေစေရန် ကားတစ်ချို့ ပြေးဆွဲ ပေးနေကြောင်းလည်း သိရသည်။

ကျောက်တုံးကြီး ၏ နာမည်သတင်း ကျော်ဇောမှု ကြောင့် ယခုအခါ တွင်သက်ဆိုင်ရာ မှစာတစ်စောင် ရောက်ရှိ လာပြီး အဆိုပါ ကျောက်တုံးကြီးကို နဂိုမူလ အတိုင်း ထိမ်းသိမ်းပေးထား ရန်နှင့် စေတီဘုရား တည် ခြင်းအမှု တို့ကို လူကြီးများ ကိုယ်တိုင် လာရောက်စစ် ဆေးပြီး စေတီ ဘုရား တည်ခွင့်ပြု မည်ဖြစ်ကြောင်း အကြောင်းကြား စာပို့ထားသည်ဟုသိရသည်။
“ ကျွန်တော် တို့ကတော့ သက်ဆိုင်ရာ ကလာစစ် ဆေးမယ်၊ ဘာမှ မပြုမပြင်ဘဲ ထားရှိပေးရမယ် ဆိုတော့ အခုဘုရား တည်မယ့် ကျောက်တုံးကြီး ပတ်ပတ်လည်မှာ ရွှေချဖို့ အတွက် ခံဆေး သုတ်ထားတာ ကိုရပ်ထားပါ တယ်။ လာတဲ့သူတွေ ကများများလာတာ ကြောင့် ကျွန် တော်တို့ရှိ တဲ့ဒေသခံတွေနဲ့ လာရောက် တဲ့သူတွေ အဆင်ပြေအောင် လမ်းပြင်ပေးတာတွေ၊ လမ်းညွှန် ဆိုင်း ဘုတ်တွေ လမ်းဆုံ လမ်းခွတွေမှာ လိုက်ပြီး စိုက်ထားပေး တာတွေ ကိုတော့လုပ်ပေး ပါတယ်။ ဘုရား တည်တာက တော့ ဒီဝါကျွတ်ပြီး သီတင်းကျွတ် ရောက်ရင်တော့ တည်ဖြစ်မယ် လို့မျှော်လင့်ထား ပါတယ်” ဟုအဆိုပါ ကျောက်တုံးကြီး တည်ရှိရာအနီးမှ ဒေသခံရွာ ရွှေပြည် အေးကျေးရွာ ၊ ဘာသာရေးနှင့်လူမှုရေး ဥက္ကဋ္ဌ ဦးမြင့် ဟန်က ပြောကြားသည်။
ထူးခြားဆန်းပြားပြီး အံ့သြဖွယ်ရာကောင်းသော၊ မမြင်ရ သော်လည်း လူပြော သူပြောများနေသည့် ထူး ခြား ဆန်းပြားမှုမျိုးစုံရှိနေသည်
အဆိုပါကျောက်တုံးကြီး ပေါ်တွင်အမြန်ဆုံး ဘုရားတည်နိုင် စေရန်ကိုမူ ဒေသခံ ရွာသူ ရွာသားများ၊ အနီးနား ပတ်ဝန်းကျင်ရွာများမှ လာရောက် ဖူးမြော် လေ့လာကြသူတို့က မျှော်လင့် လျက် ရှိနေကြပါသည်။ မြန်မာပို့စ် သတင်းဂျာနယ်အဖွဲ့အနေ ဖြင့်လည်း မည်သို့ပင်ဖြစ်စေ ကာမူ ထူးခြား ဆန်းပြား သော အဆိုပါ ကျောက်တုံးကြီးဆီသို့ ခက်ခက်ခဲခဲ ရောက်ရှိ ခဲ့ချိန်တွင် လွန်စွာမှ ၀မ်းမြောက် ၀မ်းသာဖြစ် ရပြီး၊ စာဖတ်ပရိသတ် တို့ထံ အချိန်မီ တင်ပြခွင့်ရရှိသည် ကို ပိုမို၍ ပီတိဖြစ်ရပါသည်။
အဆိုပါ ကျောက်တုံးကြီး ပေါ်တွင် စေတီဘုရား တည်ခွင့်ကို ထူးခြားသော အိပ်မက်အရ လမ်းကြောင်း ရှာဖွေ တွေ့ရှိခဲ့သော ဆရာတော်နှင့် တပည့်၊ ဒါယိကာ၊ ဒါယိကာမများ တည်ထား ခွင့်ရမည် လား၊ နိုင်ငံတော်မှ ဦးစီး ဦးဆောင်ပြု၍ တည်ထား ကိုးကွယ်မည် လားဆို သည်ကိုမူ မည်သူမျှ မသိရှိရသေးပါ။
လာမည့် သီတင်းကျွတ် ကာလအရောက်တွင် ယခု ကတည်း ကနာမည်ကျော်ကြား နေသော ဆံတော်ရှင် ကျိုက်ထီးရိုး ပုံစံတူကျောက်တုံးကြီး ပေါ်၌ စေတီတော် တစ်ဆူ ပေါ်ထွန်းလာ တော့မည်ဟု မျှော်လင့် ရပါသည်။

ဖေ့စ်ဘုတ်မှာတွေ့လို့ဖော်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။

https://www.facebook.com/photo.php?fbid=372397112855960&set=a.372396236189381.83914.372395212856150&type=1&theater

အားလုံးအတွက် စေတနာထားပြီး တွေ့သမျှ သိသမျှလေးတွေကို ပြန်လည်မျှဝေနေပါမည်... Facebook မှာလဲ Like ပေးခဲ့ပါက ဖတ်နိုင်ပါပြီ...တုန့်ပြန်မှုအနေဖြင့် စကားလေးတစ်ခွန်းတော့ ချန်ပေးစေလိုပါတယ်....လေးစားစွာဖြင့်.. လယ်တီမြေသား။..............။
လာလည်နိုင်ပါတယ်...

www.ninilayy.com
www.aungsanmks.blogspot.com

ခေါင်းအုံးနှင့်ကျန်းမာရေး



မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ် အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွား တတ် သည်။ ဦးခေါင်းမှ စိမ့်ထွက် သော ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။

အချိန်ကြာလျှင် ခေါင်းအုံးသည် အညစ်အကြေးစု၍ နေသောနေရာ ဖြစ်တတ် သည်။ ခေါင်းအုံးထဲ သွတ် ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွား လာ တတ်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံး ထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ ရှိသဖြင့် အနာရောဂါ ကူးစက်တတ် သည်။

ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏ လျှော်ဖွပ်ပေး ရမည့် အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်း ပေးရပါမည်။ အထူးသဖြင့် အအေးမိရောဂါနှင့် အခြားကူးစက်တတ်သည့် ရောဂါများဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို သန့်စင် အောင် လျှော်ဖွပ် ပေးရပါမည်။ ခေါင်းအုံးကို နေပူလှန်းပေးရပါမည်။ သို့မှသာ ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီး ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါ သည်။

မိနစ်ပိုင်းတာ သရုပ်ဆောင်ခ ကန်ဒေါ်လာ ၂ သန်းရတဲ့ ဂျိမ်းဆဘွန်းမင်းသား


Photo: မိနစ်ပိုင်းတာ သရုပ်ဆောင်ခ ကန်ဒေါ်လာ ၂ သန်းရတဲ့ ဂျိမ်းဆဘွန်းမင်းသား Wednesday, April 24, 2013  မိနစ်ပိုင်းလောက်ပဲ သရုပ်ဆောင်ရတာ အမေရိကန်ဒေါ်လာ ၂ သန်းရ တယ်ဆို ဘယ်သူယုံပါသလဲ။ တကယ်ရတဲ့ မင်းသား ရှိပါတယ်။ သူကတော့ လက်ရှိ ဂျိမ်းဆဘွန်းမင်းသား ဒန်နီယန်ခရစ် ဖြစ်ပါတယ်။  သူများသားသမီးတွေများ ကံကောင်းချက်က မိုင်ကုန်ပါပဲ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် လို့ခေါ်တဲ့ ဂျိမ်းဆဘွန်းမင်းသား ဒန်နီယမ်ဟာ ကံအကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။ အင်္ဂလန်ဖွား မင်းသားမို့လို့ အင်္ဂလန်ထုတ်ကား Land Rover ကလည်း အားကိုးရှာ ပါတယ်။  နယူးယောက်မော်တောယာဉ်ပြပွဲ စတိတ်စင်ပေါ် တစ်ခါတက်မောင်းပြီး ပရိတ်သတ်ကို ပြုံးပြဖို့ Land Rover က တိုက်တွန်းပါတယ်။ တိုက်တွန်းသလို ဒန်နီယမ် ခရစ် (Daniel Craig) လည်း လုပ်ပါတယ်။ လုပ်ပြီး ပြန်ဆင်းသွားတာ ဘယ်လောက်မှမကြာလိုက်ပါဘူး။ သို့ပေမယ့် အမေရိကန်ဒေါ်လာ ၂ သန်းကြီးတောင် ပေးရပါတယ်။  တွင်သွားတဲ့ စကားတစ်ခုကတော့ ဒန်နီယမ် ကားတစ်ခါမောင်းရင် ကန်ဒေါ်လာ ၂ သန်းပေးရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ယင်းအပေါ် Land Rover ဘယ်လို သဘောရလဲ မေးတော့ "ဒန်နီယမ်ကို ကျေးဇူးတင် ပါတယ်။ သို့ပေမယ့် လာမယ့်နှစ် ဘတ်ဂျတ်အသုံးချရေးမှာတော့ ဒီလိုမလုပ်ဖြစ်တော့ဘူးထင်တာပဲ" လို့ ရှက်ဖြေဖြေသွားပါတယ်။  ရှက်ချင်မှ ရှက်မှာပါ။ Land Rover ဆိုတာ ကမ္ဘာမှာ အောင်မြင်တဲ့ ကားကုမ္မဏီတစ်ခုပါပဲ။ ကန်ဒေါ်လာ ၂ သန်းလောက်ရင်းပြီး မင်းသား တစ်လက် အသုံးပြုမှုလောက်တော့ မှုမယ့်ပုံမပေါ်ပါဘူး။ သို့ပေမယ့် ဒန်နီယမ်ကို နောက်တစ်ခါ ၂ သန်းပေးပြီး ကြော်ငြာ ခိုင်းဖို့ မသေချာတော့ကြောင်း သိရပါတယ်။   TechSpace Journal


မိနစ်ပိုင်းလောက်ပဲ သရုပ်ဆောင်ရတာ အမေရိကန်ဒေါ်လာ ၂ သန်းရတယ်ဆို ဘယ်သူယုံပါသလဲ။ တကယ်ရတဲ့ မင်းသား ရှိပါတယ်။ သူကတော့ လက်ရှိ ဂျိမ်းဆဘွန်းမင်းသား ဒန်နီယန်ခရစ် ဖြစ်ပါတယ်။


သူများသားသမီးတွေများ ကံကောင်းချက်က မိုင်ကုန်ပါပဲ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် လို့ခေါ်တဲ့ ဂျိမ်းဆဘွန်းမင်းသား ဒန်နီယမ်ဟာ ကံအကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။ အင်္ဂလန်ဖွား မင်းသားမို့လို့ အင်္ဂလန်ထုတ်ကား Land Rover ကလည်း အားကိုးရှာ ပါတယ်။

နယူးယောက်မော်တောယာဉ်ပြပွဲ စတိတ်စင်ပေါ် တစ်ခါတက်မောင်းပြီး ပရိတ်သတ်ကို ပြုံးပြဖို့ Land Rover က တိုက်တွန်းပါတယ်။ တိုက်တွန်းသလို ဒန်နီယမ် ခရစ် (Daniel Craig) လည်း လုပ်ပါတယ်။ လုပ်ပြီး ပြန်ဆင်းသွားတာ ဘယ်လောက်မှမကြာလိုက်ပါဘူး။ သို့ပေမယ့် အမေရိကန်ဒေါ်လာ ၂ သန်းကြီးတောင် ပေးရပါတယ်။

တွင်သွားတဲ့ စကားတစ်ခုကတော့ ဒန်နီယမ် ကားတစ်ခါမောင်းရင် ကန်ဒေါ်လာ ၂ သန်းပေးရမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ယင်းအပေါ် Land Rover ဘယ်လို သဘောရလဲ မေးတော့ "ဒန်နီယမ် ကို ကျေးဇူး တင်ပါတယ်။ သို့ပေမယ့် လာမယ့်နှစ် ဘတ်ဂျတ်အသုံးချရေးမှာတော့ ဒီလိုမလုပ်ဖြစ်တော့ဘူးထင်တာပဲ" လို့ ရှက်ဖြေဖြေသွားပါတယ်။

ရှက်ချင်မှ ရှက်မှာပါ။ Land Rover ဆိုတာ ကမ္ဘာမှာ အောင်မြင်တဲ့ ကားကုမ္မဏီတစ်ခုပါပဲ။ ကန်ဒေါ်လာ ၂ သန်းလောက်ရင်းပြီး မင်းသား တစ်လက် အသုံးပြုမှုလောက်တော့ မှုမယ့်ပုံမပေါ်ပါဘူး။ သို့ပေမယ့် ဒန်နီယမ်ကို နောက်တစ်ခါ ၂ သန်းပေးပြီး ကြော်ငြာ ခိုင်းဖို့ မသေချာတော့ကြောင်း သိရပါတယ်။

TechSpace Journal

တန်ဖိုးနည်း ဖုန်းကတ် ဦးရာလူစနစ်ဖြင့် ရောင်းသဖြင့် ခိုက်ရန်ဖြစ်ပွားမှုရှိ

Photo: တန်ဖိုးနည်း ဖုန်းကတ် ဦးရာလူစနစ်ဖြင့် ရောင်းသဖြင့် ခိုက်ရန်ဖြစ်ပွားမှုရှိ Wednesday, April 24, 2013  မန္တလေးတိုင်းဒေသကြီးအတွက် ခွဲတမ်းရသည့် ကျပ် ၁၅၀၀ တန် CDMA ၈၀၀ ဆင်းကတ် ၆ သောင်းကျော်ကို ဦးရာလူ စနစ်ဖြင့် ရောင်းချပေးမှုကြောင့် မန္တလေး ချမ်းမြသာစည်နှင့် အောင်မြေသာစံမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ကာ ရဲများက ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။  “ကျမတို့က မနက် ၂ နာရီ ကတည်းက ရပ်ကွက်ရုံးမှာ တန်းစီရတာပါ။ သူတို့က မနက် ၉ နာရီမှာ တိုကင်ဝေပါတယ်။ ၁၀ နာရီကြမှ တိုကင်နဲ့ ဖုန်းကတ်တွေကို လဲလှယ်ရတာပါ။ ဒါကို ကျမတို့ ကြားကနေ လူတွေက ဖြတ်ကျော်တော့ မခံနိုင်တဲ့ လူတွေက ပြောကြဆိုကြ၊ ဆဲကြနဲ့ ခိုက်ရန်ဖြစ်ပွားကြတာပါ။ နောက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အနေနဲ့ကလည်း ရောင်းချမယ့် ကတ် အရေတွက်ကို ကျမတို့ ပြည်သူတွေကို ချမပြဘူး။ အဲဒီတော့ ရောင်းချမယ့် ကတ်ထက် လူတွေက ပိုများပြီး တန်းစီ စောင့်ကြရတာ ပင်ပန်းတာပဲ ရှိတယ်။ တချို့ မရဘဲ ပြန်ကြရတာတွေ ရှိတယ်။ အမှန်ဆို ကတ် ၁၀၀ ဆိုရင် လူ ၁၀၀ တန်းစီပြီး စောင့်ယူရုံပဲပေါ့” ဟု ၁၅၀၀ တန် ဖုန်းကတ်ကို တန်းစီစောင့်ဆိုင်းခဲ့သော ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ ကျော် အမျိုးသမီးတဦးက ပြောသည်။  အိမ်ထောင်စု ၂၀၀၀ ကျော်ကို ဆင်းကတ် ၁၆၀ သာ ရရှိခဲ့ခြင်း ဖြစ်ပြီး လိုအပ်ချက် မြင့်မားနေသည့် ဆင်းကတ်များကို သူ့ထက်ငါ အပြိုင်အဆိုင် ၀ယ်ယူရင်းမှ ရန်ဖြစ်ကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။  ချမ်းမြသာစည် မြို့နယ်ရဲစခန်းမှ ဆင်းကတ်ရောင်းချနေသည့် ရပ်ကွက်ရုံးများကို သံဆူးကြိုးများ ကာရံထားရကြောင်း သိရသည်။  မန္တလေးဟိုတယ်လုပ်ငန်းရှင် တဦးက မန္တလေးတွင် ကျပ် ၁၅၀၀ တန် ဆင်းကတ် ရောင်းချနေပုံနှင့် ပတ်သက်၍ “အစိုးရက နေရာတကာ စီးပွားရေးလိုက်ပြီး မလုပ်သင့်ပါဘူး။ ပွင့်လင်းလာတဲ့ ခေတ်ကြီးမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံချင်တာတွေ များတယ်။ အထူးသဖြင့် ဆက်သွယ်ရေး ဘက်မှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီတွေ များတယ်။ ကုမ္ပဏီအနေနဲ့ ဒါတွေကို အသေးစိတ် လိုက်ပြီး လုပ်ဆောင်သွားလိမ့်မယ်။ နိုင်ငံတော် အနေနဲ့က ဒီအပေါ်ကနေ အခွန်ပဲကောက်ဖို့ ကောင်းတယ်။ အခုတော့ ဖုန်းကတ်လေး တကတ်ရဖို့ ခေတ်နောက်ပြန် ဆွဲနေသလိုပဲ၊ လမ်းဘေးမှာ တန်းစီပြီး စောင့်နေကြရတယ်။ ဒါမျိုး နိုင်ငံတကာ အမြင်မှာ ကြည့်လို့ မကောင်းပါဘူး” ဟု ပြောသည်။  တချို့က နံနက် အစောကြီးထကာ တိုကင်များ သွားရောက်တန်းစီပြီး ယင်းတိုကင်များကို ရပ်ကွက်ထဲသို့ ပြန်လည် ရောင်းစားကြောင်း၊ တိုကင်တခုလျှင် ကျပ် ၈ ထောင်မှ ၁ သောင်းဝန်းကျင်ဖြင့် ရောင်းချကြောင်း၊ ချမ်းမြသာစည်မြို့နယ်ကို ဆင်းကတ် ၅၅၀၀ ချပေးထားသော်လည်း ရပ်ကွက်များတွင် လူဦးရေ နေထိုင်မှု များပြားသည့် အတွက် လောက်ငခြင်း မရှိကြောင်း သိရသည်။  “ကျနော်တို့ အောင်မြေသာစံမြို့နယ်မှာ သီရိကျက်သရေ အရှေ့ရပ်ကွက်က ဆင်းကတ် ၂၄ ကတ်ပဲ ရတယ်။ ပုလဲငွေရောင် ၅၀၊ ဌာနီအနောက် ၇၀၊ လူဦးရေ ထူထပ်တဲ့ မတဲအီကင်း ရပ်ကွက်က ၂၈၀ ရတယ်။ ဒါပေမယ့် လူတွေက တအားများတော့ လူတိုင်းစေ့ ရဖို့တော့ ခက်ခဲတာပေါ့။ နောက်လကျရင်တော့ မရကြသေးတဲ့ လူတွေကို ဦးစားပေးစနစ်နဲ့ ရောင်းချသွားမှာပါ” ဟု အောင်မြေသာစံမြို့နယ်မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။  မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့တွင် ခွဲတမ်းအနေဖြင့် ၃၂၄၀၀ ရရှိပြီး ကျန်ခရိုင်နှင့် မြို့နယ် ၆ ခုအတွက် ဆင်းကတ် ၃၂၆၀၀ ကို ခွဲတမ်းချပေးမည် ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။  မန္တလေးမြို့တွင် မြို့နယ် ၇ ခုရှိပြီး ခွဲတမ်းများအနေဖြင့် အောင်မြေသာစံ မြို့နယ်အတွက် ၄၅၀၀၊ ချမ်းအေးသာစံမြို့နယ် အတွက် ၃၅၀၀၊ မဟာအောင်မြေမြို့နယ် အတွက် ၃၅၀၀၊ ချမ်းမြသာစည် မြို့နယ်အတွက် ၅၅၀၀၊ ပြည်ကြီးတံခွန် မြို့နယ် အတွက် ၃၅၀၀၊ အမရပူရမြို့နယ် အတွက် ၅၉၀၀ နှင့် ပုသိမ်ကြီးမြို့နယ်အတွက် ၆၀၀၀ တို့ ဖြစ်သည်။  ရန်ကုန်နှင့် တခြားမြို့ကြီးများမှ ရပ်ကွက်ကျေးရွာများကို မဲခွဲစနစ်ဖြင့် ဆင်းကတ်များ ရောင်းချပေးခဲ့သော်လည်း မန္တလေးတိုင်း ဒေသကြီးတွင် ၀န်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ဦးရာလူစနစ်နှင့် ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  “ကျနော်တို့က ဦးရာလူစနစ်နဲ့ ဆိုပေမဲ့ ရပ်ကွက်မှူးတွေကို ကိုယ့်ရပ်ကွက်အလိုက် ခွဲတမ်းချပေးလိုက်တာပါ။ ဦးရာလူ စနစ်ဆိုတဲ့အတိုင်း နီးစပ်တဲ့ ရပ်ကွက်တွေက အကုန်စုပြုံပြီး လာတယ်ဆိုရင် ကျန်တဲ့ရပ်ကွက်တွေက မရတာမျိုး၊ မသိလိုက်တာမျိုး မရှိရလေအောင်လို့ ကျနော်တို့ ဒီလိုစနစ် လုပ်လိုက်တာပါ။ ကိုယ့်ရပ်ကွက်မှူးဆီမှာ ကိုယ့်ဘာသာ ဦးအောင် တန်းစီရမှာ ဖြစ်ပါတယ်” ဟု ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ ဥက္ကဋ္ဌ ဧရာဝတီ ပြောသည်။  CDMA ၈၀၀ ဆင်းက၀ယ်သူများကို အိမ်ထောင်စု မိတ္တူ၊ ဓာတ်ပုံ နှစ်ပုံ၊ မှတ်ပုံတင် မိတ္တူ တို့ဖြင့် ၀ယ်ယူရကြောင်း သိရသည်။  လက်ရှိရောင်းချနေသော ဆင်းကတ်များမှာ CDMA 800 MHz အမျိုးအစား ဟန်းဆက်များတွင်သာ အသုံးပြုရပြီး ငွေဖြည့်ကတ်မှာ MECTel အမှတ်တံဆိပ်ပါ ငွေဖြည့်ကတ်နှင့်သာ သုံးစွဲနိုင်ကြောင်း သိရသည်။  သို့သော်လည်း ယင်းငွေဖြည့်ကတ် များကို မန္တလေးမြို့ပေါ်ရှိ ဆိုင်ကြီး ၃ ဆိုင်တွင်သာ ၀ယ်ယူရရှိမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာ့အလင်း သတင်းစာတွင် ကြော်ငြာခဲ့သည်။  ယင်းဆိုင်များမှာ ၂၆ ဘီလမ်းပေါ်မှ I – Phone ဆိုင်၊ ၇၈ လမ်းပေါ်မှ Any Call ဆိုင်နှင့် Best Oneဆိုင်တို့ ဖြစ်သည်။ MECTel အမှတ်တံဆိပ်ပါ ငွေဖြည့်ကတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၆ ခုရှိ ဆိုင်ပေါင်း ၇၉ ဆိုင်တွင်သာ ရောင်းချခွင့်ရှိသည်။  ဖုန်းခေါ်ဆိုခမှာ အထွက်ခေါ်ဆိုမှု နှုန်းထား တစ်မိနစ် ၅၀ကျပ် ဖြစ်ပြီး အ၀င်ခေါ်မှုအတွက် ပေးဆောင်ရန် မလိုပေ။ အင်တာနက် အသုံးပြုမှုမှာ တစ်မိနစ် ၄ ကျပ်နှုန်း ဖြစ်သည်။ နိုင်ငံခြား ခေါ်ဆိုခ နှုန်းထားမှာ MECTel အမှတ်တံဆိပ်ပါ နိုင်ငံခြား ငွေသုံးကတ်ကို ထည့်သွင်း ပြောဆိုနိုင်ကြောင်း သိရသည်။  အင်တာနက် အသုံးပြုလိုသည်များသည် သက်ဆိုင်ရာ၊ ပြည်နယ်၊ တိုင်းဒေသကြီးများရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရှိ တိုင်းဒေသကြီး မန်နေဂျာ ရုံးများတွင် အင်တာနက် စနစ်ဆက်သွယ်မှု ကနဦးတပ်ဆင်ခ ကျပ် တသောင်းကျော် ပေးသွင်းရမည် ဖြစ်သည်။  ကျပ် ၁၅၀၀ တန် ဆင်းကတ်များ ရောင်းချပေးနေချိန်တွင် တချို့သော သူများက ငွေကျပ် ၂ သိန်းတန် ဖုန်းများကို ကျပ် ၃ သိန်းကျော် ပေးပြီး ၀ယ်ယူနေသူများ ရှိနေပြီး အမှန်တကယ်အရောင်းဝယ် ဖြစ်သူများလည်း ရှိနေကြောင်း သိရသည်။  “ကျနော့် ဖုန်းကို ကျပ် ၃ သိန်းနဲ့ လာပြီးဝယ်တယ်။ ကျနော်လည်း ရောင်းလိုက်တယ်။ ဘာအတွက် ဘယ်လိုဆိုတာတော့ ကျနော်လည်း သေချာမသိဘူး။ သူလည်း ၀ယ်ချင်နေတာရယ်၊ ကျနော်လည်း မြတ်တာနဲ့ ရောင်းလိုက်တာပါ” ဟု မန္တလေး ချမ်းမြသာစည် အနောက်ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။  ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာနှင့် ထုံးဘိုကျေးရွာတွင် ကျပ် ၂ သိန်းတန် ဆင်းကတ်များကို ကျပ်တစ်သိန်း ရှစ်သောင်း ပေးပြီး ညတွင်းချင်း လိုက်လံရှာဝယ်နေသူများလည်း ရှိကြောင်း သိရသည်။  ကျပ် ၁၅၀၀ တန် ဆင်းကတ်များအတွက် မြန်မာနိုင်ငံ တ၀န်လုံးတွင် ရေဒီယိုစခန်းပေါင်း ၂၈၂ စခန်း တည်ဆောက်ထားပြီး မန္တလေးတွင် ရေဒီယိုတိုင် စခန်းပေါင်း ၅၁ ခု တည်ဆောက်ထားပြီး ဖြစ်သည်။ သို့သော်လည်း ရေဒီယိုတိုင် စခန်းများကို ထပ်မံ တည်ဆောက်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း မြန်မာ့ဆက်သွယ်ရေးမှ ဧရာဝတီ ၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားခဲ့သည်။  ကျပ် ၁၅၀၀ တန်ဖုန်းများ ချထားပေးသည့် ဧပြီ ၂၄ ရက်နေ့ မတိုင်မီကပင် မန္တလေးမြို့တွင်းရှိ ဟန်းဆက် အရောင်းဆိုင်များမှ CDMA ၈၀၀ ဟန်းဆက်များမှာ လက်ရှိ ပေါက်ဈေးထက် ကျပ် ၂ သောင်းကျော် ဈေးတက်သွားကြောင်း ဟန်းဆက် အရောင်းဆိုင်များမှ သိရသည်။  ဧရာဝတီ


မန္တလေးတိုင်းဒေသကြီးအတွက်ခွဲတမ်းရသည့် ကျပ် ၁၅၀၀ တန် CDMA ၈၀၀ ဆင်းကတ် ၆ သောင်းကျော်ကို ဦးရာလူ စနစ်ဖြင့် ရောင်းချပေးမှုကြောင့် မန္တလေးချမ်းမြ သာစည်နှင့် အောင်မြေသာစံမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ကာ ရဲများက ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

“ကျမတို့က မနက် ၂ နာရီ ကတည်းက ရပ်ကွက်ရုံးမှာ တန်းစီရတာပါ။ သူတို့က မနက် ၉ နာရီမှာ တိုကင်ဝေပါတယ်။ ၁၀ နာရီကြမှ တိုကင်နဲ့ ဖုန်းကတ်တွေကို လဲလှယ်ရတာပါ။ ဒါကို ကျမတို့ ကြားကနေ လူတွေက ဖြတ်ကျော်တော့ မခံနိုင်တဲ့ လူတွေက ပြောကြဆိုကြ၊ ဆဲကြနဲ့ ခိုက်ရန်ဖြစ် ပွားကြတာ ပါ။ နောက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အနေနဲ့ကလည်း ရောင်းချမယ့် ကတ် အရေတွက်ကို ကျမတို့ ပြည်သူတွေကို ချမပြဘူး။ အဲဒီတော့ ရောင်းချမယ့်ကတ်ထက် လူတွေက ပိုများပြီး တန်းစီ စောင့်ကြရတာ ပင်ပန်းတာပဲ ရှိတယ်။ တချို့ မရဘဲ ပြန်ကြရတာတွေ ရှိတယ်။ အမှန်ဆို ကတ် ၁၀၀ ဆိုရင် လူ ၁၀၀ တန်းစီပြီး စောင့်ယူရုံပဲပေါ့” ဟု ၁၅၀၀ တန် ဖုန်းကတ်ကို တန်းစီစောင့်ဆိုင်းခဲ့သော ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ ကျော် အမျိုးသမီးတဦးက ပြောသည်။

အိမ်ထောင်စု ၂၀၀၀ ကျော်ကို ဆင်းကတ် ၁၆၀ သာ ရရှိခဲ့ခြင်း ဖြစ်ပြီး လိုအပ်ချက် မြင့်မားနေသည့် ဆင်းကတ်များကို သူ့ထက်ငါ အပြိုင်အဆိုင် ၀ယ်ယူရင်းမှ ရန်ဖြစ်ကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ချမ်းမြသာစည် မြို့နယ်ရဲစခန်းမှ ဆင်းကတ်ရောင်းချနေသည့် ရပ်ကွက်ရုံးများကို သံဆူးကြိုးများ ကာရံ ထားရကြောင်း သိရသည်။

မန္တလေးဟိုတယ်လုပ်ငန်းရှင် တဦးက မန္တလေးတွင် ကျပ် ၁၅၀၀ တန် ဆင်းကတ် ရောင်းချနေပုံနှင့် ပတ်သက်၍ “အစိုးရက နေရာတကာ စီးပွားရေးလိုက်ပြီး မလုပ်သင့်ပါဘူး။ ပွင့်လင်း လာတဲ့ ခေတ်ကြီး မှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံချင်တာတွေ များတယ်။ အထူးသဖြင့် ဆက်သွယ်ရေး ဘက်မှာ ရင်းနှီးမြှုပ်နှံ ချင်တဲ့ ကုမ္ပဏီတွေ များတယ်။ ကုမ္ပဏီအနေနဲ့ ဒါတွေကို အသေးစိတ် လိုက်ပြီး လုပ်ဆောင်သွား လိမ့်မယ်။ နိုင်ငံတော် အနေနဲ့က ဒီအပေါ်ကနေ အခွန်ပဲကောက်ဖို့ ကောင်းတယ်။ အခုတော့ ဖုန်း ကတ်လေး တကတ်ရဖို့ ခေတ်နောက်ပြန် ဆွဲနေသလိုပဲ၊ လမ်းဘေးမှာ တန်းစီပြီး စောင့်နေကြရတယ်။ ဒါမျိုး နိုင်ငံတကာ အမြင်မှာ ကြည့်လို့ မကောင်းပါဘူး” ဟု ပြောသည်။

တချို့က နံနက် အစောကြီးထကာ တိုကင်များ သွားရောက်တန်းစီပြီး ယင်းတိုကင်များကို ရပ်ကွက်ထဲ သို့ ပြန်လည် ရောင်းစားကြောင်း၊ တိုကင်တခုလျှင် ကျပ် ၈ ထောင်မှ ၁ သောင်းဝန်း ကျင်ဖြင့် ရောင်း ချကြောင်း၊ ချမ်းမြသာစည်မြို့နယ်ကို ဆင်းကတ် ၅၅၀၀ ချပေးထားသော်လည်း ရပ်ကွက် များတွင် လူဦးရေ နေထိုင်မှု များပြားသည့် အတွက် လောက်ငခြင်း မရှိကြောင်း သိရသည်။

“ကျနော်တို့ အောင်မြေသာစံမြို့နယ်မှာ သီရိကျက်သရေ အရှေ့ရပ်ကွက်က ဆင်းကတ် ၂၄ ကတ်ပဲ ရတယ်။ ပုလဲငွေရောင် ၅၀၊ ဌာနီအနောက် ၇၀၊ လူဦးရေ ထူထပ်တဲ့ မတဲအီကင်း ရပ်ကွက်က ၂၈၀ ရတယ်။ ဒါပေမယ့် လူတွေက တအားများတော့ လူတိုင်းစေ့ ရဖို့တော့ ခက်ခဲ တာပေါ့။ နောက်လ ကျရင်တော့ မရကြသေးတဲ့ လူတွေကို ဦးစားပေးစနစ်နဲ့ ရောင်းချသွားမှာပါ” ဟု အောင်မြေသာစံမြို့နယ်မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့တွင် ခွဲတမ်းအနေဖြင့် ၃၂၄၀၀ ရရှိပြီး ကျန်ခရိုင်နှင့် မြို့နယ် ၆ ခုအတွက် ဆင်းကတ် ၃၂၆၀၀ ကို ခွဲတမ်းချပေးမည် ဖြစ်ကြောင်း မြန်မာ့အလင်း သတင်း စာတွင် ဖော်ပြ ထားသည်။

မန္တလေးမြို့တွင် မြို့နယ် ၇ ခုရှိပြီး ခွဲတမ်းများအနေဖြင့် အောင်မြေသာစံ မြို့နယ်အတွက် ၄၅၀၀၊ ချမ်းအေးသာစံမြို့နယ် အတွက် ၃၅၀၀၊ မဟာအောင်မြေမြို့နယ် အတွက် ၃၅၀၀၊ ချမ်းမြသာစည် မြို့နယ်အတွက် ၅၅၀၀၊ ပြည်ကြီးတံခွန် မြို့နယ် အတွက် ၃၅၀၀၊ အမရပူရမြို့နယ် အတွက် ၅၉၀၀ နှင့် ပုသိမ်ကြီးမြို့နယ်အတွက် ၆၀၀၀ တို့ ဖြစ်သည်။

ရန်ကုန်နှင့် တခြားမြို့ကြီးများမှ ရပ်ကွက်ကျေးရွာများကို မဲခွဲစနစ်ဖြင့် ဆင်းကတ်များ ရောင်းချပေး ခဲ့သော်လည်း မန္တလေးတိုင်း ဒေသကြီးတွင် ၀န်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ဦးရာလူ စနစ်နှင့် ရောင်းချပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့က ဦးရာလူစနစ်နဲ့ ဆိုပေမဲ့ ရပ်ကွက်မှူးတွေကို ကိုယ့်ရပ်ကွက်အလိုက် ခွဲတမ်းချပေးလိုက် တာပါ။ ဦးရာလူ စနစ်ဆိုတဲ့အတိုင်း နီးစပ်တဲ့ ရပ်ကွက်တွေက အကုန်စုပြုံပြီး လာတယ်ဆိုရင် ကျန်တဲ့ရပ်ကွက်တွေက မရတာမျိုး၊ မသိလိုက်တာမျိုး မရှိရလေအောင်လို့ ကျနော်တို့ ဒီလိုစနစ် လုပ်လိုက်တာပါ။ ကိုယ့်ရပ်ကွက်မှူးဆီမှာ ကိုယ့်ဘာသာ ဦးအောင် တန်းစီရမှာ ဖြစ်ပါတယ်” ဟု ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ ဥက္ကဋ္ဌ ဧရာဝတီ ပြောသည်။

CDMA ၈၀၀ ဆင်းက၀ယ်သူများကို အိမ်ထောင်စု မိတ္တူ၊ ဓာတ်ပုံ နှစ်ပုံ၊ မှတ်ပုံတင် မိတ္တူ တို့ဖြင့် ၀ယ်ယူ ရကြောင်း သိရသည်။

လက်ရှိရောင်းချနေသော ဆင်းကတ်များမှာ CDMA 800 MHz အမျိုးအစား ဟန်းဆက်များတွင်သာ အသုံးပြုရပြီး ငွေဖြည့်ကတ်မှာ MECTel အမှတ်တံဆိပ်ပါ ငွေဖြည့်ကတ်နှင့်သာ သုံးစွဲနိုင်ကြောင်း သိရ သည်။

သို့သော်လည်း ယင်းငွေဖြည့်ကတ် များကို မန္တလေးမြို့ပေါ်ရှိ ဆိုင်ကြီး ၃ ဆိုင်တွင်သာ ၀ယ်ယူရရှိမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာ့အလင်း သတင်းစာ တွင် ကြော်ငြာခဲ့သည်။

ယင်းဆိုင်များမှာ ၂၆ ဘီလမ်းပေါ်မှ I – Phone ဆိုင်၊ ၇၈ လမ်းပေါ်မှ Any Call ဆိုင်နှင့် Best Oneဆိုင်တို့ ဖြစ်သည်။ MECTel အမှတ်တံဆိပ်ပါ ငွေဖြည့်ကတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၆ ခုရှိ ဆိုင်ပေါင်း ၇၉ ဆိုင်တွင်သာ ရောင်းချခွင့်ရှိသည်။

ဖုန်းခေါ်ဆိုခမှာ အထွက်ခေါ်ဆိုမှု နှုန်းထား တစ်မိနစ် ၅၀ကျပ် ဖြစ်ပြီး အ၀င်ခေါ်မှုအတွက် ပေးဆောင်ရန် မလိုပေ။ အင်တာနက် အသုံးပြုမှုမှာ တစ်မိနစ် ၄ ကျပ်နှုန်း ဖြစ်သည်။ နိုင်ငံခြား ခေါ်ဆိုခ နှုန်းထားမှာ MECTel အမှတ်တံဆိပ်ပါ နိုင်ငံခြား ငွေသုံးကတ်ကို ထည့်သွင်း ပြောဆိုနိုင်ကြောင်း သိရသည်။

အင်တာနက် အသုံးပြုလိုသည်များသည် သက်ဆိုင်ရာ၊ ပြည်နယ်၊ တိုင်းဒေသကြီးများ ရှိ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရှိ တိုင်းဒေသကြီး မန်နေဂျာ ရုံးများတွင် အင်တာနက် စနစ်ဆက်သွယ်မှု ကနဦး တပ်ဆင်ခ ကျပ် တသောင်းကျော် ပေးသွင်းရမည် ဖြစ်သည်။

ကျပ် ၁၅၀၀ တန် ဆင်းကတ်များ ရောင်းချပေးနေချိန်တွင် တချို့သော သူများက ငွေကျပ် ၂ သိန်းတန် ဖုန်းများကို ကျပ် ၃ သိန်းကျော် ပေးပြီး ၀ယ်ယူနေသူများ ရှိနေပြီး အမှန်တကယ် အရောင်း ၀ယ် ဖြစ်သူများလည်း ရှိနေကြောင်း သိရသည်။

“ကျနော့် ဖုန်းကို ကျပ် ၃ သိန်းနဲ့ လာပြီးဝယ်တယ်။ ကျနော်လည်း ရောင်းလိုက်တယ်။ ဘာအတွက် ဘယ်လိုဆိုတာတော့ ကျနော်လည်း သေချာမသိဘူး။ သူလည်း ၀ယ်ချင်နေတာရယ်၊ ကျနော် လည်း မြတ်တာနဲ့ ရောင်းလိုက်တာပါ” ဟု မန္တလေး ချမ်းမြသာစည် အနောက် ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာနှင့် ထုံးဘိုကျေးရွာတွင် ကျပ် ၂ သိန်းတန် ဆင်းကတ်များကို ကျပ်တစ်သိန်း ရှစ်သောင်း ပေးပြီး ညတွင်းချင်း လိုက်လံရှာဝယ်နေသူများလည်း ရှိကြောင်း သိရသည်။

ကျပ် ၁၅၀၀ တန် ဆင်းကတ်များအတွက် မြန်မာနိုင်ငံ တ၀န်လုံးတွင် ရေဒီယိုစခန်းပေါင်း ၂၈၂ စခန်း တည်ဆောက်ထားပြီး မန္တလေးတွင် ရေဒီယိုတိုင် စခန်းပေါင်း ၅၁ ခု တည်ဆောက်ထားပြီး ဖြစ်သည်။ သို့သော်လည်း ရေဒီယိုတိုင် စခန်းများကို ထပ်မံ တည်ဆောက်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း မြန်မာ့ဆက်သွယ်ရေးမှ ဧရာဝတီ ၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ကျပ် ၁၅၀၀ တန်ဖုန်းများ ချထားပေးသည့် ဧပြီ ၂၄ ရက်နေ့ မတိုင်မီကပင် မန္တလေးမြို့တွင်းရှိ ဟန်းဆက် အရောင်းဆိုင်များမှ CDMA ၈၀၀ ဟန်းဆက်များမှာ လက်ရှိ ပေါက်ဈေးထက် ကျပ် ၂ သောင်းကျော် ဈေးတက်သွားကြောင်း ဟန်းဆက် အရောင်းဆိုင်များမှ သိရသည်။

ဧရာဝတီ

ShareThis