Microsoft Surface Pro အနေနဲ့ ဈေးကွက်ထဲကို ရောက်ရှိလာတာ မကြာလှသေးပါဘူး။ အဲဒီအချိန်မှာ Microsoft အနေနဲ့ iPad Mini တို့ ၊ Nexus 7 တို့ ၊ Kindle Fire တို့ကို ရင်ဆိုင်ယှဉ်ပြိုင်ဖို့ ၈ လက်မအရွယ် Surface Mini အား လာမည့် ဂျွန်လအတွင်းမှာ စတင်ရောင်းချတော့မည်ဟု သတင်းများ ထွက်ပေါ်နေပါတယ်။
MCG ရဲ့ Microsoft Surface Pro အပေါ် ဝေဖန်သုံးသပ်ချက်ကို အောက်ပါလင့်ခ်၌ ဖတ်ရှုနိုင်ပါသည်။ http://on.fb.me/13sHmPR
ယခင်ရရှိခဲ့သည့် သတင်းများနှင့် ကောလဟာလများအရ Surface အသေးစားသည် ၇.၅ လက်မအရွယ် ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။ သို့သော်လည်း ယခုအခါတွင်မူ Microsoft အား စက်ပစ္စည်း အစိတ်အပိုင်းများ ပံ့ပိုးပေးသည့် ကုမ္ပဏီမှ အမည်မဖော်လိုသူ တစ်ဦးက ၈ လက်မ အရွယ်အစား ဖြစ်သည်ဟု DigiTimes သို့ ပြောကြားခဲ့သည်။
သေချာသည်ကတော့ Surface အသေးစားမှာ မကြာမီအချိန်တွင် ဈေးကွက်ထဲ ရောက်ရှိလာတော့မည်ဖြစ်သည်။ ဂျွန်လအတွင်း ဖြစ်မည်လား (သို့) Windows ဗားရှင်းအသစ် Windows 8.1 Blue အား စတင်ဖြန့်ချိမည့် အောက်တိုဘာလအထိ ကြာမြင့်ဦးမည်လား ဆိုသည်ကိုမူ စောင့်ကြည့်ရမည်သာဖြစ်သည်။
Myanmar Consummer