ဂျပန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပွားထားသည့် ပျက်စီးမော်တော်ယဉ်များ တင်သွင်းသောကြောင့်
* အေးမိသားစု ကုမ္ပဏီလီမိတက်။
* နာဂ၀တီ ၀န်ဆောင်မှုကုမ္ပဏီလီမိတက်။
* G Five ၀န်ဆောင်မှုကုမ္ပဏီလီမိတက်။
* ဇယံထူး ကုမ္ပဏီလီမိတက်။
UT Family ကုမ္ပဏီလီမိတက်တို့ကို ယာဉ်တင်သွင်းခွင့် တစ်နှစ်ပိတ်ပင် ထားကြောင်း သိရပါသည်။
အဆိုပါ ကုမ္ပဏီ ၅ ခုကို တင်သွင်းခွင့်ပိတ်ရန် အတည်ပြုပြီးဖြစ်သော်လည်း တရားဝင်အမိန့်နှင့် စတင်ပိတ်မည့်နေ့ကိုမူ ထုတ်ပြန်သတ်မှတ်ရခြင်း မရှိသေးကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိကြီး တစ်ဦးမှ ပြောကြားသည်။
ယင်းကုမ္ပဏီ ၅ ခုမှ တင်သွင်းလာသည့် ပျက်စီးမော်တော်ယာဉ် အရေအတွက်မှာ ၂၇ စီးခန့်ရှိပြီး လက်ရှိတွင် ရန်ကုန်မြို့ ဆိပ်ကမ်းများ တွင်သာ ရှိနေဆဲဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခွင့် ဆိုင်ရာကြီးကြပ်ရေး ကော်မတီဝင် တစ်ဦးကပြောကြားခဲ့သည်။ ယင်းကုမ္ပဏီ ၅ ခုသည် တစ်နှစ်တင်သွင်းခွင့်ပိတ်ခံရသော်လည်း ရောင်းချခွင့်ဆက်လက် ရရှိမည်ဖြစ်သည်။
Myanmar News Now