Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

ကြောက်စိတ်ကင်းစွာ နေထိုင်ခြင်း


Photo: ကြောက်စိတ်ကင်းစွာ နေထိုင်ခြင်း  သင့်ရဲ့ အကြီးမားဆုံး ကြောက်စိတ်က ဘာလဲ?  ကြောက်စိတ်ဟာ အလွန်ပြင်းထန်တဲ့ စိတ်ခံစားမှုတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ကြောက်စိတ်ဟာ လူတွေကို သူတို့ စွမ်းအားရှိသလောက် မလုပ်နိုင်စေတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။  လေးဘက်ထောက် ကလေးအရွယ်တုန်းက ကျနော်တို့ ခြေလှမ်းစမလှမ်းနိုင်ခင်မှာ လဲကျမှာကို ကြောက်ခဲ့ကြတယ်။ ကလေးတစ်ယောက်အဖို့ လဲကျတာဟာ ဘယ်လောက် ကြောက်စရာကောင်းလိုက်သလဲ။ ကျနော်တို့အားလုံး ပထမဆုံးခြေလှမ်းမှာ လဲကျဖူးကြပါတယ်။ ဒါပေမယ့် ကျနော်တို့ နောက်ထပ် တစ်လှမ်း လှမ်းတယ်။ ပြီးတော့ နောက်တစ်လှမ်း။ တစ်ဖြေးဖြေး တွားသွားရင်း၊ လှမ်းရင်း နဲ့ နောက်ဆုံးမှာတော့ ပြေးနိုင်လာတယ်။  အကယ်၍သာ လဲကျမှာကိုကြောက်ပြီး ပထမဆုံးခြေလှမ်းကို မလှမ်းခဲ့ဘူးဆိုရင် ဘာဖြစ်မလဲဆိုတာ စဉ်းစားကြည့်ပါ။  စဉ်းစားလို့တောင် မရပါဘူး။ ပြီးတော့ ကျနော်တို့အများစုဟာ ဘ၀မှာ နောက်ထပ် အဲဒီလို ပထမခြေလှမ်းတွေကို လှမ်းဖို့ ငြင်းဆန်ကြတယ်။ တစ်နေရာမှာ ကျနော်တို့ အားကုန်သွားတယ်။ ကြောက်စိတ်ကို ကျနော်တို့ဘ၀တစ်ခုလုံးကို လွှမ်းမိုးဖို့၊ ကျနော်တို့ ဘာမှ မလှုပ်ရှားနိုင်ဖြစ်အောင် လုပ်ဖို့ အနိုင်ပေးလိုက်ကြတယ်။ ကျနော်တို့ဟာ အဲဒါထက်ပိုပြီး ထိုက်တန်ပါတယ်။ ကျနော်တို့ဟာ ကြောက်စိတ်တွေကင်းတဲ့ဘ၀၊ ပြည့်ဝတဲ့ဘ၀နဲ့ ထိုက်တန်ပါတယ်။ ကြောက်စိတ်ကို ဖျောက်ဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းတစ်ခုကဘာလဲ?  ကျနော်တို့ကြောက်တဲ့ အရာတွေကို လုပ်ကိုင်ဖို့ပါပဲ။  မကြာခင်ကပဲ ကျနော်ဟာ နေ့စဉ်နေ့တိုင်း ကျနော် ကြောက်တဲ့အရာတစ်ခုကို လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်လိုက်တယ်။  တစ်ခါတစ်ရံမှာ ကျနော်ရှုံးနိမ့်တယ်။ တစ်ခါတစ်ရံမှာ ကျနော်အောင်မြင်တယ်။ ကျနော် အောင်မြင်တဲ့အခါတိုင်းမှာ အဲဒါဟာ အင်မတန် ထူးကဲတဲ့ ခံစားမှုပါပဲ။ ကျနော် ကြောက်နေတဲ့အရာတစ်ခုကို လုပ်နိုင်သွားလို့ တအံ့တသြ ခံစားရတယ်။ ရလာဒ်ကဘာလဲဆိုတော့ ကျနော့်မျက်လုံးတွေရှေ့မှာ ကာကွယ်နေတဲ့ အဟန့်အတားတွေ ကွာကျသွားတာပါပဲ။ ရုတ်တရက်ဆိုသလို၊ ကျနော်ဟာ ဖြစ်နိုင်ခြေအသစ်တွေကို တွေ့မြင်ရတယ်၊ ပြီးတော့ ဘယ်တုန်းကမှ ဖြစ်နိုင်မယ်ထင်မထားတဲ့ အရာတွေကို ကျနော် လုပ်နိုင်တယ်လို့ ယုံကြည်သွားတယ်။ ပိုပြီး ခက်ခဲတဲ့ ရည်မှန်းချက်တွေကိုတောင် ကျနော်ချမှတ်လိုက်တယ်။ တစ်ခါတစ်ရံ ရှုံးနိမ့်လိုက်၊ တစ်ခါတစ်ရံ အောင်မြင်လိုက်။ ဒါကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းက လဲကျရတာ၊ ကြိုးစားရတာဟာ ရှက်စရာမဟုတ်ဘူးလို့ သင့်ကို သဘောက်ပေါက်လာစေတယ်။ အောင်မြင်ဖို့အတွက် ကျနော်တို့ဟာ ရှုံးနိမ့်ကြရမှာပါပဲ။ လမ်းလျှောက်သင်ခါစ ကလေးဘ၀တုန်းက ကြုံတွေ့ခဲ့ရသလိုပါပဲ။ အဆုံးသတ်မှာ ပြေးနိုင်ဖို့အတွက် အစမှာတော့ တွားသွားခဲ့ကြရတယ်။ တွားသွားရတာ၊ လဲကျတာ၊ တစ်ဖန်ပြန်စတာဟာ ရှက်စရာမဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့ကို လူသားတစ်ဦးအဖြစ် ကြီးထွားလာစေတဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။  ဒါကို ပြုလုပ်တဲ့အခါမှာ၊ အောင်မြင်မယ် ရှုံးနိမ့်မယ်ဆိုတာဟာ အရေးအကြီးဆုံးအရာ မဟုတ်ဘူးဆိုတာကိုလည်း ကျနော် တွေ့ရှိခဲ့တယ်။ အရေးအကြီးဆုံးအရာကတော့ အဲဒါကို မလုပ်နိုင်ဘူးလို့ ထင်နေတဲ့ ကျနော့်ရဲ့ ကြောက်စိတ်ကို အနိုင်ယူလိုက်နိုင်ခြင်းပါပဲ။ ဒါဟာ ကျနော့်ရဲ့ ပထမဆုံး တွားသွားတာနဲ့တူတယ်။ ကျနော် လဲကျချင်ကျမှာပဲ၊ ဒါပေမယ့် လဲကျပြီးတဲ့နောက် အဲဒါဟာ ကျနော် ထင်သလောက် မဆိုးရွားဘူးဆိုတာ သဘောက်ပေါက်လာတယ်။ ဒီတော့ ကျနော် ဆက်ပြီး တွားသွားတယ်၊ နောက်ဆုံး ကျနော်ဟာ လမ်းလျှောက်နိုင်၊ ပြေးနိုင်လာတဲ့အထိပေါ့။ လူတိုင်းလူတိုင်းဟာ ဒီ လွတ်လပ်ခြင်းကို ခံစားဖို့ ထိုက်တန်ပါတယ်။ မျက်နှာရှေ့တည့်တည့်က ကြောက်စိတ် နဲ့ သူ့ရဲ့လှည့်စားမှုတွေကို စိုက်ကြည့်နိုင်တဲ့ ခံစားမှု။  သင့်ကိုယ်သင် လဲကျဖို့ အခွင့်အလမ်းပေးပါ။ ဒါဟာ သင့်ကို နာကျင်စေနိုင်တယ်၊ ဒါပေမယ့် အချိန်နဲ့အမျှ သင့်ကို ခွန်အားဖြစ်စေ၊ သန်မာစေပါလိမ့်မယ်။  ကြောက်စိတ်ကို ကျော်လွှားဖို့ဆိုတာ ကျနော်တို့ ဘ၀တွေရဲ့ အကြီးမားဆုံး တိုက်ပွဲတွေထဲက တစ်ခုပါပဲ။ နေ့စဉ်ဘ၀မှာလည်း ကြောက်စိတ်ကို ကျော်လွှားပြီး တိုက်ပွဲငယ်လေးတွေကို အောင်နိုင်ဖို့ ကြိုးစားကြရပါမယ်။ ဒါက ခံနိုင်ရည်ကို တည်ဆောက်ပေးတယ်။ ပြီးတော့ ကျနော်တို့ရဲ့ ဘ၀ထဲကနေ ကြောက်စိတ်ကို ဖယ်ထုတ်ပေးတယ်။  ဒီနေ့ကစပြီး ကြောက်စိတ်ကင်းစွာ နေထိုင်လိုက်ပါ။ သင် လုပ်ရမှာကြောက်နေတဲ့ အရာတစ်ခုကို ချရေးလိုက်ပါ။ ပြီးတော့ အဲဒီအရာကို လုပ်ပါ။ လဲကျခဲ့ရင်လည်း သင့်ကိုယ်သင် ပြန်ထူပါ၊ နောက်တစ်ကြိမ် ပြန်လုပ်ပါ။ သင် အဲဒီအရာကို ကြောက်နေတဲ့စိတ်ကို အနိုင်ယူနိုင်တဲ့အထိ ထပ်ခါထပ်ခါ ပြုလုပ်ပါ။  ဒီဆောင်းပါးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။  `မကြောက်အောင်ဆိုတာ ကိုယ့်မှာ ခံယူချက်တစ်ခုရှိရမယ်။ ကိုယ်ကြောက်တဲ့စိတ်ထက် ပိုပြီးပြင်းထန်တဲ့ စိတ်တစ်ခုကို မွေးရမယ်။ ကိုယ်ကြောက်တဲ့စိတ်ထက် ပိုပြီးတော့ လုပ်ချင်တဲ့စိတ်က များရမယ်။ ဒီလို စိတ်ဓာတ်တွေမွေးမှ ရမှာပဲ´  ကြောက်စိတ်တွေ ပြီးဆုံးသွားတဲ့အခါ ဘ၀ဟာ စတင်ပါတယ်။  source : Fearless Living: Do What You Are Afraid to Do by Nmachi Jidenma ref : yourlifesuccess.blog.com
သင့်ရဲ့ အကြီးမားဆုံး ကြောက်စိတ်က ဘာလဲ?

ကြောက်စိတ်ဟာ အလွန်ပြင်းထန်တဲ့ စိတ်ခံစားမှုတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ကြောက်စိတ်ဟာ လူတွေကို သူတို့ စွမ်းအားရှိသလောက် မလုပ်နိုင်စေတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

လေးဘက်ထောက် ကလေးအရွယ်တုန်းက ကျနော်တို့ ခြေလှမ်းစမလှမ်းနိုင်ခင်မှာ လဲကျမှာကို ကြောက်ခဲ့ကြတယ်။ ကလေးတစ်ယောက်အဖို့ လဲကျတာဟာ ဘယ်လောက် ကြောက်စရာကောင်းလိုက်သလဲ။ ကျနော်တို့အားလုံး ပထမဆုံးခြေလှမ်းမှာ လဲကျဖူးကြပါတယ်။ ဒါပေမယ့် ကျနော်တို့ နောက်ထပ် တစ်လှမ်း လှမ်းတယ်။ ပြီးတော့ နောက်တစ်လှမ်း။ တစ်ဖြေးဖြေး တွားသွားရင်း၊ လှမ်းရင်း နဲ့ နောက်ဆုံးမှာတော့ ပြေးနိုင်လာတယ်။
အကယ်၍သာ လဲကျမှာကိုကြောက်ပြီး ပထမဆုံးခြေလှမ်းကို မလှမ်းခဲ့ဘူးဆိုရင် ဘာဖြစ်မလဲဆိုတာ စဉ်းစားကြည့်ပါ။

စဉ်းစားလို့တောင် မရပါဘူး။ ပြီးတော့ ကျနော်တို့အများစုဟာ ဘ၀မှာ နောက်ထပ် အဲဒီလို ပထမခြေလှမ်းတွေကို လှမ်းဖို့ ငြင်းဆန်ကြတယ်။ တစ်နေရာမှာ ကျနော်တို့ အားကုန်သွားတယ်။ ကြောက်စိတ်ကို ကျနော်တို့ဘ၀တစ်ခုလုံးကို လွှမ်းမိုးဖို့၊ ကျနော်တို့ ဘာမှ မလှုပ်ရှားနိုင်ဖြစ်အောင် လုပ်ဖို့ အနိုင်ပေးလိုက်ကြတယ်။ ကျနော်တို့ဟာ အဲဒါထက်ပိုပြီး ထိုက်တန်ပါတယ်။ ကျနော်တို့ဟာ ကြောက်စိတ်တွေကင်းတဲ့ဘ၀၊ ပြည့်ဝတဲ့ဘ၀နဲ့ ထိုက်တန်ပါတယ်။ ကြောက်စိတ်ကို ဖျောက်ဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းတစ်ခုကဘာလဲ?

ကျနော်တို့ကြောက်တဲ့ အရာတွေကို လုပ်ကိုင်ဖို့ပါပဲ။
မကြာခင်ကပဲ ကျနော်ဟာ နေ့စဉ်နေ့တိုင်း ကျနော် ကြောက်တဲ့အရာတစ်ခုကို လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်လိုက်တယ်။
တစ်ခါတစ်ရံမှာ ကျနော်ရှုံးနိမ့်တယ်။ တစ်ခါတစ်ရံမှာ ကျနော်အောင်မြင်တယ်။ ကျနော် အောင်မြင်တဲ့အခါတိုင်းမှာ အဲဒါဟာ အင်မတန် ထူးကဲတဲ့ ခံစားမှုပါပဲ။ ကျနော် ကြောက်နေတဲ့အရာတစ်ခုကို လုပ်နိုင်သွားလို့ တအံ့တသြ ခံစားရတယ်။ ရလာဒ်ကဘာလဲဆိုတော့ ကျနော့်မျက်လုံးတွေရှေ့မှာ ကာကွယ်နေတဲ့ အဟန့်အတားတွေ ကွာကျသွားတာပါပဲ။ ရုတ်တရက်ဆိုသလို၊ ကျနော်ဟာ ဖြစ်နိုင်ခြေအသစ်တွေကို တွေ့မြင်ရတယ်၊ ပြီးတော့ ဘယ်တုန်းကမှ ဖြစ်နိုင်မယ်ထင်မထားတဲ့ အရာတွေကို ကျနော် လုပ်နိုင်တယ်လို့ ယုံကြည်သွားတယ်။ ပိုပြီး ခက်ခဲတဲ့ ရည်မှန်းချက်တွေကိုတောင် ကျနော်ချမှတ်လိုက်တယ်။ တစ်ခါတစ်ရံ ရှုံးနိမ့်လိုက်၊ တစ်ခါတစ်ရံ အောင်မြင်လိုက်။ ဒါကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းက လဲကျရတာ၊ ကြိုးစားရတာဟာ ရှက်စရာမဟုတ်ဘူးလို့ သင့်ကို သဘောက်ပေါက်လာစေတယ်။ အောင်မြင်ဖို့အတွက် ကျနော်တို့ဟာ ရှုံးနိမ့်ကြရမှာပါပဲ။ လမ်းလျှောက်သင်ခါစ ကလေးဘ၀တုန်းက ကြုံတွေ့ခဲ့ရသလိုပါပဲ။ အဆုံးသတ်မှာ ပြေးနိုင်ဖို့အတွက် အစမှာတော့ တွားသွားခဲ့ကြရတယ်။ တွားသွားရတာ၊ လဲကျတာ၊ တစ်ဖန်ပြန်စတာဟာ ရှက်စရာမဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့ကို လူသားတစ်ဦးအဖြစ် ကြီးထွားလာစေတဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။

ဒါကို ပြုလုပ်တဲ့အခါမှာ၊ အောင်မြင်မယ် ရှုံးနိမ့်မယ်ဆိုတာဟာ အရေးအကြီးဆုံးအရာ မဟုတ်ဘူးဆိုတာကိုလည်း ကျနော် တွေ့ရှိခဲ့တယ်။ အရေးအကြီးဆုံးအရာကတော့ အဲဒါကို မလုပ်နိုင်ဘူးလို့ ထင်နေတဲ့ ကျနော့်ရဲ့ ကြောက်စိတ်ကို အနိုင်ယူလိုက်နိုင်ခြင်းပါပဲ။ ဒါဟာ ကျနော့်ရဲ့ ပထမဆုံး တွားသွားတာနဲ့တူတယ်။ ကျနော် လဲကျချင်ကျမှာပဲ၊ ဒါပေမယ့် လဲကျပြီးတဲ့နောက် အဲဒါဟာ ကျနော် ထင်သလောက် မဆိုးရွားဘူးဆိုတာ သဘောက်ပေါက်လာတယ်။ ဒီတော့ ကျနော် ဆက်ပြီး တွားသွားတယ်၊ နောက်ဆုံး ကျနော်ဟာ လမ်းလျှောက်နိုင်၊ ပြေးနိုင်လာတဲ့အထိပေါ့။ လူတိုင်းလူတိုင်းဟာ ဒီ လွတ်လပ်ခြင်းကို ခံစားဖို့ ထိုက်တန်ပါတယ်။ မျက်နှာရှေ့တည့်တည့်က ကြောက်စိတ် နဲ့ သူ့ရဲ့လှည့်စားမှုတွေကို စိုက်ကြည့်နိုင်တဲ့ ခံစားမှု။

သင့်ကိုယ်သင် လဲကျဖို့ အခွင့်အလမ်းပေးပါ။ ဒါဟာ သင့်ကို နာကျင်စေနိုင်တယ်၊ ဒါပေမယ့် အချိန်နဲ့အမျှ သင့်ကို ခွန်အားဖြစ်စေ၊ သန်မာစေပါလိမ့်မယ်။
ကြောက်စိတ်ကို ကျော်လွှားဖို့ဆိုတာ ကျနော်တို့ ဘ၀တွေရဲ့ အကြီးမားဆုံး တိုက်ပွဲတွေထဲက တစ်ခုပါပဲ။ နေ့စဉ်ဘ၀မှာလည်း ကြောက်စိတ်ကို ကျော်လွှားပြီး တိုက်ပွဲငယ်လေးတွေကို အောင်နိုင်ဖို့ ကြိုးစားကြရပါမယ်။ ဒါက ခံနိုင်ရည်ကို တည်ဆောက်ပေးတယ်။ ပြီးတော့ ကျနော်တို့ရဲ့ ဘ၀ထဲကနေ ကြောက်စိတ်ကို ဖယ်ထုတ်ပေးတယ်။

ဒီနေ့ကစပြီး ကြောက်စိတ်ကင်းစွာ နေထိုင်လိုက်ပါ။ သင် လုပ်ရမှာကြောက်နေတဲ့ အရာတစ်ခုကို ချရေးလိုက်ပါ။ ပြီးတော့ အဲဒီအရာကို လုပ်ပါ။ လဲကျခဲ့ရင်လည်း သင့်ကိုယ်သင် ပြန်ထူပါ၊ နောက်တစ်ကြိမ် ပြန်လုပ်ပါ။ သင် အဲဒီအရာကို ကြောက်နေတဲ့စိတ်ကို အနိုင်ယူနိုင်တဲ့အထိ ထပ်ခါထပ်ခါ ပြုလုပ်ပါ။

ဒီဆောင်းပါးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။
`မကြောက်အောင်ဆိုတာ ကိုယ့်မှာ ခံယူချက်တစ်ခုရှိရမယ်။
ကိုယ်ကြောက်တဲ့စိတ်ထက် ပိုပြီးပြင်းထန်တဲ့ စိတ်တစ်ခုကို မွေးရမယ်။
ကိုယ်ကြောက်တဲ့စိတ်ထက် ပိုပြီးတော့ လုပ်ချင်တဲ့စိတ်က များရမယ်။
ဒီလို စိတ်ဓာတ်တွေမွေးမှ ရမှာပဲ´

ကြောက်စိတ်တွေ ပြီးဆုံးသွားတဲ့အခါ ဘ၀ဟာ စတင်ပါတယ်။
source : Fearless Living: Do What You Are Afraid to Do by Nmachi Jidenma
ref : yourlifesuccess.blog.com

တီဗီ ၁ နာရီကြည်တိုင်း အသက် ၂၂ မိနစ်တို

Photo: တီဗီ ၁ နာရီကြည်တိုင်း အသက် ၂၂ မိနစ်တို   ထူးထူးခြားခြား လေ့လာတွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေးပညာရှင်များက စစ်တမ်းအရ ရှာဖွေတွေ့ရှိ ထားခြင်း ဖြစ်ပါတယ်။ တီဗီကို တစ်နာရီပတ်လုံး ထိုင်ကြည့်တဲ့အခါ ကိုယ်လတ်လှုပ်ရှားမှုများ မရှိတဲ့ အတွက် အဆီတက်စေပါတယ်။ ကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှု အားနည်းပြီး သွေးကြောပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ Fatty acid တိုးခြင်း တို့ ဖြစ်စေပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ်စဉ်များ ဆက် တိုက် ဖြစ်ရင် ကိုယ်တွင်း ဇီဝလောင်ကျွမ်းမှု စနစ် အလုပ်လုပ်ဆောင် မှု နှေးကွေးပြီး အကြောအားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့ အတွက် ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။ ဒါကြောင့် ဘာမှ မလှုပ်မရှုက်ပဲ တီဗီ ၁ နာရီထိုင်ကြည့်လိုက်ခြင်းဟာ ပျှမ်းမျှ အားဖြင့် တီဗီမကြည့်တဲ့ လူထက် ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်း ကျော် လျော့နည်းသွားပြီး အသက်နဲ့တွက်လိုက်ရင် ၂၂ မိနစ်စာ အသက် လျော့သွားစေပါတယ်။ ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီ ကြည့်သူဟာ သာမန်လူတွေထက် ငါးနှစ်လောက် အသက်တိုတာကို လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ကွန်ပြူတာ အသုံးပြုအလုပ်လုပ်သူတွေထက် တီဗီကြည့်သူများ ပိုဖြစ်ပြီး ကွန်ပြူတာ အသုံးပြုလုပ်ကိုင်သူများကလည်း ကိုယ်လက်လှုပ်ရှားမှု ရှိရန် လိုအပ်တယ်လို့ဆိုပါတယ်။ ရုံးချိန်ဆက်တိုင် ထိုင်ရာမှ မထ တည်တည် အလုပ်လုပ်ခြင်းကလည်း တီဗီကြည့်သူနဲ့ မထူးမခြားနား ကျန်းမာရေး ချို့ ယွင်းလို့ အသက်တိုနိုင်ကြောင်း သိရပါတယ်။ -- Ref: medic-facts

ထူးထူးခြားခြား လေ့လာတွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေးပညာရှင်များက စစ်တမ်းအရ ရှာဖွေတွေ့ရှိ ထားခြင်း ဖြစ်ပါတယ်။
တီဗီကို တစ်နာရီပတ်လုံး ထိုင်ကြည့်တဲ့အခါ ကိုယ်လတ်လှုပ်ရှားမှုများ မရှိတဲ့ အတွက် အဆီတက်စေပါတယ်။ ကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှု အားနည်းပြီး သွေးကြောပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ Fatty acid တိုးခြင်း တို့ ဖြစ်စေပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ်စဉ်များ ဆက် တိုက် ဖြစ်ရင် ကိုယ်တွင်း ဇီဝလောင်ကျွမ်းမှု စနစ် အလုပ်လုပ်ဆောင် မှု နှေးကွေးပြီး အကြောအားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့ အတွက် ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။
ဒါကြောင့် ဘာမှ မလှုပ်မရှုက်ပဲ တီဗီ ၁ နာရီထိုင်ကြည့်လိုက်ခြင်းဟာ ပျှမ်းမျှ အားဖြင့် တီဗီမကြည့်တဲ့ လူထက် ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်း ကျော် လျော့နည်းသွားပြီး အသက်နဲ့တွက်လိုက်ရင် ၂၂ မိနစ်စာ အသက် လျော့သွားစေပါတယ်။ ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီ ကြည့်သူဟာ သာမန်လူတွေထက် ငါးနှစ်လောက် အသက်တိုတာကို လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။
ကွန်ပြူတာ အသုံးပြုအလုပ်လုပ်သူတွေထက် တီဗီကြည့်သူများ ပိုဖြစ်ပြီး ကွန်ပြူတာ အသုံးပြုလုပ်ကိုင်သူများကလည်း ကိုယ်လက်လှုပ်ရှားမှု ရှိရန် လိုအပ်တယ်လို့ဆိုပါတယ်။ ရုံးချိန်ဆက်တိုင် ထိုင်ရာမှ မထ တည်တည် အလုပ်လုပ်ခြင်းကလည်း တီဗီကြည့်သူနဲ့ မထူးမခြားနား ကျန်းမာရေး ချို့ ယွင်းလို့ အသက်တိုနိုင်ကြောင်း သိရပါတယ်။
--
Ref: medic-facts

ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကိုအထောက်အကူပြု

Photo: ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကိုအထောက်အကူပြု  ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကိုအထောက်အကူပြုတယ်။  ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။   သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ “နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ” လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …  ၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကိုချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။  ၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။  ၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။  ၄။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။  ၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။  ၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံးဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။  ၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကိုနမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။  သော်တာမောင် (စမ်းချောင်း)
ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။

သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ “နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ” လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့
စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကိုချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။

၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံးဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကိုနမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။

သော်တာမောင် (စမ်းချောင်း)

နိုင်ငံခြားမှသုံးစွဲ၍မရသော တိုက်ကြေပျက်စီးကားများ တင်သွင်းခြင်းနှင့် ပတ်သက်၍ အသိပေးကြေငြာခြင်း

Photo: နိုင်ငံခြားမှသုံးစွဲ၍မရသော တိုက်ကြေပျက်စီးကားများ တင်သွင်းခြင်းနှင့် ပတ်သက်၍ အသိပေးကြေငြာခြင်း  မေလ ၄ရက်၊ ၂၀၁၃ခုနှစ်  နိုင်ငံတော်မှယာဉ်အို ယာဉ်ဟောင်းများ အပ်နှံစေပြီး မော်တော်ယာဉ် အသစ်များ (သို့မဟုတ်) ကောင်းမွန်သော ကားသစ်များ တင်သွင်းစေ လိုသော ရည်ရွယ်ချက်ဖြင့် (၁၁.၉.၂၀၁၁) ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှ မှတ်ပုံတင်သက်တမ်းနှစ်(၄၀)၊နှစ်(၃၀) နှင့်နှစ်(၂၀) ရှိကားများကို အပ်နှံပြီးပါက ၁၉၉၅ ခုနှစ်မှ ၂၀၀၂ ခုနှစ် အထိ မော်တော်ယာဉ် တစ်စီးဝယ်ယူတင်သွင်းခွင့်ပြုကြောင်းကြေငြာ၍ စတင်ခွင့်ပြုခဲ့ပါသည်။  နိုင်ငံတော်စီမံချက်ဖြင့် အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များ အစားထိုးလဲလှယ်ရေး လုပ်ငန်းစီမံချက်ကို အကောက်ခွန်ဦးစီးဌာန မှ (၂၅.၉.၂၀၁၁) ရက်နေ့တွင် စတင် ဆောင်ရွက်ပေး ခဲ့ပါသည်။  စတင်ချိန်မှ (၁၅.၁.၂၀၁၃) ရက်နေ့အထိ စီမံချက်မော်တော်ယာဉ်ပေါင်း (၁၂၆၇၇၃)စီး ပြည်ပမှ တင်သွင်းခဲ့ပြီး အဆိုပါယာဉ်များထဲတွင် တိုက်ကြေပျက်စီးကားများ တင်သွင်းထားခြင်းမရှိကြောင်း တွေ့ရှိရသည်။   ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၁၅) ရက် နောက်ပိုင်းတွင် တိုက်ကြေပျက်စီး ကားများ တင်သွင်းလာမှုများ ရှိလာခဲ့ပါသည်။   တိုက်ကြေပျက်စီးကားများ၏ အနေအထားအရ သုံးစွဲသူများအတွက် လုံခြုံမှု စိတ်မချရသော အန္တရာယ်ဖြစ်စေနိုင်သည့် ယာဉ်များဖြစ်ကြောင်း တွေ့ရှိ ရပါသည်။  သို့ဖြစ်ပါ၍ အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသော တိုက်ကြေပျက်စီးကားများ သည် သုံးစွဲသူပြည်သူလူထု အတွက်   သုံးစွဲသူထိခိုက်နစ်နာစေနိုင်ခြင်း ၊   အသက်အန္တရာယ်ဖြစ်စေနိုင်ခြင်း တို့ကြောင့်လည်းကောင်း၊   ကုန်သွယ်ရေးမူဝါဒ အရ လည်းကောင်း၊   အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများ အရ လည်းကောင်း   တင်သွင်းခွင်မပြု့သည့်ယာဉ်များဖြစ်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားမည် ဖြစ်သည်။  နောင် အလားတူ တိုက်ကြေပျက်စီးကားများ တင်သွင်းလာပါက ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်း မည်ဖြစ်ကြောင်း အသိပေးကြေငြာ အပ်ပါသည်။  Posted From Myanmar Customs Department

နိုင်ငံတော်မှယာဉ်အို ယာဉ်ဟောင်းများ အပ်နှံစေပြီး မော်တော်ယာဉ် အသစ်များ (သို့မဟုတ်) ကောင်းမွန်သော ကားသစ်များ တင်သွင်းစေ လိုသော ရည်ရွယ်ချက်ဖြင့် (၁၁.၉.၂၀၁၁) ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှ မှတ်ပုံတင်သက်တမ်းနှစ်(၄၀)၊နှစ်(၃၀) နှင့်နှစ်(၂၀) ရှိကားများကို အပ်နှံပြီးပါက ၁၉၉၅ ခုနှစ်မှ ၂၀၀၂ ခုနှစ် အထိ မော်တော်ယာဉ် တစ်စီးဝယ်ယူတင်သွင်းခွင့်ပြုကြောင်းကြေငြာ၍ စတင်ခွင့်ပြုခဲ့ပါသည်။
နိုင်ငံတော်စီမံချက်ဖြင့် အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များ အစားထိုးလဲလှယ်ရေး လုပ်ငန်းစီမံချက်ကို အကောက်ခွန်ဦးစီးဌာန မှ (၂၅.၉.၂၀၁၁) ရက်နေ့တွင် စတင် ဆောင်ရွက်ပေး ခဲ့ပါသည်။
စတင်ချိန်မှ (၁၅.၁.၂၀၁၃) ရက်နေ့အထိ စီမံချက်မော်တော်ယာဉ်ပေါင်း (၁၂၆၇၇၃)စီး ပြည်ပမှ တင်သွင်းခဲ့ပြီး အဆိုပါယာဉ်များထဲတွင် တိုက်ကြေပျက်စီးကားများ တင်သွင်းထားခြင်းမရှိကြောင်း တွေ့ရှိရသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၁၅) ရက် နောက်ပိုင်းတွင် တိုက်ကြေပျက်စီး ကားများ တင်သွင်းလာမှုများ ရှိလာခဲ့ပါသည်။
တိုက်ကြေပျက်စီးကားများ၏ အနေအထားအရ သုံးစွဲသူများအတွက် လုံခြုံမှု စိတ်မချရသော အန္တရာယ်ဖြစ်စေနိုင်သည့် ယာဉ်များဖြစ်ကြောင်း တွေ့ရှိ ရပါသည်။
သို့ဖြစ်ပါ၍ အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသော တိုက်ကြေပျက်စီးကားများ သည် သုံးစွဲသူပြည်သူလူထု အတွက်
သုံးစွဲသူထိခိုက်နစ်နာစေနိုင်ခြင်း ၊

အသက်အန္တရာယ်ဖြစ်စေနိုင်ခြင်း တို့ကြောင့်လည်းကောင်း၊
ကုန်သွယ်ရေးမူဝါဒ အရ လည်းကောင်း၊
အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများ အရ လည်းကောင်း
တင်သွင်းခွင်မပြု့သည့်ယာဉ်များဖြစ်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားမည် ဖြစ်သည်။
နောင် အလားတူ တိုက်ကြေပျက်စီးကားများ တင်သွင်းလာပါက ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်း မည်ဖြစ်ကြောင်း အသိပေးကြေငြာ အပ်ပါသည်။

Posted From Myanmar Customs Department

သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့ နေရသော ကျေးရွာ များတွင် နယ်မြေခံ တပ်မတော် သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း

Photo: သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့ နေရသော ကျေးရွာ များတွင် နယ်မြေခံ တပ်မတော် သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း   သောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများအား နယ်မြေခံ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်းလျက်ရှိရာ မေ ၁ ရက်က မွန်ပြည်နယ် သထုံမြို့ အောက်ကျင်း ရပ်ကွက်၊ အောင်မြေ ရွှေဘို ရပ်ကွက်နှင့် ကန် ညီနောင် ကွက်သစ်ရှိ အိမ်ထောင်စု ၁၉ဝ စု၊ လူဦးရေ ၅၆၇ ဦးအတွက် ရေဂါလန် ၃၆ဝဝအား လည်းကောင်း၊ မုဒုံမြို့နယ် ကတုံးပေါ် ကျေးရွာရှိ အိမ်ထောင်စု ၂၈ဝ စု၊ လူဦးရေ ၁၃၈၃ ဦးနှင့် ဘလောက် ညောင်ဝိုင်း ကျေးရွာရှိ အိမ်ထောင်စု ၄၂ဝ စု၊ လူဦးရေ ၂၃၃၂ ဦး အတွက် ရေဂါလန် ၂၈၈ဝဝ အားလည်းကောင်း၊ မေ ၂ ရက်က သံဖြူ ဇရပ်မြို့နယ် ရွှေပြည်သာ ကျေးရွာရှိ အိမ်ထောင်စု ၁၈၉ စု၊ လူဦးရေ ၈၉၅ ဦးအတွက် ရေဂါလန် ၂၄ဝဝ အားလည်းကောင်း၊ အောင်သာယာ ရပ်ကွက်ရှိ အိမ်ထောင်စု ၅၅ စု၊ လူဦးရေ ၂၅၃ ဦး အတွက် ရေဂါလန် ၁၆ဝဝ အားလည်းကောင်း တပ်ပိုင် ရေသယ်ယာဉ်များဖြင့် ဖြန့်ဝေ လှူဒါန်းသည်။

သောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများအား နယ်မြေခံ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်းလျက်ရှိရာ မေ ၁ ရက်က မွန်ပြည်နယ် သထုံမြို့ အောက်ကျင်း ရပ်ကွက်၊ အောင်မြေ ရွှေဘို ရပ်ကွက်နှင့် ကန် ညီနောင် ကွက်သစ်ရှိ အိမ်ထောင်စု ၁၉ဝ စု၊ လူဦးရေ ၅၆၇ ဦးအတွက် ရေဂါလန် ၃၆ဝဝအား လည်းကောင်း၊ မုဒုံမြို့နယ် ကတုံးပေါ် ကျေးရွာရှိ အိမ်ထောင်စု ၂၈ဝ စု၊ လူဦးရေ ၁၃၈၃ ဦးနှင့် ဘလောက် ညောင်ဝိုင်း ကျေးရွာရှိ အိမ်ထောင်စု ၄၂ဝ စု၊ လူဦးရေ ၂၃၃၂ ဦး အတွက် ရေဂါလန် ၂၈၈ဝဝ အားလည်းကောင်း၊ မေ ၂ ရက်က သံဖြူ ဇရပ်မြို့နယ် ရွှေပြည်သာ ကျေးရွာရှိ အိမ်ထောင်စု ၁၈၉ စု၊ လူဦးရေ ၈၉၅ ဦးအတွက် ရေဂါလန် ၂၄ဝဝ အားလည်းကောင်း၊ အောင်သာယာ ရပ်ကွက်ရှိ အိမ်ထောင်စု ၅၅ စု၊ လူဦးရေ ၂၅၃ ဦး အတွက် ရေဂါလန် ၁၆ဝဝ အားလည်းကောင်း တပ်ပိုင် ရေသယ်ယာဉ်များဖြင့် ဖြန့်ဝေ လှူဒါန်းသည်။

အင်တာဗျူးဟာသ


မေး။ ။အကောင်းမြင်တဲ့လူ ဟာ ဘယ်လိုလူမျိုးလဲ။

ဖြေ။ ။သတင်း အပြည့်အစုံ မရ တဲ့ သူ ပါ။


မေး။ ။လူတယောက်ကိုတနေ့လုံးမနားရအောင်ခိုင်းနည်း။သိပါသလား။

ဖြေ။ ။စာရွက်အလွတ် တစ်ရွက်ယူပီး။နောက်ကျောကို ကြည့် လို့ နှစ်ဖက်လုံးမှာရေးလိုက်ပါ။

မေး။ ။နိဗ္ဗာန် နဲ့ ငရဲ ဘယ်ဟာကပိုသာတယ် ထင်သလဲ။

ဖြေ။ ။ရာသီဥတု ရှူ့ထောင့်ကကြည့်ရင်...နိဗ္ဗာန်..ကပိုသာပါတယ်။ဒါပေမဲ့ ငရဲမှာက အပေါင်းအသင်းပိုများပါတယ်။

မေး။ ။ဆေးရုံနဲ့ထောင်ဘာကွာလဲ။

ဖြေ။ ။ဘာမှမကွာပါဖူး။ဒါပေမဲ့ ထောင်မှာက ကိုယ်နေရမဲ့ သက်တမ်းကိုသိပါတယ်။


မေး။ ။ဆံပင်မဖြူအောင်ဘာလုပ်ရမလဲ။

ဖြေ။ ။ကတုန်း တုန်း ရပါမယ်။

မေး။ ။ရိုးသားတဲ့လူကိုဝယ်လို့ရလား။

ဖြေ။ ။ဝယ်လို့မရပါဖူး။ရောင်း....လို့တော့ရပါတယ်။

မေး။ ။သားဖွားတာ ဘယ်နှစ်မျိုးရှိပါသလဲ။

ဖြေ။ ။သုံးမျိုးရှိပါတယ်။
မင်္ဂလာမဆောင်ခင်တနှစ်အလိုမှာမွေးဖွားရင် အချိန်မရောက်ပဲ..မွေးဖွားခြင်း။
ယောက်ကျားသေပီး တစ်နှစ်အကြာမှာမွေးရင် နောက်ကျပီးမွေးဖွားခြင်း ။
ကိုယ့်မိန်းမမဟုတ်ပဲ အိမ်နားနီးချင်းမိန်းမက မွေးဖွားရင် မှားယွင်းသောမွေးဖွားခြင်း။

မေး။ ။ပျော်ရွှင်ခြင်းနဲ့ ၀မ်းနဲခြင်း ကိုဥပမာပေးပါ။

ဖြေ။ ။ပိုက်ဆံအိပ်ကောက်ရရင်ပျော်ရွှင်ရပါတယ်။အဲ။....အဲဒီပိုက်ဆံအိတ်ပိုင်ရှင်ပေါ်လာရင် တော့ ၀မ်းနည်းရပါတယ်။

မေး။ ။အကောင်းဆုံးပိန်နည်း ကဘာလဲ။

ဖြေ။ ။ဗိုက်ထဲမှာ ဘာမှ မရှိရင် ဘာမှ မစားပါနဲ့။

မေး။ ။ရေဒီယိုနဲ့ ရုပ်မြင် သံကြားဘာကွာပါသလဲ။

ဖြေ။ ။ရေဒီယိုမှာက စိတ် အနှောက်အယှက်ကို ကြားပဲကြားရပါတယ်....ရုပ်မြင်သံကြားမှာကြတော့ သူတို့ကို မြင်ပါမြင်ရပါတယ်။

မေး။ ။ချစ်သူနဲ့ဖက်ရမ်းနမ်းရှုပ်စဉ်မှာ အမျိုးသမီးများ ဟာ ဘာလို့ မျက်စိမှိတ်ထားကြပါသလဲ။

ဖြေ။ ။အရင်က...နမ်းခဲ့တဲ့ သူတွေအကြောင်းကို စဉ်းစားနေလို့ပါ။

မေး။ ။ဘယ်အချိန်မှာ မိန်းမတွေ အတင်း အဖျင်းအနဲဆုံးပြောကြပါသလဲ။

ဖြေ။ ။ဖေဖော်ဝါရီလပါ။အတိုဆုံးလ ဖြစ်လို့ပါ။

မေး။ ။မိန်းမ နဲ့ ယောက်ကျား ဘာခြားနားသလဲ။

ဖြေ။ ။မိန်းမတယောက်လိုချင်တာကအများကြီးပါ။ဒါပေမဲ့ ယောက်ကျားတယောက်ထဲဆီမှဖြစ်.....ပါတယ်။
ယောက်ကျားကတော့ တခုပဲလိုချင်ပါတယ်။အဲ...မိန်းမအများကြီးဆီကပါ။

မေး။ ။ဘ၀ နဲ့ရင်းပီး မှတ်ကျောက်အတင်ခံနိုင်တဲ့ အမှန်တရားဆိုတာ ဘာကိုပြောတာလဲ။

ဖြေ။ ။အကြိမ်ကြိမ် ကျူးလွန်မိတဲ့ အမှားပါ။

မေး။ ။အိမ်ထောင်ရေး သာယာမှု ရအောင်ဘာလုပ်ရမလဲ။

ဖြေ။ ။အသက် ၇၀ ကျော်မှ အိမ်ထောင်ပြုပါ။

မေး။ ။အစားအစာတခုဖြစ်တဲ့ မှိုမှာ ဘယ်လိုမှိုမျိုးကိုစားလို့ရပါသလဲ။

ဖြေ။ ။အားလုံးကိုစားလို့ရပါတယ်။ဒါပေမဲ့ တချီု့ မှိုတွေကိုတော့ တခါပဲစားလို့၇ပါတယ်။

မေး။ ။ခုခေတ်မှာ အံ့သြစရာအကောင်းဆုံးကဘာလဲ။

ဖြေ။ ။ပညာမဲ့သူတွေစင်ပေါ်တက်ဟောပြောနေတာ က အံ့သြစရာအကောင်းဆုံးမဟုတ်ပါဖူး။
ပညာရှိတွေက အဲဒီလူတွေကို သြဘာပေးနေတာက အံ့သြစရာအကောင်းဆုံးပါ။

မေး။ ။ယောက်ကျားတွေထက်မိန်းမတွေ အသက်ပိုရှည်တယ်ဆိုတာမှန်ပါသလား။

ဖြေ။ ။အတိအကျတော့မသိပါဖူး။ဒါပေမဲ့ မုဆိုးမတွေက အသက်ပိုရှည်တာ အမှန်ပါ။

မေး။ ။ခွဲစိတ်ဆရာဝန်တွေဟာ ဘာလို့ သူတို့မျက်နှာကို အ၀တ်နဲ့ ဖုံးထားပါသလဲ။

ဖြေ။ ။ခွဲစိတ်တာမအောင်မြင်ရင် ....သူတို့ ကို မမှတ်မိအောင်လို့ပါ။

မေး။ ။ထောက်လှမ်းရေးနဲ့ သူလျှို ဘာခြားနားပါသလဲ။

ဖြေ။ ။ထောက်လှမ်းရေးက ကျုပ်တို့လူ။သူလျှိုက သူတို့လူ။

မေး။ ။ဒီအလုပ်( လုံခြုံရေးမှုး )အတွက်လိုအပ်တဲ့အရည်အချင်းတွေ မင်းမှာရှိလား။

ဖြေ။ ။ရှိပါတယ်။အသံနဲနဲကြားတာနဲ့ကို အိပ်နေရာကနေ ချက်ချင်းနိုးတတ်ပါတယ်။

တိန်

ရီမောပျော်ရွှင်ပါစေ

ကိုလုံ

အသက်သေဆုံးနိုင်သောကြောင့် သွေးပေါင်ချိန် ပုံမှန်စစ်ဆေးရန်လို



Photo: အသက်သေဆုံးနိုင်သောကြောင့် သွေးပေါင်ချိန် ပုံမှန်စစ်ဆေးရန်လို Saturday, May 4, 2013   ရောဂါလက္ခဏာမပြသည့် သွေးတိုးရောဂါဖြစ်ပွားပါက  အသက်ဆုံးရှုံး သည်အထိဖြစ်ပွားနိုင်သောကြောင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ကြောင်း ကျန်းမာရေးပညာရှင်များထံက သိရှိရသည်။  “လူတော်တော်များများက သွေးတိုးရှိမှန်းကို မသိကြဘူး၊ လူတွေက တစ်ခုခုဖြစ်ခါမှ ဆေးခန်း၊ဆေးရုံတွေကို ရောက်လာကြတယ်၊ အဲဒီအချိန်ကျတော့ လူတွေရဲ့အခြေအနေတွေက အရမ်းဆိုးနေပြီ၊ မဖြစ်သင့်တာတွေ ဖြစ်လာတယ်။ အဲဒီတော့ ပြည်သူတွေအနေနဲ့ ပုံမှန်သွေးပေါင်ချိန်တိုင်းတာမှုကို ပြုလုပ်သင့်တယ်”ဟု နှလုံး သွေးကြောရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ နွေးနွေးအောင်က အကြံပြုပြောဆိုသည်။  ကမ္ဘာ့လူဦးရေ၏ ၃၆ ရာခိုင်နှုန်းထဲမှာ အသက် ၂၅နှစ်အထက် သွေးတိုးရောဂါခံစားနေရသူများသည် ရောဂါလက္ခဏာမပြသည့် အတွက် ရောဂါဖြစ်ပွားနေမှုကို မသိရှိနိုင်ကြောင်း၊ သွေးပေါင်ချိန် ၁၄၀/၉၀ နှင့်အထက်ရှိလျှင် သွေးတိုးသည်ဟု  သတ်မှတ်ကြောင်း ဒေါက်တာ နွေးနွေးအောင်က ဆက်လက်ပြောဆိုသည်။  သွေးတိုးရောဂါမှတဆင့် နောက်ဆက်တွဲ ရောဂါဆိုးများဖြစ်သော လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များ၏ ပြောပြချက် အရသိရှိ ရသည်။  ကျန်းမာရေးအနေဖြင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ပြီး သွေးပေါင်ချိန်ကိရိယာအသုံးပြုရာတွင် ဆေးခန်း အများစုတွင် သုံးစွဲလျက်ရှိသော Aneroid Type ( ဒိုင်ခွက်နှင့် သွေးပေါင်ချိန်ကိရိယာ)သည် သွေးပေါင်ချိန် ဖော်ပြမှု ရံဖန်ရံခါတွင် မှားယွင်းတက်ခြင်းကြောင့် ဂရုပြုသင့်ကြောင်း သိရှိရသည်။ သွေးပေါင်ချိန်စစ်ဆေးရာတွင် ဆိတ်ငြိမ်သည့် နေရာတွင် ၅မိနစ်ခန့် အနားယူခြင်း၊ တင်းကျင်သော အ၀တ် အစားများအား ဖြေလျော့ထားသင့်ကြောင်း၊ လက်မောင်းနှင့် နှလုံးတို့ကို တစ်ပြေးညီအနေအထားအတိုင်း ထားရှိကာ စစ်ဆေးသင့်ကြောင်း သိရှိရသည်။  "သွေးတိုးရောဂါဆို ဆီးဆေးတိုက်/သောက်တာမျိုးတွေရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဇီဝဖွဲ့စည်းပုံ ဆေးတုန့်ပြန်မှုတွေမတူကြတော့ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်စမ်းသပ်ကုသသင့်တယ်။ သွေးတိုး ရောဂါက ကြောက်ဖို့လည်းကောင်းတယ်။ အခြားရောဂါကြီးတွေကိုလည်း ဖြစ်ပွားနိုင်တယ်"ဟု အထွေထွေ ရောဂါ ကုဆရာဝန်ကြီး ဒေါက်တာခင်မောင်လွင်က ပြောသည်။  ကမ္ဘာ့ကျန်းမာရေးနေ့ကို ဧပြီ (၇)ရက်ကို သတ်မှတ်ထားပြီး ၂၀၁၃ခုနှစ်၊ ဧပြီလ (၇)ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ သော ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ သွေးမတိုးအောင် သတိဆောင် ကိုယ်လက်လှုပ်ရှား မျှအောင်စား (Blood Pressure Take Control) ဟူ၍ဖြစ်ပြီး ဆောင်ပုဒ် အတိုင်း ကိုယ်လက်လှုပ်ရှားမှု နှင့် အစားအသောက် မျှတအောင် စားခြင်းဖြင့် သွေးတိုးရောဂါကို ထိန်းသိမ်းနိုင်ကြောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။  လွင်ထူးကို(မြစ်မခ) by Myit Makha Mediagroup on 4 May, 2013  http://www.myitmakhamediagroup.com/detail.php?newid=4530  နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ
ရောဂါလက္ခဏာမပြသည့် သွေးတိုးရောဂါဖြစ်ပွားပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်သော   ကြောင့် သွေးပေါင် ချိန် ပုံမှန် စစ်ဆေးသင့်ကြောင်း ကျန်းမာရေးပညာရှင်များထံက သိရှိရသည်။
“လူတော်တော်များများက သွေးတိုးရှိမှန်းကို မသိကြဘူး၊ လူတွေက တစ်ခုခုဖြစ်ခါမှ ဆေးခန်း၊  ဆေးရုံတွေ ကို ရောက်လာကြတယ်၊ အဲဒီအချိန်ကျတော့ လူတွေရဲ့အခြေအနေတွေက အရမ်းဆိုးနေပြီ၊ မဖြစ်သင့်တာတွေ ဖြစ်လာတယ်။ အဲဒီတော့ ပြည်သူတွေအနေနဲ့ ပုံမှန်သွေးပေါင်ချိန်တိုင်းတာမှု ကို ပြုလုပ် သင့်တယ်”ဟု နှလုံး သွေးကြောရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ နွေးနွေးအောင်က အကြံပြုပြောဆို သည်။

ကမ္ဘာ့လူဦးရေ၏ ၃၆ ရာခိုင်နှုန်းထဲမှာ အသက် ၂၅နှစ်အထက် သွေးတိုးရောဂါ ခံစားနေရသူ များသည် ရောဂါလက္ခဏာမပြသည့် အတွက် ရောဂါဖြစ်ပွားနေမှုကို မသိရှိနိုင်ကြောင်း၊ သွေးပေါင်ချိန် ၁၄၀/၉၀ နှင့်အထက်ရှိလျှင် သွေးတိုးသည်ဟု သတ်မှတ်ကြောင်း ဒေါက်တာ နွေးနွေအောင် က ဆက်လက်ပြောဆိုသည်။


သွေးတိုးရောဂါမှတဆင့် နောက်ဆက်တွဲ ရောဂါဆိုးများဖြစ်သော လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ မျက်စိ ကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များ၏ ပြောပြ ချက် အရသိရှိ ရသည်။


ကျန်းမာရေးအနေဖြင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ပြီး သွေးပေါင်ချိန်ကိရိယာအသုံးပြုရာတွင် ဆေးခန်း အများစုတွင် သုံးစွဲလျက်ရှိသော Aneroid Type ( ဒိုင်ခွက်နှင့် သွေးပေါင်ချိန်ကိရိယာ) သည် သွေးပေါင် ချိန် ဖော်ပြမှု ရံဖန်ရံခါတွင် မှားယွင်းတက်ခြင်းကြောင့် ဂရုပြုသင့်ကြောင်း သိရှိရသည်။ သွေးပေါင် ချိန်စစ်ဆေးရာတွင် ဆိတ်ငြိမ်သည့် နေရာတွင် ၅မိနစ်ခန့် အနားယူခြင်း၊ တင်းကျင်သော အ၀တ် အစားများအား ဖြေလျော့ထားသင့်ကြောင်း၊ လက်မောင်းနှင့် နှလုံးတို့ကို တစ်ပြေးညီအနေအထားအတိုင်း ထားရှိကာ စစ်ဆေးသင့်ကြောင်း သိရှိရသည်။


"သွေးတိုးရောဂါဆို ဆီးဆေးတိုက်/သောက်တာမျိုးတွေရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဇီဝဖွဲ့စည်း ပုံ ဆေးတုန့်ပြန်မှုတွေမတူကြတော့ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်စမ်းသပ်ကုသ သင့်တယ်။ သွေးတိုး ရောဂါက ကြောက်ဖို့လည်းကောင်းတယ်။ အခြားရောဂါကြီးတွေ ကိုလည်း ဖြစ်ပွားနိုင်တယ်"ဟု အထွေထွေ ရောဂါ ကုဆရာဝန်ကြီး ဒေါက်တာခင်မောင်လွင်က ပြောသည်။


ကမ္ဘာ့ကျန်းမာရေးနေ့ကို ဧပြီ (၇)ရက်ကို သတ်မှတ်ထားပြီး ၂၀၁၃ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ တွင် ပြုလုပ်ကျင်းပခဲ့ သော ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ သွေးမတိုးအောင် သတိဆောင် ကိုယ်လက်လှုပ်ရှား မျှအောင်စား (Blood Pressure Take Control) ဟူ၍ဖြစ်ပြီး ဆောင်ပုဒ် အတိုင်း ကိုယ်လက်လှုပ်ရှားမှု နှင့် အစားအသောက်မျှတအောင်စားခြင်းဖြင့် သွေးတိုးရောဂါကို ထိန်းသိမ်းနိုင်ကြောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။


လွင်ထူးကို(မြစ်မခ)

by Myit Makha Mediagroup

ဂျကာတာမြို့မြန်မာသံရုံးမှာ ဗုံးခွဲဖို့ ယူဆရသူ ၄ဦးဖမ်းဆီးရမိ


ဂျကာတာမြို့မြန်မာသံရုံးမှာ ဗုံးခွဲဖို့ ယူဆရသူ ၄ဦးဖမ်းဆီးရမိ Friday, May 03, 2013  အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးစားခဲ့သူလို့ ယူဆထားသူ လူ ၄ ယောက်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။  အင်ဒိုနီးရှားနိုင်ငံက ရဲအရာရှိ Boy Rafli ရဲ့ အဆိုအရဆိုရင် ရေပိုက်တွေနဲ့ ပြုလုပ်ထားတဲ့ ပိုက်ဗုံး ၅ လုံး သယ်ဆောင်လာတဲ့ အမျိုးသား နှစ်ယောက်ကို မြန်မာသံရုံးအသွား လမ်းခွတစ်ခုမှာ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ အမျိုးသား နှစ်ဦးကို ဖမ်းဆီးလိုက်ပြီး မကြာခင်မှာပဲ ဂျကာတာ မြို့ပြင်က အိမ်လုပ်ဗုံးတွေ ထုတ်လုပ်နေတဲ့ နေအိမ်တစ်အိမ်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို အကြမ်းသမားတိုက်ဖျက်ရေးဌာနက ထပ်မံဖမ်းဆီး လိုက်ပါတယ်။  မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူဆလင်တွေ ဖိနှိပ်ခွဲခြားခံနေရတာကို လက်စားချေတဲ့အနေနဲ့ အကြမ်းဖက်သမားလို့ ယူဆရသူတွေက မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးစားတာဖြစ်တယ်လို့ အင်ဒိုနီးရှား ရဲအရာရှိက ပြောပါတယ်။  အခု ဖမ်းဆီးခံရသူတွေဟာ အကြမ်းဖက် အဖွဲ့တွေရဲ့ တစိတ်တပိုင်းသာဖြစ်မယ်လို့ ရဲတွေက ယူဆထားပါတယ်။   ABC Radio Australia

အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးစားခဲ့သူလို့ ယူဆထားသူ လူ ၄ ယောက်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ရဲအရာရှိ Boy Rafli ရဲ့ အဆိုအရဆိုရင် ရေပိုက်တွေနဲ့ ပြုလုပ်ထားတဲ့ ပိုက်ဗုံး ၅ လုံး သယ်ဆောင်လာတဲ့ အမျိုးသား နှစ်ယောက်ကို မြန်မာသံရုံးအသွား လမ်းခွတစ်ခုမှာ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ အမျိုးသား နှစ်ဦးကို ဖမ်းဆီးလိုက်ပြီး မကြာခင်မှာပဲ ဂျကာတာ မြို့ပြင်က အိမ်လုပ် ဗုံးတွေ ထုတ်လုပ်နေတဲ့ နေအိမ်တစ်အိမ်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို အကြမ်းသမား တိုက်ဖျက်ရေးဌာနက ထပ်မံဖမ်းဆီး လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူဆလင်တွေ ဖိနှိပ်ခွဲခြားခံနေရတာကို လက်စားချေတဲ့အနေနဲ့ အကြမ်းဖက် သမားလို့ ယူဆရသူတွေက မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးစားတာဖြစ်တယ်လို့ အင်ဒိုနီးရှား ရဲ အရာရှိ က ပြောပါတယ်။
အခု ဖမ်းဆီးခံရသူတွေဟာ အကြမ်းဖက် အဖွဲ့တွေရဲ့ တစိတ်တပိုင်းသာဖြစ်မယ်လို့ ရဲတွေက ယူဆထား ပါတယ်။

ABC Radio Australia

အားဖြည့်အချိုရည်နှင့် လူ့ကျန်းမာရေး


အားဖြည့်အချိုရည်နဲ့ ပက်သက်လို့ လူကျန်းမာရေး ကောင်းကျိုး ဆိုးကျိုး ကို အမေရိကန်က ဆေးပညာအချို့ က ယခုလို ပြောဆိုထား ပါတယ်။

အားဖြည့်အချိုရည်မှာ သကြားဓာတ်များစွာ ပါဝင်တာမှန်ပါတယ်။ ဒါကြောင့် နေ့စဉ်အများအပြားသောက်သုံးမှုက ကိုယ်အလေးချိန် တက်စေပြီး၊ သွေးချို၊ ဆီးချိုနဲ့ အခြား ဆက်စပ်ရောဂါ ဖြစ်စေပါတယ်။ သို့ပေမယ့် ယင်းဟာ အလွန်အကျွံ သောက်သုံးခြင်းအပေါ်သာ ဆို လိုခြင်း ဖြစ်ပြီး တစ်ရက်တစ်ဗူး သောက်သုံးမှုအတွက် ဆိုးကျိုး ဖြစ်ထွန်းနိုင်ချေ နည်းကြောင်း သိရပါတယ်။


သို့သော် အခြေအနေ၊အချိန်အခါနဲ့လည်း သက်ဆိုပါတယ်။ ပူပြင်းသော ရာသီဥတု မှာ အားအင်ကုန်ခမ်းမှုမြန်ဆန်ခြင်း၊ ချွေးထွက် လွန်ခြင်း တို့ ဖြစ်တဲ့အခါ အားဖြည့်ချိုရည် သောက်သုံးခြင်းဟာ တစ်နေ့ ၂ ဗူး ဖြစ်သွားရင်တောင် ဆိုးကျိုးမဖြစ်ထွန်းစေဘူး လို့ဆိုပါတယ်။ သို့ပေမယ့် အေးချမ်းတဲ့ ရာသီဥတု၊ ပင်ပန်းနွမ်းနှယ်မှု မရှိတဲ့ အချိန်များ မှာ သောက်သုံးခြင်းမျိုးကျ ကိုယ်တွင်း သကြားဓာတ်၊ ကိုလက်စ်ထရော တို့ကို အလျင်အမြန်တက်စေပါတယ်။ ဒါကြောင့် သွေးပေါင်တက်ခြင်း ကို ဖြစ်ပေါ်စေပြီး အခြားသော ဆက်စပ် ရောဂါတို့ကို ဖြစ်ပေါ်စေပါတယ်။

ယနေ့ မြန်မာပြည်မှာ အားဖြည့်အချိုရည်ပေါင်း များစွာ ရောက်ရှိလာပြီး ပြည်တွင်းထုတ်ကော၊ ပြည်ပမှ ရောက်ရှိလာမှုပါ စုံလင်လာပါတယ်။ သို့ပေမယ့် လိုအပ်တဲ့အခါ သောက်သုံးခြင်းကသာ ကျန်းမာရေး အကျိုးကျေးဇူး ရရှိစေပါတယ်။ ဒါကြောင့် အားဖြည့်အချိုရည် ကို မလိုအပ်ပဲ သောက်သုံးမှု ကိုရှောင်ကြဉ်ဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref: medic-facts

ရန်ကုန်အပူချိန် အန္တရာယ်အဆင့်ရောက်


ရန်ကုန်မြို့တွင် ခံစားရသည့် အပူချိန်သည် ဦးနှောက် သွေးကြော ပြတ်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်ပွား
စေနိုင်သည့် အန္တရာယ်ရှိမှု လွန်ကဲသည့် အဆင့်သို့ ရောက်ရှိ နေကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က မေ ၁ ရက် တွင်ပြောသည်။

အပူချိန် ၅၄ ဒီဂရီ စင်တီဂရိတ် အထက်နှင့် ၁၃၀ ဒီဂရီ ဖာရင်ဟိုက်အထက် သက်ရောက်မှုကို အန္တရာယ်ရှိမှု လွန်ကဲသည့်အဆင့်- Extreme Danger အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားပြီး ရန်ကုန်မြို့တွင် ဧပြီလအတွင်းက ခံစားရသော အပူချိန်မှာ ထိုပမာဏထက် လွန်ကဲသွားပြီး ယမန်နေ့က ထိုအန္တရာယ်ရှိသည့်အဆင့် ထပ်မံရောက်ရှိခဲ့သဖြင့် အန္တရာယ်ရှိသည့် အပူဒဏ်ကို အထူးဂရုပြုကြရန် ဒေါက်တာထွန်းလွင်၏ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။


မိုးကြိုကာလများတွင် လေထုထဲတွင် ပါဝင်နေသည့် ရေငွေ့များ ခြောက်သွေ့နေပြီး အပူချိန်ပြင်းထန်ကာ လက်ရှိ မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းမြင့်နေသေးသည့်အတွက် အပူချိန်နှစ်ရပ်ပေါင်းကာ လူကို ဒုက္ခပေးသည်။ ထိုအပူချိန်အား တွက်ချက်ပြီး အန္တရာယ်ရှိမှုအဆင့်များအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

လူတစ်ယောက်၏ ကျန်းမာရေးအတွက် သင့်လျော်သည့် အပူချိန်မှာ ၉၈ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး လက်ရှိ ရန်ကုန်တွင် ခံစားရ သည့်အပူချိန်သည် ၁၀၀ ဒီဂရီဖာရင်ဟိုက် အထက်တွင် ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုညွှန်မှူး (အငြိမ်းစား) တစ်ဦးကပြောသည်။

ရန်ကုန်မြို့၏ လက်ရှိအပူချိန်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပူချိန်မြင့်တက်လျက်ရှိနေကြောင်း သတင်းရရှိသည်။ ယခုနှစ် နွေရာသီသည် ၂၀၁၀ ပြည့်နှစ်ကဲ့သို့ သော အပူချိန်စံချိန်တင် မြင့်တက်မှု မရှိသေးသော်လည်း နေရာဒေသ အသီးသီးတွင် အပူချိန်မြင့်မားမှု UV စံညွှန်းကိန်း မြင့်မားစွာ သက်ရောက်မှုများလည်း ခံစားနေကြရသည်။

အသက်အရွယ်ကြီးရင့်သူများ၊ ကလေးငယ်များ၊ ရောဂါတစ်ခုခုကြောင့် ခံနိုင်ရည် ပိုမိုနည်းပါးသူများတွင် အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားမှု ပိုမိုနိုင်ပြီး လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းများ ဖြစ်ပွားလေ့ရှိကြောင်း ဒေါက်တာထွန်းလွင်ကပြောသည်။

သွေးတိုးရောဂါရှိသူများတွင် ပြင်းထန်သည့် အပူချိန်ကြောင့် သွေးပေါင်ချိန်တက်ပြီး ဦးနှောက်သွေးကြောပေါက်၍ အသက်သေဆုံးမှုများလည်း နွေရာသီတွင် ဖြစ်ပွားလေ့ရှိသည်။

အသက်သေဆုံးခြင်း၊ အားအင်ကုန်ခန်းပြီး ခန္ဓာကိုယ်အတွင်းမှ ချွေးထွက်များခြင်းကြောင့် မူးဝေခြင်း၊ အပူချိန်နှင့်အတူ ရေရှားပါးခြင်းနှင့် အစားအစာများ အလွယ်တကူ သိုးလွယ်ခြင်းတို့ကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါများနှင့်အတူ အပူဒဏ်ကြောင့် ခေါင်းကိုက်ခြင်းများ၊ အပူရှပ်၍ ဖျားနာခြင်းကြောင့် အသက်သေဆုံးခြင်းမှာလည်း နွေရာသီတွင် ဖြစ်ပွားလေ့ရှိသည့် ကျန်းမာရေးပြဿနာများဖြစ်သည်။
7Day News Journal

တိဘက် မှ ကမ္ဘာ့သမိုင်းဝင် Potala နန်းတော်


တရုတ်ပြည်၊ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Lhasa မြို့ ၊ Potalaka တောင်ပေါ်မှာ တည်ရှိလို့ ယင်းကို အစွဲပြုပြီး Potala နန်းတော် လို့အမည်ပေးထားပါတယ်။ ၁၉၉၄ ခုနှစ်က စတင်လို့ ကမ္ဘာ့သမိုင်းဝင် အမှတ်အသား နေရာများ စာရင်းမှာ မှတ်တမ်းတင်ခဲ့ပါတယ်။

အေဒီ ၆၃၇ ခုနှစ်ကတည်းက စတင် တည်ဆောက်ပြီး ယနေ့အထိ ပြုပြင် မွမ်းမံလို့ အကောင်းအတိုင်းကျန်ရှိအောင် ထိန်းသိမ်း စောင့်ရှောင့် ပါတယ်။ ခေတ်အဆက်ဆက် တိဘတ်ဘုန်းတော်ကြီးများ သတင်း သုံး နေထိုင်ခဲ့တဲ့ ကျောင်းဆောင်ဖြစ်ပြီး နန်းတော် သဖွယ် ကြီးကျယ် ခမ်းနား ပါတယ်။

အဆောက်အအုံပေါင်း ၁၃ ခု၊ အခန်းပေါင်း ၁၀၀၀၊ ဗိမာန်ဆောင်ပေါင်း ၂သောင်း၊ ရုပ်တုပေါင်း ၂ သိန်းရှိပြီး ခေတ်အဆက်ဆက် ထိန်းသိမ်း ထားတဲ့ အခြားသော သမိုင်းဝင် အမွေအနှစ်ပစ္စည်းများစွာ ရှိပါ တယ်။ တောင်အောက်ခြေက စလို့ အမြင့်ပေ ၁၀၀၀ မှာ တည်ဆောက် ထားတဲ့ Potala Place ဟာ ကမ္ဘာ့အခမ်းအနားဆုံး နန်းတော်များ စာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

ပြင်သစ်မှ မှန်အိမ်

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းဆိုရင် ရုတ်တရက်ကြည့်တဲ့အခါ လူတွေ က လေးထပ်တိုက်ကနေ တွဲလောင်းကျနေသလား ထင်ရပါတယ်။

အမှန်တော့ ဧရာမ မှန်တစ်ချက်ထောင်ထားခြင်း ဖြစ်ပါတယ်။ ကြမ်းပြင် မှာ အိမ်ပုံစံ ဖြစ်အောင် ဆေးသုပ်၊ တံခါးတပ် တို့ ပြုလုပ် ထားခြင်း ဖြစ်ပြီး illusion အကြီးစား အဖြစ် အလှပြသထား ပါတယ်။ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့  က လမ်းတစ်နေရာမှာ ဖြစ်ပြီး စိတ်ကူး ဖန်တီးသူ ဒီဇိုင်နာ ကတော့ Leandro Elrich လို့ ဖြစ်ပါတယ်။

ယင်းနေရာကို ပြင်သစ်လို Batiment လို့ အမည်ပေးထားကြောင်း သိရ ပါတယ်။
--
Ref: techblog

ကမာ့္ဘအမြန် ဆုံး ဆိုင်ကယ်

ကမာ့္ဘအမြန် ဆုံး ဆိုင်ကယ်  ဘယ်လိုနေရာမှာမောင်း ဖို့များထုတ်လုပ်ပေးထားလည်းမသိပါဘူး၊ဆလင်ဒါ ၁၀ လုံးထိုး V အင်ဂျင်ကိုအသုံးပြုထားပါတယ်၊ဒါကြောင့်မြင်းကောင်ရေ ၅၀၀ ရှိပါတယ်၊ဒါကြောင့် ဒီဖက်ခေတ် မှာခေတ်စားနေတဲ့ ပြိုင်ကားတစ်စီး အားလောက်၇ှိပါတယ်၊၂.၅ စက္ကန့်အတွင်းကို ကီလိုမီတာ ၁၀၀ နှုန်းအထိတင်နိုင်ပြီး အမြင့်ဆုံးမောင်းနှင်နိုင်အားကတော့ တစ်နာရီ ကို ကီလိုမီတာ ၆၄၀ အထိတောင်တင်နိုင်ပါတယ်၊ဆိုင်ကယ်ဆိုပေမယ့် ဘီးနှစ်ဘီးတော့မဟုတ်ပါဘူး၊ လေးဘီးတပ် ဆိုင်ကယ်အမျိုးစားဖြစ်ပါတယ်၊ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၀၀၀၀၀  ၀န်းကျင်လောက်ကုန်ကျမယ်လို့ဆိုပါတယ်၊ဒါကြောင့် BMW၊Audi၊Marcedez၊Lamborghini ကားတွေလို ပဲဈေးနှုန်းက မျက်လုံးပြုးစေလောက်ပါတယ်၊ဆိုင်ကယ်ရဲ့ အမည်ကိုတော့ “DODGE TOMAHAWK’’ လို့အမည်ပေးထားပါတယ်…  Ref:wiki TheNewsLatestCars?ref=hl
ဘယ်လိုနေရာမှာမောင်း ဖို့များထုတ်လုပ်ပေးထားလည်းမသိပါဘူး၊ဆလင်ဒါ ၁၀ လုံးထိုး V
အင်ဂျင်ကိုအသုံးပြုထားပါတယ်၊ဒါကြောင့်မြင်းကောင်ရေ ၅၀၀ ရှိပါတယ်၊ဒါကြောင့်
ဒီဖက်ခေတ် မှာခေတ်စားနေတဲ့ ပြိုင်ကားတစ်စီး အားလောက်၇ှိပါတယ်၊၂.၅ စက္ကန့်အတွင်းကို
ကီလိုမီတာ ၁၀၀ နှုန်းအထိတင်နိုင်ပြီး အမြင့်ဆုံးမောင်းနှင်နိုင်အားကတော့ တစ်နာရီ ကို
ကီလိုမီတာ ၆၄၀ အထိတောင်တင်နိုင်ပါတယ်၊ဆိုင်ကယ်ဆိုပေမယ့် ဘီးနှစ်ဘီးတော့မဟုတ်ပါဘူး၊
လေးဘီးတပ် ဆိုင်ကယ်အမျိုးစားဖြစ်ပါတယ်၊ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၀၀၀၀၀
ဝန်းကျင်လောက်ကုန်ကျမယ်လို့ဆိုပါတယ်၊ဒါကြောင့် BMW၊Audi၊Marcedez၊Lamborghini ကားတွေလို
ပဲဈေးနှုန်းက မျက်လုံးပြုးစေလောက်ပါတယ်၊ဆိုင်ကယ်ရဲ့ အမည်ကိုတော့ “DODGE TOMAHAWK’’
လို့အမည်ပေးထားပါတယ်…

Ref:wiki
TheNewsLatestCars?ref=hl

နွမ်းပါးသည့် ကလေးငယ်များ စိတ်ဓာတ်မြှင့်တင်ရေးပွဲ နန်းခင်ဇေယျာ ပါဝင်ကူညီ

HTC One အသေးစား HTC M4 ဈေးကွက်တွင်းသို့ မကြာမီ ရောက်လာဖွယ်ရှိ



HTC One ဆိုရင် လူတိုင်းသိကြပါတယ်။ လက်ရှိအချိန်မှာ အကောင်းဆုံး Android စမတ်ဖုန်း ၂ လုံးထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ HTC အနေနဲ့ HTC One ဒီဇိုင်းပုံစံရဲ့ အောင်မြင်မှုကို အခြေခံပြီး အသွင်သဏ္ဍာန်တူ HTC M4 ကို ထုတ်လုပ်ဖို့ အစီအစဉ် ရှိနေခဲ့ပါတယ်။

ယခုအခါမှာတော့ @evleaks အဖွဲ့သားများ၏ စွမ်းဆောင်မှုဖြင့် HTC M4 ၏ အသေးစိတ် အချက်အလက်များ ပေါ်ထွက်လာ
ပြီ ဖြစ်ပါတယ်။ ဒီ M4 ဟာလည်း စားသုံးသူ (သုံးစွဲသူ) တွေ အထူးပင်နှစ်သက် သဘောကျမည့်ပုံစံ ရှိနေပါတယ်။

M4 ဟာ အသွင်သဏ္ဍာန်အားဖြင့် HTC ၏ လက်ရှိ ပင်မဖုန်းဖြစ်သည့် One နှင့် ချွတ်ဆွတ်နီးပါး တူညီနေပြီး နောက်ကျောကင်မရာရဲ့ Flash အား အလျားလိုက်မှ ဒေါင်လိုက် အနေအထားသို့ ပြောင်းရွှေ့ခဲ့ခြင်းနှင့် စပီကာအတွက် ဖောက်ထားတဲ့ အပေါက်လေးတွေ နည်းပါးသွားခြင်းတို့သာ ကွာခြားနေတာကို တွေ့ရှိခဲ့ရပါတယ်။

M4 ဟာလည်း One လိုပဲ တစ်ဆက်တည်းရှိ အလူမီနီယံကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး အရွယ်အစားအားဖြင့်မူ ပိုမိုသေးငယ်ကာ 720p HD ပုံထွက်ရရှိမည့် မျက်နှာပြင်၏ အရွယ်အစားမှာ ၄.၃ လက်မ ဖြစ်ပါတယ်။

အတွင်းပိုင်းမှာလည်း dual-core ပရော်ဆက်ဆာ ၊ 2GB RAM နဲ့ 16 GB သိမ်းဆည်းမှု ပမာဏတို့အပြင် 4G LTE ချိတ်ဆက်မှုစနစ်ပါ ပါဝင်လာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် HTC မှ ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ကင်မရာ နည်းပညာသစ်သုံး UltraPixel ကင်မရာကိုလည်း တပ်ဆင်ထားမယ်လို့ သိရှိရပါတယ်။

မည်သည့်အချိန်တွင် ထွက်ရှိမည်နှင့် ဈေးနှုန်းမည်မျှ ရှိမည်တို့ကိုမူ မသိရှိရသေးပါ။ copy from
Myanmar Consumer Guide

ချစ်သူမိန်းကလေးကို ဓားဖြင့်ထိုးပြီး နေရာ၌ပင် ပိုးသတ်ဆေးသောက်သေ


ရန်ကုန်- မြောက်ဥက္ကလာပမြို့နယ် ရွှေပေါကံ္ကမြို့သစ်ရှိ အအေးဆိုင်တစ်ခုတွင် ဧပြီ ၂၉ ရက်ညနေက ချစ်သူစုံတွဲချင်းစကား များရာမှ လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း
ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ရွှေပေါက္ကံမြို့သစ်ရှိ လှိုင်ရတနာအအေးဆိုင်အတွင်း (၂၇) နှစ်အရွယ်ရှိ ယာဉ်နောက်လိုက် အောင်မြင့်ထွန်းသည် (၂၁) နှစ်အရွယ် ဂျီတီအိုင်နောက်ဆုံးနှစ်
ကျောင်းသူ ၎င်းင်း၏ချစ်သူနှင့် စကားများကြရာမှ အောင်မြင့်ထွန်းသည် ချစ်သူမိန်းကလေးကို အရိုးအသွား ငါးလက်မခန့်ရှိ စတီးလ်ဓားဦးချွန်ဖြင့် လည်ပင်း၊
ဝဲနံကြား၊ ၀ဲတံတောင်နှင့် ယာလက်ဖျံတို့ကို ထိုးခဲ့သည်။ ထို့နောက် အသင့်ပါလာသော ပိုးသတ်ဆေး နှစ်ပုလင်းသောက်ကာ မိမိကိုယ်ကို
သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်သည်

အောင်မြင့်ထွန်းသည် အဆိပ်သောက်ပြီးနောက် သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သော မိန်းကလေးမှာ မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသလျက်ရှိကြောင်း သတင်းရရှိသည်။

7DaysNewsJournal

တတိယမြောက် ပန်းသီး၏ဖန်ဆင်းရှင် Steve jobs


လူတွေရဲ့ ဘ၀ကို ပြောင်းလဲ ပစ်ခဲ့တဲ့ ပန်းသီး သုံးလုံး ရှိပါတယ်။ Adam's Apple၊ ကမ္ဘာ့ဆွဲငင်အားကို စတင်တွေ့ရှိခဲ့တဲ့ Newton's Apple ပြီးတော့အခု နည်းပညာခေတ်မှာ Steve Job 's Apple တို့ဖြစ်ပါတယ်။ ဒီပန်းသီး သုံးလုံးထဲက နောက်ဆုံး ပန်းသီးရဲ့ ပဲ့ကိုင်ရှင်၊ ကျွန်တော်တို့ရဲ့ သီချင်း နားထောင်ခြင်း အလေ့အကျင့်ကို iPod ဖြင့်ပြောင်းလဲ စေခဲ့သူ၊ ဂီတ လောကကို iTunes ဖြင်...့လှုပ်ခါ နိုင်ခဲ့သူ၊ ဖုန်းယဉ်ကျေးမှုကို iPhone ဖြင့်အစားထိုး ခဲ့တဲ့ တီထွင် ဖန်တီးသူကြီး Steve Job အကြောင်း မိတ်ဆက် ပေးပါမယ်။




၂၁ရာစုရဲ့ အကြီးကျယ်ဆုံး တီထွင် ထုတ်လုပ်သူ တစ်ဦးလို့ ဆိုလို့ရတဲ့ Steve Jobs ကို၁၉၅၅ခုနှစ် ဖေဖော် ၀ါရီလ ၂၄ရက်နေ့က San Francisco မြို့တော်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးမိခင်က တက္ကသိုလ် ကျောင်းသူ တစ်ဦး ဖြစ်ပြီး သူ့ရဲ့ မွေးဖခင် ကတော့ နိုင်ငံရေးသိပ္ပံနဲ့ သင်္ချာဌာနရဲ့ ပါမောက္ခ တစ်ဦး ဖြစ်ပြီး လက်မထပ်ဘဲနဲ့ မွေးခဲ့တဲ့ ကလေး ဖြစ်တာကြောင့် မွေးစားဖို့ သူတပါးကို ပေးလိုက် ကြပါတယ်။ ပညာတတ် ကျောင်းသူ တစ်ဦး ဖြစ်တဲ့ မိခင်က ကလေးကိုလဲ ပညာတတ် မိဘတွေကိုပဲ မွေးစားစေ ချင်ပေမယ့် မွေးစားမိဘ Paul နဲ့ Clara Jobs တို့က သူမရဲ့ မျှော်မှန်းချက်နဲ့ မကိုက်ညီ ခဲ့ပါဘူး။ Paul ဟာ အထက်တန်း ကျောင်းတောင် မပြီးခဲ့တဲ့ မက္ကင်းနစ် တစ်ဦးပါ။ နောက်ဆုံးတော့ ကလေးကို ကောလိပ်ကျောင်းရောက် အောင်ထားပေးမယ် ဆိုတဲ့ ကတိကြောင့် သူတို့ကိုပဲ မွေးစားဖို့ ပေးလိုက် ရပါတယ်။ Paul နဲ့ Clara တို့က Jobs ကို Steven Paul လို့ခေါ်ခဲ့ ကြပါတယ်။ နောက်သုံးနှစ် အကြာ Steve လမ်းလျှောက် တတ်ခါစ အရွယ်မှာ သူတို့စုံတွဲဟာ Silicon Valley ကိုပြောင်းရွှေ့ သွားကြ ပါတယ်။
Steve ငယ်ငယ်က ခပ်ဆိုးဆိုး ကလေး တစ်ယောက်ပါ။ သူ Grade 4 ရောက်တော့ သူ့ကို ပြောင်းလဲ ပေးမယ့် ဆရာ Teddy Hill နဲ့တွေ့မှ ကျောင်းကို ပြန်စိတ်ဝင်စား လာခဲ့တာပါ။ သူတက်တဲ့ ကျောင်းက သိပ်မကောင်း တဲ့အပြင် တခြားကလေး တွေရဲ့ အနိုင်ကျင့် တာကိုလဲ ခံခဲ့ရ ပါတယ်။ နောက်ဆုံး သူ့ကို တခြားကျောင်း ပြောင်းမပေးရင် ကျောင်းထွက်မယ်လို့ မွေးစားမိဘ တွေကို ပြောခဲ့ပါတယ်။ Paul နဲ့ Clara တို့က သဘောတူပြီး တခြား Junior High School တစ်ခုကို ပြောင်းပေး ခဲ့ရပါတယ်။ Steve ဟာငယ်ငယ် ကတည်းက အဲ့ဒီလို ဆုံးဖြတ်ချက် ပြတ်သား ခဲ့တာပါ။ အထက်တန်းကျောင်း ရောက်တဲ့အခါ မှာတော့ သူဟာ electronic အတန်းကို တက်ဖို့ လျှောက်ခဲ့ပြီး သူ့ဆရာ Mr.Mc Collum နဲ့တွေ့ဆုံ ခဲ့ပါတယ်။ နွေရာသီမှာ HP Company ရဲ့စက်ရုံမှာ အလုပ်ဝင် လုပ်ခဲ့ပြီး သူ့ရဲ့စီးပွားရေးမှာ စွန့်စားလိုစိတ်ဟာ အဲ့အရွယ် ကတည်းက စတင် ခဲ့တာပါ။ အဲ့ဒီနောက်မှာ Steve ဟာသူငယ်ချင်း တစ်ယောက်ရဲ့ မိတ်ဆက် ပေးမှုနဲ့ ကွန်ပျူတာဂျပိုး Stephen Wozniak (ခေါ်) Woz နဲ့တွေ့ဆုံ ခင်မင်ခဲ့ပြီး Woz ဟာအဲဒီ အချိန်တုန်းက computer board တစ်ခုကို တပ်ဆင်နေတာ ဖြစ်ပါတယ်။ Steve ကလဲ အဲဒါကို တော်တော်လေး စိတ်ဝင်စား ခဲ့ပါတယ်။ အဲဒီတုန်းက သူတို့ဟာ အသက် ၁၄နှစ်နဲ့ ၁၉နှစ်ပဲ ရှိကြပါ သေးတယ်။

ဒီဆယ်ကျော်သက် လေးတွေက Computer hacker တွေပြုလုပ် ထားတဲ့ နယ်ဝေး ဖုန်းခေါ်ဆိုမှုကို အခမဲ့ ရအောင် ပြောင်းပေးတဲ့ blue boxes လေးတွေ အကြောင်း ကြားမိတဲ့အခါ စာအုပ်ထဲကနေ ဖတ်ပြီး သူတို့လက်တွေ့ တပ်ဆင် ကြည့်ကြ ပါတယ်။ အောင်မြင် သွားပြီး Steve ကစီးပွားဖြစ် တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ရောင်းချဖို့ အကြံရ ပါတယ်။ တရား ဥပဒေနဲ့ မညီညွတ် တာကြောင့် ရဲဖမ်းတော့မှ သူတို့ လုပ်ငန်းကို ရပ်နားလိုက် ပါတယ်။ Steve အထက်တန်းကျောင်း ပြီးသွားတဲ့ အခါသူဟာ Oregon ပြည်နယ်က Reed ကောလိပ်ကို သွားခဲ့ပါတယ်။ သူ့မွေးစား မိဘတွေဟာ ငွေကြေး သိပ်မတတ် နိုင်ပေမယ့် သူ့ရဲ့ မွေးမိခင်ကို ပေးခဲ့တဲ့ ကတိအတိုင်း ဈေးကြီးတဲ့ ကျောင်းကို ထားပေးခဲ့ ကြပါတယ်။ ၁၉၇၄ခုနှစ် လောက်မှာ Steve ဟာငွေလို လာ တာကြောင့် Video Game Company တစ်ခုဖြစ်တဲ့ Atari မှာအလုပ် ၀င်ခဲ့ပြီး Pinball စက်ကို တီထွင်ခဲ့တဲ့ Atari တည်ထောင်သူ Nolan Bushnell ကိုအားကျ ခဲ့တာပါ။ သူဟာ အဲ့ဒီကတည်းက ကိုယ်ပိုင် electronic စီးပွားရေး လုပ်ငန်းကို လုပ်ချင်တဲ့ စိတ်ကူး ရှိခဲ့တာပါ။ Steve ဟာ Germany အထိသွားပြီး Atari ရဲ့စက်တွေကို ပြင်ဆင်ပေး ခဲ့ရသလို အိန္ဒိယ ကိုလဲ ပညာရှာဖို့ သွားခဲ့ပါ သေးတယ်။

Steve ကအင်ဂျင်နီယာပိုင်းနဲ့ ပတ်သက်ပြီး သိပ်မသိ ပေမယ့် Woz နဲ့တိုင်ပင်ပြီး software ရေးဖို့အတွက် computer သုံးချင်ကြတဲ့ သူတွေအတွက် computer တွေတပ်ဆင် ရောင်းချခဲ့ ပါတယ်။ အဲ့တုန်းက Steve ကဘာပြောခဲ့ သလဲ ဆိုတော့ "တို့ပိုက်ဆံတွေ အရှုံးပေါ် ခဲ့ရင်တောင် ကိုယ်ပိုင် company ဆိုတာ ရှိသွားပြီ။ ဘ၀မှာ ပထမဆုံး ကိုယ်ပိုင် company ဖြစ်ပြီပေါ့'' တဲ့။ သူတို့ ကုမ္ပဏီ အတွက် လိုအပ်တဲ့ငွေ ဒေါ်လာ တစ်ထောင်ကို Steve ရဲ့ Volkswagen ကားနဲ့ Woz ရဲ့ HP 65 calculator ရောင်းပြီး ရှာဖွေခဲ့ ရပါတယ်။ ကုမ္ပဏီ နာမည်ကို အမျိုးမျိုး စဉ်းစားပြီး နောက်ဆုံးမှာ Apple လို့ပေးခဲ့ ပါတယ်။ ပထမဆုံး မှာယူသူက Byte Shop Computer စတိုးဆိုင် ပိုင်ရှင်ပါ။ သူက ကွန်ပျူတာ အလုံးငါးရာ မှာပြီး တစ်လုံးကို ဒေါ်လာငါးရာ ပေးတာကြောင့် သူတို့ဟာ ဒေါ်လာ နှစ်သောင်းခွဲကို စတင် ရရှိပါတယ်။ ကွန်ပြူတာ တစ်လုံးအတွက် အမှန်တကယ် ကုန်ကျငွေက ဒေါ်လာ၂၂၀ ဖြစ်ပြီး ဆိုင်ရောင်းဈေးက ဒေါ်လာ ၆၆၀ပါ။ သူတို့ နှစ်ယောက်က တစ်ဆိုင်ပြီး တစ်ဆိုင် သွားပြီး လိုက်ရောင်းချခဲ့ ရပါတယ်။ ဒါက Apple ကွန်ပျူတာရဲ့ အစပါ။ နောက်တော့ Ron Wayne လို့ခေါ်တဲ့ သူတစ်ယောက်ပါ ပါဝင်လာပြီး သုံးယောက် ပေါင်းပြီး ၁၉၇၆ခုနှစ် ဧပြီ ၁ရက်နေ့မှာ Apple company ကိုစတင် တည်ထောင်ခဲ့ ကြပါတယ်။ Mike Markkula ဆိုတဲ့ရှယ်ယာရှင်နဲ့ တွေ့ပြီး သူက ဒေါ်လာနှစ်သိန်းခွဲ အရင်းထည့် ပါတယ်။ Mike က apple ကိုကြေငြာ ချင်တာကြောင့် ကြော်ငြာသမား တွေနဲ့ ဆက်သွယ် ပါတယ်။ Steve ကတော့ logo ကိုချစ်စဖွယ် ပုံစံမျိုး မဖြစ်စေ ချင်တာကြောင့် design ဆရာက ပန်းသီးကို ခရမ်းချဉ်သီးနဲ့ မတူအောင် ကိုက်ရာလေး ထည့်ပေး လိုက်ပါတယ်။



steve wozniak and steve jobs
ဒီကြား ကာလတွေမှာ Steve ရဲ့မိသားစု ဘ၀မှာလဲ အရေးပါတဲ့ အပြောင်းအလဲ တွေဖြစ်ပေါ် ခဲ့ပါတယ်။ သူဟာ သူ့ကို မွေးခဲ့တဲ့ မိခင်၊ဖခင် အရင်းတွေကို ရှာတွေ့ ခဲ့ပါတယ်။ အဲဒီအချိန်က သူ့အမေရင်း Joanne Carole Schieble ဟာအသက် ထင်ရှား ရှိနေဆဲပါ။ သူမဟာ Steve ကိုမွေးပြီး နောက်မှာ သူ့ရဲ့အဖေနဲ့ ခဏတာ လက်ထပ်ပြီး သူ့အစ်မ Mona Simpson ကိုလဲ မွေးခဲ့ပါ သေးတယ်။ Mona ဟာငယ်ရွယ် ပေမယ့် စာပေဆုပေါင်း များစွာ ရခဲ့တဲ့ Anywhere But Here ဆိုတဲ့စာအုပ်ကို ရေးသားသူ ဖြစ်ပါတယ်။ သူ့အစ်မရင်းဟာ အနုပညာရှင် စာရေးဆရာ တစ်ယောက် ဖြစ်နေတာကြောင့် Steve ကအံ့အားသင့် သွားပါတယ်။
Steve က၁၉၈၅မှာ ရှယ်ယာတွေ အားလုံး ရောင်းချပြီး Apple ကထွက်ခဲ့ ပါတယ်။ ဒါပေမယ့် သူ့မှာ အကြံ ရှိပြီးသား ဖြစ်ပြီး NeXT နဲ့ပူးပေါင်း လိုက်ပါ တော့တယ်။ NeXT ကိုအကောင်းဆုံး ဖြစ်စေချင်တဲ့ ရည်မှန်းချက် မြင့်မြင့် ထားခဲ့တာပါ။ အမှန်တကယ်လည်း NeXT Cube ကတကယ် ကောင်းပေ မယ့်လည်း ဈေးကြီး လွန်းနေ ပါတယ်။ ၀ယ်သူ ဘက်က ဒေါ်လာ၃၀၀၀ လောက်ပဲ သုံးချင် ပေမယ့် ဒေါ်လာ တစ်သောင်း လောက်ထိ ကျသင့် နေတာကြောင့် မရောင်းရ ပါဘူး။ ကုမ္ပဏီ ကလည်း ယိုင်လာပြီး နောက်ဆုံး hardware ကနေ software ဘက်ကို ကူးပြောင်း လိုက်ပါ တော့တယ်။ Steve ဟာအရှုံးနဲရင်ဆိုင် လိုက်ရတော့ အလုပ် တွေဘက် စိတ်လျော့လိုက်ပြီး မိသားစုဘက် အချိန်ပေး ပါတော့တယ်။ သူ့ဇနီး Laurene နဲ့၁၉၉၁မှာ လက်ထပ်ခဲ့ပြီး Reed ဆိုတဲ့ သားတစ်ယောက် ရှိပါတယ်။ နောက်တော့ Pixer နဲ့ဇာတ်လမ်း စပါတယ်။ အဲ့အချိန်မှာ George Lucas ကလင်မယား ကွာရှင်း စရိတ်ကြောင့် ငွေလိုနေ တာကြောင့် သူ့ Lucasfilm ရဲ့ computer graphics ဋ္ဌာနကို ရောင်းချ ပါတယ်။ Apple ကရှယ်ယာ တွေကို ရောင်းချ လိုက်တဲ့ အခါ Steve လက်ထဲမှာ ငွေအများကြီး ရှိနေ ပြီးတော့ အဲ့အရောင်းအ၀ယ်ကို သူက စိတ်ဝင်စား ပါတယ်။ ၁၉၈၆မှာ အဲ့ဋ္ဌာနကို ၀ယ်လိုက်ပြီး Pixar ဆိုတဲ့ နာမည်နဲ့ ပူးပေါင်း ဆောင်ရွက် ပါတယ်။Pixar မှာလည်း hardware ပိုင်းက အလုပ် မဖြစ်ခဲ့ပါဘူး။ ဒါနဲ့ software ကုမ္ပဏီ အဖြစ် ပြောင်းလဲ ခဲ့ပြီး 3D TV ကြော်ငြာတွေ လုပ်ပြီး ငွေရှာခဲ့ ပါတယ်။ အလှည့်အပြောင်းက Disney နဲ့ computer-animated ဇာတ်ကားတွေ ထုတ်ဖို့ သဘောတူ ခဲ့ရာက စပါတယ်။ Disney ရဲ့ marketing ပိုင်းပံ့ပိုးမှုနဲ့ အတူ Toy Story ကာတွန်းကားက အောင်မြင် ခဲ့ပါတယ်။ Pixar ကိုကိုးနှစ် လုံးလုံး အိတ်စိုက် ခဲ့ရတဲ့ Steve ကခုမှ အကျိုး ပြန်ခံစား ရတာပါ။ Toy Story ရဲ့အောင်မြင်မှုနဲ့ အတူ Pixar ရဲ့ရှယ်ယာ တန်ဖိုး တွေက Wall Street မှာတက်လာ ပါတယ်။ Pixar ရဲ့၈၀ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ Steve ကဒေါ်လာ ၁.၅ဘီလီယံထိ ချမ်းသာ သွားပါ တော့တယ်။ အဲ့ပမာဏက ၁၉၈၀တုန်းက Apple မှာသူရှာဖွေ ခဲ့တဲ့ ပမာဏထက် ငါးဆလောက် ပိုများပါတယ်။ Steve ဘက်က အခြေအနေ ကောင်းနေပေမယ့် Apple ကတော့ ပြောင်းပြန်ပါ။ ၁၉၉၅မှာ Microsoft ရဲ့ Windows 95 ထွက်လာခဲ့ပြီး အထိနာ စေခဲ့ပါတယ်။ CEO အသစ် ရောက်လာခဲ့ပြီး မလိုအပ်တဲ့ အသုံးစရိတ်တွေ ဖြတ်တောက် ပစ်ပြီး OS အသစ်ကို ရေးမယ့် အစား ရှိပြီးသား တစ်ခုကို ၀ယ်ယူမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ နောက်တော့ NeXT ရဲ့ OS ဖြစ်တဲ့ NeXTSTEP ကိုဒေါ်လာ $400 million နဲ့ဝယ်ယူ လိုက်ပြီး Steve လည်း Apple ကိုပြန်ရောက် သွားပါ တော့တယ်။
Steve ပြန်ရောက်ပြီး ပထမ လေးလပတ်မှာ Apple က $700 million အရှုံးပေါ် ခဲ့ပြီးနောက် CEOလည်းပြုတ်သွား ပါတယ်။ ဒီကာလတွေက Steve အတွက်တော့ အင်မတန် ခက်ခဲတဲ့ အချိန်တွေပါ။ Board အဖွဲ့က ဒါရိုက်တာတွေကို ပြန်လည် ဖွဲ့စည်း၊ အရေးကြီးတဲ့ဆုံးဖြတ်ချက် တွေချခဲ့ပြီး Steve ကိုယ်တိုင်လည်း CEO ရာထူးကို ပြန်ရခဲ့ ပါတယ်။ Mac OS X နဲ့ The Digital Hub strategy ကြောင့် Apple ကပြန် ဦးမော့ လာသလို retail stores တွေကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ တာကလည်း မှန်ကန်ခဲ့ပြီး Apple ကလမ်းကြောင်းမှန် ပေါ်ပြန်တက် လာပါပြီ။ အဲ့ဒါက ၂၀၀၀ ခုနှစ်ပိုင်း လောက်မှာပါ။ ဒါ့အပြင် လူငယ်ပိုင်းက ရုပ်ရှင်တွေ ဘက်က နေ MP3 သီချင်းတွေ ဘက်ကို အားသန် လာတာကို သတိထား မိတဲ့ Steve ကသူ့ကုမ္ပဏီ ဦးတည်ချက်ကို ရုပ်ရှင်တွေ ဘက်ကနေ တေးဂီတ ဘက်ကို ပြောင်းလဲ လိုက်ပြီး iTunes ပေါ်ပေါက် လာပါတယ်။ ခက်တာက သူနဲ့တွဲ သုံးမယ့် player တွေက အဆင်မပြေ တာပါ။ ၂၀၀၁ခုနှစ် မတ်လမှာ Apple တံဆိပ်နဲ့ MP3 player ကိုထုတ်ဖို့ ဆုံးဖြတ် လိုက်ပြီး အောက်တိုဘာ မှာတော့ ဒီချစ်စရာ အဖြူရောင် player ကိုမိတ်ဆက်ခဲ့ပြီး '1,000 songs in your pocket' လို့ကြွေးကြော် ခဲ့ပါတယ်။ ဒီပစ္စည်း သေးသေးလေးက ကုမ္ပဏီရဲ့ အနာဂတ်ကို ပြောင်းလဲ ပစ်နိုင်မယ်လို့ အဲ့အချိန်က Steve အပါအ၀င် ဘယ်သူမှ မထင်မှတ် ထားခဲ့ပါဘူး။
ရေကန် အသင့်၊ ကြာအသင့် လို့ဆိုရမှာပါ။ အဲ့အချိန်မှာ လူတွေက သီချင်း နားထောင်ဖို့ player ကောင်းကောင်း တောင့်တ နေချိန်မှာ iPod ထွက်လာခဲ့ပြီး ဈေးကြီး ပေမယ့်လည်း လူတွေက အလုအယက် အားပေး ကြပါတယ်။ Apple ကလည်း သီချင်းတွေ ဘက်က အကျိုးအမြတ် ရနိုင်မှန်း သိသွားတဲ့ အခါမှာ တရားနည်းလမ်း ကျကျ သီချင်းတွေ ဒေါင်းလုတ် လုပ်ဖို့ Label တွေနဲ့ ညှိနှိုင်း ဆွေးနွေးပြီး iTunes Music Store ကိုဧပြီ ၂၀၀၃မှာ စခဲ့ပါတယ်။ နောက်တော့ iPod mini, iPod shuffle, iPod nano, iPod video တွေဆက်ထုတ်ပြီး 'iPod nation' ကိုတည်ထောင် ခဲ့ပါတယ်။ Apple ဘက်က ထိုးတက် ခဲ့သလို Pixer ဘက်ကလည်း Disney နဲ့ပေါင်းပြီး A Bug's Life (1998), Toy Story 2 (1999), Monsters Inc. (2001) နဲ့ Finding Nemo (2003) စတဲ့ ရုပ်ရှင်တွေနဲ့ အောင်မြင်မှုတွေ ဆက်တိုက် ရလာပါတယ်။ ဒါတွေနဲ့ မရပ်တန့် သွားပါဘူး။ Steve ကိုယ်တိုင် ပြောခဲ့ဖူးတဲ့ သူ Apple ကိုပြန်လာရတဲ့ အကြောင်းအရင်းက Apple နဲ့ကမ္ဘာကြီးကို ပိုကောင်းတဲ့ နေရာ ဖြစ်အောင် တည်ဆောက်မယ်။ Apple မရှိလို့ မဖြစ်တဲ့ ကမ္ဘာတစ်ခုလို့ ဆိုသလိုပဲ သူနောက်ထပ် ရွေ့လိုက်တဲ့ အကွက်က Touch Scree
နည်းပညာ ဘက်ပါ။




၂၀၀၇မှာတော့ iPod, ဖုန်းနဲ့ အင်တာနက် ကိုပစ္စည်း တစ်ခုတည်းနဲ့ သုံးလို့ရမယ့် iPhone ထွက်လာ ပြီး Steve ရဲ့ career မှာအကောင်းဆုံးနဲ့ အမှတ်တရ အရှိဆုံး ပစ္စည်း တစ်ခု သာမက လူတွေရဲ့ ဖုန်းယဉ်ကျေးမှု၊ ဖုန်းဈေးကွက် ကိုပါ ပြောင်းလဲပစ် ခဲ့ပါတယ်။ iPod တုန်းကလိုပဲ Steve ကဖုန်းဝန်ဆောင်မှု carrier ဖြစ်တဲ့ AT&T ညှိပြီး လုပ်ဆောင် ပါတယ်။ iPhone ကဈေးမြင့်ပေ မယ့်လည်း အောင်မြင်ပြီး သားပါ။ ဒီအောင်မြင်မှုမှာ iPhone App Store ရဲ့အကျိုး သက်ရောက်မှု တွေပါဝင်သလို developer တွေကလည်း iPhone apps တွေရေးလာ တာတွေ ကြောင့်လည်း တခြား ကုမ္ပဏီတွေ လိုက်မမှီအောင် ရှေ့က ပြေးနိုင် ခဲ့တာပါ။ ၂၀၀၇ခုနှစ် မှာတော့ စတော့ တစ်ခုရဲ့ တန်ဖိုးဟာ $199.99 အထိ ရှိခဲ့ပြီး $1.58 billion အထိ အကျိုးအမြတ် ရရှိခဲ့ပြီး အကြွေး ကင်းရှင်းတယ် လို့ကုမ္ပဏီက ခပ်ကြွားကြွားလေး ပြောဆို နိုင်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ Apple ရဲ့ဝင်ငွေ တစ်ဝက် လောက်က iTunes နဲ့ iPod ကလာတာ ဖြစ်ပြီး iPod အလုံးပေါင်း သန်း၂၀၀နဲ့ သီချင်းပေါင်း ၆ကုဋေလောက် download ပြုလုပ်ရာမှ ရရှိတာ ဖြစ်ပါတယ်။ ဒီလိုအချက် တွေကြောင့် Fortune မဂ္ဂဇင်းက ပေးတဲ့ နံပါတ်၁ နေရာ ရခဲ့ပါတယ်။

Apple ဘက်က အောင်မြင်မှု ထိပ်တန်း ရောက်ချိန်မှာ ကျဆင်း လာတာက Steve ရဲ့ကျန်းမာရေး အခြေအနေပါ။ ၂၀၀၃ အောက်တိုဘာမှာ Steve ရဲ့ပန်ကရိယမှာ အကျိတ် တည်နေတာကို တွေ့ရှိခဲ့ ပါတယ်။ ခွဲစိတ် ကုသလို့ ရနိုင်ပေ မယ့်လည်း သူကကိုးလ ကြာအောင် ကုဖို့ ငြင်းနေခဲ့ပြီှး ၂၀၀၄ သြဂုတ်လမှ Stanford Medical Center မှာခွဲစိတ်မှု ခံယူခဲ့ တာပါ။ နောက်ငါးနှစ် လုံးလုံး ကျန်းမာနေပုံ ပေါက်ပြီး ကင်ဆာကို ကုသ ပျောက်ကင်း သွားခဲ့ပြီလို့ ထင်မှတ်ခဲ့ ကြပါတယ်။ ၂၀၀၈ခုနှစ်မှာ ပိန်ချုံးနေတဲ့ Steve ကိုမြင်တော့ အားလုံးက အံ့အားသင့် သွားကြပါတယ်။ Apple ကခြောက်လလောက် ခွင့်ယူခဲ့ပြီး အသည်း အစားထိုး ကုသခဲ့ ပါတယ်။ ၂၀၀၉ နွေမှာ မပြီးပြတ် သေးတဲ့ iPad ပရောဂျက်ကို အချောသတ်ဖို့ Apple ကိုစိတ်အား ထက်သန်စွာနဲ့ ပြန်လာခဲ့ ပါတယ်။ ၂၀၁၀မှာတော့ သူ့ရဲ့ နောက်ထပ် ဂုဏ်ယူရမယ့် iPad ထွက်ရှိ လာပါတယ်။ ဒီကြားထဲမှာ သူ့ကျန်းမာရေး အခြေအနေက တက်လိုက်၊ ကျလိုက် အခြေအနေပါ။ ဒါပေမယ့် Apple ရဲ့တကယ့် အရေးကြီး ပွဲနှစ်ပွဲ ဖြစ်တဲ့ iPad2 နဲ့ iCloud မိတ်ဆက်ပွဲ တွေကို ပြုလုပ်ခဲ့ ပါသေးတယ်။

Steve ကသူ့ကျန်းမာရေး အခြေအနေကို သူသိပြီး Apple ကိုသူမရှိလည်း ပုံမပျက် ဆက်သွား နိုင်အောင် ကြိုတင် စီမံခဲ့ ပါတယ်။ 'Apple University' တည်ထောင် ခဲ့သလို သူရဲ့ နောက်ဆက်ခံသူ Tim Cook ကိုလည်း Board အဖွဲ့တွေနဲ့ သဘော တူညီမှုယူ ရွေးချယ် ခဲ့ပါတယ်။ Steve ကိုလူမြင်ကွင်းမှာ နောက်ဆုံး တွေ့ခဲ့ရတာက ၂၀၁၁ဇွန်မှာပါ။ ကျဆင်းလာတဲ့ ကျန်းမာရေး အခြေအနေကြောင့် သြဂုတ်၂၄မှာ Apple CEO အဖြစ်က အနားယူ ခဲ့ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး စီမံခဲ့သလို သူ့ကိုယ်ပိုင် ဘ၀ အတွက်လည်း အစီအစဉ်တွေ ထားရှိခဲ့ပါတယ်။ ဂျာနယ်လစ် Walter Isaacson နဲ့သူ့ရဲ့ ပထမဆုံး ကိုယ်ရေးစာအုပ် အတွက် အင်တာဗျူး ခံခဲ့ပါတယ်။ မိသားစုနဲ့ ခရီးထွက်ဖို့ သဘောင်္ တစ်စီးကို ကိုယ်တိုင် ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့ ပေမယ့်လည်း သေခြင်းတရားက လက်ဦးသွား ပါတယ်။ အောက်တိုဘာလ ၄ရက်မှာ Apple ရဲ့ iPhone 4S မိတ်ဆက်ပွဲကို ကုတင်ပေါ်က ကြည့်ခဲ့ပြီး နောက်တစ်ရက် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၅ရက်နေ့ မှာတော့ Steve Job ကမိသားစုဝင်တွေ ၀န်းရံလျက် Palo Alto ကနေအိမ်မှာ အေးချမ်းစွာ ကွယ်လွန် သွားခဲ့ပါတယ်။ ဆယ်စုနှစ် တစ်ခုစာ ကင်ဆာရောဂါကို ရင်ဆိုင်ခဲ့ ရပြီး ကွယ်လွန်ချိန်မှာ အသက် ၅၆နှစ်သာ ရှိပါသေးတယ်။

Apple က Steve Jobs ကွယ်လွန်ကြောင်း ကြေညာချက် ထုတ်ခဲ့ပြီး သူ့ website မှာ Steve ဓာတ်ပုံနဲ့ "Steve Jobs 1955-2011" လို့ရေးသား ခဲ့ပါတယ်။ CEO Tim Cook က Apple အနေနဲ့ အရာရာကို ကြိုတင် တွေးမြင် နိုင်တဲ့ ပါရမီရှင် ခေါင်းဆောင် တစ်ဦး ဆုံးရှုံးခဲ့ ရသလို ကမ္ဘာကြီး အနေနဲ့ အံ့သြဖို့ အကောင်းဆုံး လူသား တစ်ဦး ဆုံးရှုံးခဲ့ ရပါတယ်။ သူမရှိတော့ ပေမယ့် သူရဲ့ ၀ိညာဉ်က Apple နဲ့အတူ ရှိနေဦး မှာပါလို့ ရည်ညွှန်း ခဲ့ပါတယ်။ Fortune Magazine ကသူ့ကို CEO of the decade အဖြစ် သတ်မှတ် ပေးခဲ့သလို သူ့မွေးရပ်မြေ California က California Hall of Fame မှာသူ့ကို ထည့်သွင်း ထားခဲ့တာတွေ အပါအ၀င် ဂုဏ်ပြုခံ ဆုတွေ အများကြီး ချီးမြှင့်ခံ ခဲ့ရပါတယ်။ ဒါတင်မက တေးဂီတ ပိုင်းနဲ့ ပတ်သက်ပြီး သူလုပ်ခဲ့တဲ့ အပြောင်းအလဲ တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ၂၀၁၂ ခုနှစ်မှာ Grammy Trustees Award ကိုချီးမြှင့် ခံခဲ့ရပါတယ်။ Disney ရဲ့ John Carter ဇာတ်ကားနဲ့ Pixer ရဲ့ Brave ဇာတ်ကား တွေက သူ့ကို ရည်ညွှန်းတဲ့ ရုပ်ရှင် တွေဖြစ်ပြီး Walter Isaacson ရေးသား ခဲ့တဲ့ သူ့ရဲ့ ဘ၀အကြောင်း စာအုပ် Steve Jobs က၂၀၁၁မှာ ထွက်ရှိခဲ့ ပါတယ်။




© 2009 George Yi. All Rights Reserved.
KyawSwar Aung
Credit & References by Myanmar Youth Media Club

မိုဘိုင်းဖုန်းအင်တာနက်စနစ်ဆက်သွယ်မှု အသုံးပြုလိုသည့်ပြည်သူများ မိမိတို့မြို့နယ်ဆက်သွယ်ရေးရုံးများတွင် လျှောက်ထားခွင့်ရရန်လိုလားကြ


ကျပ် ၁၅၀၀ – တန်ဖိုးနည်းပိုဘိုင်းတယ်လီဖုန်းဆင်းကဒ်များ ချထားပေးပြီးသည့် ၂၀၁၃ ခုနှစ်၊ ဧပြီလ-၂၄ ရက်နေ့တွင် မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ“ပြည်သူများသို့ တန်ဖိုးနည်းမိုဘိုင်းဖုန်းများနှင့်ပတ်သက်၍ ထပ်မံအသိပေးကြေညာချက်´´ ကိုနိုင်ငံပိုင် သတင်းစားများ၌ အသိပေးကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင်“ MECTEL အမှတ်တံဆိပ်ပါတန်ဖိုးနည်း CDMA 800MHz မိုဘိုင်းတယ်လီဖုန်းစနစ် သည်လက်ရှိမိုဘိုင်းတယ်လီဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်(၅၀) ကျပ်ဖြစ်သည်။

အ၀င်ခေါ်ဆိုမှုအတွက် ပေးဆောင်ရန်မလိုအပ်ပါ။အင်တာနက်အသုံးပြုမှုအတွက် ငွေကောက်ခံမှုနှုန်းမှာ ယခင် CDMA 800 MHz မိုဘိုင်းတယ်လီဖုန်းများကဲ့သို့တစ်မိနစ်အသုံးပြုခ (၄)ကျပ်ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုလိုပါက သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသကြီးမန်နေဂျာ ရုံးများတွင်အင်တာနက်စနစ် ဆက်သွယ်မှု ကနဦးတပ်ဆင်ခ ကျပ်(၁၀၀၀၀)ပေးသွင်းလျှောက်ထားနိုင်ပါမည်´´ ဟု ပါရှိကြောင်းသိရသည်။အဆိုပါကြေညာချက်ပါ “အင်တာနက်အသုံးပြုလိုပါက သက်ဆိုင်ရာပြည်နယ် တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် အင်တာနက်စနစ်ဆက်သွယ်မှု ကနဦးတပ်ဆင်ခ ကျပ်(၁၀၀၀၀)ပေးသွင်းလျှောက်ထားရပါမည်´´ ဆိုသောအချက်နှင့်ပတ်သက်၍ ပြည်သူများအကြားတွင် ဖြေလျှော့မှုများ ဆောင်ရွက်ပေးရန် လိုလားလျှက်ရှိနေကြောင်းသိရပါသည်။



ပြည်သူတွေအတွက်ဆက်သွယ်မှုတွင် အဆင်ပြေဖို့အတွက် ကျပ်-၁၅၀၀ တန်တယ်လီဖုန်းတွေဖြေလျှော့ချထားပေးတဲ့အတွက် ပြည်သူတွေအားလုံးက ၀မ်းသာပျော်ရွှင်ကြသည်။

ဒါပေမဲ့ “ အင်တာနက်အသုံးပြုလိုပါက သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် အင်တာနက်စနစ်ဆက်သွယ်မှု ကနဦးတပ်ဆင်ခကျပ် (၁၀၀၀၀) ပေးသွင်းလျှောက်ထားရပါမည်။´´ ဆိုတဲ့အချက်ကိုတော့ ထပ်မံ ပြင်ဆင်ပေးဖို့ လိုအပ်နေကြောင်းပြောနေကြသည်။ အင်တနကအသုံးပြုလိုရင် သက်ဆိုင်ရာပြည်နယ်တိုင်းဒေသကြီးမန်နေဂျာရုံးများတွင် သွားရောက်လျှောက်ထားရမယ် ဆိုတဲ့ အချက်က ပြည်သူတွေကိုကုန်ကျစရိတ်ပိုမိုကုန်ကျအောင်နှင့် ခက်ခဲမှုရှိအောင်သတ်မှတ်တဲ့ သဘောမျိုးဖြစ်နေပါတယ်။ အင်တာနက်အသုံးပြုနိုင်မှုကိုသွယ်ဝိုက်ပိတ်ပင်တဲ့သဘောမျိုးလည်းသက်ရောက်နေတယ်။နောက်ပြီးကြားပွဲစားတွေပေါ်ပေါက်အောင် အခြေအနေဖန်တီးသလိုမျိုး ဖြစ်နေတယ်။


ဥပမာပြောရင် စစ်ကိုင်းမြို့က ပြည်သူတစ်ဦးက အင်တာနက်အသုံးပြုချင်တယ်ဆိုရင် တိုင်းဒေသကြီးမန်နေဂျာရုံး ရှိတဲ့မုံရွာမြို့ကို သွားပြီးလျှောက်ရမယ်။ လမ်းစရိတ်နဲ့ စားစရိတ်ကတစ်ခေါက်ကို ငွေကျပ်တစ်သောင်းအနည်းဆုံးပိုကုန်ရမယ်။ တစ်ခေါက်နဲ့မပြီးပြတ်ရင် ဒီထက်ပိုကုန်မယ်။ စစ်ကိုင်းမြို့နယ်ကလူတွေက စစ်ကိုင်းဆက်သွယ်ရေးရုံးမှာပဲ အင်တာနက်လျှောက်ခွင့်ရရင် အချိန်ရော ၊အပိုငွေရော အပိုကုန်စရာမလိုတော့ဘူး။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ခန္တီး၊ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကသာ၊ ကောလင်း၊ ဗန်းမောက်၊ ၊ပင်လယ်ဘူးလိုမြို့နယ်တွေက မုံရွာမြို့ လာလျှောက်ရမယ့် ကုန်ကျစရိတ်ဆိုရင် သိန်းဂဏန်းအထိ ရောက်သွားနိုင်တယ်။

ကိုယ့်မြို့နယ်မှာဆက်သွယ် ရေးရုံးတွေရှိနေပါလျှက်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး မန်နေဂျာရုံးတွေအထိ သွားလျှောက်ရမယ်ဆိုတာ မဖြစ်သင့်ဘူး။ အရင်တုန်းက အချိန်မပေးနိုင်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဆက်သွယ်ရေးရုံးတွေကို ကိုယ်တိုင်သွာမလျှောက်နိုင်ရင် ကြားပွဲစားတွေကို ၀န်ဆောင်ခကျပ်ငါးထောင်၊ တစ်သောင်း အနည်းဆုံးပေးပြီးလုပ်ခိုင်းကြရတယ်။

ပွဲးစားလုပ်တဲ့သူတွေကလဲ တစ်ခြားကလူတွေမဟုတ်ဘူး။ ၀န်ထမ်းတွေနဲ့ ဆက်စပ်သူတွေက လုပ်နေကြတာ။ ကိုယ်တိုင်သွားလျှောက်ရင်တောင်မှရုံးရောက်ရင် ပွဲစားလုပ်ချင်တဲ့ သူတွေ ၀ိုင်းဝိုင်းလည်နေတာ။ သမ္မတကြီးပြောတဲ့သန့်ရှင်းသောအစိုးရ၊ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ တစ်နည်းအားဖြင့် မရိုးမသား၊ကိုယ်ကျိုးစီးပွားရှာနေကြတဲ့ ကြားပွဲစားတွေ “ပပျောက်ရေးအတွက် အင်တာနက်လျှောက်ထားမှုကို ကိုယ့်မြို့မှာပဲ လျှောက်ထားခွင့်ပြု ၊ချထားပေးဖို့ သက်ဆိုင်ရာကို တင်ပြအကြံပြုချင်ပါတယ်´´ ဟု စစ်ကိုင်းမြို့မှ မိုဘိုင်းဖုန်းဖြင့်  အငိတာနက်စနစ် ဆက်သွယ်အသုံးပြုလိုသူတစ်ဦးက ပြောပြသည်။

နန္ဒာမင်းလွင်
HotNewsWeekly copy from မြဝတီဖေ့ပုတ်

“ ကမ္ဘာတွင် ဥာဏ်တော်အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော် ၃ - ဆူ ”



၁ - မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း မုံရွာမြို့ ဗောဓိတစ်ထောင်ရှိလေးကျွန်းစင်္ကြာ ရုပ်ပွားတော် -
ဥာဏ်တော်အမြင့် - ၁၃၀ မီတာ ( ၄၂၄ (သို့မဟုတ် ) ၄၂၇ ပေ )
၂ - တရုတ်နိုင်ငံ၊ Henan, Lushan ရှိ နွေဦးဘုရားကျောင်းမှဗုဒ္ဓရုပ်ပွားတော်-
ဥာဏ်တော်အမြင့် - ၁၂၈ မီတာ ( ၄၂၀ ပေ )

၃- ဂျပန်နိုင်ငံ - Ibaraki စီရင်စု ၊ Ushiku မှ ယူရှိကုဒိုင်ဘုစုဗုဒ္ဓရုပ်ပွားတော် -
ဥာဏ်တော်အမြင့် - ၁၂၀ မီတာ ( ၃၉၄ပေ)

( TheBuddhism.net ၏ ပုံပါ အချက်အလက်မှားယွင်းနေသည်
ဟုယူဆပါသည်။ )

“ အချက်အလက်အသစ်များကို ထပ်မံစုဆောင်းပြီး နောက်ထပ်ပြုပြင်တင်ပေးသော ဤPost သည် အမှန်ကန်ဆုံးဖြစ်မယ်လို့ ယူဆပါတယ်။ တစ်မီတာ - ၃.၂၈၅ ပေ ဖြင့်တွက်ချက်ထားပါတယ် ။ ”

Mee Lay Nge


1500 တန်ဖုန်းများမြို့နယ်ကျော်ယူဆောင်အသုံးပြုလို့မရ




ဧပြီလ ၂၄ ရက်က ၁၅၀၀ နှင့်ရောင်းချပေးခဲ့သော CDMA 800 MHZ ဖုန်းများသည် ရန်ကုန်မြို့ ပြင်ပမြို့နယ်အချို့ တွင် လိုင်းမမိခြင်းများဖြစ်ပေါ် နေကြောင်း သိရသည်။
““ကျွန်တော်မနေ့က အလုပ် ကိစ္စနဲ့ သိမ်ဇရပ်ကိုသွားရပါတယ်။ ကျွန်တော်အခုရောင်းချပေးတဲ့ ၁၅၀၀ တန်CDMA 800 MHZ ဖုန်းကိုယူသွားတယ်။ ရန်ကုန်မြို့ အတွင်းမှာတော့ လိုင်းမိပါသေး တယ်။ မြို့ပြင်ရောက်တော့ လိုင်း မမိတော့ဘူး။ အလုပ်လုပ်ရမယ့် သိမ်ဇရပ်ရောက်တော့လည်း လိုင်းကမမိဘူး””ဟု ဒဂုံတောင်ပိုင်း မြို့နယ် ၁၅၀၀ ဖုန်းဝယ်ယူသုံးစွဲ ခဲ့သူတစ်ဦးကပြောသည်။

““ကျွန်မရန်ကုန်နဲ့ နေပြည် တော်ကို ခေါက်တုံ့ခေါက်ပြန် သွားနေရတဲ့သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ ၂၄ ရက်က ၁၅၀၀ တန် ဖုန်းတွေကို ရောင်းချပေးတယ်။အခုရောင်းပေးတဲ့ဖုန်းတွေကို ကိုင် ကြည့်ချင်တာနဲ့ ညီမလေးဆီက နေယူသွားကြည့်တယ်။ ဒါပေမဲ့ ရန်ကုန်မြို့ပြင်ရောက်တော့ လိုင်း တွေကမမိတော့ဘူး။ နေပြည် တော်ကို အဲဒီဖုန်းကိုယူသွားတော့ လမ်းတောက်လျှောက်မှာ လိုင်း တွေက မမိဘူး။ ဖြူးကိုရောက် တော့ ဒီဖုန်းတွေက တိုင်တောင် မပေါ်ဘူး””ဟု ဗဟန်းမြို့နယ်နေ ၁၅၀၀ ဖုန်းသုံးစွဲသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ့ဆက် သွယ်ရေးမှ အင်ဂျင်နီယာဦးစိုး အောင်က ““အခုရောင်းချပေးတဲ့ CDMA 800 MHZ ဖုန်းတွေက ပြောလို့ရတဲ့မြို့တွေမှာ ရောင်းချ ပေးတာပဲဖြစ်ပါတယ်။ အခြားမြို့ တွေကို သယ်သွားရင်တော့ ပြော လို့ရမှာမဟုတ်ပါဘူး။ နောက်ပြီး မြန်မာတစ်နိုင်ငံလုံးသယ်ဆောင် ပြီးတော့ ပြောနိုင်ဖို့ဆိုတာ အခု လောလောဆယ်တော့ ရနိုင်ဦး မှာမဟုတ်ပါဘူး””ဟု ပြောကြားခဲ့ သည်။

ဖြိုးအောင်
Hot NewsWeekly

ဖုန်းလေးတစ်ခါဆက်ယုံဖြင့် ဆေးကုနိုင်တော့မည်။


သုခကုသိုလ်ဖြစ်ဆေးခန်း၏ လူနာတိုကင်စနစ်အား တယ်လီဖုန်းဖြင့်သာ လက်ခံပါတော့မည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ကျန်ရစ်သူ မိသားစုတို့၏ သောကပရိဒေဝမီးများကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေသိမ့်ပေးခဲ့ရင်း ၂ဝဝ၃ ခုနှစ် ကာလ တစ်ခုသို့ ရောက်ရှိချိန်တွင် သေရေး(နာရေး) ကိစ္စရပ်များကို အကူအညီပေးခဲ့ကြသကဲ့သို့ ကျန်ရစ်သူ (ရှင်သူ) များအတွက်လည်း တတ်စွမ်းသ၍ ဝိုင်းဝန်းကူညီလိုကြသဖြင့် ပထမ နှစ်ပတ်လည်အခမ်းအနား၌ ဆေးကူညီမှုကော်မတီတစ်ရပ်အား တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၂ဝဝ၃ ခုနှစ်၊ ဧပြီလ (၇) ရက် ကမ္ဘာ့ကျန်းမာရေးနေ့ မှစတင်ကာ ချို့တဲ့နွမ်းပါး၍ ခွဲစိတ်မွေးဖွားရန် လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်များ (နှစ်သက်ကယ်တင် ရသောကုသိုလ်)နှင့် မြောက်ဥက္ကလာပဆေးရုံ၊ အင်းစိန်ဆေးရုံ၊ စံပြဆေးရုံ၊ ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ)ဆေးရုံ၊ တောင်ဥက္ကလာပ(မိခင်နှင့်ကလေး)ဆေးရုံ၊ ရန်ကုန်အနောက်ပိုင်း(ကြည့်မြင်တိုင်)ဆေးရုံ စသည့် ပြည်သူ့ ဆေးရုံကြီး (၆) ရုံတို့တွင် မည်သည့်ရောဂါ ဝေဒနာမဆို ကျား/မမရွေး၊ ကုသရန်လိုအပ်သော ချို့တဲ့နွမ်းပါး လူနာများအတွက် ခွဲခန်းစရိတ်အချို့အား ထောက်ပံ့ကူညီပေးသည့်အပြင် ၂ဝ၁ဝ ခုနှစ်၊ မတ်လတွင် ကလေးဆေးရုံနှင့် နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတို့အား ထပ်မံတိုးချဲ့ကာ ဆေးကူညီမှုများ ယနေ့ အချိန်ထိ ပံ့ပိုးပေးလျှက်ရှိပြီး ၂ဝဝ၇ ခုနှစ်၊ မတ်လ (၂) ရက် တောင်သူလယ်သမားနေ့တွင် “သုခကုသိုလ် ဖြစ်ဆေးခန်း” အား သင်္ဃန်းကျွန်းမြို့နယ်၊ ဗြဟ္မဝိဟာရကျောင်းတိုက်တွင်း၌ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး အများပြည်သူတို့၏ ကျန်းမာရေးအား အထွေထွေရောဂါကု ဆရာဝန်ကြီးများအပြင်၊ အရိုးအကြော၊ အရေ ပြား၊ ကင်ဆာ၊ သားဖွားမီးယပ်၊ နား - နှာခေါင်း - လည်ချောင်း၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်၊ ကလေးအထူးကု ဆရာဝန်များတို့မှ အလှည့်ကျ ကုသိုလ်ဖြစ် စမ်းသပ်ကုသပေးလျှက်ရှိပါသည်



ယခင် သင်္ဃန်းကျွန်းမြို့နယ်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ ဆေးဝါးကုသကြသော လူနာဦးရေ နည်းပါးခြင်းတို့ကြောင့် တိုက်ရိုက်ကုသမှုစနစ်ဖြင့် စတင်ခဲ့သော်လည်း သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ ၂ဝဝ၉ ခုနှစ်၊ ဇူလိုင်လ၌ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာတွင် လူနာဦးရေ အဆမတန် များပြားလာခြင်းကြောင့် တစ်ရက်ကြိုတင်၍ တိုကင်ယူတန်းစီစနစ် ပြုလုပ်ခဲ့ရာတွင် နေရာပွဲစားများ၊ နေရာရောင်းချမှုများ၊ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊ ညအချိန်မတော် တိုကင်ရရှိရေးအတွက် ညအိပ်တန်းစီ စောင့်ဆိုင်းရာတွင် အရွယ်အရောက် အမျိုးသမီးများလည်း ပါဝင်ခဲ့ရာတွင် တိုကင်တန်းစီသည့် အမူးသမား များတို့၏ အနှောင့်အယှက်ရန်များ၊ လက်နက်ကိရိယာများဖြင့် ခြိမ်းခြောက်မှုများ၊ မော်တော်ယာဉ်လိုင်း ကား များ မှားယွင်း၍ စီးနင်းမှုများ အစရှိသည့် အမျိုးမျိုးသော အနှောင့်အယှက်များ အန္တရာယ်များတို့ ရင်ဆိုင်ကြုံတွေ့ရကြောင်း လူနာများတို့၏ ပြောကြားချက်များကြောင့် သိရှိခဲ့ရသည်။

ထို့ကြောင့် ၇.၅.၂ဝ၁၃ ရက်နေ့ (အင်္ဂါနေ့)မှစတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါးလာ ရောက်၍ ကုသလိုကြသော လူနာများတို့သည် တိုကင်တန်းစီ စောင့်ဆိုင်းရန်မလိုတော့ချေ။ တယ်လီဖုန်း နံပါတ် ဝ၉ - ၈၅ဝ ၁၆၅၆ သို့ ဆက်သွယ်၍ တစ်ရက်ကြိုတင် တိုကင်ယူခြင်းအား လက်ခံဆောင်ရွက်မည် ဖြစ်သည်။ ကုသိုလ်ဖြစ် ဆရာဝန်ကြီးများတို့မှ တာဝန်ယူ စမ်းသပ်ကြည့်ရှုနိုင်မည့် လူနာအရေအတွက်သာ လက်ခံမည်ဖြစ်ပြီး ရဟန်းသံဃာများ၊ သီလရှင်များနှင့် အသက် (၇၅) နှစ်အထက် လူပုဂ္ဂိုလ်များတို့သည် လည်း တယ်လီဖုန်းဖြင့်သာ တိုကင်ယူဆောင်ရမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူရာတွင် ပြသ မည့်လူနာ၏ အမည်၊အသက်၊ မှတ်ပုံတင်အမှတ် နေရပ်လိပ်စာ(အပြည့်အစုံ)တို့အား ပြောကြားရမည် ဖြစ်သည်။ တိုကင်လက်ခံချိန်သည် နံနက် (၉းဝဝ) နာရီမှ (၁၁းဝဝ) နာရီ အထိသာဖြစ်သည်။ တယ်လီဖုန်း တစ်ကြိမ်လျှင် (သို့) တစ်ခါလျှင် လူနာတစ်ဦးသာ လက်ခံသွားမည် ဖြစ်သည့်အပြင် ၄င်းလူနာသည် တစ်ပါတ်လျှင် ရောဂါဝေဒနာတစ်မျိုး တစ်ကြိမ်သာ ပြသခွင့်ပြုမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူ ထားသည့် လူနာသည် မိမိတို့လာရောက်ပြသရမည့် နေ့ရက်၊ အချိန်တွင် သန်းခေါင်စာရင်း (မူရင်း/မိတ္တူ)၊ မှတ်ပုံတင် (မူရင်း/ မိတ္တူ)၊ ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာ (သို့) ဧည့်စာရင်း (မူရင်း)တို့အား တစ်ပါးတည်း ယူဆောင်လာရန်လိုအပ်ပေသည်။ လူနာများသည် ဆရာဝန်ဖြင့် မပြသမှီ တစ်ရက်အတွက် သာကြိုတင်၍ တယ်လီဖုန်းဖြင့် တိုကင်ယူရမည်ဖြစ်ပြီး နှစ်ရက်၊ သုံးရက်အတွက် ကြိုတင်၍ တိုကင်ယူ ဆောင်ခြင်းအား လက်ခံမည်မဟုတ်ပေ။ လူနာအချင်းချင်း ကိုယ်ချင်းစာနာစိတ်မရှိသော လူအချို့တို့၏ လူ့ကျင့်ဝတ်များ ဖောက်ဖျက်သည့်အတွက်ကြောင့် ယခုကဲ့သို့ စည်းကမ်းများချမှတ် ပြုလုပ်ရခြင်းဖြစ်သည်။

သုခကုသိုလ်ဖြစ်ဆေးခန်းတွင် စေတနာရှင် ဆရာဝန်များတို့၏ အကြံပြုမေတ္တာရပ်ခံမှုကြောင့် တိုကင်တန်းစီ စနစ်အားဖျက်သိမ်းကာ တယ်လီဖုန်းဖြင့် တိုကင်လက်ခံမှု (စမ်းသပ်)အဖြစ် ပြုလုပ်မည် ဖြစ်သည်။ စမ်းသပ်မှုအောင်မြင်ခဲ့ပါက ဆေးဝါးကုသရာတွင် နေပူမိုးရွာ၌ ညအိပ်စောင့်ဆိုင်း၍ တိုကင်ယူ ခြင်းမှ ကင်းဝေးပြီး တယ်လီဖုန်း တစ်ချက်ဆက်သွယ်ပြီး မိမိတို့၏ ရောဂါဝေဒနာများအား ကုသနိုင်မည် ဖြစ်သည်။ သို့ရာတွင် လူနာများတို့သည် သုခကုသိုလ်ဖြစ်ဆေးခန်းမှ ချမှတ်ထားရှိသည့် စည်းကမ်းချက် များအား စနစ်တကျလိုက်နာခြင်းဖြင့် ဆေးဝါးကုသကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။



နာရေးကူညီမှုအသင်း(ရန်ကုန်)

Projector ထည့်သွင်းထားတဲ့ Promate LumiTab Tablet


တက်ဘလက်ဆိုတာ အလွန်အသုံးဝင်တဲ့ အီလက်ထရောနစ် ပစ္စည်းတစ်ခုပါ။ စာဖတ်ဖို့ပဲဖြစ်ဖြစ်၊ ဂိမ်းဆော့ဖို့ပဲဖြစ်ဖြစ်၊ ဗီဒီယိုကြည့်ဖို့ပဲဖြစ်ဖြစ်၊ အင်တာနက် သုံးဖို့ပဲဖြစ်ဖြစ် တက်ဘလက်တွေရဲ့ အသုံးဝင်မှုက ပြောမကုန်နိုင်အောင်ပါပဲ။

ဒါပေမယ့် အစည်းအဝေးတစ်ခုမှာ PowerPoint နဲ့ ရှင်းလင်းတင်ပြ ရမယ်ဆိုရင် USB ပါတဲ့ တက်ဘလက်ကနေသာ သီးသန့် ပရော်ဂျက်တာ တစ်လုံးနဲ့ ချိတ်ဆက်ရန် လိုအပ်မှာဖြစ်သလို သင့်ရဲ့ စိတ်ကြိုက်ရုပ်ရှင်တစ်ခုကို မိသားစုနဲ့ မျှဝေချင်တယ် ဆိုရင်လည်း HDMI ပါတဲ့ တက်ဘလက်ဖြစ်မှသာ တီဗီနဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ကေဘယ်ကြိုးတွေ၊ ချိတ်ဆက်ခလုတ်တွေနဲ့ ရှုပ်ထွေးကုန်မှာ ဖြစ်ပါတယ်။

ဒီပြဿနာကို အလွယ်တကူ ဖြေရှင်းပေးမယ်လို့ မိမိကိုယ်ကို အမွှန်းတင်ထားတဲ့ တက်ဘလက်တစ်လုံး ဈေးကွက်တွင်းသို့ ရောက်ရှိလာခဲ့ပါပြီ။ Promate ကုမ္ပဏီထုတ် LumiTab ဟာ ပရောဂျက်တာ ထည့်သွင်းတပ်ဆင်ထားတဲ့ ကမ္ဘာ့ပထမဆုံး ဘက်စုံသုံး တက်ဘလက် ဖြစ်ပါတယ်လို့ ဆိုပါတယ်။



အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်များအရတော့ LumiTab ဟာ Jelly Bean သုံးထားသည်မှာ မှန်သော်လည်း စွမ်းဆောင်ရည် ပိုင်းမှာ ဘက်စုံသုံး ထိပ်တန်း တက်ဘလက် တစ်လုံးအဖြစ် ဈေးကွက်တွင်းသို့ ဖောက်ထွင်းဝင်ရောက် နိုင်မည်မဟုတ်ပေ။ ပရော်ဂျက်တာ သုံးစွဲရန် လိုအပ်သူများအတွက်မူ အသုံးဝင်မည်မှာ သေချာပါသည်။

LumiTab ၏ ပရော်ဂျက်တာဟာ 1080p Full HD ပုံထွက် ရရှိအောင် စွမ်းဆောင်နိုင်ပြီး အကျယ် ပေ ၁၀၀ ရှိ ပုံရိပ်အဖြစ် ဖန်တီးပေးနိုင်မည်ဟု သိရှိရသည်။ သင့်အနေနဲ့ တစ်ရပ်ကွက်လုံးက ရောင်းရင်းများအား ဖိတ်ခေါ်ပြီး ရုပ်ရှင်ပြမယ် ဆိုရင်တော့ ဒီ တက်ဘလက်ဟာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

ဘယ်တော့ထွက်မည်၊ ဘယ်ဈေးရှိမည်တို့ကို မသိရှိရသေးပါ။

Specifications:

အရွယ်အစား - ၇ လက်မ
ပုံထွက်သိပ်သည်းဆ - 854 x 480 pixels
Operating System - Android 4.2 Jelly Bean
Processor – 1.5 GHz Dual-core ARM Cortex-A9 (Texas Instruments)
RAM - 1 GB
Storage – 16 GB
အခြား - ရှေ့ကင်မရာ ၊ နောက်ကင်မရာ ၊ Mini HDMI နှင့် Mini USB အပေါက်များ ပါဝင်


Myanmar Consumer Guide

ShareThis