မြန်မာနိုင်ငံ၏စီးပွားရေး အခွင့်အလမ်းများတိုးတက်ပြောင်း လာမူနှင့် အတူမြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအား အာဖရိကဆက်သွယ်ရေးကုမ္ပဏီ ကြီးတစ်ခုဖြစ်သည့် MTN ကုမ္ပဏီ က Operator အဖြစ်လုပ်ကိုင်ရန် မြန်မာဆက်သွယ်ရေးသို့ကမ်းလှမ်းထားကြောင်း သိရသည်။
MTN ကုမ္ပဏီသည်မြန်မာ နိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းအား ၀င်ရောက်လုပ်ကိုင်ခွင့်ရရှိပါက ၆ လအတွင်း လုပ်ငန်းလည်း ပတ်မည်ဖြစ်
ပြီး ဟောင်းနွမ်းနေ သည့်မြန်မာဆက်သွယ်ရေးစနစ်ကို နည်းပညာအသစ်
များဖြင့် အသုံးပြုသွားမည်ဖြစ်ကြောင်း MTN ကုမ္ပဏီမှ တာဝန်ရှိသူ Mr Serame Tavkobong က မေလ ၂၀ ရက် Chatricm Hotel တွင်ပြုလုပ်
ခဲ့သော သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။
“မြန်မာဆက်သွယ်ရေးကဏ္ဍ မှာ Operator အဖြစ်လုပ်ကိုင်ဖို့ အတွက်
လျှောက်ထားတယ်။ သဘောတူညီမှုတော့မရသေးဘူး။ Operator လုပ်ကိုင်ဖို့အတွက် ဇာကတင်စာရင်းထဲမှာတော့ပါတယ်။ တကယ်လို့ Operator အဖြစ်နဲ့ လုပ်ကိုင်ခွင့်ရတယ်ဆိုရင် ၆ လအတွင်း ဖုန်းပြောဆို
လို့ရတဲ့ အထိ ပြုလုပ်မဲ့အပြင်ဟောင်းနွမ်း နေတဲ့ မြန်မာဆက်သွယ်ရေးရဲ့ နည်းပညာတွေကိုလည်း ခုန်ပျံကျော် လွှာပြီးပြုလုပ်သွားမှာဖြစ်ပါတယ်။
အခုသဘောတူညီမှုမရသေးပေ မယ့်လည်း သာပေးတိုင်းတာမှုတွေ ပြုလုပ်
နေပါတယ်”ဟု ပြောကြား ခဲ့သည်။ MTN ကုမ္ပဏီသည် အာဖရိကတိုက်နှင့် အရှေ့အလယ် ပိုင်းဒေသ ၂၁ တစ်နိုင်တွင် Telecommunication Operator အဖြစ်လုပ်ကိုင်လျက်ရှိသည့်ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိရသည်။
The Hot News