Pages

မိုက်ခရိုဆော့ဖ် ရဲ့ Xbox One မျိုးဆက်သစ် ဂိမ်းစက်ကိုစတင်မိတ်ဆက်လိုက်ပါပြီ


ဂိမ်းစက် တခုတည်း မှာတင် တီဗီ ရုပ်ရှင် နဲ့ ဂီတ တွေကိုပါ ကြည့်ရှု ခံစား နိုင်မယ့် all in one ဂိမ်းစက် ဖြစ်တဲ့ Xbox One ကို ကမ္ဘာကျော် မိုက်ခရိုဆော့ဖ် ကုမ္ပဏီ ကနေ မိတ်ဆက်ပေး လိုက်ပါပြီ။
အခုနှစ်ကုန်မှာ ရောင်းချမယ့် ဒီဂိမ်းစက်မှာ အသံ နဲ့ အမိန့်ပေး ခိုင်းစေလို့ ရမှာဖြစ်ပြီး၊ လူ့ခန္တာကိုယ် လှုပ်ရှားမှုနဲ့ ထိန်းချုပ် စေခိုင်းတဲ့ Kinect sensor ကလည်း ပို ကောင်းလာမှာ ဖြစ်ပါတယ်။


ကစားတဲ့သူက လေ့ကျင့်ခန်း လုပ်နေရင်တောင် ဒီဂိမ်းစက် ကနေ အဲဒီ သူရဲ့ နှလုံးခုန်နှုန်းကိုပါ သိနိုင်မှာ ဖြစ်ပါတယ်။
blue-ray အဆင့်မြင့် dvd drive ကို တပ်ဆင်ထားကာ၊ အွန်လိုင်းမှာ skype လည်း သုံးလို့ရမှာ ဖြစ်ပါတယ်။
ကိုယ် ကစားနေတဲ့ ဂိမ်းကို ကစားနေတဲ့ အချိန်မှာ record လုပ်ထားပြီး နောက်၊ ပြန်ပြီး တည်းဖြတ်လို့လည်း ရမှာ ဖြစ်ပါတယ်။

အဲဒီ နောက် အွန်လိုင်း မှာ တခြားသူတွေ ကြည့်လို့ အောင် တခါတည်း ရှယ်လို့ ရမှာ ဖြစ်တဲ့ နည်းပညာ အသစ် အစမ်းတွေနဲ့ အကုန်လုံးပါတဲ့ Xbox One ဖြစ်ပါတယ်တဲ့...
မိတ်ဆက် - Microsoft ၏ မျိုးဆက်သစ် Xbox One ဂိမ်းစက်

အများက မျှော်လင့်စောင့်စား နေကြသည့် Microsoft Xbox 360 အား အစားထိုးမည့် ဂိမ်းစက်အသစ်အား ယနေ့တွင် တရားဝင် ထုတ်ဖော်ပြသခဲ့သည်။

ပြန့်နှံ့နေသည့် သတင်းများတွင် ဖော်ပြထားသကဲ့သို့ Xbox 720 ဟု ခေါ်တွင်မည် မဟုတ်ပဲ ဤဂိမ်းစက်အသစ်အား Xbox One ဟု အမည်ပေးထားသလို ပုံစံဒီဇိုင်းပိုင်း အရလည်း အထင်နှင့် အမြင် လွဲကွာခဲ့ကြရသည်။

Xbox One အနေဖြင့် စက်ပိုင်းဆိုင်ရာတွင် လက်ရှိ Xbox 360 ထက် များစွာသာလွန် ကောင်းမွန်မည်ဖြစ်သည်။ Xbox One တွင် အသုံးပြုထားသည့် AMD ပရော်ဆက်ဆာမှာ လက်ရှိ Xbox 360 ၏ ပရော်ဆက်ဆာထက် ၈ ဆ ခန့် စွမ်းရည်မြင့်မားကြောင်း သိရှိရသည်။

ထို့အပြင် flash memory သုံး cache ၊ 500 GB သိုမှီးမှုပမာဏ ၊ 4K Ultra-HD ပုံထွက်အား ထောက်ပံ့ပေးမည့် Blu-ray drive ၊ Gigabit Ethernet နှင့် DVR တို့ ပါဝင်မည်ဖြစ်သဖြင့် ဂိမ်းဆော့ခြင်း၊ Ultra-HD ဗီဒီယိုများ ကြည့်ရှုခြင်းနှင့် ရုပ်သံလိုင်းများ ဖမ်းယူကြည့်ရှုကာ စက်အတွင်း သိုမှီးထားနိုင်ခြင်း စသည်တို့အား တစ်နေရာတည်းတွင် ပြုလုပ်နိုင်မည့် ဖျော်ဖြေရေး စက်တစ်ခု ဖြစ်လာဖွယ်ရှိနေသည်။

ပို၍ထူးခြားသည်မှာ Operating System ပင်ဖြစ်သည်။ Xbox One တွင် ပင်မ OS တစ်ခုနှင့် သီးသန့် OS ၂ ခု ပါရှိမည်ဖြစ်သည်။ ပင်မ OS အနေဖြင့် Xbox One ၏ အဓိက လုပ်ဆောင်ချက်ဖြစ်သည့် ဂိမ်းဆော့မှုအား အဓိကထား ဆောင်ရွက်ပေးမည် ဖြစ်ပြီး အခြား OS ၂ ခု မှာမူ apps များ အသုံးပြုခြင်း ၊ တီဗီ-ဗီဒီယို ကြည့်ရှုခြင်းနှင့် အခြားသော လုပ်ဆောင်ချက် အသေးစားများကို တာဝန်ယူပေးမည်ဖြစ်သည်။ ယင်းအတွက်ကြောင့် Xbox One ၏ စွမ်းဆောင်ရည်မှာ လွန်စွာမှ လျင်မြန်သွက်လက်ပြီး အသုံးပြုရ လွယ်ကူအဆင်ပြေဖွယ် ရှိနေသည်။

Xbox One သည် Xbox 360 ကဲ့သို့ပင် ၇ ပေါင်ခန့်လေးပြီး အရွယ်အစားအရမူ ၁၀ ရာခိုင်နှုန်းခန့် ပိုမိုကြီးမားမည် ဖြစ်သည်။ ထို့အတူ ပုံတွင် မြင်တွေ့ရသည့်အတိုင်း ဒီဇိုင်းပုံစံမှာ ရှုပ်ထွေးမှုမရှိပဲ အသုံးပြုရ လွယ်ကူစေရန် လေးထောင့်ကျပြီး ရိုးရှင်းပြေပြစ်သည့် ပုံစံကို ဖန်တီးထားသည်။

မပျက်စီးနေသည့် အရာတစ်ခုအား ပြုပြင်ရန် မကြိုးပမ်းပါနဲ့၊ ပိုကောင်းအောင်သာ ပြုလုပ်ပါဟူသည့် အနောက်တိုင်း ဆိုရိုးစကားအတိုင်း ယခု Xbox One အတွက် ဂိမ်းဆော့သူတိုင်း နှစ်ခြိုက်သဘောကျသည့် Xbox 360 ၏ controller ကို ပိုမိုကောင်းမွန်အောင် မွန်းမံထားသည့် controller အား အသုံးပြုရမည်ဖြစ်သည်။ ဒီဇိုင်းအနည်းငယ် ပြောင်းလဲထားပြီး သင့်လက်ထဲတွင် အမြင်တင့်မည့် Xbox One ၏ controller တွင် “Back” နှင့် “Start” ခလုတ်များအစာ “Play” နှင့် “Pause” ဟု ပြောင်းလဲထားပြီး controller အား micro-USB ကြိုးဖြင့် အားသွင်းရမည်ဖြစ်သည်။

Xbox One ၏ User Interface မှာ များစွာပြောင်းလဲမှု ရှိမည်မဟုတ်သော်လည်း Widows 8 ၏ UI နှင့် ခပ်ဆင်ဆင် တူနေမည်ဖြစ်သည်။ ထို့အပြင် SmartGlass စနစ်အားလည်း ဆက်လက် အသုံးပြုနိုင်မည် ဖြစ်သဖြင့် iOS နှင့် Android သုံး ပစ္စည်းများမှာ သင့်ဂိမ်းဆော့ရာတွင် ဒုတိယမြောက် မြင်ကွင်းအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

Microsoft အနေဖြင့် Xbox One နှင့်အတူ နာမည်ကျော် Kinect လှုပ်ရှားမှုသုံး ဂိမ်းစနစ် အသစ်အားလည်း ထုတ်ဖော်ပြသခဲ့သည်။ Kinect အသစ်အား အဆင့်မြှင့်တင်မှုများစွာ ပြုလုပ်ထားပြီး တပ်ဆင်ပေးထားသည့် ပုံထွက်နှုန်း 1080p Full HD နှင့် 60 fps ရရှိမည့် ကင်မရာသည် မူရင်း Kinect ၏ ကင်မရာထက် ၆၀ ရာခိုင်နှုန်း ပိုမိုကျယ်ပြန့်သည့် မြင်ကွင်းအား ရရှိမည်ဟု သိရှိရသည်။

ထို့အပြင် Kinect အသစ် အနေဖြင့် လူ ၆ ဦးအား တစ်ပြိုင်နက် ပုံဖမ်းနိုင်မည်ဖြစ်ပြီး (မူရင်း Kinect မှာ လူ ၂ ဦးကိုသာ တစ်ပြိုင်နက် ပုံဖမ်းနိုင်) လက်ချောင်းများ၏ လှုပ်ရှားမှုနှင့် မျက်နှာအမူအရာ စသည်ဖြင့် အနုစိတ်လှုပ်ရှားမှုများအား ဖမ်းယူသိရှိနိုင်မည် ဖြစ်သည်။ အနီအောက်ရောင်ခြည် နည်းပညာ (Active IR) ကို အသုံးပြုထားသဖြင့် အလင်းအမှောင် အနေအထားကြောင့် ပုံရိပ်ဖမ်းမှုအား ထိခိုက်စေတော့မည် မဟုတ်ပေ။

ဈေးနှုန်းနှင့် မည်သည့် အချိန်တွင် ထွက်ရှိမည်တို့ကိုမူ မသိရှိရသေးပါ

ShareThis