Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

ပုဂ္ဂလိက ပညာရေးဂယက်၏ အနားသတ် (ဆောင်းပါး)

Photo: ပုဂ္ဂလိက ပညာရေးဂယက်၏ အနားသတ် (ဆောင်းပါး) Saturday, May 18, 2013  မန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ် ဝန်းကျင်ကပင် နားလည်မှုဖြင့် စတင်ပေါ်ပေါက် လာသော International School (နိုင်ငံတကာ အသိအမှတ်ပြုကျောင်း) များမှာ ၁၈ နှစ်သားရောက်ချိန်အထိ တရားဝင် မှတ်ပုံတင်ကျောင်း အနေနှင့် အသိအမှတ်ပြုခြင်း မရှိသေးသော်လည်း တစ်နှစ်ထက် တစ်နှစ် အသိအမှတ်ပြု လက်ခံသူ ပိုမိုတိုးတက်လာပြီး မြန်မာ့ပညာရေး  ဈေးကွက်တွင် ဈေးကွက် အခိုင်အမာ ရရှိထားပြီးဖြစ်သည်။  သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရတက်လာပြီး ၂ နှစ် ကျော်အကြာ ၂၀၁၃ မေလတွင် International School များ ကျောင်းအပ်ခနှုန်းထား အပြောင်းအလဲနှင့် ဝန်ဆောင်မှုများအပေါ် မကျေနပ်ရာမှ  ကျောင်းသားမိဘနှင့် ကျောင်းအုပ်ချုပ်သူများ အကြား စတင်ပေါ်ပေါက်လာသော ပေါက်ကွဲမှုများမှသည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကပညာရေးစနစ်နှင့် အနားသတ် မဲ့နေသည့် မြန်မာ့ပညာရေး စနစ်ကို မေးခွန်း ထုတ်လာကြသည်။ အမြင်အမျိုးမျိုးဖြင့် ဝေဖန်လာကြသည်။ ယင်းသည်ပင် နှစ်ပေါင်း များစွာ သူ့သဘောသူဆောင်နေသော အနားသတ်မဲ့ မြန်မာ့ပညာရေးအတွက် လားရာသစ်များစွာကို မီးမောင်းထိုးလိုက် သကဲ့သို့ ဖြစ်လာသည်။  ယနေ့မြန်မာနိုင်ငံ အခြေခံပညာရေး နယ်ပယ်ကိုကြည့်ပါက အစိုးရပညာရေး၊ နိုင်ငံတကာ သင်ရိုးများနှင့် သင်ကြားသော ပုဂ္ဂလိကပညာရေးနှင့် အစိုးရသင်ရိုးကို ပင်မ ထား သင်ကြားသော အစိုးရအသိအမှတ်ပြု ပုဂ္ဂလိကပညာရေး ဟူ၍ ပညာရေးစနစ်သုံး မျိုးရှိနေသည်။  အစိုးရပညာရေးကို ကြည့်ပါက ပြည်သူလူထု၏ ယုံကြည်မှု  ပျောက်ဆုံးနေသည် အထိ နှစ်ကာလကြာရှည်စွာ စနစ်ဆိုး၏ အောက်တွင် ပျက်စီးယိုယွင်းနေရသည်။ အုပ်ချုပ်သူအဆက်ဆက် စမ်းသပ်  ပြုပြင်ခဲ့သော ပညာရေးစနစ်များသည် နိုင်ငံတကာ ပညာရေးနှင့်  ဝေးကွာခဲ့သလို အာဆီယံဒေသတွင်းမှာလည်း တဖြည်းဖြည်း နိမ့်ကျခဲ့သည်။ လက်တွေ့အားနည်းချက် များနှင့် ဆရာဦးဆောင် သင်ကြားသော ပုံစံများကြောင့် စာသင်ခန်းနှင့်ကျောင်းသားများ ကြား ခြားနားလာခဲ့သလို အရည်အချင်းစစ် စာမေးပွဲစနစ် ယိုယွင်းချက်ကြောင့် တွေးခေါ် စဉ်းစားနိုင်စွမ်းထက် အလွတ်ကျက် ပညာရေးစနစ် အဖြစ် ပြောင်းလဲခဲ့သည်။ ထို့ကြောင့် ကျောင်းသားများ၏ တစ်နေ့တာအချိန် သုံးပုံနှစ်ပုံနီးပါးမှာ  ကျောင်းတွင်း စာသင်ချိန်၊ ကျူရှင်ချိန် (ကျောင်းစာကို နားမလည်သဖြင့် ကျူရှင်တွင် အချိန်ပိုယူ သင်ကြားချိန်)၊ စာကျက်ချိန်တို့ဖြင့် အချိန် ကုန်သွားသည်။  ကျောင်းသား တစ်ယောက်အတွက် တစ်ရက် ၁၃ နာရီမှ ၁၆ နာရီအထိ အချိန်များ ကို ကျောင်းစာအတွက် အသုံးပြုရသဖြင့် အိပ်ချိန်ရှစ်နာရီ  ပေါင်းပါက ကိုယ်ပိုင်အချိန် မရှိသလောက်အထိ ဖြစ်သွားခဲ့သည်။  ယင်းသည်ပင် အစိုးရပညာရေးစနစ်၏ အဓိကအားနည်းချက် ဖြစ်လာသည်၊ အမှန်တကယ်တတ်ခြင်း၊ မတတ်ခြင်း၊ လက်တွေ့နယ်ပယ်တွင် အသုံးဝင်ခြင်း၊ မဝင်ခြင်းကို ထည့်မတွက် သေးသည့်တိုင် အစိုးရပညာရေး စနစ်မှာ ပြုပြင်စရာ လိုအပ်ချက်များစွာ ရှိနေသည်။ ယင်းကြောင့်ပင် မြန်မာ့ပညာရေး စနစ်ကို အောက်ခြေကပင် ပြန်လည်ပြုပြင်ရန် လိုအပ်ကြောင်း ပညာရှင်များက ယနေ့ပြောကြားလာခြင်း ဖြစ်သည်။   အစိုးရပညာရေး စနစ်၏ အဆိုပါ အားနည်းချက်များကြောင့်  ငွေကြေးတတ် နိုင်သူများက နိုင်ငံခြားပညာရေးကို အလေးပေး ဦးတည်သော International School များကို အားပြုလာကြသည်။ မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ်မှ စတင်ဖွင့်လှစ်လာသည့် International School များမှာ ကမ္ဘာ့အဆင့် ပညာရေး စနစ်အမျိုးမျိုးဖြင့် သင်ကြားကြခြင်းဖြစ်ပြီး သင်ရိုး၊ သင်ကြားနည်း အမျိုးမျိုးကွဲပြား ကြသည်။  "မြန်မာနိုင်ငံမှာ အမေရိကန် ပညာရေးစနစ်နဲ့ သင်ကြားနေတဲ့  ကျောင်းတွေထဲမှာ အမေရိကား အသိအမှတ်ပြု လက်မှတ်ရထားတာ ISY (International School Yangon)၊ ISM (International School of Myanmar)၊ YIS (Yangon International School) ရယ် အဲဒီကျောင်းတွေ ရှိတယ်၊ ISY ကတော့ အမေရိကန် သံရုံးက ပညာရေးဌာန အသိအမှတ်ပြုနဲ့ လုပ်လာတာ နှစ် ၅၀ ရှိပြီ။ သူက သက်တမ်း အကြာဆုံးပဲ၊ Horizon ကျောင်းကတော့ ဆွစ်ဇာလန် ပညာရေးစနစ်ကို သုံးတယ်၊ သူလည်း အသိအမှတ်ပြုလက်မှတ် ရထားတာပဲ" ဟု မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ရှိ နိုင်ငံတကာ အသိအမှတ်ပြု ပုဂ္ဂလိကကျောင်း များတွင် သင်ကြားရေး အတွေ့ အကြုံ ၁၅ နှစ်နီးပါးရှိသူ ဦးအောင်ဆန်းမြင့် က ရှင်းပြသည်။  ယင်းသို့ အသိအမှတ်ပြုသည့် နိုင်ငံများ မတူသကဲ့သို့ သင်ကြားသည့် စနစ်မတူခြင်း၊ သင်ရိုးမတူခြင်း တို့ကြောင့် ကျောင်းသားမိဘ အများစုအတွက် ကျောင်းရွေးချယ်မှု၊ ကျောင်းပြောင်းရွှေ့မှု များတွင် ဆုံးဖြတ် ချက်ချနိုင်ရန် ခက်ခဲလေ့ရှိသည်။ထို့အပြင် ကျောင်းအများစုတွင်  မြန်မာဘာသာ မသင်ကြားခြင်း၊ မြန်မာ့သမိုင်း အပါအဝင် မြန်မာနိုင်ငံသား တစ်ဦး သိသင့်သိထိုက်သည့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ် အလာ အကြောင်း သင်ကြားမှု မရှိခြင်း တို့မှာလည်း အကြီးမားဆုံးပြဿနာ တစ်ရပ်အဖြစ် ပညာရှင်များက ထောက်ပြကြသည်။  တစ်ဖက်တွင်လည်း အားနည်းချက် ရှိလျက်နှင့် အင်္ဂလိပ်စာတတ်ကျွမ်းမှု အပါအဝင် နိုင်ငံတကာ အသိအမှတ်ပြုပညာရေး၊ ဘဝအာမခံချက် ရှိခြင်းတို့ကြောင့် International School များတွင် တက်ရောက် သင်ကြားသူများမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်။  သို့သော် ယခုလဆန်းပိုင်းက International School of Myanmar (ISM) ကျောင်းတွင် ဖြစ်ပွားခဲ့သည့် ကျောင်းလခ တိုးမြှင့်ခြင်းမှ စသည့် ကျောင်းသား မိဘ များနှင့် ကျောင်းအုပ်ချုပ်သူများ အကြား အငြင်းပွားမှုမှာ ၁၈နှစ်ဝန်းကျင် သက်တမ်း ရှိလာပြီဖြစ်သော International School များကို ပြန်လည်ဆန်းစစ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း သတိပေး ခေါင်းလောင်းထိုး လိုက်သကဲ့သို့ ဖြစ်သွားသည်။  ယင်း၏ နောက်ဆက်တွဲအဖြစ် ကျောင်းလခတိုးမြှင့်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာဖြင့် တင်ပြခြင်းနှင့် International School များနှင့် ပတ်သက်သော ဥပဒေတစ်ရပ်  ပြဋ္ဌာန်းပေးရန် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌများထံ အိတ်ဖွင့် ပေးစာဖြင့် တင်ပြခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း ISM ကျောင်းမှ ကျောင်းသား မိဘများက ထုတ်ပြန်လိုက်သည်။  "နောက်ဆက်တွဲပြဿနာတွေ အများကြီးရှိသေးတယ်၊ နိုင်ငံခြားသား ဆရာ ဆရာမတွေ ဆိုရင် သူတို့နေထိုင်ခွင့် ဗီဇာကို အမျိုးမျိုးပြပြီး ခေါ်ထားတယ်၊ တရားဝင် ဆရာ ဆရာမ အဖြစ်ခေါ်ထားတာ မဟုတ်တဲ့အတွက် သူတို့ဆီက အခွန်လည်း မရဘူး၊ အရင်လုပ်ခဲ့တဲ့ ISM ကျောင်းမှာ ဆို သူတို့အတွက် တစ်လ လစာက ဒေါ်လာ ၁၅၀၀ ကနေ ဒေါ်လာ ၂၅၀၀ ထိပေးရတယ်၊ ဆရာ ဆရာမ အားလုံးအတွက်ဆို ဒေါ်လာ ငါးသိန်းလောက် အသားတင်ကုန်တယ်၊ ကျန်တာ သူတို့နေစရိတ်၊ ဗီဇာပြည့်ရင် ထိုင်းတို့ကို ရှောင်တိမ်းဖို့အတွက် လေယာဉ် လက်မှတ်ခ၊ စားစရိတ် အကုန်ပေးရတယ်" ဟု ဆရာ ဦးအောင်ဆန်းမြင့်က ဆိုသည်။  ထို့ကြောင့် ပညာရေးကုမ္ပဏီ သို့မဟုတ် ပညာရေးအတိုင်ပင်ခံ အမည်ခံနှင့် ဖွင့်ထား ကြသည့် နိုင်ငံတကာကျောင်းများ တရားဝင် ဖြစ်ရေး၊ ဥပဒေတစ်ရပ်နှင့် ထိန်းကွပ်ရေး ဆိုသည့် တောင်းဆိုချက်တစ်ရပ် အသက် ဝင်လာသည်။  "ဥပဒေပေါ်လာတာ ကောင်းပါတယ်၊ ဒါပေမဲ့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အချိန်ယူလေ့လာပြီး ဘယ်နိုင်ငံကပညာရေး ဥပဒေတွေက ဘယ်လိုရှိတယ်၊ ဘယ်လိုစနစ် မျိုးက ဘာအားနည်းချက် ရှိတယ်ဆိုတာ မျိုးဆုံးဖြတ်ပြီးမှ ဥပဒေပြဋ္ဌာန်းသင့်တယ်၊ မရည်ရွယ်ဘဲဖြစ်လာတဲ့ နောက်ဆက်တွဲ  ပြဿနာတွေ မဖြစ်စေချင်ဘူး၊ ဥပဒေ ပြဋ္ဌာန်းလိုက်မှ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ မဖြစ်လာစေချင်ဘူးဟု Horizon International School မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲထွန်းက သုံးသပ်သည်။  International School များမှာ ဖန်တီးနိုင်စွမ်း (Creativity)၊ မတူ ကွဲပြားမှု (Diversity)၊ နည်းပညာသစ်၊ အတွေး အခေါ်သစ်များကို ချိတ်ဆက် လုပ်ဆောင် နိုင်ရန် သင်ကြားရခြင်းဖြစ်ရာ ယင်းတို့ကို လိုက်လျောညီထွေ လုပ်ဆောင်နိုင်သည့် ဥပဒေမဖြစ်ပါက သင်ကြားမှုကို ထိခိုက် နိုင်ကြောင်း ၄င်းကဆိုသည်။  လက်ရှိအနေအထားတွင် အခြေကျနေပြီး အားကောင်းစပြုနေသည့်  နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများ အတွက်မူ စနစ်သစ် တစ်ခုကြောင့် ဟန်ချက်ပျက်သွားမည် ကိုမူ ကျောင်းတည်ထောင်သူ များရော ကျောင်းသား မိဘများ ဘက်ကပါ စိုးရိမ်ကြမည်မှာ သေချာသည်။  ယင်းသို့ပင် အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် စတင်အတည်ပြု  ပြဋ္ဌာန်း လိုက်သည့် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေနှင့် နည်းဥပဒေများအရ ပေါ်ပေါက် လာသည့် အစိုးရအသိအမှတ်ပြု ပုဂ္ဂလိက ကျောင်းများတွင်လည်း အားနည်းချက်များ စွာရှိပြီး ဝေဖန်မှုများစွာ ရှိနေသည်။  အထူးသဖြင့် ကိုယ်ပိုင်ကျောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်း ရှုပ်ထွေးမှုများကြောင့် ကျောင်း တည်ထောင်သူများတွင် အခက်အခဲများစွာ ရှိနေကြောင်း အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိကကျောင်း တည်ထောင်လိုသူများက ဆိုသည်။  နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများ ကို ဥပဒေမရှိ၊ ကန့်သတ်ချက်မရှိ ခွင့်ပြုထား သော်လည်း အစိုးရအသိအမှတ်ပြု ပုဂ္ဂလိက ကျောင်းများမှာမူ အလုပ်လုပ်ကိုင်ရန် ခက်ခဲသည့် အနေအထားအထိပင် လုပ်ထုံး လုပ်နည်းများ တင်းကျပ်ထားခြင်းမှာ မေးခွန်းထုတ်ရမည် ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။ယင်းကြောင့် ကျောင်းလခတိုးမြှင့်မှု မှ  စတင်သည့် ပုဂ္ဂလိကပညာရေး ဂယက်မှာ အနားသတ်မဲ့ဖြစ်နေပြီး အဆင်ပြေသလို လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံပညာရေး စနစ်အတွက် အနားသတ်တစ်ခု တောင်းဆိုလာခြင်းဟု ဆိုရမည်ဖြစ်သည်။  အဆိုပါ အနားသတ်တစ်ခုမှာ မြန်မာပညာရေး နယ်ပယ် တစ်ခုလုံးအတွက် သင့်လျော်သည့် ပညာရေးဥပဒေ တစ်ရပ် ပေါ်ထွန်းလာရေးဟု ဆိုသည်။ "ခိုင်ခိုင်မာမာ ပြောရရင် နိုင်ငံရဲ့ ပညာရေးဖွံ့ဖြိုးမှု စနစ်ကို အမြဲတမ်း အထောက် အပံ့ပေးနိုင်တဲ့ အမျိုးသားပညာရေး ဥပဒေ လို့ခေါ်တဲ့ ပေတံတစ်ချောင်း လိုတယ်၊ အဲဒီ ပညာရေးဥပဒေ မရှိရင် မြန်မာနိုင်ငံပညာရေး က နှောင့်နှေးနေမှာပဲ၊ ဒီဟာက ဘယ်တုန်း ကမှ မြန်မာနိုင်ငံမှာ မရှိခဲ့ဘူး၊ တခြားနိုင်ငံ တွေမှာတော့ ဒီလိုဥပဒေတွေ ပြဋ္ဌာန်းပြီး ဆောင်ရွက်ကြတယ်" ဟု နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေး ကွန်ရက် ပြန်ကြားရေးတာဝန်ခံ  ဒေါက်တာဘိုင်အိုက ထောက်ပြသည်။  သို့သော် ပညာရေးဥပဒေတစ်ရပ် ပေါ်ထွန်းလာရေး ချက်ချင်းလုပ်ဆောင် နိုင်သည့် ကိစ္စမဟုတ်ဘဲ အချိန်ယူစနစ်တကျ လုပ်ဆောင်ရမည်ဖြစ်ရာ ပထမဆုံးသက်တမ်း အလိုက် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသော၊ ထိန်းကွပ်စောင့်ကြည့်နေသော အဖွဲ့အစည်းတစ်ရပ် ပိုမိုလိုအပ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။  နိုင်ငံတကာအဆင့် ပုဂ္ဂလိကကျောင်း များအတွက်  ကျောင်းများကိုစောင့်ကြည့် သုံးသပ်သည့် ကော်မတီ ရှိရမည်ဖြစ်ကြောင်း၊ ယင်းကော်မတီက ကျောင်းများ၏ သင်ရိုး ညွှန်းတမ်း မာတိကာနှင့်  ကျောင်းများ၏ သတ်မှတ်စည်းကမ်းများ၊ အစိုးရပညာသင် ကျောင်းများနှင့် ချိတ်ဆက်မှုတို့ကို ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံတွင် ယင်းသို့လုပ်ဆောင်ကြကြောင်း ဆရာ ဦးအောင်ဆန်းမြင့်က ရှင်းပြသည်။ "နောက်ပြီး အဲဒီကော်မတီက သတ်မှတ်ချက်တွေအတိုင်း လိုက်နာနိုင်တဲ့ မည်သည့်ကျောင်းမဆို ဒီမှာဖွင့်လှစ်ခွင့် ရတဲ့အတွက် အပြိုင်အဆိုင်တွေ များရင် ကျောင်းသားတွေအတွက် ရွေးချယ်စရာ တွေ များလာနိုင်တယ်" ဟု ၄င်းကဆိုသည်။  ပြည်ပနိုင်ငံများ တွင်မူ နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများ အတွက် ဖွဲ့စည်းထားသော ကော်မရှင်က အဆိုပါကျောင်းများ အတွက် လိုင်စင်သတ်မှတ်ခြင်း၊ လိုအပ်မည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးခြင်း၊ အရည်အသွေးဆိုင်ရာ ထောက်ခံချက် ပေးခြင်းနှင့် သင်ရိုးညွှန်းတမ်းများ တွင် နိုင်ငံ၏ စာပေ နှင့် ယဉ်ကျေးမှု သမိုင်းနောက်ခံများ ကို မသင်မနေရ သင်ကြားပေးစေခြင်း တို့ သတ်မှတ်ကြကြောင်း Tip Top ပညာရေး အတိုင်ပင်ခံ ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်မင်းထွန်းက  ပြောကြားသည်။  ယင်းသို့ပင် ပုဂ္ဂလိကဆရာများ အသင်းချုပ် ပြန်ကြားရေးမှူးလည်း  ဖြစ်သည့် ဒေါက်တာစိုးဝင်းဦး (ဒေါက်တာဘိုင်အို) ကလည်း "စင်ကာပူနိုင်ငံ မှာလည်း ပုဂ္ဂလိက ကျောင်းကောင်စီဆိုတာ ရှိတယ်၊ အဲဒီ ကောင်စီက လွတ်လပ်တဲ့ပညာရေးနဲ့ အကြံပေးပုဂ္ဂိုလ်တွေ၊ ပညာရေးစီမံကိန်းကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ နိုင်ငံတကာ အကြံပေးတွေ၊ ပညာရေးဝန်ကြီးဌာနက အရာရှိတွေ ပူးပေါင်းပြီး ဖွဲ့ထားတယ်၊ မြန်မာနိုင်ငံ မှာလည်း အဲလိုကောင်စီတစ်ရပ် ပေါ်ဖို့ လိုအပ်တယ်၊ ဥပဒေ မပေါ်လာမီမှာ ဒီကောင်စီကို အရင် ဖွဲ့စည်းထားသင့်တယ်၊ သူက တစ်ဆင့် ပုဂ္ဂလိက ပညာရေးဥပဒေ ပေါ်လာဖို့ ညှိနှိုင်းရမယ်" ဟုထောက်ပြသည်။  ပုဂ္ဂလိက ပညာရေးစနစ် ပီပီပြင်ပြင် ပေါ်ပေါက်လာရေးမှာ မြန်မာနိုင်ငံ ပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးကြောင်း၊ အဘယ်ကြောင့်ဆိုသော် အစိုးရက ပညာရေးဝန်ထုပ်ဝန်ပိုးကို မနိုင်ဝန် ထမ်းနေရကြောင်း၊ ငွေကြေးတတ်နိုင် သူများက ပုဂ္ဂလိကကျောင်းများသို့  ရောက်ရှိ သွားပါက အစိုးရ၏ ဝန်ထုပ်ဝန်ပိုးလျော့ သွားသည့် အတွက် ငွေကြေးမတတ်နိုင် သူများအတွက် ကောင်းမွန်သည့် ပညာရေး ကို အစိုးရက ကောင်းစွာ၊ နိုင်နိုင်နင်းနင်း ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း ၄င်းက သုံးသပ်ပြသည်။  ယင်းကြောင့် မြန်မာပညာရေး ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ပညာရေးနယ်ပယ် အသီးသီးကို ကိုယ်စားပြုသော ပညာရေး ဥပဒေတစ်ရပ် ရေးဆွဲရန် လိုအပ်နေပြီး ယင်းဥပဒေ စနစ်တကျ ရေးဆွဲနိုင်စေရန် အတွက် ပညာရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များပါဝင်သော ကော်မရှင် တစ်ရပ် ပေါ်ပေါက်ရန် လိုအပ်နေပြီဖြစ်သည်။  ယင်းမှာ ကျောင်းလခ တိုးမြှင့်ရာမှ ဖြစ်ပေါ်လာသည့် ပညာရေး ဂယက်က ပေးသည့် အထိန်းအကွပ်မဲ့ မြန်မာ့ပညာရေး စနစ်အတွက် အနားသတ်ဖြစ်လာ မည်လား ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်ပေသည်။  The Voice Weekly
မန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ် ဝန်းကျင်ကပင် နားလည်မှုဖြင့် စတင်ပေါ်ပေါက် လာသော International School (နိုင်ငံတကာ အသိအမှတ်ပြုကျောင်း) များမှာ ၁၈ နှစ်သားရောက်ချိန်အထိ တရားဝင် မှတ်ပုံတင်ကျောင်း အနေနှင့် အသိအမှတ်ပြုခြင်း မရှိသေးသော်လည်း တစ်နှစ်ထက် တစ်နှစ် အသိအမှတ်ပြု လက်ခံသူ ပိုမိုတိုးတက်လာပြီး မြန်မာ့ပညာရေးဈေးကွက်တွင် ဈေးကွက် အခိုင်အမာ ရရှိထားပြီးဖြစ်သည်။
သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရတက်လာပြီး ၂ နှစ် ကျော်အကြာ ၂၀၁၃ မေလတွင် International School များ ကျောင်းအပ်ခနှုန်းထား အပြောင်းအလဲနှင့် ဝန်ဆောင်မှုများအပေါ် မကျေနပ်ရာမှ
ကျောင်းသားမိဘနှင့် ကျောင်းအုပ်ချုပ်သူများ အကြား စတင်ပေါ်ပေါက်လာသော ပေါက်ကွဲမှုများမှသည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကပညာရေးစနစ်နှင့် အနားသတ် မဲ့နေသည့် မြန်မာ့ပညာရေး
စနစ်ကို မေးခွန်း ထုတ်လာကြသည်။ အမြင်အမျိုးမျိုးဖြင့် ဝေဖန်လာကြသည်။ ယင်းသည်ပင် နှစ်ပေါင်း များစွာ သူ့သဘောသူဆောင်နေသော အနားသတ်မဲ့ မြန်မာ့ပညာရေးအတွက် လားရာသစ်များစွာကို မီးမောင်းထိုးလိုက် သကဲ့သို့ ဖြစ်လာသည်။

ယနေ့မြန်မာနိုင်ငံ အခြေခံပညာရေး နယ်ပယ်ကိုကြည့်ပါက အစိုးရပညာရေး၊ နိုင်ငံတကာ သင်ရိုးများနှင့် သင်ကြားသော ပုဂ္ဂလိကပညာရေးနှင့် အစိုးရသင်ရိုးကို ပင်မ ထား သင်ကြားသော အစိုးရအသိအမှတ်ပြု ပုဂ္ဂလိကပညာရေး ဟူ၍ ပညာရေးစနစ်သုံး မျိုးရှိနေသည်။
အစိုးရပညာရေးကို ကြည့်ပါက ပြည်သူလူထု၏ ယုံကြည်မှု
ပျောက်ဆုံးနေသည် အထိ နှစ်ကာလကြာရှည်စွာ စနစ်ဆိုး၏ အောက်တွင် ပျက်စီးယိုယွင်းနေရသည်။ အုပ်ချုပ်သူအဆက်ဆက် စမ်းသပ်
ပြုပြင်ခဲ့သော ပညာရေးစနစ်များသည် နိုင်ငံတကာ ပညာရေးနှင့်
ဝေးကွာခဲ့သလို အာဆီယံဒေသတွင်းမှာလည်း တဖြည်းဖြည်း နိမ့်ကျခဲ့သည်။ လက်တွေ့အားနည်းချက် များနှင့် ဆရာဦးဆောင် သင်ကြားသော ပုံစံများကြောင့် စာသင်ခန်းနှင့်ကျောင်းသားများ ကြား ခြားနားလာခဲ့သလို အရည်အချင်းစစ် စာမေးပွဲစနစ် ယိုယွင်းချက်ကြောင့် တွေးခေါ် စဉ်းစားနိုင်စွမ်းထက် အလွတ်ကျက် ပညာရေးစနစ် အဖြစ် ပြောင်းလဲခဲ့သည်။
ထို့ကြောင့် ကျောင်းသားများ၏ တစ်နေ့တာအချိန် သုံးပုံနှစ်ပုံနီးပါးမှာ
ကျောင်းတွင်း စာသင်ချိန်၊ ကျူရှင်ချိန် (ကျောင်းစာကို နားမလည်သဖြင့် ကျူရှင်တွင် အချိန်ပိုယူ သင်ကြားချိန်)၊ စာကျက်ချိန်တို့ဖြင့် အချိန် ကုန်သွားသည်။

ကျောင်းသား တစ်ယောက်အတွက် တစ်ရက် ၁၃ နာရီမှ ၁၆ နာရီအထိ အချိန်များ ကို ကျောင်းစာအတွက် အသုံးပြုရသဖြင့် အိပ်ချိန်ရှစ်နာရီ
ပေါင်းပါက ကိုယ်ပိုင်အချိန် မရှိသလောက်အထိ ဖြစ်သွားခဲ့သည်။

ယင်းသည်ပင် အစိုးရပညာရေးစနစ်၏ အဓိကအားနည်းချက် ဖြစ်လာသည်၊ အမှန်တကယ်တတ်ခြင်း၊ မတတ်ခြင်း၊ လက်တွေ့နယ်ပယ်တွင် အသုံးဝင်ခြင်း၊ မဝင်ခြင်းကို ထည့်မတွက် သေးသည့်တိုင် အစိုးရပညာရေး စနစ်မှာ ပြုပြင်စရာ လိုအပ်ချက်များစွာ ရှိနေသည်။ ယင်းကြောင့်ပင် မြန်မာ့ပညာရေး စနစ်ကို အောက်ခြေကပင် ပြန်လည်ပြုပြင်ရန် လိုအပ်ကြောင်း ပညာရှင်များက ယနေ့ပြောကြားလာခြင်း ဖြစ်သည်။

အစိုးရပညာရေး စနစ်၏ အဆိုပါ အားနည်းချက်များကြောင့်
ငွေကြေးတတ် နိုင်သူများက နိုင်ငံခြားပညာရေးကို အလေးပေး ဦးတည်သော International School များကို အားပြုလာကြသည်။
မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ်မှ စတင်ဖွင့်လှစ်လာသည့် International School များမှာ ကမ္ဘာ့အဆင့် ပညာရေး စနစ်အမျိုးမျိုးဖြင့် သင်ကြားကြခြင်းဖြစ်ပြီး သင်ရိုး၊ သင်ကြားနည်း အမျိုးမျိုးကွဲပြား ကြသည်။

"မြန်မာနိုင်ငံမှာ အမေရိကန် ပညာရေးစနစ်နဲ့ သင်ကြားနေတဲ့
ကျောင်းတွေထဲမှာ အမေရိကား အသိအမှတ်ပြု လက်မှတ်ရထားတာ ISY (International School Yangon)၊ ISM (International School of Myanmar)၊ YIS (Yangon International School) ရယ် အဲဒီကျောင်းတွေ ရှိတယ်၊ ISY ကတော့ အမေရိကန် သံရုံးက ပညာရေးဌာန အသိအမှတ်ပြုနဲ့ လုပ်လာတာ နှစ် ၅၀ ရှိပြီ။ သူက သက်တမ်း အကြာဆုံးပဲ၊ Horizon ကျောင်းကတော့ ဆွစ်ဇာလန် ပညာရေးစနစ်ကို သုံးတယ်၊ သူလည်း အသိအမှတ်ပြုလက်မှတ် ရထားတာပဲ" ဟု မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ရှိ နိုင်ငံတကာ အသိအမှတ်ပြု ပုဂ္ဂလိကကျောင်း များတွင် သင်ကြားရေး အတွေ့ အကြုံ ၁၅ နှစ်နီးပါးရှိသူ ဦးအောင်ဆန်းမြင့် က ရှင်းပြသည်။

ယင်းသို့ အသိအမှတ်ပြုသည့် နိုင်ငံများ မတူသကဲ့သို့ သင်ကြားသည့် စနစ်မတူခြင်း၊ သင်ရိုးမတူခြင်း တို့ကြောင့် ကျောင်းသားမိဘ အများစုအတွက် ကျောင်းရွေးချယ်မှု၊ ကျောင်းပြောင်းရွှေ့မှု များတွင် ဆုံးဖြတ် ချက်ချနိုင်ရန် ခက်ခဲလေ့ရှိသည်။ထို့အပြင် ကျောင်းအများစုတွင်
မြန်မာဘာသာ မသင်ကြားခြင်း၊ မြန်မာ့သမိုင်း အပါအဝင် မြန်မာနိုင်ငံသား တစ်ဦး သိသင့်သိထိုက်သည့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ် အလာ အကြောင်း သင်ကြားမှု မရှိခြင်း တို့မှာလည်း အကြီးမားဆုံးပြဿနာ တစ်ရပ်အဖြစ် ပညာရှင်များက ထောက်ပြကြသည်။

တစ်ဖက်တွင်လည်း အားနည်းချက် ရှိလျက်နှင့် အင်္ဂလိပ်စာတတ်ကျွမ်းမှု အပါအဝင် နိုင်ငံတကာ အသိအမှတ်ပြုပညာရေး၊ ဘဝအာမခံချက် ရှိခြင်းတို့ကြောင့် International School များတွင် တက်ရောက် သင်ကြားသူများမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်။

သို့သော် ယခုလဆန်းပိုင်းက International School of Myanmar (ISM) ကျောင်းတွင် ဖြစ်ပွားခဲ့သည့် ကျောင်းလခ တိုးမြှင့်ခြင်းမှ စသည့် ကျောင်းသား မိဘ များနှင့် ကျောင်းအုပ်ချုပ်သူများ အကြား အငြင်းပွားမှုမှာ ၁၈နှစ်ဝန်းကျင် သက်တမ်း ရှိလာပြီဖြစ်သော International School များကို ပြန်လည်ဆန်းစစ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း သတိပေး ခေါင်းလောင်းထိုး လိုက်သကဲ့သို့ ဖြစ်သွားသည်။
ယင်း၏ နောက်ဆက်တွဲအဖြစ် ကျောင်းလခတိုးမြှင့်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာဖြင့် တင်ပြခြင်းနှင့် International School များနှင့် ပတ်သက်သော ဥပဒေတစ်ရပ်
ပြဋ္ဌာန်းပေးရန် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌများထံ အိတ်ဖွင့် ပေးစာဖြင့် တင်ပြခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း ISM ကျောင်းမှ ကျောင်းသား မိဘများက ထုတ်ပြန်လိုက်သည်။

"နောက်ဆက်တွဲပြဿနာတွေ အများကြီးရှိသေးတယ်၊ နိုင်ငံခြားသား ဆရာ ဆရာမတွေ ဆိုရင် သူတို့နေထိုင်ခွင့် ဗီဇာကို အမျိုးမျိုးပြပြီး ခေါ်ထားတယ်၊ တရားဝင် ဆရာ ဆရာမ အဖြစ်ခေါ်ထားတာ မဟုတ်တဲ့အတွက် သူတို့ဆီက အခွန်လည်း မရဘူး၊ အရင်လုပ်ခဲ့တဲ့ ISM ကျောင်းမှာ ဆို သူတို့အတွက် တစ်လ လစာက ဒေါ်လာ ၁၅၀၀ ကနေ ဒေါ်လာ ၂၅၀၀ ထိပေးရတယ်၊ ဆရာ ဆရာမ အားလုံးအတွက်ဆို ဒေါ်လာ ငါးသိန်းလောက် အသားတင်ကုန်တယ်၊ ကျန်တာ သူတို့နေစရိတ်၊ ဗီဇာပြည့်ရင် ထိုင်းတို့ကို ရှောင်တိမ်းဖို့အတွက် လေယာဉ် လက်မှတ်ခ၊ စားစရိတ် အကုန်ပေးရတယ်" ဟု ဆရာ ဦးအောင်ဆန်းမြင့်က ဆိုသည်။

ထို့ကြောင့် ပညာရေးကုမ္ပဏီ သို့မဟုတ် ပညာရေးအတိုင်ပင်ခံ အမည်ခံနှင့် ဖွင့်ထား ကြသည့် နိုင်ငံတကာကျောင်းများ တရားဝင် ဖြစ်ရေး၊ ဥပဒေတစ်ရပ်နှင့် ထိန်းကွပ်ရေး ဆိုသည့် တောင်းဆိုချက်တစ်ရပ် အသက် ဝင်လာသည်။
"ဥပဒေပေါ်လာတာ ကောင်းပါတယ်၊ ဒါပေမဲ့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အချိန်ယူလေ့လာပြီး ဘယ်နိုင်ငံကပညာရေး ဥပဒေတွေက ဘယ်လိုရှိတယ်၊ ဘယ်လိုစနစ် မျိုးက ဘာအားနည်းချက် ရှိတယ်ဆိုတာ မျိုးဆုံးဖြတ်ပြီးမှ ဥပဒေပြဋ္ဌာန်းသင့်တယ်၊ မရည်ရွယ်ဘဲဖြစ်လာတဲ့ နောက်ဆက်တွဲ
ပြဿနာတွေ မဖြစ်စေချင်ဘူး၊ ဥပဒေ ပြဋ္ဌာန်းလိုက်မှ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ မဖြစ်လာစေချင်ဘူးဟု Horizon International School မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲထွန်းက သုံးသပ်သည်။

International School များမှာ ဖန်တီးနိုင်စွမ်း (Creativity)၊ မတူ ကွဲပြားမှု (Diversity)၊ နည်းပညာသစ်၊ အတွေး အခေါ်သစ်များကို ချိတ်ဆက် လုပ်ဆောင် နိုင်ရန် သင်ကြားရခြင်းဖြစ်ရာ ယင်းတို့ကို လိုက်လျောညီထွေ လုပ်ဆောင်နိုင်သည့် ဥပဒေမဖြစ်ပါက သင်ကြားမှုကို ထိခိုက် နိုင်ကြောင်း ၄င်းကဆိုသည်။

လက်ရှိအနေအထားတွင် အခြေကျနေပြီး အားကောင်းစပြုနေသည့်
နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများ အတွက်မူ စနစ်သစ် တစ်ခုကြောင့် ဟန်ချက်ပျက်သွားမည် ကိုမူ ကျောင်းတည်ထောင်သူ များရော ကျောင်းသား မိဘများ ဘက်ကပါ စိုးရိမ်ကြမည်မှာ သေချာသည်။

ယင်းသို့ပင် အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် စတင်အတည်ပြု
ပြဋ္ဌာန်း လိုက်သည့် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေနှင့် နည်းဥပဒေများအရ ပေါ်ပေါက် လာသည့် အစိုးရအသိအမှတ်ပြု ပုဂ္ဂလိက ကျောင်းများတွင်လည်း အားနည်းချက်များ စွာရှိပြီး ဝေဖန်မှုများစွာ ရှိနေသည်။

အထူးသဖြင့် ကိုယ်ပိုင်ကျောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်း ရှုပ်ထွေးမှုများကြောင့် ကျောင်း တည်ထောင်သူများတွင် အခက်အခဲများစွာ ရှိနေကြောင်း အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိကကျောင်း တည်ထောင်လိုသူများက ဆိုသည်။

နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများ ကို ဥပဒေမရှိ၊ ကန့်သတ်ချက်မရှိ ခွင့်ပြုထား သော်လည်း အစိုးရအသိအမှတ်ပြု ပုဂ္ဂလိက ကျောင်းများမှာမူ အလုပ်လုပ်ကိုင်ရန် ခက်ခဲသည့် အနေအထားအထိပင် လုပ်ထုံး လုပ်နည်းများ တင်းကျပ်ထားခြင်းမှာ မေးခွန်းထုတ်ရမည် ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။ယင်းကြောင့် ကျောင်းလခတိုးမြှင့်မှု မှ
စတင်သည့် ပုဂ္ဂလိကပညာရေး ဂယက်မှာ အနားသတ်မဲ့ဖြစ်နေပြီး အဆင်ပြေသလို လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံပညာရေး စနစ်အတွက် အနားသတ်တစ်ခု တောင်းဆိုလာခြင်းဟု ဆိုရမည်ဖြစ်သည်။

အဆိုပါ အနားသတ်တစ်ခုမှာ မြန်မာပညာရေး နယ်ပယ် တစ်ခုလုံးအတွက် သင့်လျော်သည့် ပညာရေးဥပဒေ တစ်ရပ် ပေါ်ထွန်းလာရေးဟု ဆိုသည်။
"ခိုင်ခိုင်မာမာ ပြောရရင် နိုင်ငံရဲ့ ပညာရေးဖွံ့ဖြိုးမှု စနစ်ကို အမြဲတမ်း အထောက် အပံ့ပေးနိုင်တဲ့ အမျိုးသားပညာရေး ဥပဒေ လို့ခေါ်တဲ့ ပေတံတစ်ချောင်း လိုတယ်၊ အဲဒီ ပညာရေးဥပဒေ မရှိရင် မြန်မာနိုင်ငံပညာရေး က နှောင့်နှေးနေမှာပဲ၊ ဒီဟာက ဘယ်တုန်း ကမှ မြန်မာနိုင်ငံမှာ မရှိခဲ့ဘူး၊ တခြားနိုင်ငံ တွေမှာတော့ ဒီလိုဥပဒေတွေ ပြဋ္ဌာန်းပြီး ဆောင်ရွက်ကြတယ်" ဟု နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေး ကွန်ရက် ပြန်ကြားရေးတာဝန်ခံ
ဒေါက်တာဘိုင်အိုက ထောက်ပြသည်။

သို့သော် ပညာရေးဥပဒေတစ်ရပ် ပေါ်ထွန်းလာရေး ချက်ချင်းလုပ်ဆောင် နိုင်သည့် ကိစ္စမဟုတ်ဘဲ အချိန်ယူစနစ်တကျ လုပ်ဆောင်ရမည်ဖြစ်ရာ ပထမဆုံးသက်တမ်း အလိုက် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသော၊ ထိန်းကွပ်စောင့်ကြည့်နေသော အဖွဲ့အစည်းတစ်ရပ် ပိုမိုလိုအပ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

နိုင်ငံတကာအဆင့် ပုဂ္ဂလိကကျောင်း များအတွက်
ကျောင်းများကိုစောင့်ကြည့် သုံးသပ်သည့် ကော်မတီ ရှိရမည်ဖြစ်ကြောင်း၊ ယင်းကော်မတီက ကျောင်းများ၏ သင်ရိုး ညွှန်းတမ်း မာတိကာနှင့်
ကျောင်းများ၏ သတ်မှတ်စည်းကမ်းများ၊ အစိုးရပညာသင် ကျောင်းများနှင့် ချိတ်ဆက်မှုတို့ကို ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံတွင် ယင်းသို့လုပ်ဆောင်ကြကြောင်း ဆရာ ဦးအောင်ဆန်းမြင့်က ရှင်းပြသည်။
"နောက်ပြီး အဲဒီကော်မတီက သတ်မှတ်ချက်တွေအတိုင်း လိုက်နာနိုင်တဲ့ မည်သည့်ကျောင်းမဆို ဒီမှာဖွင့်လှစ်ခွင့် ရတဲ့အတွက် အပြိုင်အဆိုင်တွေ များရင် ကျောင်းသားတွေအတွက် ရွေးချယ်စရာ တွေ များလာနိုင်တယ်" ဟု ၄င်းကဆိုသည်။

ပြည်ပနိုင်ငံများ တွင်မူ နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများ အတွက် ဖွဲ့စည်းထားသော ကော်မရှင်က အဆိုပါကျောင်းများ အတွက် လိုင်စင်သတ်မှတ်ခြင်း၊ လိုအပ်မည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးခြင်း၊ အရည်အသွေးဆိုင်ရာ ထောက်ခံချက် ပေးခြင်းနှင့် သင်ရိုးညွှန်းတမ်းများ တွင် နိုင်ငံ၏ စာပေ နှင့် ယဉ်ကျေးမှု သမိုင်းနောက်ခံများ ကို မသင်မနေရ သင်ကြားပေးစေခြင်း တို့ သတ်မှတ်ကြကြောင်း Tip Top ပညာရေး အတိုင်ပင်ခံ ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်မင်းထွန်းက
ပြောကြားသည်။

ယင်းသို့ပင် ပုဂ္ဂလိကဆရာများ အသင်းချုပ် ပြန်ကြားရေးမှူးလည်း
ဖြစ်သည့် ဒေါက်တာစိုးဝင်းဦး (ဒေါက်တာဘိုင်အို) ကလည်း "စင်ကာပူနိုင်ငံ မှာလည်း ပုဂ္ဂလိက ကျောင်းကောင်စီဆိုတာ ရှိတယ်၊ အဲဒီ ကောင်စီက လွတ်လပ်တဲ့ပညာရေးနဲ့ အကြံပေးပုဂ္ဂိုလ်တွေ၊ ပညာရေးစီမံကိန်းကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ နိုင်ငံတကာ အကြံပေးတွေ၊ ပညာရေးဝန်ကြီးဌာနက အရာရှိတွေ ပူးပေါင်းပြီး ဖွဲ့ထားတယ်၊ မြန်မာနိုင်ငံ မှာလည်း အဲလိုကောင်စီတစ်ရပ် ပေါ်ဖို့ လိုအပ်တယ်၊ ဥပဒေ မပေါ်လာမီမှာ ဒီကောင်စီကို အရင် ဖွဲ့စည်းထားသင့်တယ်၊ သူက တစ်ဆင့် ပုဂ္ဂလိက ပညာရေးဥပဒေ ပေါ်လာဖို့ ညှိနှိုင်းရမယ်" ဟုထောက်ပြသည်။

ပုဂ္ဂလိက ပညာရေးစနစ် ပီပီပြင်ပြင် ပေါ်ပေါက်လာရေးမှာ မြန်မာနိုင်ငံ ပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးကြောင်း၊ အဘယ်ကြောင့်ဆိုသော် အစိုးရက ပညာရေးဝန်ထုပ်ဝန်ပိုးကို မနိုင်ဝန် ထမ်းနေရကြောင်း၊ ငွေကြေးတတ်နိုင် သူများက ပုဂ္ဂလိကကျောင်းများသို့
ရောက်ရှိ သွားပါက အစိုးရ၏ ဝန်ထုပ်ဝန်ပိုးလျော့ သွားသည့် အတွက် ငွေကြေးမတတ်နိုင် သူများအတွက် ကောင်းမွန်သည့် ပညာရေး ကို အစိုးရက ကောင်းစွာ၊ နိုင်နိုင်နင်းနင်း ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း ၄င်းက သုံးသပ်ပြသည်။

ယင်းကြောင့် မြန်မာပညာရေး ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ပညာရေးနယ်ပယ် အသီးသီးကို ကိုယ်စားပြုသော ပညာရေး ဥပဒေတစ်ရပ် ရေးဆွဲရန် လိုအပ်နေပြီး ယင်းဥပဒေ စနစ်တကျ ရေးဆွဲနိုင်စေရန် အတွက် ပညာရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များပါဝင်သော ကော်မရှင် တစ်ရပ် ပေါ်ပေါက်ရန် လိုအပ်နေပြီဖြစ်သည်။

ယင်းမှာ ကျောင်းလခ တိုးမြှင့်ရာမှ ဖြစ်ပေါ်လာသည့် ပညာရေး ဂယက်က ပေးသည့် အထိန်းအကွပ်မဲ့ မြန်မာ့ပညာရေး စနစ်အတွက် အနားသတ်ဖြစ်လာ မည်လား ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်ပေသည်။

The Voice Weekly

လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့် ပြင်သစ်သမ္မတ လက်မှတ်ထိုး

Photo: လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့် ပြင်သစ်သမ္မတ လက်မှတ်ထိုး Sunday, May 19, 2013  ပြင်သစ်နိုင်ငံမှာ အကြီးအကျယ် ငြင်းခုံ ခဲ့ကြတဲ့ လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့် ကို သမ္မတက လက်မှတ်ထိုး လိုက်ပြီ ဖြစ်ပါတယ်။  အတိုက်အခံ လက်ယာ ဂိုဏ်းတွေရဲ့ ကန့်ကွက် စိန်ခေါ်မှုတွေ ကြားက ဒီဥပဒေကို လက်မှတ်ထိုး လိုက်တဲ့ သမ္မတ ဖရန်ဆွာ အော်လန်းက သမ္မတ နိုင်ငံတော်ရဲ့ ဥပဒေ ကို လေးလေး စားစား ရှိကြဖို့ အချိန်တန်ပြီလို့ ပြောဆိုခဲ့ ပါတယ်။  ဒီဥပဒေကို မကျေနပ် ကန့်ကွက်သူ တွေကတော့ သမ္မတ အော်လန်း တက်လာက ထဲက စီးပွားရေး ပြုပြင်ရေးလို လုပ်ဆောင်ရမယ့် အရေးတွေမှာ ဘာမှ မအောင်မြင်လို့ ဒီကိစ္စကို ဖြစ်အောင် လုပ်တာလို့ စွပ်စွဲကြပါတယ်။  ကန့်ကွက်သူများက မေလ ၂၆ ရက်နေ့မှာ ဆန္ဒပြပွဲလုပ်ဖို့ စီစဉ်နေ ကြပြီး အရင်တခါ ဆန္ဒပြပွဲ ကြီးတွေလိုပဲ ဆိုရှယ်လစ် အစိုးရကို မနှစ်မြို့တဲ့ လက်ယာ ဂိုဏ်းသားများရဲ့ မကျေနပ် ချက်တွေ စုပေါင်းပြီး ထိန်းမနိုင် သိမ်းမရတွေ ထပ်ဖြစ်နိုင်ပါတယ်။  ဒီ ထိမ်းမြားခွင့် ဥပဒေဟာ အခြေခံ ဥပဒေပါ အခြေခံ လွတ်လပ်ခွင့် တွေနဲ့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ဘာမှ ထိပါး ကျူးလွန်တာ မရှိဘူးလို့ အခြေခံ ဥပဒေရုံးက သောကြာနေ့က ဆုံးဖြတ်ခဲ့ပါတယ်။  ဒီဥပဒေကို မကျေနပ်သူတွေကို ကက်သလစ် ဝတ်ကျောင်းတော်နဲ့ ရှေးရိုးစွဲ အတိုက်အခံတွေက ထောက်ခံပေးကြတာ ဖြစ်ပြီး ဒီဥပဒေကြောင့် လူ့အသိုက်အမြုံရဲ့ အခြေခံ အုတ်မြစ် ပျက်ပြားနိုင်တယ်လို့ စောဒက တက်ကြပါတယ်။  လိင်တူ စုံတွဲတွေ အတွက် သားသမီး မွေးစားခွင့် ကြောင့် ဒီလို ကန့်ကွက် နေကြတာပါ။  ပြင်သစ်မှာ လိင်တူ လက်ထပ်ခွင့် ထောက်ခံသူတိုင်းက သားသမီး မွေးစားခွင့်ကို လက်ခံကြတာ မဟုတ်ပါဘူး။  ၂ဝ၁၇ ခုနှစ်မှာ ကလေးတွေ အတွက် ပိုပြီး အလေးထားတဲ့ ဥပဒေကြမ်း ပြန်တင်မယ်လို့ အတိုက်အခံ UMP ဘက်က ပြောနေပါပြီ။  ဒီလို လိင်တူချင်း လက်ထပ်ခွင့် ဆိုတာ ကမ္ဘာ့ နိုင်ငံ အနည်းငယ်မှာသာ ခွင့်ပြုထားတဲ့ ဥပဒေမျိုး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုလို နိုင်ငံကြီး မှာတောင် ပြည်နယ်တိုင်းမှာ ဒီဥပဒေကို ခွင့်ပြုထားတာ မဟုတ်ပါဘူး။  မြန်မာ အပါအဝင် အာရှ အာဖရိက နိုင်ငံ တချို့မှာဆိုရင် လိင်တူ ဆက်ဆံမှုကို ဥပဒေပြဋ္ဌာန်း အရေးယူ တာတွေ ရှိပါတယ်။  လိင်တူချင်း ထိမ်းမြားခွင့်ကို နိုင်ငံရေး ယဉ်ကျေးမှု ပိုမို လွတ်လပ်တဲ့ နယ်သာလန်နဲ့ ဥရောပ မြောက်ပိုင်း နိုင်ငံတွေမှာ သာမက ကက်သလစ် ကိုးကွယ်သူ များတဲ့ စပိန်နဲ့ ပေါ်တူဂီမှာပါ ခွင့်ပြုနေပြီ ဖြစ်ပါတယ်။ ဗြိတိသျှ ပါလီမန်မှာလဲ ဒီကိစ္စကို စတင် ဆွေးနွေးနေကြပါပြီ။  ဘာသာရေး အရှိန်အဝါ သိပ်မရှိတော့ဘူးလို့ ထင်ခဲ့ကြတဲ့ ပြင်သစ်ပြည်မှာ ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြတာ အံ့အားသင့်စရာ ကောင်းပါတယ်။ ဇန်နဝါရီလက ပါရီမှာ လူသိန်းချီတဲ့ ကန့်ကွက်ပွဲကြီးက ပြင်သစ်မှာ နှစ် ၅ဝ တွင်း အကြီးဆုံး ဆန္ဒပြပွဲကြီး ဖြစ်ပါတယ်။  မစ္စတာ အောလန်း ကိုယ်တိုင် စီးပွားရေး ပျက်ပြားမှုတွေနဲ့ နိုင်ငံ လူ ဦးရေ ၁ဝ ရာခိုင်နှုန်းကျော်ထိ အလုပ်လက်မဲ့ တိုးပွားနေမှု တွေကြောင့် လူကြိုက် အနည်းဆုံး သမ္မတ နေရာ ရနေပြီ ဖြစ်ပါတယ်။  BBC Burmese
ပြင်သစ်နိုင်ငံမှာ အကြီးအကျယ် ငြင်းခုံ ခဲ့ကြတဲ့ လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့် ကို သမ္မတက လက်မှတ်ထိုး လိုက်ပြီ ဖြစ်ပါတယ်။
အတိုက်အခံ လက်ယာ ဂိုဏ်းတွေရဲ့ ကန့်ကွက် စိန်ခေါ်မှုတွေ ကြားက ဒီဥပဒေကို လက်မှတ်ထိုး လိုက်တဲ့ သမ္မတ ဖရန်ဆွာ အော်လန်းက သမ္မတ နိုင်ငံတော်ရဲ့ ဥပဒေ ကို လေးလေး စားစား ရှိကြဖို့ အချိန်တန်ပြီလို့ ပြောဆိုခဲ့ ပါတယ်။
ဒီဥပဒေကို မကျေနပ် ကန့်ကွက်သူ တွေကတော့ သမ္မတ အော်လန်း တက်လာက ထဲက စီးပွားရေး ပြုပြင်ရေးလို လုပ်ဆောင်ရမယ့် အရေးတွေမှာ ဘာမှ မအောင်မြင်လို့ ဒီကိစ္စကို ဖြစ်အောင် လုပ်တာလို့ စွပ်စွဲကြပါတယ်။

ကန့်ကွက်သူများက မေလ ၂၆ ရက်နေ့မှာ ဆန္ဒပြပွဲလုပ်ဖို့ စီစဉ်နေ ကြပြီး အရင်တခါ ဆန္ဒပြပွဲ ကြီးတွေလိုပဲ ဆိုရှယ်လစ် အစိုးရကို မနှစ်မြို့တဲ့ လက်ယာ ဂိုဏ်းသားများရဲ့ မကျေနပ် ချက်တွေ စုပေါင်းပြီး ထိန်းမနိုင် သိမ်းမရတွေ ထပ်ဖြစ်နိုင်ပါတယ်။
ဒီ ထိမ်းမြားခွင့် ဥပဒေဟာ အခြေခံ ဥပဒေပါ အခြေခံ လွတ်လပ်ခွင့် တွေနဲ့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ဘာမှ ထိပါး ကျူးလွန်တာ မရှိဘူးလို့ အခြေခံ ဥပဒေရုံးက သောကြာနေ့က ဆုံးဖြတ်ခဲ့ပါတယ်။
ဒီဥပဒေကို မကျေနပ်သူတွေကို ကက်သလစ် ဝတ်ကျောင်းတော်နဲ့ ရှေးရိုးစွဲ အတိုက်အခံတွေက ထောက်ခံပေးကြတာ ဖြစ်ပြီး ဒီဥပဒေကြောင့် လူ့အသိုက်အမြုံရဲ့ အခြေခံ အုတ်မြစ် ပျက်ပြားနိုင်တယ်လို့ စောဒက တက်ကြပါတယ်။

လိင်တူ စုံတွဲတွေ အတွက် သားသမီး မွေးစားခွင့် ကြောင့် ဒီလို ကန့်ကွက် နေကြတာပါ။
ပြင်သစ်မှာ လိင်တူ လက်ထပ်ခွင့် ထောက်ခံသူတိုင်းက သားသမီး မွေးစားခွင့်ကို လက်ခံကြတာ မဟုတ်ပါဘူး။
၂ဝ၁၇ ခုနှစ်မှာ ကလေးတွေ အတွက် ပိုပြီး အလေးထားတဲ့ ဥပဒေကြမ်း ပြန်တင်မယ်လို့ အတိုက်အခံ UMP ဘက်က ပြောနေပါပြီ။
ဒီလို လိင်တူချင်း လက်ထပ်ခွင့် ဆိုတာ ကမ္ဘာ့ နိုင်ငံ အနည်းငယ်မှာသာ ခွင့်ပြုထားတဲ့ ဥပဒေမျိုး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုလို နိုင်ငံကြီး မှာတောင် ပြည်နယ်တိုင်းမှာ ဒီဥပဒေကို ခွင့်ပြုထားတာ မဟုတ်ပါဘူး။
မြန်မာ အပါအဝင် အာရှ အာဖရိက နိုင်ငံ တချို့မှာဆိုရင် လိင်တူ ဆက်ဆံမှုကို ဥပဒေပြဋ္ဌာန်း အရေးယူ တာတွေ ရှိပါတယ်။

လိင်တူချင်း ထိမ်းမြားခွင့်ကို နိုင်ငံရေး ယဉ်ကျေးမှု ပိုမို လွတ်လပ်တဲ့ နယ်သာလန်နဲ့ ဥရောပ မြောက်ပိုင်း နိုင်ငံတွေမှာ သာမက ကက်သလစ် ကိုးကွယ်သူ များတဲ့ စပိန်နဲ့ ပေါ်တူဂီမှာပါ ခွင့်ပြုနေပြီ ဖြစ်ပါတယ်။ ဗြိတိသျှ ပါလီမန်မှာလဲ ဒီကိစ္စကို စတင် ဆွေးနွေးနေကြပါပြီ။
ဘာသာရေး အရှိန်အဝါ သိပ်မရှိတော့ဘူးလို့ ထင်ခဲ့ကြတဲ့ ပြင်သစ်ပြည်မှာ ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြတာ အံ့အားသင့်စရာ ကောင်းပါတယ်။ ဇန်နဝါရီလက ပါရီမှာ လူသိန်းချီတဲ့ ကန့်ကွက်ပွဲကြီးက ပြင်သစ်မှာ နှစ် ၅ဝ တွင်း အကြီးဆုံး ဆန္ဒပြပွဲကြီး ဖြစ်ပါတယ်။

မစ္စတာ အောလန်း ကိုယ်တိုင် စီးပွားရေး ပျက်ပြားမှုတွေနဲ့ နိုင်ငံ လူ ဦးရေ ၁ဝ ရာခိုင်နှုန်းကျော်ထိ အလုပ်လက်မဲ့ တိုးပွားနေမှု တွေကြောင့် လူကြိုက် အနည်းဆုံး သမ္မတ နေရာ ရနေပြီ ဖြစ်ပါတယ်။

BBC Burmese

မျက်ရည်တွေ မထိန်းနိုင်အောင် ဒေးဗစ်ဘက်ခမ်း ဝမ်းနည်းပြီ


Photo: မျက်ရည်တွေ မထိန်းနိုင်အောင် ဒေးဗစ်ဘက်ခမ်း ဝမ်းနည်းပြီ Sunday, May 19, 2013  ပြင်သစ်က Paris St. Germain အသင်းမှာ ကပ္ပတိန် အဖြစ် ကစားနေတဲ့ ဒေးဗစ်ဘက်ခမ်းဟာ အဲဒီ အသင်းနဲ့ Brest ဘောလုံး အသင်းတို့ မနေ့ညက ကန်တဲ့ အခါ ပွဲစပြီး မိနစ် ၈ဝ အကြာမှာ ခေတ္တ အစားထိုး အဖြစ် ဘတ်ခမ်း ဝင်ရောက် ကစားခဲ့ပြီး ၅ မိနစ်လောက် ကြာတဲ့အခါ သူဟာ မျက်ရည်တွေ မထိန်းနိုင်အောင် ဝမ်းနည်းပြီး ငိုပါတော့တယ်။  ဒေးဗစ် ဘက်ခမ်း ဟာ ဘောလုံး လောကထဲက အပြီး ထွက်ခွာ သွားတော့မယ် ဆိုတာကို သူ့အသင်းသားတွေက သိကြတော့ သူ့ကို ဝိုင်းချီမပြီး လေထဲမြောက်ကာ ကောင်းချီး သြဘာ ပေးခဲ့ကြပါတယ်။  အဲဒီ အချိန်မှာ ပွဲကြည့် ပရိသတ် တွေကလည်း မတ်တပ် ထရပ်ပြီး သြဘာပေးကြပါတယ်။  ပွဲလာကြည့်သူတွေထဲက တယောက်က နောက်တနှစ် ထပ်ကန်ပေးပါဦး ဆိုတဲ့ ပိုစတာလေး ကိုင်ပြီး မေတ္တာ ရပ်ခံတာကိုလည်း တွေ့ရပါတယ်။  ပရိသတ်တွေထဲမှာ ဘတ်ခမ်းရဲ့ မိသားစု အပြင် ပြင်သစ် သမ္မတဟောင်း နီကိုလပ် ဆာကိုဇီလည်း ပါဝင်ပါတယ်။  သူတို့ အသင်းဟာ ဘတ်ခမ်း ဝင်ကစားတဲ့ အချိန်မှာ တဖက် အသင်းကို ၃ ဂိုး တဂိုး နဲ့ အနိုင်ရနေပြီး ဖြစ်ပါတယ်။  BBC Burmese
ပြင်သစ်က Paris St. Germain အသင်းမှာ ကပ္ပတိန်အဖြစ် ကစားနေတဲ့ ဒေးဗစ်ဘက်ခမ်းဟာ အဲဒီ အသင်းနဲ့ Brest ဘောလုံး အသင်းတို့ မနေ့ညက ကန်တဲ့ အခါ ပွဲစပြီး မိနစ် ၈ဝ အကြာမှာ ခေတ္တ အစားထိုး အဖြစ် ဘတ်ခမ်းဝင်ရောက်ကစားခဲ့ပြီး ၅ မိနစ်လောက်ကြာတဲ့အခါ သူဟာမျက်ရည်တွေ မထိန်းနိုင်အောင် ဝမ်းနည်းပြီး ငိုပါတော့တယ်။ ဒေးဗစ်ဘက်ခမ်းဟာ ဘောလုံး လောကထဲကအပြီး ထွက်ခွာသွားတော့မယ် ဆိုတာကို သူ့အသင်းသားတွေ ကသိကြတော့ သူ့ကိုဝိုင်းချီမပြီး လေထဲမြောက်ကာ ကောင်းချီး သြဘာ ပေးခဲ့ကြပါတယ်။
အဲဒီအချိန်မှာ ပွဲကြည့် ပရိသတ် တွေကလည်း မတ်တပ်ထရပ်ပြီး သြဘာပေးကြပါတယ်။
ပွဲလာကြည့်သူတွေထဲက တယောက်က နောက်တနှစ်ထပ်ကန်ပေးပါဦးဆိုတဲ့ ပိုစတာလေးကိုင်ပြီး မေတ္တာ ရပ်ခံတာကိုလည်း တွေ့ရပါတယ်။

ပရိသတ်တွေထဲမှာ ဘတ်ခမ်းရဲ့မိသားစုအပြင် ပြင်သစ် သမ္မတဟောင်းနီကိုလပ်ဆာကိုဇီလည်း ပါဝင် ပါတယ်။
သူတို့အသင်းဟာ ဘတ်ခမ်း ဝင်ကစားတဲ့အချိန်မှာ တဖက်အသင်းကို ၃ ဂိုးတဂိုးနဲ့ အနိုင် ရနေပြီး ဖြစ် ပါတယ်။

BBC Burmese

အမေရိကရောက် မြန်မာတွေ ပြန်လာကြဖို့ သမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်

အမေရိကရောက် မြန်မာတွေ ပြန်လာကြဖို့ သမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်  အမေရိကန် ပြည်ထောင်စုကို မေလ ၁၈ ရက်နေ့ သောကြာနေ့မှာ ရောက်ရှိခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခရီးရောက်မဆိုက်မှာပဲ မြန်မာလူမျိုးတွေ အမိမြေကို ပြန်လာပြီး တိုင်းပြည်တည်ထောင်ရေးမှာ တတပ်တအားပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။  ဝါရှင်တန်ဒီစီမြို့တော် အနောက်မြောက်ရပ်ကွက်မှာရှိတဲ့ မြန်မာသံရုံးမှာ သောကြာနေ့ ညနေ ၆ နာရီက မြန်မာနိုင်ငံက လာရောက်နေထိုင်သူတွေကို ဖိတ်ကြားပြီး သမ္မတ ဦသိန်းစိန်က မိန့်ခွန်းပြောခဲ့ရာမှာ အာရှတိုက်ရဲ့ ထိပ်တန်းနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုနောက်ကျကျန်နေပြီဖြစ်တဲ့အတွက် မြန်မာလူမျိုးအားလုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။  သမ္မတကြီးက အမြဲတန်းနေထိုင်ခွင့် ဥပဒေ အတည်မပြုရသေးပေမယ့် လတ်တလော ပြန်လာလိုသူများကို နေထိုင်ခွင့်စီစဉ်ပေးမှာဖြစ်ကြောင်းလည်းပြောခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသအရေးအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို သမ္မတဦးသိန်းစိန်က နာရီဝက်ခန့် ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အခုခရီးစဉ်မှာ နိုင်ငံတော်သမ္မတနဲ့အတူ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်စတဲ့ ၀န်ကြီး ၅ ဦးနဲ့ ဒုဝန်ကြီး ၅ ဦးတို့အပြင် တပ်မတော်ထိပ်တန်းအရာရှိတွေလည်း လိုက်ပါလာပါတယ်။  မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွတ်က ဒီခရီးစဉ်ဟာ မိမိတို့မြန်မာနိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းမယ့် ခရီးစဉ်ဖြစ်ပါတယ်လို့ RFA ကိုပြောပါတယ်။  "နှစ်ပေါင်းများစွာ အေးစက်နေခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ သမ္မတကြီး အိုဘားမား ကျနော်တို့နိုင်ငံကိုလာခဲ့တယ်၊ အခုကျနော်တို့ သမ္မတကြီးက ပြန်လာနိုင်တယ်ဆိုတာ အင်မတန်မှကြီးမားတဲ့ တိုးတက်မှုတစ်ခု၊ အဲဒီတော့ ဒီခရီးစဉ်မှာ ဘာကိုမျှော်လင့်သလဲလို့ပြောရင် ပထမအချက်ကတော့ သမ္မတ အိုဘားမားအစိုးရအဖွဲ့နဲ့ ကျနော်တို့ကြားမှာ ရရှိပြီးသားဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နားလည်မှုတွေကို ဒီခရီးစဉ်မှာ ပိုပြီးတော့ခိုင်မာအောင် မြှင့်တင်အောင် ကျနော်တို့လုပ်ရမယ်၊ ဒုတိယတစ်ခုက ကွန်ဂရက်လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီးတော့ခိုင်ခိုင်မာမာ ယုံကြည်လာပြီးတော့မှ လက်ရှိရှိနေသေးတဲ့ ပိတ်ပင်တားဆီးတဲ့ ဥပဒေတွေကို အဆင့်အဆင့်ဖြေလျော့ နောက်ဆုံးမှာ ဖျက်သိမ်းပေးတဲ့အဆင့်အထိရောက်အောင် ကျနော်တို့လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်"  မနေ့ညနေကကျင်းပတဲ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ မြန်မာလူမျိုး ၂ဝဝ ကျော်ခန့်တက်ရောက်ပါတယ်။  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလို မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲကျင်းပနေချိန်မှာ လူ ၁ဝ ဦးခန့် မြန်မာသံရုံးရှေ့မှာ လာရောက်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ကိုကျော်မြတ်ထူးက မြန်မာအစိုးရဟာ ပြည်သူလူထုအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုကြောင်းပြောဆိုခဲ့ပါတယ်။  "မြန်မာပြည်သူရဲ့ဆန္ဒကို အကောင်အထည်ဖော်မယ့် အစိုးရမျိုး ဒီကနေ့ကျနော်တို့ တောင်းဆိုနေတာဖြစ်ပါတယ်၊ လာမယ့် ၂ဝ၁၅ မှာလည်း ရိုးသားဖြောင့်မတ်တဲ့ ပြည်သူလူထုကို အလုပ်အကျွေးပြုတဲ့ အစိုးရမျိုးကို ကျနော်တို့တောင်းဆိုနေတာဖြစ်တယ်၊ အလုပ်သမား၊ လယ်သမားတွေအပေါ်မှာ ခေါင်းပုံဖြတ်တဲ့စနစ်မျိုးကို ကျနော်တို့မလိုလားပါဘူး"  မနေ့က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပွဲကို ၀ါရှင်တန်ဒီစီ၊ မေရီလန်၊ ဗာဂျီးနီးယား၊ နယူးယောက်၊ နယူးဂျာစီ စတဲ့ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်အခြမ်းမှာနေထိုင်တဲ့ မြန်မာတွေလာရောက်ခဲ့ပြီး ပရိသတ်ကို ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ညနေစာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။  RFA Burmese
အမေရိကန် ပြည်ထောင်စုကို မေလ ၁၈ ရက်နေ့ သောကြာနေ့မှာ ရောက်ရှိခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခရီးရောက်မဆိုက်မှာပဲ မြန်မာလူမျိုးတွေ အမိမြေကို ပြန်လာပြီး တိုင်းပြည်တည်ထောင်ရေး မှာ တတပ်တအားပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဝါရှင်တန်ဒီစီမြို့တော် အနောက်မြောက်ရပ်ကွက်မှာရှိတဲ့ မြန်မာသံရုံးမှာ သောကြာနေ့ ညနေ ၆ နာရီက မြန်မာနိုင်ငံက လာရောက်နေထိုင်သူတွေကို ဖိတ်ကြားပြီး သမ္မတ ဦသိန်းစိန်က မိန့်ခွန်းပြောခဲ့ရာမှာ အာရှတိုက်ရဲ့ ထိပ်တန်းနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုနောက်ကျကျန်နေပြီဖြစ်တဲ့အတွက
် မြန်မာလူမျိုး အားလုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတကြီးက အမြဲတန်းနေထိုင်ခွင့် ဥပဒေ အတည်မပြုရသေးပေမယ့် လတ်တလော ပြန်လာလိုသူ များကို နေထိုင်ခွင့်စီစဉ်ပေးမှာဖြစ်ကြောင်းလည်းပြောခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသအရေး အပါ အဝင် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို သမ္မတဦးသိန်းစိန်က နာရီဝက်ခန့် ရှင်းလင်းပြောဆိုခဲ့ ပါတယ်။ အခုခရီးစဉ်မှာ နိုင်ငံတော်သမ္မတနဲ့အတူ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်စတဲ့ ၀န်ကြီး ၅ ဦးနဲ့ ဒုဝန်ကြီး ၅ ဦးတို့အပြင် တပ်မတော်ထိပ်တန်းအရာရှိတွေလည်း လိုက်ပါလာပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွတ်က ဒီခရီးစဉ် ဟာ မိမိတို့မြန်မာနိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းမယ့် ခရီးစဉ်ဖြစ်ပါတယ်လို့ RFA ကိုပြောပါ တယ်။

"နှစ်ပေါင်းများစွာ အေးစက်နေခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ သမ္မတကြီး အိုဘားမား ကျနော်တို့နိုင်ငံကို လာခဲ့တယ်၊ အခုကျနော်တို့ သမ္မတကြီးက ပြန်လာနိုင်တယ်ဆိုတာ အင်မတန်မှကြီးမားတဲ့ တိုးတက်မှု တစ်ခု၊ အဲဒီတော့ ဒီခရီးစဉ်မှာ ဘာကိုမျှော်လင့်သလဲလို့ပြောရင် ပထမအချက်ကတော့ သမ္မတ အိုဘားမား အစိုးရအဖွဲ့နဲ့ ကျနော်တို့ကြားမှာ ရရှိပြီးသားဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နားလည်မှုတွေကို ဒီခရီး စဉ်မှာ ပိုပြီးတော့ခိုင်မာအောင် မြှင့်တင်အောင် ကျနော်တို့လုပ်ရမယ်၊ ဒုတိယတစ်ခုက ကွန်ဂရက် လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီးတော့ခိုင်ခိုင်မာမာ ယုံကြည်လာပြီးတော့မှ လက်ရှိရှိနေသေးတဲ့ ပိတ်ပင်တားဆီးတဲ့ ဥပဒေတွေကို အဆင့်အဆင့်ဖြေလျော့ နောက်ဆုံးမှာ ဖျက်သိမ်းပေးတဲ့အဆင့်အထိရောက်အောင် ကျနော်တို့လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်"

မနေ့ညနေကကျင်းပတဲ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ မြန်မာလူမျိုး ၂ဝဝ ကျော် ခန့်တက်ရောက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလို မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲကျင်းပနေချိန်မှာ လူ ၁ဝ ဦးခန့် မြန်မာသံရုံးရှေ့မှာ လာရောက်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ကိုကျော်မြတ်ထူး က မြန်မာအစိုးရဟာ ပြည်သူလူထုအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုကြောင်းပြောဆိုခဲ့ပါတယ်။

"မြန်မာပြည်သူရဲ့ဆန္ဒကို အကောင်အထည်ဖော်မယ့် အစိုးရမျိုး ဒီကနေ့ကျနော် တို့ တောင်း ဆိုနေတာဖြစ် ပါတယ်၊ လာမယ့် ၂ဝ၁၅ မှာလည်း ရိုးသားဖြောင့်မတ်တဲ့ ပြည်သူလူထုကို အလုပ်အကျွေးပြုတဲ့ အစိုးရ မျိုးကို ကျနော်တို့တောင်းဆိုနေတာဖြစ်တယ်၊ အလုပ်သမား၊ လယ်သမားတွေ အပေါ်မှာ ခေါင်း ပုံဖြတ်တဲ့ စနစ်မျိုးကို ကျနော်တို့မလိုလားပါဘူး"
မနေ့က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပွဲကို ၀ါရှင်တန်ဒီစီ၊ မေရီလန်၊ ဗာဂျီးနီးယား၊ နယူးယောက်၊ နယူးဂျာစီ စတဲ့ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်အခြမ်းမှာနေထိုင်တဲ့ မြန်မာတွေလာရောက်ခဲ့ပြီး ပရိသတ်ကို ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ညနေစာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

RFA Burmese

ဟက်ကာအုပ်စုတစ်စုကအစိုးရဝက်ဘ်ဆိုက်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်မည်ဟုဆို

အမည်မဖော်လိုသူ ဟက်ကာ အုပ်စုများသည် မြန်မာ အစိုးရ၏ ဝက်ဘ်ဆိုက် များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အွန်လိုင်းမှ တိုက်ခိုင်မှု (Hacking) ပြု လုပ်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း The Indenpendent (UK) သတင်းစာက ရေးသား ဖော်ပြ ခဲ့ပါသည်။ အဆိုပါ ဟက်ကာ အုပ်စုသည် မြန်မာ နိုင်ငံရှိ အစ္စလာမ် ဘာသာဝင် အသိုင်း အဝိုင်းကို ကာကွယ်ရန် ရည်ရွယ်ပြီး အွန် လိုင်းမှ တိုက်ခိုက်ခြင်း ပြုလုပ် သွားရန် စီစဉ် နေခြင်းဖြစ်ကာ နိုင်ငံတကာ တွင်လည်း မြန်မာနိုင်ငံ၏ မတရားမှုဟု အမည်တပ် ကာ စာရွက်ဖြန့်ဝေမှုများ ပြုလုပ် သွားရန်ရှိ နေသည်ဟု သိရသည်။
"ဒေါ်အောင်ဆန်း စုကြည်ကို ပစ်မှတ်ထား တိုက်ခိုက်မယ့် ကိစ္စ ကတော့ ဆွေးနွေး ရဦးမှာပါ။ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်"ဟု အမည် မဖော်လိုသူ ဟက်ကာ အဖွဲ့ဝင် တစ်ဦးက ပြောကြား၍ ၎င်းတို့၏ အယူအဆအရ အစ္စလာမ် ဘာသာဝင် များသည် မတရား ဖိနှိပ်ခံ နေရသည်ဟု ပြောကြား ထားပြီး ရိုဟင်ဂျာ လူမျိုးမှာ အနှိမ်ခံ နေရသော တိုင်းရင်းသား များဖြစ်သည်ဟု ပြောကြား ထားသည်။ အမည် မဖော်လိုသည့် ဟက်ကာ အုပ်စုသည် ဇွန်လ ၁ ရက်တွင် မြန်မာနိုင်ငံကို ကန့်ကွက်မှု အဖြစ် လော့စ်အိန်ဂျလိစ်မြို့ရှိ ကမ္ဘာကျော် ရုပ်သံမီဒီယာ CNN အဆောက်အအုံ အနီးတွင် စာရွက်များ ဝေငှမည် ဖြစ်ကြောင်း သိရကာ မြန်မာ အစိုးရ ဝက်ဘ်ဆိုက်များကို တိုက်ခိုက်မည် ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အစ္စလာမ် ဘာသာအရေး ဖိအားပေးရန်အတွက် တိုက်ခိုက် သွားမည် ဖြစ်ကြာင်း ရေးသားဖော်ပြ ထားပါသည်။
Pyi Myanmar

ကျောင်းအပ်ချိန် အလှူငွေကောက်ခံပါက ရာထူးမှ ထုတ်ပယ်မည်

အစိုးရသစ် လက်ထက် လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး စီမံချက်များ ကြောင့် ယခ ပညာသင်နှစ် ကျောင်းအပ် ချိန်တွင် သက်ဆိုင်ရာ ကျောင်းအုပ်က ကျောင်းသားမိဘများ ထံမှ အကြောင်းအမျိုးမျိုးဖြင့် အလှူငွေ ကောက်ခံသည်ကို စစ်ဆေးတွေ့ရှိလျှင် ရာထူးမှ ထုတ်ပယ်သည် အထိ အရေးယူ အပြစ်ပေး သွားမည်ဖြစ် ကြောင်း တိုင်းပညာ ရေးမှူး တစ်ဦးက The Voice သို့ပြော ကြားသည်။

"ဒီ ၂ နှစ်အတွင်းကို ပိုတင်း ကျပ်လာတာ။ ဘာကြောင့်ပဲယူယူ စစ်ဆေးလို့ ကောက်ခံထားတာ တွေ့တာနဲ့ ရာထူးက တစ်ခါတည်း အနားပေး လိုက်တယ်" ဟု ၄င်းက ထပ်လောင်း ပြောကြားသည်။ ယခင် အစိုးရ လက်ထက်က ကျောင်းအပ်ချိန် အလှူငွေ ကောက်ခံကြောင်း တိုင်ကြားစာရရှိလျှင် ပညာရေး ဝန်ကြီးဌာနမှ အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့က စစ်ဆေးပြီး တွေ့ရှိပါက အပြစ်အနည်းအများအလိုက် ပြောင်းရွှေ့ပြစ်ဒဏ် သာချမှတ်ခဲ့ဖူးကြောင်း အဆိုပါ ပညာရေးမှူးက ပြောဆိုသည်။
"အခုက တအား ဖိအားပေး ခံနေရတယ်။ ကျောင်းဆောင် တွေကတော့ ပေးတဲ့ အသုံးစရိတ်လောက်နဲ့ ရသလောက်ပဲ ပြုပြင်သွားမှာပဲ" ဟု ရန်ကုန်မြို့တော်ရှိ ကျောင်းအုပ်ဆရာ တစ်ဦးက The Voice သို့ ပြောဆိုသည်။ နှစ်စဉ် ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်ချိန် အလှူငွေကောက်ခံခြင်း၊ ကျောင်းပိုင်ပစ္စည်းများ ရောင်းချခြင်းတို့ကို တားမြစ် ထားသော်လည်း အချို့အခြေခံ ပညာကျောင်းများတွင် အလှူငွေ ကောက်ခံမှုများ ရှိနေသေးကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။ လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရေးနေ့ များကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ပြီး ဇွန်လ ၃ ရက် နေ့တွင် တစ်နိုင်ငံလုံး အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။
The Voice Journal

တစ်မိသားစုလုံးကို မီးရှို့သတ်ခဲ့သည့် အမျိုးသမီးအား ထောင်ဒဏ်နှစ် ၃၀ ချမှတ်


အိမ်ရှေ့တွင် ကလေး တွန်းလှည်း ပိတ်လျက် ထားခဲ့သည်မှ စတင်၍ ချင်းများပြီး တစ်မိသား စုလုံးကို မီးရှို့ သတ်ခဲ့သည့် တရားခံ အမျိုးသမီးကို ဗြိတိန် နိုင်ငံ ဝေလနယ် မြောက်ပိုင်း ဒန်ဘရစ် ရှိုင်းယား ဒေသ ပရီစတာ တန်မြို့ မိုဒ်ခရောင်း တရားရုံးမှ ထောင်ဒဏ် နှစ် ၃၀ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

အသက် ၄၃ နှစ်အရွယ်ရှိ မီလာနီစမစ် အမည်ရှိ အမျိုးသမီးသည် ပြီးခဲ့သည့်နှစ် အောက်တို ဘာလ ၁၉ ရက်တွင် အိမ်ရှေ့၌ ကလေးတွန်းလှည်း ပိတ်လျက် ထားရှိမှုနှင့် ပတ်သက်၍ အိမ်နီးချင်း ဖြစ်သူ လီအန်နာရှီးယားနှင့် ၎င်း၏ ချစ်သူ လမ်တင်ဘရယ် တို့နှင့် အချင်းများ ခဲ့ပြီး ည လူခြေတိတ် ချိန်တွင် လီအန်နာရှီးယား နေထိုင်သော အိမ်အား မီးရှို့ ခဲ့သည်။
ထိုသို့ မီးလောင် ကျွမ်းမှုကြောင့် အသက် ၂၀ အရွယ်ရှိ လီအန်နာရှီးယား၊ ၂၃ နှစ်အရွယ်ရှိ ၎င်း၏ချစ်သူ လမ်တန်ပရယ်၊ ၎င်းတို့၏ ၁၅ လသား အရွယ် ရင်သွေးချာလီ အပါအဝင် လီအန်နာရှီးယား၏ တူနှင့်တူမတို့ စုစုပေါင်း ငါးဦး သေဆုံး ခဲ့သည်။ မီလာနီစမစ်၏ လုပ်ရပ်ကြောင့် စည်ကား သိုက်မြိုက်သော မိသားစု အသိုက်အဝန်း လေးတစ်ခုပြိုကွဲ ပျက်စီး ခဲ့ရကြောင်း လီအန်နာရှီးယား၏ မိခင် ဖြစ်သူက ပြောကြား သွားခဲ့သည်။
သမီးဖြစ်သူ၏ အဆင်အခြင်မဲ့ သောလုပ်ရပ်အပေါ် အံ့ဩ တုန်လှုပ် ခဲ့ကြောင်းနှင့် ကျန်ရစ်သူ မိသားစု အနေဖြင့် ၎င်းအပေါ် ခွင့်လွှတ် ပေးစေ လိုကြောင်း မီလာနီစမစ်၏ ဖခင်က ပြောကြား သွားခဲ့သည်။
ကိုစိုး
Pyi Myanmar

ကမ္ဘာအသက်အကြီးဆုံး မှတ်တမ်းတင်ခံခဲ့ရသူထက် အသက်ကြီးသူ ကလေးမြို့တွင်တွေ့


ကမ္ဘာ့ အသက် အကြီးဆုံး အဖြစ် ဂင်းနစ် စံတော် ချိန်တွင် မှတ်တမ်းတင် ခံခဲ့ရသော ဂျပန် အမျိုးသား Jiroman Kimura ထက် အသက် ပိုကြီးသော အမျိုးသမီး တစ်ဦး မြန်မာနိုင်ငံ ကလေးမြို့တွင် တွေ့ရကြောင်း ချင်းဘာသာ စာပေဖြင့် ဒေသတွင်း ထုတ်ဝေသော the chin times journal အတွဲ အမှတ် (၂၃)တွင် ဖော်ပြချက် အရ သိရသည်။

အဆိုပါ ကမ္ဘာ့ အသက်အကြီးဆုံး လူသား အဖြစ် ဂင်းနစ် မှတ်တမ်း တင်ခံခဲ့ရသော ဂျပန် အမျိုးသားကြီးသည် ၁၈၉၇ခုနှစ်တွင် မွေးဖွား ခဲ့ပြီး အသက်မှာ (၁၁၆) နှစ်ရှိပြီး ဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။ ကမ္ဘာ့ အသက် အကြီးဆုံး အဖြစ် ဂင်းနစ် စံချိန်ချိုးခဲ့သော ဂျပန် အမျိုးသား ကြီးထက် ယခုအခါ အသက်ပို ကြီးသော အမျိုးသမီး တစ်ဦး မြန်မာနိုင်ငံတွင် ပေါ်ထွက် လာခဲ့ပြီး ဖြစ်သည်။
Popular News
ကမ္ဘာ့အသက် အကြီးဆုံး စံချိန်တင် ခဲ့သော ဂျပန်အမျိုးသား ကြီးအထက် အသက်ပို ကြီးသော သူမှာ အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး ယခုလက်ရှိ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ စမ်းမြို့(၁)ရပ်ကွက်တွင် နေထိုင် လျှက်ရှိသည်။ သူမ၏ နာမည်မှာ Hme Thluai ဖြစ်ပြီး ချင်းအမျိုးသမီး တိုင်းရင်း သူတစ်ဦး ဖြစ်သည်။ သူမ၏ မွေးသက္ကရာဇ်မှာ ၁၈၉၅ ခုနှစ်ဖြစ်သဖြင့် ယခုအခါ အသက် (၁၁၈) နှစ်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေးမြို့ လ၀ကဌာနမှ အထောက်အထား ခိုင်လုံစွာဖြင့် အတည်ပြုချက် ပေးထားပြီ ဖြစ်သည်။

မြန်မာ အပေါ် ဒဏ်ခတ်မှု သက်တမ်း တိုးဖို့ အမတ် Crowley အဆိုပြု

Photo: မြန်မာအပေါ် ဒဏ်ခတ်မှု သက်တမ်းတိုးဖို့ အမတ် Crowley အဆိုပြု  Saturday, May 18, 2013  မြန်မာသမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို တရားဝင်ခရီးစဉ် လာရောက်မယ့် ရက်ပိုင်းအလိုမှာပဲ မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူး သဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော်မှာ သြဇာညောင်းတဲ့ လွှတ်တော်အမတ်တဦးက လွှတ်တော်ကို အဆိုပြုလိုက်ပါတယ်။ မြန်မာနိုင်ငံ တွင်းက အခြေအနေတွေဟာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆက်ပြီးရှိနေဖို့ လိုအပ်နေသေးတယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ ခုလို ဥပဒေသက်တမ်း တိုးဖို့အဆိုကို သမ္မတဦးသိန်းစိန် ခရီးစဉ်နဲ့ အချိန်ကိုက်တင်သွင်းတာဖြစ်တယ်လို့ ယူဆတဲ့အကြောင်း ၀ါရှင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma ကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံ ပြောပြပေးပါရှင်။  မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူးသဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ Burma Freedom and Democracy Act လို့ခေါ်တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးဖို့ ဒီမိုကရက် အထက်လွှတ်တော် အမတ် Joseph Crowley နဲ့ ရီပက်ပလစ်ကန် အထက်လွှတ်တော်အမတ် Peter King တို့က ကွန်ဂရက်စ် လွှတ်တော်ကို အဆိုပြု တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေသေးတာကြောင့် အမေရိကန်အစိုးရအနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက်ပြီးချမှတ်ထားဖို့ လိုအပ် နေသေးတယ်လို့ မစ္စတာ Crowley က ပြောဆိုခဲ့ပါတယ်။  နှစ်စဉ်နှစ်တိုင်း မေလကနေစလို့ ရက် ၉၀ အတွင်း ဒီဥပဒေ သက်တမ်းတိုးဖို့ ကွန်ဂရက်လွှတ်တော်မှာ မဲပေးဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ တိုက် တိုက်ဆိုင်ဆိုင် မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန် တရားဝင် ခရီးစဉ်နဲ့ အချိန် ကိုက် လွှတ်တော်အမတ်တချို့က ဒီဥပဒေသက်တမ်း တိုးဖို့ ပြောလာခဲ့တာ ပါ။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်ရှိဖို့ လိုအပ်နေသေးတယ်ဆိုတာကို သိသာထင်ရှားစေဖို့အတွက် သမ္မတဦးသိန်းစိန် ခရီးစဉ် ရက်ပိုင်းအလိုမှာ အခုလို လွှတ်တော်ကို ချိန်ကိုက်တင်သွင်းပုံ ရတယ်လို့ ၀ါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma က လှုပ်ရှားမှုတာဝန်ခံ Rachel Wagley က ပြောပါတယ်။  “ဒါ တမင်ရည်ရွယ်ပြီး ချိန်ကိုက်လုပ်တာပါ။ ကျမတို့ အရင်ကတည်းက သတ်မှတ် ထားတဲ့ အခြေအနေတွေနဲ့ကိုက်ညီတဲ့ မူဝါဒတွေကို ဆက်လက် ချမှတ်သွားနိုင်ဖို့ တမင်ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။ ဘာလို့ခုချိန်မှာ သက်တမ်းတိုးဖို့ လုပ်ရလဲဆိုတော့ ကျမတို့အနေနဲ့ မြန်မာအစိုးရကို သာမက အမေရိကန် အစိုးရ ကိုပါ သတင်းစကားပါးချင်တာ ရှိပါတယ်။ အဲဒါက အမေရိကန်အနေနဲ့ လိုက်လျောဆောင်ရွက်မှုတွေ ဆက်လုပ် နေတာ၊ သမ္မတဦးသိန်းစိန်ကို ဂုဏ်ပြုနေတာတွေဟာ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေနဲ့အညီ တုံ့ပြန်တာ ထက် ပိုနေတယ်ဆိုတာပါ။ တကယ့် ပကတိအခြေအနေမှာက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ပိုများလာနေသလို သမ္မတဦးသိန်းစိန်အစိုးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကလည်း နိုင်ငံ အနှံ့မှာ ရှိနေတုန်းပါ။ ဆိုတော့ ဒီ အက်ဥပဒေကို သက်တမ်းတိုးခြင်းအားဖြင့် လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုတွေကို ခိုင်ခိုင် မာမာ တိုးမြှင့် မဆောင်ရွက်ဘဲနဲ့  ဒီပိတ်ဆို့မှုတွေ ပယ်ဖျက်ပေး မှာ မဟုတ်ဘူးဆိုတာကို ပြောနိုင်မှာဖြစ်ပါတယ်။”  အမေရိကန်အစိုးရဟာ လောလောဆယ်မှာ မြန်မာအစိုးရကို လိုအပ်တာထက် ပိုပြီး လိုက်လျောနေတယ်လို့လည်း US Campaign အဖွဲ့က ဝေဖန် ပါတယ်။ မြန် မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်မြောက်သေးတာ၊ တိုင်းရင်း သားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဆက်လက် ရှိနေသေးတဲ့အချိန်မှာ အမေရိကန်အနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ထပ်ပြီးတော့ မလျှော့ပေးသင့်ဘူးလို့ Rachel Wagley က ပြောပါတယ်။  “ကျမတို့ရဲ့ အဓိက ပြဿနာက ပြောရရင် အမေရိကန်အစိုးရက မြန်မာနိုင်ငံတွင်း အမှန်တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေပေါ်မူတည်ပြီး တုံ့ပြန်ဆောင်ရွက်ရမှာ ထက်ကို ကျော်လွန်ပြီးတော့ လိုက်လျောတုံ့ပြန်နေတဲ့ကိစ္စပါ။ လက်တွေ့ အခြေအနေကိုကြည့်ရင် မြန်မာအစိုးရ စစ်တပ်ဟာ တိုင်းရင်းသားလူနည်းစုတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေဆဲဖြစ်ပါတယ်။ အတင်း အဓမ္မပြုကျင့်မှုတွေနဲ့ ကျူးလွန်သူတွေကို တရားဥပဒေက ကင်းလွတ်ခွင့်ပြု ထားနေ တုန်းပါ။ ဆိုတော့ ကျမတို့အနေနဲ့ကတော့ အမေရိကန်က ပိတ်ဆို့ မှုတွေ ပြန်ရုပ် သိမ်းဖို့ဆိုရင် အရင်ဆုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မဲ့ပြန်လွှတ်ပေးတာ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ ပြစ်မှု ကျူးလွန်မှုတွေကို စစ်ဆေးအရေးယူတာ စတဲ့လုပ်ဆောင်မှုတွေကို မြန်မာ အစိုးရဘက်က ဆောင်ရွက်ပေးတာကို မြင်ချင်ပါတယ်။”  ၂၀၀၃ ခုနှစ်ကချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ ဟာ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အပါအ၀င်၊ မြန်မာနိုင်ငံက ကုန် ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်ကို ပိတ်ပင်ထားတာဖြစ် ပြီးတော့ မြန်မာ စစ်ခေါင်းဆောင်တွေ လက်ထဲကို အမေရိကန်ဒေါ်လာ သန်း ရာနဲ့ချီ ရောက်မသွားအောင် ဟန့်တားပိတ်ပင်ခဲ့တဲ့ ဥပဒေတရပ်ဖြစ်ပါတယ်။  သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့ပြီး တဲ့နောက်ပိုင်း အမေရိကန်က မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတချို့ကို ဆိုင်းငံ့ပေးခဲ့ပေမဲ့လို့ မြန်မာနိုင်ငံ တွင်း နိုင်ငံရေးအရ လမ်းဖွင့်ပေးမှုတွေဟာ အစပိုင်းသာရှိသေးပြီး ကျန်နေသေး တဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ စိုးရိမ်စရာလူ့အခွင့်အရေး အခြေအနေတွေ ဆက် ရှိနေသေးတာကြောင့် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အတော်များများကို ဆက်လက်ထားရှိနေတုန်းလည်းဖြစ်ပါတယ်။ သိပ်မကြာခင်ကပဲ သမ္မတ Barack Obama က မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့  လုံခြုံရေး နဲ့ နိုင်ငံခြားရေး မူဝါဒအပေါ်မှာ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ဆိုပြီး အမျိုးသားအရေးပေါ် အက်ဥပဒေကို ၁ နှစ် ထပ်မံ သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါသေးတယ်။ ၁၉၉၇ ခုနှစ်ကတည်းက အမေရိကန်က မြန်မာ အပေါ်ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုဥပဒေကို ဆက်ပြီး သက်တမ်းတိုးဖို့ သမ္မတ အိုဘားမား က မေလ ၂ ရက်နေ့ နေ့စွဲနဲ့ Congress လွှတ်တော်ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ မြန်မာအပေါ်ချမှတ်ထားတဲ့ ၁၉၉၇ ခုနှစ် ဥပဒေအရ အမေရိကန်အနေနဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွား ဆက်ဆံမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင် တားမြစ်ထားတာဖြစ်ပါတယ်ရှင်။   VOA
မြန်မာသမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို တရားဝင်ခရီးစဉ် လာရောက်မယ့် ရက်ပိုင်းအလိုမှာပဲ မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူး သဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော်မှာ သြဇာညောင်းတဲ့ လွှတ်တော်အမတ်တဦးက လွှတ်တော်ကို အဆိုပြုလိုက်ပါတယ်။
 မြန်မာနိုင်ငံ တွင်းက အခြေအနေတွေဟာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆက်ပြီးရှိနေဖို့ လိုအပ်နေသေးတယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ ခုလို ဥပဒေသက်တမ်း တိုးဖို့အဆိုကို သမ္မတဦးသိန်းစိန် ခရီးစဉ်နဲ့ အချိန်ကိုက်တင်သွင်းတာဖြစ်တယ်လို့ ယူဆတဲ့အကြောင်း ၀ါရှင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma ကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံ ပြောပြပေးပါရှင်။

မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူးသဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ Burma Freedom and Democracy Act လို့ခေါ်တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးဖို့ ဒီမိုကရက် အထက်လွှတ်တော် အမတ် Joseph Crowley နဲ့ ရီပက်ပလစ်ကန် အထက်လွှတ်တော်အမတ် Peter King တို့က ကွန်ဂရက်စ် လွှတ်တော်ကို အဆိုပြု တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေသေးတာကြောင့် အမေရိကန်အစိုးရအနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက်ပြီးချမှတ်ထားဖို့ လိုအပ် နေသေးတယ်လို့ မစ္စတာ Crowley က ပြောဆိုခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း မေလကနေစလို့ ရက် ၉၀ အတွင်း ဒီဥပဒေ သက်တမ်းတိုးဖို့ ကွန်ဂရက်လွှတ်တော်မှာ မဲပေးဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ တိုက် တိုက်ဆိုင်ဆိုင် မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန် တရားဝင် ခရီးစဉ်နဲ့ အချိန် ကိုက် လွှတ်တော်အမတ်တချို့က ဒီဥပဒေသက်တမ်း တိုးဖို့ ပြောလာခဲ့တာ ပါ။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်ရှိဖို့ လိုအပ်နေသေးတယ်ဆိုတာကို သိသာထင်ရှားစေဖို့အတွက် သမ္မတဦးသိန်းစိန် ခရီးစဉ် ရက်ပိုင်းအလိုမှာ အခုလို လွှတ်တော်ကို ချိန်ကိုက်တင်သွင်းပုံ ရတယ်လို့ ၀ါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma က လှုပ်ရှားမှုတာဝန်ခံ Rachel Wagley က ပြောပါတယ်။

“ဒါ တမင်ရည်ရွယ်ပြီး ချိန်ကိုက်လုပ်တာပါ။ ကျမတို့ အရင်ကတည်းက သတ်မှတ် ထားတဲ့ အခြေအနေတွေနဲ့ကိုက်ညီတဲ့ မူဝါဒတွေကို ဆက်လက် ချမှတ်သွားနိုင်ဖို့ တမင်ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။ ဘာလို့ခုချိန်မှာ သက်တမ်းတိုးဖို့ လုပ်ရလဲဆိုတော့ ကျမတို့အနေနဲ့ မြန်မာအစိုးရကို သာမက အမေရိကန် အစိုးရ ကိုပါ သတင်းစကားပါးချင်တာ ရှိပါတယ်။ အဲဒါက အမေရိကန်အနေနဲ့ လိုက်လျောဆောင်ရွက်မှုတွေ ဆက်လုပ် နေတာ၊ သမ္မတဦးသိန်းစိန်ကို ဂုဏ်ပြုနေတာတွေဟာ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေနဲ့အညီ တုံ့ပြန်တာ ထက် ပိုနေတယ်ဆိုတာပါ။ တကယ့် ပကတိအခြေအနေမှာက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ပိုများလာနေသလို သမ္မတဦးသိန်းစိန်အစိုးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကလည်း နိုင်ငံ အနှံ့မှာ ရှိနေတုန်းပါ။ ဆိုတော့ ဒီ အက်ဥပဒေကို သက်တမ်းတိုးခြင်းအားဖြင့် လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုတွေကို ခိုင်ခိုင် မာမာ တိုးမြှင့် မဆောင်ရွက်ဘဲနဲ့ ဒီပိတ်ဆို့မှုတွေ ပယ်ဖျက်ပေး မှာ မဟုတ်ဘူးဆိုတာကို ပြောနိုင်မှာဖြစ်ပါတယ်။”

အမေရိကန်အစိုးရဟာ လောလောဆယ်မှာ မြန်မာအစိုးရကို လိုအပ်တာထက် ပိုပြီး လိုက်လျောနေတယ်လို့လည်း US Campaign အဖွဲ့က ဝေဖန် ပါတယ်။ မြန် မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်မြောက်သေးတာ၊ တိုင်းရင်း သားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဆက်လက် ရှိနေသေးတဲ့အချိန်မှာ အမေရိကန်အနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ထပ်ပြီးတော့ မလျှော့ပေးသင့်ဘူးလို့ Rachel Wagley က ပြောပါတယ်။

“ကျမတို့ရဲ့ အဓိက ပြဿနာက ပြောရရင် အမေရိကန်အစိုးရက မြန်မာနိုင်ငံတွင်း အမှန်တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေပေါ်မူတည်ပြီး တုံ့ပြန်ဆောင်ရွက်ရမှာ ထက်ကို ကျော်လွန်ပြီးတော့ လိုက်လျောတုံ့ပြန်နေတဲ့ကိစ္စပါ။ လက်တွေ့ အခြေအနေကိုကြည့်ရင် မြန်မာအစိုးရ စစ်တပ်ဟာ တိုင်းရင်းသားလူနည်းစုတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေဆဲဖြစ်ပါတယ်။ အတင်း အဓမ္မပြုကျင့်မှုတွေနဲ့ ကျူးလွန်သူတွေကို တရားဥပဒေက ကင်းလွတ်ခွင့်ပြု ထားနေ တုန်းပါ။ ဆိုတော့ ကျမတို့အနေနဲ့ကတော့ အမေရိကန်က ပိတ်ဆို့ မှုတွေ ပြန်ရုပ် သိမ်းဖို့ဆိုရင် အရင်ဆုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မဲ့ပြန်လွှတ်ပေးတာ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ ပြစ်မှု ကျူးလွန်မှုတွေကို စစ်ဆေးအရေးယူတာ စတဲ့လုပ်ဆောင်မှုတွေကို မြန်မာ အစိုးရဘက်က ဆောင်ရွက်ပေးတာကို မြင်ချင်ပါတယ်။”

၂၀၀၃ ခုနှစ်ကချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ ဟာ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အပါအ၀င်၊ မြန်မာနိုင်ငံက ကုန် ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်ကို ပိတ်ပင်ထားတာဖြစ် ပြီးတော့ မြန်မာ စစ်ခေါင်းဆောင်တွေ လက်ထဲကို အမေရိကန်ဒေါ်လာ သန်း ရာနဲ့ချီ ရောက်မသွားအောင် ဟန့်တားပိတ်ပင်ခဲ့တဲ့ ဥပဒေတရပ်ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့ပြီး တဲ့နောက်ပိုင်း အမေရိကန်က မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတချို့ကို ဆိုင်းငံ့ပေးခဲ့ပေမဲ့လို့ မြန်မာနိုင်ငံ တွင်း နိုင်ငံရေးအရ လမ်းဖွင့်ပေးမှုတွေဟာ အစပိုင်းသာရှိသေးပြီး ကျန်နေသေး တဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ စိုးရိမ်စရာလူ့အခွင့်အရေး အခြေအနေတွေ ဆက် ရှိနေသေးတာကြောင့် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အတော်များများကို ဆက်လက်ထားရှိနေတုန်းလည်းဖြစ်ပါတယ်။ သိပ်မကြာခင်ကပဲ သမ္မတ Barack Obama က မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေး နဲ့ နိုင်ငံခြားရေး မူဝါဒအပေါ်မှာ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ဆိုပြီး အမျိုးသားအရေးပေါ် အက်ဥပဒေကို ၁ နှစ် ထပ်မံ သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါသေးတယ်။ ၁၉၉၇ ခုနှစ်ကတည်းက အမေရိကန်က မြန်မာ အပေါ်ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုဥပဒေကို ဆက်ပြီး သက်တမ်းတိုးဖို့ သမ္မတ အိုဘားမား က မေလ ၂ ရက်နေ့ နေ့စွဲနဲ့ Congress လွှတ်တော်ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ မြန်မာအပေါ်ချမှတ်ထားတဲ့ ၁၉၉၇ ခုနှစ် ဥပဒေအရ အမေရိကန်အနေနဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွား ဆက်ဆံမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင် တားမြစ်ထားတာဖြစ်ပါတယ်ရှင်။

VOA

နိုင်ငံရေး အကျဉ်းသား တချို့ လွတ်မြောက်မှု အမေရိကန် ကြိုဆို

Photo: နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်မှု အမေရိကန်ကြိုဆို  Saturday, May 18, 2013  မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို သောကြာနေ့မှာ ပြန်လွှတ်ပေး လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့ အတွက်ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနမှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာနိုင်ငံနဲ့ပါတ်သက်လို့ ပြောခွင့်ရသူက ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။  မြန်မာနိုင်ငံမှာ အကျဉ်းထောင်တွေထဲကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ အမြဲတိုက်တွန်းနေတဲ့ အမေရိကန် ပြည်ထောင်စုဆီ သမ္မတဦးသိန်းစိန် မလာခင်လေးမှာ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို မြန်မာ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလို လွှတ်ပေးလိုက်တဲ့ အပေါ်မှာ အမေရိကန်အစိုးရက ကြိုဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန မှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jan Psaki (စာကီ) က ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ လိုတယ်ဆိုတာကိုလည်း ခုလိုပြောပါတယ်။  “နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ ကြိုဆိုပါတယ်။ အခုဆိုရင် စုစုပေါင်း ပြန်လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားပေါင်းက ၈၅၀ ကျော်သွားပြီလို့ထင်ပါတယ်။ ကျန်နေသေး တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စနဲ့ပါတ်သက်လို့ နိုင်ငံရေးအကျဉ်းသား ပြန်လည် စိစစ်ရေးကော်မတီနဲ့ ဆက်ပြီး ညှိုနှိုင်းလုပ်သွားဖို့ ဆက်ပြီး တိုက်တွန်း ပါတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့လည်း တိုက်တွန်းပါတယ်။”  မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှု တော်တော် များ များ ဖြစ်နေပေမဲ့ နောက်ထက် တိုးတက်အောင် လုပ်ဖို့ကျန်သေးတဲ့ ကိစ္စတွေကိုလည်း ရှေ့သီတင်းပတ်ထဲ အမေရိကန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ဆွေးနွေးကြလိမ့်မယ်ဆိုတာ သေချာပါတယ်လို့ ပြောခွင့်ရသူ Jan Psaki က ပြောပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မစခင်လေးမှာပဲ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တာ ဟာ မျက်နှာကောင်းလိုချင်လို့ လွှတ်ပေးတာမျိုးဖြစ်တယ်လို့ အကဲခတ် တချို့ က ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ရော အဲဒီလို မြင်ပါသလားလို့ သတင်းထောက်တယောက်ကလည်း မေးပါတယ်။  “ဒီအကြောင်းနဲ့ပါတ်သက်လို့ ကျွန်မ ဘာမှ မပြောလိုပါဘူး။ နိုင်ငံရေး အကျဉ်း သားတွေ အားလုံးကို ချွင်းချက်မရှိလွှတ်ပေးစေချင်တဲ့အတွက် အားလုံးကို လွှတ် လိုက်မယ်ဆိုရင်တော့ သိပ်ကိုကောင်းတဲ့ လုပ်ရပ်ဖြစ်ပါ လိမ့်မယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်အတွင်း အကြီးအကျယ် တိုးတက်မှုတွေ လုပ်လာတာကို အမေရိကန်အနေနဲ့ လျှော့တွက်လို့ မရပါဘူး။ ဆက်ပြီးလုပ်သင့်တာတွေ ရှိသေးတယ်ဆိုတာ မှန်ပါတယ်။ သူတို့လုပ်ထားတဲ့ ပြုပြင် ပြောင်းလဲမှု တချို့က သိသာထူးခြားမှုရှိပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို စိတ်အား ထက်ထက် သန်သန်နဲ့ အစီအစဉ်ချလုပ်နေတာကို ဆက်ပြီး လုပ်သွားဖို့ အမေရိကန်ပြည်ထောင်စုက အားပေးချင်ပါတယ်။”  အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်နေသူတွေရဲ့စာရင်းအရ နိုင်ငံရေးအကျဉ်းသား ရာ ဂဏန်း ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ ပြန်လွှတ်ပေးရမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူတွေ ရှိသေးတယ်ဆိုတာကို အမေရိကန်သမ္မတ Barack Obama က သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စအပါအဝင် အမေရိကန်က စိုးရိမ်တဲ့ ကိစ္စတွေ ရှိနေဆဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်ထဲက အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားအရေးပေါ် အက် ဥပဒေကို မေလဆန်းပိုင်းကပဲ သမ္မတ Barack Obama က နောက်ထပ် ၁ နှစ် သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။  ဒီမိုကရေစီစနစ် တိုးတက်ခိုင်မာရေးဆောင်ရွက်မှုတွေမှာ ရင်ဆိုင်နေရဆဲ စိန်ခေါ်မှုတွေကို သမ္မတဦးသိန်းစိန်နဲို့အိမ်ဖြူတော်မှာ မေလ ၂၀ ရက်နေ့ တွေ့ဆုံတဲ့ အခါမှာ သမ္မတ Barack Obama ဘက်ကဆွေးနွေးဖို့ စိတ်အား ထက်သန်နေတဲ့အကြောင်းကိုလဲ အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်ရှင်။   VOA
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို သောကြာနေ့မှာ ပြန်လွှတ်ပေး လိုက်တဲ့အပေါ် အမေရိ ကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့ အတွက်ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ အမေရိ ကန် နိုင်ငံခြားရေးဌာနမှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာ နိုင်ငံနဲ့ပါတ်သက်လို့ ပြောခွင့်ရသူက ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အကျဉ်းထောင်တွေထဲကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကို ပြန်လွှတ်ပေး ဖို့ အမြဲတိုက်တွန်းနေတဲ့ အမေရိကန် ပြည်ထောင်စုဆီ သမ္မတဦးသိန်းစိန် မလာခင်လေးမှာ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို မြန်မာ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလို လွှတ်ပေးလိုက်တဲ့ အပေါ်မှာ အမေရိကန်အစိုးရက ကြိုဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန မှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jan Psaki (စာကီ) က ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ လိုတယ် ဆိုတာကိုလည်း ခုလိုပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ ကြိုဆို ပါတယ်။ အခုဆိုရင် စုစုပေါင်း ပြန်လွှတ်ပေးခဲ့တဲ့
နိုင်ငံရေးအကျဉ်းသားပေါင်းက ၈၅၀ ကျော်သွားပြီလို့ထင်ပါတယ်။ ကျန်နေသေး တဲ့ နိုင်ငံရေး အကျဉ်းသားတွေကိစ္စနဲ့ပါတ်သက်လို့ နိုင်ငံရေးအကျဉ်းသား
ပြန်လည် စိစစ်ရေးကော်မတီနဲ့ ဆက်ပြီး ညှိုနှိုင်းလုပ်သွားဖို့ ဆက်ပြီး တိုက်တွန်း ပါတယ်။ ကျန် တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့လည်း တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှု တော်တော် များ များ ဖြစ်နေပေမဲ့ နောက်ထက် တိုးတက်အောင် လုပ်ဖို့ကျန်သေးတဲ့
ကိစ္စတွေကိုလည်း ရှေ့သီတင်းပတ်ထဲ အမေရိကန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ဆွေးနွေး ကြလိမ့်မယ်ဆိုတာ သေချာပါတယ်လို့ ပြောခွင့်ရသူ
Jan Psaki က ပြောပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မ စခင်လေးမှာပဲ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တာ ဟာ မျက်နှာကောင်းလိုချင်လို့ လွှတ်ပေးတာမျိုးဖြစ်တယ်လို့ အကဲခတ် တချို့ က ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ရော အဲဒီလို မြင်ပါသလားလို့
သတင်းထောက်တယောက်ကလည်း မေးပါတယ်။

“ဒီအကြောင်းနဲ့ပါတ်သက်လို့ ကျွန်မ ဘာမှ မပြောလိုပါဘူး။ နိုင်ငံရေး အကျဉ်း သားတွေ အားလုံးကို ချွင်းချက်မရှိလွှတ်ပေးစေချင်တဲ့အတွက် အားလုံးကို လွှတ် လိုက်မယ်ဆိုရင်တော့ သိပ်ကိုကောင်းတဲ့ လုပ်ရပ်ဖြစ်ပါ လိမ့်မယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်အတွင်း အကြီးအကျယ် တိုးတက်မှုတွေ လုပ်လာတာကို အမေရိကန်အနေနဲ့ လျှော့တွက်လို့ မရပါဘူး။ ဆက်ပြီးလုပ်သင့်တာတွေ ရှိသေးတယ်ဆိုတာ မှန်ပါတယ်။ သူတို့လုပ်ထားတဲ့ ပြုပြင် ပြောင်းလဲမှု တချို့က သိသာထူးခြားမှုရှိပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို စိတ်အား ထက်ထက် သန်သန်နဲ့ အစီအစဉ်ချလုပ်နေတာကို
ဆက်ပြီး လုပ်သွားဖို့ အမေရိကန်ပြည်ထောင်စုက အားပေးချင်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်နေသူတွေရဲ့စာရင်းအရ နိုင်ငံရေးအကျဉ်းသား ရာ ဂဏန်း ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ ပြန်လွှတ်ပေးရမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူတွေ ရှိသေးတယ်ဆိုတာကို အမေရိကန်သမ္မတ Barack Obama က သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စအပါအဝင် အမေရိကန်က စိုးရိမ်တဲ့ ကိစ္စတွေ ရှိနေဆဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်ထဲက အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားအရေးပေါ် အက် ဥပဒေကို မေလဆန်းပိုင်းကပဲ သမ္မတ Barack Obama က နောက်ထပ် ၁ နှစ် သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။

ဒီမိုကရေစီစနစ် တိုးတက်ခိုင်မာရေးဆောင်ရွက်မှုတွေမှာ ရင်ဆိုင်နေရဆဲ စိန်ခေါ်မှုတွေကို သမ္မတဦးသိန်းစိန်နဲို့အိမ်ဖြူတော်မှာ မေလ ၂၀ ရက်နေ့
တွေ့ဆုံတဲ့ အခါမှာ သမ္မတ Barack Obama ဘက်ကဆွေးနွေးဖို့ စိတ်အား ထက်သန်နေတဲ့အကြောင်းကိုလဲ အိမ်ဖြူတော်က
သတင်းထုတ်ပြန်ထားပါတယ်ရှင်။

VOA

တရုတ်ပိုက်လိုင်း စီမံကိန်းကို သတ်မှတ် တဲ့အတိုင်း ပြီးအောင်ဆောင် ရွက်မယ်

Photo: တရုတ်ပိုက်လိုင်း စီမံကိန်းကို သတ်မှတ်တဲ့အတိုင်း ပြီးအောင်ဆောင်ရွက်မယ် Saturday, May 18, 2013  ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်နေတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွားရာလမ်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် စီမံကိန်းကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားတဲ့ကာလအတိုင်း ဆောင်ရွက်နိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနအကြီးအကဲ ဦးဌေးအောင်က ပြောဆိုကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် energy tribune ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။  အဲဒီပိုက်လိုင်းကနေ လာမယ့်ဇူလိုင်လမှာ ဓာတ်ငွေ့တွေ စတင်ပို့လွှတ်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်ကတော့ တိုက်ပွဲတွေကြောင့် ဓါတ်ငွေ့စလွှတ်မယ့်အချိန်ကာလ ရှည်သွားနိုင်တယ်လို့ ပြောဆိုပါတယ်။  စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်က တရုတ်လူမျိုး ဧည့်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျိုဟောင်က တိုက်ပွဲတွေဟာ မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီတွေအတွက်တော့ စိုးရိမ်စရာဖြစ်တယ်လို့ဆိုပါတယ်။  တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီရဲ့ စီမံကိန်းဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကနေ တစ်ရက်ကို ရေနံစည်ပေပါ ၄ သိန်း ၄ သောင်းသယ်လာပြီး ရခိုင်ကမ်းရိုးတန်းကနေ ယူနန်ပြည်နယ်ကို ပို့မှာဖြစ်သလို၊ မြန်မာ့ကမ်းလွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို တနှစ်မှာ ကုဗမီတာသန်းပေါင်း တစ်သောင်းနှစ်ထောင်လောက် တင်ပို့မှာဖြစ်ပါတယ်။  rfa
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်နေတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွားရာ လမ်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် စီမံကိန်းကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားတဲ့ကာလအတိုင်း ဆောင်ရွက်နိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနအကြီးအကဲ ဦးဌေးအောင် က ပြောဆိုကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် energy tribune ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။ အဲဒီပိုက်လိုင်းကနေ လာမယ့်ဇူလိုင်လမှာ ဓာတ်ငွေ့တွေ စတင်ပို့လွှတ်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်ကတော့ တိုက်ပွဲတွေကြောင့် ဓါတ်ငွေ့စလွှတ်မယ့် အချိန်ကာလ ရှည်သွားနိုင်တယ်လို့ ပြောဆိုပါတယ်။

စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်က တရုတ်လူမျိုး ဧည့်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျိုဟောင်က တိုက်ပွဲတွေဟာ မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီတွေအတွက်တော့ စိုးရိမ်စရာဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီရဲ့ စီမံကိန်းဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကနေ တစ်ရက်ကို ရေနံစည်ပေပါ ၄ သိန်း ၄ သောင်းသယ်လာပြီး ရခိုင်ကမ်းရိုးတန်းကနေ ယူနန်ပြည်နယ်ကို ပို့မှာဖြစ်သလို၊ မြန်မာ့ကမ်းလွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို တနှစ်မှာ ကုဗမီတာသန်းပေါင်း တစ်သောင်းနှစ်ထောင်လောက် တင်ပို့မှာဖြစ်ပါတယ်။

rfa www.myanmartharkaung.net

မြန်မာနိုင်ငံတွင်အပြည်ပြည်ဆိုင်ရာ ပြည့်တန်ဆာဈေး ကွက်စတင်ဖော်ဆောင်မည်




"ပြည့်တန်ဆာတွေကို လိုင်စင် ထုတ်ပေးပြီး တော့ စနစ်တကျနဲ့ လုပ်ဆောင် စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လိုင်စင် ထုတ်ပေးရင် စနစ် တကျနဲ့ အခွန်ကောက်လို့ရပါတယ်။ စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ပေးလို့ ရတယ်" ဒေါ်စန္ဒာမင်း(NLD)

မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ပြည့်တန်ဆာ ဈေးကွက်ကို စတင်အကောင်အထည် ဖော်ဆောင် တော့မည်ဖြစ်ကြောင်း မင်္ဂလာဈေး၊ ဘုရင့်နောင်၊ ကြည့်မြင်တိုင်၊ ပန်းဆိုးတန်းတို့ ရှိ ပြည့်တန် ဆာလုပ်ငန်း လုပ်ဆောင် နေသူများနှင့် မာဆတ်အမည်ခံ ပြည့်တန်ဆာခန်းများက ပြော သည်။

ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့တွင် ယင်းဈေးကွက်ရှိသော်လည်း မြန်မာနိုင်ငံတွင် မရှိသေးသဖြင့် ယခုကဲ့သို့ အကောင်အထည်ဖော် ခြင်းဖြစ်ကြောင်း မင်္ဂလာဈေးရှိ ပြည့်တန်ဆာခေါင်း ဦးကြည်အေးက ပြောသည်။
''နိုင်ငံတကာ အဆင့်မှီပေါ့ဗျာ၊ နိုင်ငံတကာဈေးအတိုင်းပေါ့။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းကို လည်း မြှင့်တင်ရာ ရောက်တာပေါ့'' ဟု ယင်းက ဆိုသည်။ယခုအချိန်ထိ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် ခွင့်ပြုပေးခြင်းမရှိသေးဘဲ ခိုးချောင်ခိုးဝှက်သာလုပ်ဆောင်နေရ ဆဲဖြစ်ကြောင်း ဦးကြည်အေး က ဆက်လက်ပြောသည်။


''ပြည်တန်ဆာဥပဒေကိုပြဌာန်းဖို့ လိုတယ်ဗျ။ အဲ့ဒီအတွက်လည်း ကျွန်တော့် ဖောက်သည် ပြည့်သူ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က လွှတ်တော် မှာ တင်ပေးမယ်လို့ ပြောတယ်။ သူ့ကိုတော့ ဖရီးပေးကျွေးရ တာပေါ့။ အခုလောလောဆယ်တော့ လိုင်းကြေးပေးပြီး ဒိုင်လျှိုလေး လုပ်နေရတယ်'' ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တန်ဆာ ဥပဒေကို ပြဌာန်း ပြီးပါက ပြည့်တန်ဆာ လုပ်ငန်းသည် ကြီးထွားလာ နိုင်ပြီး ယခုကဲ့သို့ ခွင့်မပြုသေးသည့် ကာလ မှာပင် မာဆတ်အမည်ခံကာ ပြည့်တန်ဆာလုပ်ငန်းများ လုပ်ငန်းနေမှုများ ရှိနေကြောင်း ပုံမှန် စားသုံးနေသူ အသက် ၂၅ နှစ်အရွယ် ကိုမောင်အောင်က ပြောသည်။

''တရားဝင်ဆိုကောင်းမယ်ဗျ။ အခုတော့ ဘယ်အချိန်ဝင်ဖမ်းမလဲ စိုးရိမ်နေရေ သးတယ်''ဟု ကိုမောင်အောင် က ပြောသည်။ယင်းဈေးကွက်ကြီးဖော်ဆောင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပွင့်လင်း လာနိုင်ပြီး အထူးသဖြင့် အမျိုးသမီးများအတွက် သင့်လျှော်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ဆီးဂိမ်းပြိုင်ပွဲ ကို ကျင်းပမည်ဖြစ်ရာယင်းအချိန်မတိုင်မီ ပြည်တန်ဆာ ဈေးကွက် ဖော်ဆောင်ရန် လိုအပ်ကြောင်း အားကစားသတင်းထောက်တစ်ဦး ဖြစ်သူကိုချမ်းငြိမ်း ၎င်း၏ အမြင်ကို သုံးသပ်သည်။

''၂၀၁၃ ဆိုရင် ဆီဂိမ်းနဲ့ အတူ ဧည့်သည်တွေအများကြီးဝင်လာမှာ လေ။ အဲ့ဒီအထဲမှာ စားဖားကြီးတွေလည်း ပါလာမှာပဲ။ အဲ့ဒီလိုလူတွေအတွက် ပြည်တန်ဆာဈေးကွက်မရှိဘူးဆိုရင် အခြားအမျိုးသမီးအတွက် စိုးရိမ် ရနိုင် တယ်'' ဟု ကိုချမ်းငြိမ်းက ဆိုသည်။
ဆီးဂိမ်းနှင့်အတူ မြန်မာ့ပြည်တန်ဆာဈေးကွက်ကို လူသိများစေရန် လုပ်ဆောင် နိုင်ကြောင်း ပြည်တန်ဆာခေါင်း ဦးကြည်အေးက ဆိုသည်။
''အဲ့ဒီအခါဆို ကျွန်တော်တို့ ဖာခေါင်းတွေလည်း အငြိမ်နေရတော့မှာ မဟုတ်ဘူးဗျ။ ဈေးကွက်သစ်ရှာဖို့၊ ပစ္စည်းသစ်ရှာဖို့နဲ့ လုံးပမ်းနေရမှာ'' ဟုဦးကြည်အေးက ပြောသည်။

နိုင်ငံတကာ ပြည့်တန်ဆာ ဈေးကွက် ဖော်ဆောင်နိုင်မှုနှင့် ပတ်သက်၍ စီးပွားရေးကျွမ်းကျင်သူ ဦးဇော်သိုက်က ''ဒီဈေးကွက်က နိုင်ငံဂျီဒီပီကိုလည်း အထောက်အ ကူပြုနိုင်တယ်။ ထိုင်းနိုင်ငံဆိုရင် လည်း ဒီလုပ်ငန်းကနေ အခွန်ငွေ တော်တော်ရတယ်လို သိရတယ်။ ကျန်းမာရေးပညာပေးတဲ့ နေရာမှာလည်း တစ်နေရာထဲ ထိထိ ရောက်ရောက်ပညာပေးနိုင်တဲ့အတွက် ရောဂါတွေကိုလည်း ထိန်းချုပ်လာ နိုင်တယ်'' ဟုသုံးသပ်သည်။

ယင်းနှင့် ပတ်သက်၍ ယခု လက်ရှိ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေသူ မစု(အမည်လွဲ)က ဝင်ငွေ လမ်းကြောင်းဖြောင့်လာနိုင်ပြီး နိုင်ငံတကာဈေးကွက်ဝင်ဆံ့နိုင်လာသည့် အတွက် မစတင်မီကပင် ကြိုတင် ရင်ခုန်မိနေကြောင်း ဘုရင့်နောင်ရှိ တည်ခိုခန်းတစ်ခုတွင် ပြောသည်။''နိုင်ငံခြားသားတွေနဲ့ ဆိုတော့.. .ဟိဟိ ရင်ခုန်စရာကြီး''ဟု မစုကဆိုသည်။

နိုင်ငံခြားသား များနှင့် ရင်ဆိုင်တွေ့ရ မည်ဖြစ် သည့်အတွက် မိမိတို့ဘက်ကလည်း ကြိုတင်ပြင်ဆင်ထား ဖို့လိုအပ်ကြောင်း ပြည်တန်ဆာအမျိုးသမီးတို့က သုံးသပ်ကြသည်။မြန်မာနိုင်ငံတွင် ပြည်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေသူပေါင်း သိန်းဂဏန်းအထိ ရှိနိုင်ကြောင်း ကျွမ်းကျင်သူတို့က သုံးသပ်ကြပြီး တရားဝင်ဈေးကွက် အကောင်အထည် ဖော်လာပါက ယင်းတို့နှင့် ဆက်နွယ်သော လုပ်ငန်းများပါ အခြေအနေကောင်း လာနိုင်ကြောင်း သုံးသပ်ကြသည်

ဇေယျစိုပြေ
(ထပ်ဆင့် ဖော်ပြခြင်းသာ ဖြစ်သည်။)

လူထုမောင်ကာဠု

မြန်မာ့ယဉ်ကျေးမှုကိုဖျက်စီးပြီးရုပ်ရှင်လောကထဲသို့  ဝင်ရောက်လာတော့မယ့်နန်းသီရိမောင်

၂၀၁၂ သင်္ကြန်မှာ Sexy ကျတဲ့ ဝတ်စားဆင်ယင်မှုကြောင့် အရမ်းဟော့ဖြစ်ခဲ့တဲ့ လားရှိုးသူ မော်ဒယ်လ် မလေး နန်းသီရိမောင် ဟာ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို တော်တော်လေး ခံယူ ခဲ့ရပါတယ်။ ဒ့ါအပြင် တေးသံရှင် အိန်အိန်းရဲ့ မင်းနဲ့တို့ချစ်တာ သီချင်း ဗီစီဒီမှာ အိန်အိန်းနဲ့ တွဲဖက် သရုပ်ဆောင်ချက်တွေက လည်းအရမ်း ရဲတင်းလွန်းတယ် ဆိုပြီး ကဲ့ရဲ့ကြသူတွေ ရှိသလို လန်းတယ်ဆိုပြီး ချီးမွမ်းသူတွေလည်း ရှိခဲ့ပါတယ်။ အချိန်တိုတို အတွင်းမှာ မြန်မာ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတဲ့ နန်းသီရိမောင်က အခုဆိုရင် တကိုယ်တော် စီးရီးစီစဉ်နေသလို၊ ဗီဒီယို ဇာတ်လမ်းတိုတွေ၊ ကြော်ငြာတွေ၊ မဂ္ဂဇင်း ကာဗာတွေလည်း ရိုက်နေပါပြီ။ မေလ ၁၄ ရက်နေ့ကလည်း သုဝဏ္ဏ အားကစားကွင်းမှာ ဆီးဂိမ်း အကြို လှုံ့ဆော်ပွဲ အတွက် ကြော်ငြာတိုလေး ရိုက်ကူးနေတာ တွေ့ရတဲ့အတွက် ဧရာဝတီသတင်းထောက် နဒီထိုက်က တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ နန်းသီရိမောင်၏သကြန်တွင်းပုံများကြည့်ရန်


မေး။     ။ အခုသုဝဏ္ဏ အားကစားကွင်းမှာ ဘာအတွက် ရိုက်ကူးနေတာလဲ။
ဖြေ။     ။ ဆီးဂိမ်း အကြို လှုံ့ဆော်ပွဲ အတွက် ကြော်ငြာပုံစံမျိုးလေး ရိုက်နေတာပါ။ မေ ၁၇၊ ၁၈၊ ၁၉ ကျရင် ပြည်သူ့ရင်ပြင်မှာ ဆီးဂိမ်း အကြို လှုံ့ဆော်ပွဲလုပ်မှာပါ။ အဲဒီအတွက် ကြော်ငြာအတိုလေးပေါ့။
မေး။     ။ အဲဒီလှုံ့ဆော်ပွဲ မှာကော ဘယ်လိုပုံစံနဲ့ ပါဝင်ဖျော်ဖြေမှာလဲ။
ဖြေ။     ။ ၁၇ နဲ့ ၁၉ ညနေ ၆ နာရီမှာ သီချင်းဆိုမှာပါ။
မော်ဒယ်လ် နန်းသီရိမောင် (ဓာတ်ပုံ – ပီတာ)
မေး။     ။ အခုလက်ရှိ အနုပညာ လှုပ်ရှားမှုတွေအကြောင်း ပြောပါဦး။
ဖြေ။     ။ ဆီးဂိမ်းအတွက် ဇာတ်လမ်းတိုလေး ရိုက်နေပါတယ်။ ဒါရိုက်တာ ဝင်းထွန်းထွန်းနဲ့ပါ။ မင်းသားက နေတိုးနဲ့ မြင့်မြတ်ပါ။ ပြီးတော့ မဂ္ဂဇင်း ကာဗာတွေ ရိုက်ထားတာလည်း ရှိတယ်။ ဇာတ်လမ်းတိုက ရုပ်သံ ချယ်နယ်တွေက လွှင့်မှာပါ။
မေး။     ။ ပွဲတွေမှာ သီချင်းဆိုနေပြီဆိုတော့ မော်ဒယ်သရုပ်ဆောင် ဘက်ကနေ ဂီတ ဘက်ကိုကူးဖို့ ရှိလား။
ဖြေ။     ။ ရှိပါတယ်။ တကိုယ်တော် စီးရီးခွေ စလုပ်နေပါပြီ။ ဒီနှစ်မကုန်ခင် ထွက်နိုင်ဖို့ မြန်မြန်လေး လုပ်နေပါတယ်။ R&B၊ Slow Rock၊ Pop Rock ပုံစံလေးတွေ လုပ်ထားပါတယ်။ တေးရေးတွေက ဦးရွှေ (ရွှေဂျော်ဂျော်)၊ အားတီ၊ ဂျောက်ဂျက်တို့ ပါပါတယ်။
မေး။     ။ R&B ပုံစံတွေပါမှာ ဆိုတော့ ရက်ပါတွေလည်း ပါဦးမယ် ထင်တယ်နော်။
ဖြေ။     ။ ဟုတ်ပါတယ်။ ရက်ပါတွေကတော့ ကျမ လေးစားရတဲ့ ကိုဂျေ (ဂျေးမီ) တို့ ကိုဂျောက်ဂျက်တို့ ပါမှာပါ။
မေး။     ။ ဗီဒီယိုတွေရိုက်ဖို့လည်း ပြင်နေပြီဆိုတော့ သရုပ်ဆောင်ပိုင်းမှာ တော်တော် လေ့လာပြီးပြီပေါ့။
ဖြေ။     ။ သရုပ်ဆောင် ဘဝက ခက်ခဲတယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် သေချာ ကြိုးစားနေပါတယ်။ အခုလည်း ဇာတ်ကားတွေ အရင်မရိုက်ဘဲ ဇာတ်လမ်းတိုတွေ အရင်ရိုက်ပြီး အတွေ့အကြုံတွေ သင်ယူနေတာပါ။
မေး။     ။ မော်ဒယ်လ်သင်တန်း ကရော ဘယ်ကဆင်းတာလဲ။
ဖြေ။     ။ ဆရာဂျွန်လွင်ဆီက သင်တန်း ဆင်းထားပါတယ်။ အခု သရုပ်ဆောင်ဘက်ကိုရော၊ အဆိုဘက်ကိုပါ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်။ သရုပ်ဆောင်သင်တန်းရော၊ အဆိုသင်တန်းရော တက်ဖို့ ရှိပါတယ်။ သိထားတာထက် ပိုပြီး သိအောင် လေ့လာချင်လို့ပါ။ ကိုယ်က ဒီအနုပညာကို ချစ်ပြီဆိုတော့ အနုပညာအတွက်လည်း အချိန်ယူပြီး သေချာ သင်ယူရဦးမှာပါ။
မေး။     ။ အနုပညာ အလုပ်တွေ လုပ်တာကို မိဘတွေက ခွင့်ပြုလား။
ဖြေ။     ။ မိဘတွေကလည်း ပံ့ပိုးပေးပါတယ်။ ခွင့်ပြုပါတယ်။
မေး။     ။ ဇာတိက ပရိသတ်တွေ အကြောင်းလည်း ပြောပြပါဦး။
ဖြေ။     ။ အမျိုးတွေလေ၊ အမျိုးတွေကို ချစ်တာပေါ့၊ ရှမ်းကိုးဆိုတော့ ရှမ်းတွေက ချစ်တာပေါ့။ အကုန်လုံးက အားပေးကြပါတယ်။
မေး။     ။ မော်ဒယ်လ် လောကမှာ Sexy ဒီဇိုင်းနဲ့ နာမည်ကြီးတဲ့ မော်ဒယ်လ်လည်း ဖြစ်တယ်ဆိုတော့ ဒီလို ပုံစံက နန်းသီရိမောင်ရဲ့ ပင်ကိုယ်စတိုင်လ်လား။
မော်ဒယ်လ် နန်းသီရိမောင် (ဓာတ်ပုံ – ပီတာ)
ဖြေ။     ။ ပုံစံမျိုးစုံ ရိုက်ဖြစ်ပါတယ်။ Sexy ကျအောင် ရိုက်ရမယ့်နေရာမျိုးမှာလည်း Sexy ဖြစ်နေရမယ်၊ Cute ပုံစံ လိုချင် ရင်လည်း Cute ပုံစံလေး ဖြစ်နေရမယ်။ သရုပ်ဆောင်တဲ့အခါမှာ ပီပြင်အောင် လုပ်တာပဲရှိပါတယ်။ စတိုင်လ် အကုန်လုံးကို ပီပြင်အောင် ကြိုးစားမှာပါ။
မေး။     ။ နန်းသီရိမောင် ရိုက်ခဲ့တဲ့ အိန်အိန်း ဗီစီဒီကို ပရိသတ် တော်တော်လေး အပြောများခဲ့တယ်နော်။ ဆက်ပြီး အဲဒီလို ရိုက်သွားဖို့ရှိလား၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်ကို ဘာပြောချင်သေးလဲ။
ဖြေ။     ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် နိုင်ငံတကာမှာက ဒီလိုမျိုးလည်း ရှိကြတာပဲလေ။ ကျမက သိပ်ကြီး အလွန်ကြီး လည်း ရိုက်ခဲ့တာမှ မဟုတ်တာ။ ဒီလိုမျိုး အသစ်အဆန်းနဲ့ အနုပညာ တခုချပြရုံပါ။ နိုင်ငံတကာအမြင်နဲ့ အသိနဲ့ ကျမကို နည်းနည်း နားလည်ပေးစေ ချင်ပါတယ်။ ဒါပေမယ့် တဘက်က ပြန်တွက်ကြည့်ရင်တော့ မြန်မာနိုင်ငံဆိုတာ ယဉ်ကျေးမှု ထွန်းကားတဲ့ နိုင်ငံ၊ ရှေးရိုးစွဲ အတွေးတွေ ရှိနေသေးသလို၊ ယဉ်ကျေးမှုအရ မြန်မာမျက်လုံးနဲ့ မမြင်ချင်ကြတာလည်း လက်ခံ ပါတယ်။ သူတို့ အပြစ်လည်း မဟုတ်ပါဘူး၊ ကျမတို့မှာလည်း အပြစ်ရှိတယ်လို့ ခံစားရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျမကတော့ အနုပညာ လမ်းကြောင်းမှာ စဝင်လာတဲ့သူ တယောက်အနေနဲ့ မှားရင်လည်း ပြင်ဖို့အသင့်ပါပဲ။ ကျမဒီလိုရိုက်တာ မကြိုက်ဘူး ဆိုရင်လည်း နောက်ထပ် မရိုက်တော့ပါဘူး။ ကျမကို ချစ်ချစ်ခင်ခင်နဲ့ ဆက်ပြီး လက်ခံ အားပေးစေချင်တာပါ။
ကျမကို မုန်းတဲ့သူတွေရော၊ ချစ်တဲ့သူရော၊ အားပေးတဲ့သူရော အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးလည်း စိတ်ချမ်း သာကြပါစေလို့ ဆုတောင်းပေးပါတယ်။ ဧရာဝတီစာမျက်နှာမှကူးယူဖြည့်စွက်ထားသည်။

ဆန္ဒပြသူများကို လည်ပင်းညှစ်နည်း နှင့် ငရုတ်ကောင်းရည်ဖျန်းနည်း မြန်မာရဲများကို အမေရိကန်နှင့် ဗြိတိန် မှ သင်ပေးမည်


.. www.MyanmarExpress.net

သမ္မတအဖြစ်မြင်လိုတယ်လို့ကော့မှူးဒေသခံတွေ က ဒေါ်အောင်ဆန်းစုကြည်အားပြောကြား

(၂၀၁၅ ခုနှစ်မှာ သမ္မတ အဖြစ် အောင်ပွဲခံမြင်လိုတယ်လို့ ကော့မှုးဒေသခံတွေက အမေစု နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်... ဒေသခံတွေရဲ့ ယင်းကဲ့သို့ တောင်းဆိုဆန္ဒပြုမှုအပေါ် """ ပေးတဲ့ဆုနဲ့ ပြည့်လိုတယ်""" အမေစု က ပြန်လည် ဖြေကြားခဲ့ပါတယ်... ))) (ရိုက်ကူး တည်းဖြတ် - မောပြေ (ခ) ခွန်ခေါင်)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည် ဟာ သူမရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှုးမြို့နယ်သို့ ဒီကနေ့ သွားရောက်ပါတယ်... ကော့မှုးမြို့နယ်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ရုံး သို့ ပထမဆုံးဝင်ရောက်ပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် မြို့နယ်စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးးးပါတယ်... အမေစု ကြီးမှုးတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက လှုဒါန်းတဲ့ ကော့မှုးမြို့နယ်၊ လက်ခိုက်ကျေးရွာ မူလတန်းလွန်ကျောင်း မှာ ကျောင်းဆောင်သစ်(ပရိဘောဂ အစုံအလင်) ၊ အိမ်သာ၊ မီးစက်၊ ရေတွင်း၊ ရေတုံကင်၊ အစရှိသည်တို့ ဆောက်လုပ်ပြီးစီးနေမှု့ကို ကြည့်ရှုပါတယ်... ထို့နောက် ကွမ်းခြံကုန်းမြို့သို့ သွားရောက်ပြီးးး ကျန်းမာရေးမကောင်းသည့် ကော့မှုးမြို့နယ် အဖွဲ့ချုပ် အမတ်(၁၉၉၀) ဦးဗဆွေ အား ကြည့်ရှုအားပေးပါတယ်... ကော့မှုးမြို့နယ် အဖွဲ့ချုပ်ရုံးသို့ ၀င်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်တာတွေ လမ်းညွှန်ဆောင်ရွက်သလို၊ ဒေသတွင်းလမ်းပန်းဆက်သွယ်မှုတွေကိုလဲ ကိုယ်တိုင်ကြည့်ရှု ခဲ့ပါတယ်..ဒေါင်းမာန်ဟုန်

နိုင်ငံရေးအကျဉ်းသား ၂၃ ယောက် လွတ်



မအူပင်အကျဉ်းထောင်တွင် ထောင်ဒဏ် ၆ နှစ်နှင့် ၃ လ ကျခံနေရသူ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ခေါင်းဆောင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ပြန်လည်လွတ်မြောက်
ဦးဝင်းမြင့်(၁၇/၁ - ဖေါက်ခွဲ ၄) ၄၀၁ (၁) အရလွှတ်ပေးခြင်းဖြစ်သည်။
ကံမင်းသာ (၁၇/၁- ဖေါက်ခွဲ ၄)စိုင်းတင်မင်းကို ပေါက်ကွဲ-၄(ခ) /၆ထွန်းဦး ၁၇(၁)/ ပေါက်ကွဲ(၃)
ဦးရဲထွဋ်ခေါင်၂၉၄(ခ)/ ၂၉၅(က)/ဦးစိုးရွှေ(ခ)ပညာဝံသ ၁၉(က) /ဦးကျော်မိုးထက်၂၉၄(ခ)/ ၂၉၅(က)
ဟေမာနေ၀င်း (ပေါက်ကွဲ-၃/ ၁၂၂(၁)


ယနေ့လွှတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားများ ကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကြိုဆိုကူညီပေးပြီး icrc သို့ပို့ဆောင်ပေးပြီးလိုအပ်သည်များကိုဆက်လက်ကူညီပေးလျက်ရှိပါသည်။
 Photo..Politcal prisoner facebook

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ဒီကနေ့မှာ အရေအတွက် အနည်းငယ် ပြန်လည် လွတ်မြောက်လာပါတယ်။ အမေရိကန်ပြည်ထောင်စုဆီ သွားရောက်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့ တရားဝင် နိုင်ငံတော်ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအတွင်းမှာပဲ အခုလို နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေး လိုက်တာပါ။ အပြည့်အစုံကို ရန်ကုန်၊ အင်းစိန်ထောင်ရှေ့သွားရောက်ပြီး လွတ်မြောက်လာသူတွေနဲ့ ကိုယ်တိုင် တွေ့ဆုံ မေးမြန်းခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

အင်းစိန်ထောင်၊ သာယာဝတီထောင်၊ မန္တလေးထောင်၊ တောင်ငူထောင်၊ မအူပင်ထောင်၊ ပုသိမ်ထောင်နဲ့ လားရှိုးထောင်တွေ ကနေ နိုင်ငံရေးအကျဉ်းသား ၂၃ ယောက်ကို မေလ ၁၇ ရက်၊ သောကြာနေ့မှာ ပြန်လွှတ်ပေးလိုက်တာပါ။ ပြည်ထောင်စု ၀န်ကြီး တစ်ဦး ဦးဆောင်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဆိုတာကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့အပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို နိုင်ငံရေးအကျဉ်းသား တချို့ ထပ်ပြီး လွတ်မြောက်လာတာလည်းဖြစ်ပါတယ်။

ဒီလိုလွှတ်ပေးတာဟာ နိုင်ငံရေးရည်ရွယ်ချက်ပါတယ်လို့ ပြောသူကတော့ အင်းစိန်ထောင်ကနေ ပြန်လွတ်လာသူ ဆယ်ဦးထဲမှာ ပါဝင်တဲ့ ကိုရဲထွဋ်ခေါင်ပါ။

“ပထမအကြိမ် အီးယူရဲ့ sanction တွေကို ဖွင့်ပေးကာနီးမှာ ဒီကော်မရှင်ကို ဖွဲ့စည်းတယ်။ ဒုတိယအကြိမ်မြောက် အစည်းအဝေးမှာ အကျဉ်းသား ၉၀ လောက်ကို လွှတ်ပေးလိုက်တယ်။ အဲဒီမှာ နိုင်ငံရေးအကျဉ်းသား ၅၉ ယောက်ပဲ ပါတယ်။ တချို့ဆိုရင် ဆေးမှုတွေ၊ လူသတ်မှုတွေတောင် ပါတယ်။ နိုင်ငံရေးအကျဉ်းသားက ၅၉ ယောက်ပဲ ပါတယ်။ အခုတကြိမ် သမ္မတကြီးက အမေရိကန် ခရီးစဉ်ရှိတဲ့အတွက်ကြောင့် ကျနော်တို့ကို နိုင်ငံရေး ကစားတဲ့အနေနဲ့ ထပ်လွှတ်ပေးလိုက်တာပါ။ ဒါပေမဲ့ မပြောပလောက်ပါဘူး။ ၂၃ ယောက်ထဲရယ်။”

သူဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း ၂၀၉ ရဲ့ စစ်ရေးလူငယ်တာဝန်ခံအဖြစ် လုပ်ခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ပထမတစ်ကြိမ် အဖမ်းခံရတုန်းက ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ပြန်လွတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာကိုပဲ အခု တစ်ကြိမ် လွတ်တာနဲ့ဆိုရင် စုစုပေါင်း သုံးကြိမ် အဖမ်းခံရ၊ ထောင်ချခံခဲ့ရသူဖြစ်ပါတယ်။

တကယ်ကတော့ သူဟာ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်ကုန်ဆုံးပြီး ပြန်လွတ်ဖို့ ငါးလနီးပါးပဲကျန်တော့တယ်လို့ ပြောပါတယ်။
ဦးစိုးရွှေ ခေါ် ဦးပညာဝံသကတော့ ၂၀၀၃ ခုနှစ် ၁၁ လပိုင်းမှာ နိုင်ငံရေးလှုပ်ရှားမှု သံသယနဲ့ သင်္ကန်းဝတ်နဲ့ပဲ ဖမ်းဆီး စစ်ဆေးခံရ ပြီး အမှုမထင်ရှားတဲ့အတွက် မူးယစ်ဆေးဝါးမှုတပ်ပြီးတော့ ထောင်အနှစ် ၂၀ ချမှတ်ခံခဲ့ရတယ်လို့ပြောပါတယ်။ ကြားထဲမှာပေးခဲ့ တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေကြောင့် ပြစ်ဒဏ် လျော့လျော့လာခဲ့ပြီး စုစုပေါင်း ၉ နှစ် ၇ လကျော်နေခဲ့ရပြီးတဲ့နောက် လွတ်ဖို့ တစ်နှစ်ပဲကျန်တော့တဲ့အချိန်မှာ ပြန်လည် လွတ်မြောက်လာသူပါ။

“ဘယ်လိုပဲဖြစ်ဖြစ်၊ တစ်ရက်ပဲရရ၊ နှစ်ရက်ပဲရရ - အခုဆို အခုထိ ကျနော် မနက်စာ ထမင်းမစားရသေးဘူး။ ဒါပေမဲ့ ကျနော် ဗိုက်မဆာသေးဘူး၊ ရင်ထဲမှာတော့ ပျော်နေတာပေါ့။ ”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်လာပြီးတဲ့နောက်ပိုင်း အကျဉ်းထောင်တွေရဲ့ အခြေအနေ ယေဘုယျအားဖြင့် တိုးတက်လာခဲ့တယ်လို့ ပြောတာတွေရှိပေမဲ့လည်း အဲဒါဟာ ထောင်တစ်ခုချင်းစီမှာ ကွာခြားပုံတော့ ရပါတယ်။ အခုလက်ရှိ အင်းစိန်အကျဉ်းထောင်မှာဆိုရင် အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေအပေါ် တင်းကျပ်တာတွေရှိပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုကလည်း အလွန်အမင်း ဆိုးရွားနေဆဲပဲလို့ ကိုရဲထွဋ်ခေါင်က ပြောပါတယ်။

“ကျနော်ကိုယ်တိုင် ဆေးကုသမှု တောင်းဆိုခဲ့တာကို အရင်တစ်ခေါက် ထောင်ကျတုန်းက ပါရဂူ လေးယောက်နဲ့ တွေ့ခွင့်ရတယ်။ အခု ကျနော့်ကို ဆေးခန်းပြဖို့ ခွင့်မပြုဘူး၊ ဆေးရုံတင်ဖို့ကိုလည်း ခွင့်မပြုဘူး။ ပါရဂူတောင်းဆိုတာကိုလည်း ခွင့်မပြုဘူး။ ကျန်းမာရေးက အရင်တစ်ခါ ထောင်ကျတုန်းက စစ်ခွေးတိုက်မှာ ကျနော့်ကို ညှင်းပန်းနှိပ်စက်ပြီးတော့ စစ်ဆေးချက်တွေ ယူခဲ့တဲ့အတွက် အောက်ပိုင်းချိသွားဖူးတယ်။ အဲဒါကြောင့် ပါရဂူနဲ့တွေ့ရတာပေါ့။ အခုတစ်ခေါက်ကျတော့ တိုက်ခန်းထဲမှာ အေးတော့ အဲဒီ အောက်ပိုင်းဝေဒနာ ပြန်ပြီးခံစားရတဲ့အတွက် ဆေးကုသမှု ပေးပါဆိုပြီး ခွင့်တောင်းခဲ့တယ်။ ဆေးတပ်သားကို ပြောတော့ ထောင်ပိုင်ကြီးခွင့်ပြုချက် မရလို့ဆိုပြီး ထောင်မကြီးကို မပို့ဘူး။ အဲဒီတော့ ဆေးကုသခွင့်မပေးရင် ဆေးဝါး ကောင်းကောင်းတွေ ကျနော့်ကို ပေးပါ ဆိုတော့လည်း သူတို့ပေးတဲ့ဆေးက ပါရာစီတမောလ်တို့၊ ဗာမီတွန်တို့ဆိုတာက သာမန်အကျဉ်းသားကို ပေးတဲ့ ဆေးမျိုးတွေ၊ ဒီဆေးမျိုးတွေက ကျနော့်ရဲ့ဝေဒနာကို မပျောက်ကင်းနိုင်ဘူး။”

အခု ပြန်လည်လွတ်မြောက်လာသူတွေဟာ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှာ တင်ပြထားတဲ့စာရင်းထဲက လူတွေဖြစ်ပေမဲ့လည်း ကော်မတီအနေနဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းကို ခုချိန်ထိ တိတိကျကျ မသတ်မှတ်နိုင်သေးဘူး လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ တာဝန်ရှိသူတစ်ဦးလည်းဖြစ်၊ စိစစ်ရေးကော်မတီဝင်တစ်ဦးလည်းဖြစ်တဲ့ ဦးရဲအောင်က ပြောပါတယ်။

“ကော်မတီမှာက တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းစီကတင်ပြတဲ့စာရင်းတွေပဲ ရှိပါသေးတယ်။ အဲဒီတော့ တင်ပြတဲ့စာရင်းတွေပေါ်မှာ ကျနော်တို့က ဒီစာရင်းတွေဟာ နိုင်ငံရေးအကျဉ်းသား ဟုတ်မဟုတ် ကော်မတီဝင် တစ်ဦးချင်းစီကနေ ပြန်ပြီးတော့ ပြန်ပြီး အသိအမှတ်ပြုပေးရပါတယ်။ ပြုပေးပြီးတော့မှ ကော်မတီစုံညီ အစည်းအဝေးမှာ ဆုံးဖြတ်ပြီးတော့ လိုအပ်လို့ရှိရင် ကော်မတီကနေ သမ္မတဆီကို တင်ပြမှာပါ။ အခုအချိန်မှာ အဲဒီအဆင့်အထိ လုပ်မပေးရသေးဘူး၊ မလုပ်နိုင်သေးပါဘူးခင်ဗျ။ အဲဒီတော့ အခု လွတ်လာတာက ကျနော်တို့ ကော်မတီ အစည်းအဝေးလုပ်ပြီးမှ နှစ်ကြိမ်ရှိသွားပါပြီ။ ဒီနှစ်ကြိမ်လုံးက ညှိနှိုင်းပြီးတော့ လွှတ်ပေးတဲ့ စာရင်းတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ တင်ပြထားတဲ့စာရင်းတွေတော့ ပါပါတယ်။ ကျနော်မြင်တာကတော့ လုံးဝ မလွတ်ခဲ့တာ စာရင် အခု စပြီးလွှတ်နေပြီ။ နောက် ဒီလက်ကျန် နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီကိုလည်း ဖွဲ့စည်းထားပြီ ဖြစ်တဲ့အတွက်ကြောင့် ရှေ့ဆက်ပြီးတော့လည်း လွှတ်ပေးလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ လွတ်ဖို့လည်း အများကြီး မျှော်လင့်ပါတယ်။”

အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးပဲကျန်တော့တယ်ဆိုရင်တောင်မှာ များလွန်းနေသေးပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့ အဟန့်အတားဖြစ်နေဦးမှာပဲလို့ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးနိုင်ဖဲတစ်ခုလို သဘောထားပြီး ကိုင်တွယ် ကစားနေတာထက် တကယ့်ကို စစ်မှန်တဲ့ ရည်ရွယ်ချက်နဲ့ ပြန်လွှတ်ပေးသင့်တယ်လို့လည်း တိုက်တွန်း ပြောဆိုကြပါတယ်ခင်ဗျား။

တောင်ကိုးရီးယားနိုင်ငံသို့ရောက်ရှိလာသော၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ(ဓာတ်ပုံ)



ဒေါ်ဆွေဇင်ထိုက်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ
ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်သို့ ရောက်ရှိလာစဉ်။




အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲဧ။် မှတ်တိုင် စာကြည့်တိုက်အတွက် ကိုမင်းကိုနိုင်ဧ။် 'သူကြီးသားမက်ဧ။် သူငယ်ချင်း' ကဗျာစာအုပ်တွင် အမှတ်တရ လက်မှတ်ရေးထိုးပေးနေစဉ်......

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီယားဌာနခွဲဧ။် မှတ်တိုင် စာကြည့်တိုက်အတွက် နှလုံးသွေးဂီတ 'ချစ်သူနဲ့ ကျွန်မကဗျာစာစု' ကဗျာစာအုပ် အမှတ်တရ လက်မှတ်ရေးထိုးပေးနေစဉ်....
ဓာတ်ပုံ။။ ၀င်းမင်း။နေထွန်းနိုင်

ShareThis