Nokia ကုမ္ပဏီအနေဖြင့် တန်ဖိုး ၉၉ ဒေါ်လာ သတ်မှတ်ထားသော ၄၈ ရက်ကြာ ဘက်ထရီသက်တမ်း ရှိမည့် မိုဘိုင်းဖုန်း အမျိုးအစားကို မိတ်ဆက်ပေးလိုက်ကြောင်း သိရသည်။ Asha 501 ဟု အမည် သတ်မှတ်ထားသည့် အဆိုပါဖုန်းကို အနီ၊ အပြာ၊ အမည်း၊ အဝါ၊ အဖြူ၊ အစိမ်း စသည့် အရောင်ခြောက်မျိုးဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး သုံးလက်မ အရွယ်အစားရှိသည့် ထိတွေ့ မျက်နှာပြင်ကိုလည်း အသုံးပြုထားသည်။ WiFi နှင့် Bluetooth ကွန်ရက်များကို အသုံးပြုနိုင်မှာ ဖြစ်ပြီး အချက်အလက် သိမ်းဆည်းမှုကိုလည်း Micro SD ကတ်စိုက်ကာ 32 GB အထိ တိုးမြှင့်နိုင်မည် ဖြစ်သည်။ ၎င်းဖုန်းမှာ မိုဘိုင်းစက် လည်ပတ်မှု အမျိုးအစား Asha ကို အသုံးပြုထားခြင်း ဖြစ်ပြီး 3G, 4G ကွန်ရက်များကို ယင်းဖုန်းက ထောက်ပံ့ပေးနိုင်မည် မဟုတ်သော်လည်း Stand by Time အချိန်ကြာမြင့်စွာ ထားရှိနိုင်ခြင်းကြောင့် ဘက်ထရီအားသွင်းရန် အခက်အခဲဖြစ်သည့် အခြေအနေမျိုးတွင် များစွာ အသုံးပြုရန် အဆင်ပြေကြောင်း Nokia က ဆိုထားသည်။ စကားပြောချိန် ၁၇ နာရီနှင့် သီချင်းဖွင့်မည်ဆိုပါက ၅၆ နာရီအထိ ဖွင့်နိုင်မည်လည်း ဖြစ်သည်။ ၎င်းဖုန်းအား ဇွန်လမှ စတင်ကာ နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ ရောင်းချသွားမည် ဖြစ်ကြောင်း Nokia က အတည်ပြု
ပြောကြားထားသည်။
yatanarpon
ပြောကြားထားသည်။
yatanarpon