UK ကိန်းဘရိတ်ခ်ျတက္ကသိုလ် နဲ့ Nokia နည်းပညာ သုတေသန ဌာန နှစ်ခု ပူေးပါင်းပြီး ဖန်တီးတဲ့ ဖုန်း ဖြစ်ပါတယ်။ နာနိုနည်းပညာကို အဓိက အသုံးပြုပြီး ရာဘာလို ခွေခေါက်ထားနိုင်မယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီထွက် အဓိကလိုအပ်တာက အဆင့်မြင့် နာနိုနည်းပညာ ဖြစ်ပြီး အသုံးပြုမယ့် သတ္တုကလည်း ထည့်စဉ်းစားစရာ တစ်ချက် ဖြစ်ပါတယ်။
Flexible Material က လက်ရှိမှာ လွယ်လွယ်ကူကူ မရနိုင်ပါဘူး။ အထူးသဖြင့် Nano tech ပုံလောင်းသွင်းနိုင်လောက်အောင် ပျော့ပြောင်း အကြမ်းခံမယ့် သတ္တုဆိုတာ ဈေးကြီးကြီးပေးဝယ်ရတယ်ဆိုပါတယ်။
သို့ပေမယ့် အနာဂတ်မှာ ဈေးပေါပေါနဲ့ ရောင်းချဖို့ Nokia က ကြိုးစားနေ တယ် ဆိုပါတယ်။ အနည်းဆုံး ၇ နှစ်လောက်ကတော့ အာမခံနဲ့ အသုံးပြုနိုင် လောက်အောင် အကြမ်းလဲ ခံမှာ ဖြစ်ပါတယ်။ ထိခိုက် ပျက်ဆီးမှာ စိတ်မပူရ ပါဘူး။ ရေထဲကျရင်တောင် ပျက်ဆီးစရာ Hardware မရှိဘူးလို့ ဆိုပါတယ်။
အမှန်တော့ ယခုလို ပျော့ပျော့ပျောင်းပျောင်း Smart Gadget များကို နည်းပညာ ကုမ္မဏီတော်တော်များများက ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ ဥပမာ- Samsung တို့မှာလည်း အစမ်းတီထွင်ထားတဲ့ Flexible smart phone များ ရှိပါတယ်။ Nokia ကုမ္မဏီကတော့ ၂၀၀၇ ခုနှစ်ကစပြီး ကိန်းဘရိတ်ခ်ျ တက္ကသိုလ်နဲ့ ပူးပေါင်းဖန်တီးနေတာ ဖြစ်ပါတယ်။
Nokia ရဲ့ ခန့်မှန်းချက်အရဆိုရင် နောက် ၁၀ နှစ်အတွင်း ထုတ်လုပ်ဖြစ်လာ မယ့် ဖုန်းလို့ သိရပါတယ်။
---
Ref: realitypod
