Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

နန်းခင်ဇေယျာ စတင်ဆွဲဖွင့်ခဲ့သော ယဉ်ကျေးမှု တံခါးများ

 
မြန်မာ အင်တာနက်မယ် နန်းခင်ဇေယျာတစ်ယောက် ဘီကီနီ ၀တ်ပြီး မြန်မာ့ ဂုဏ်ဆောင်ချိန်တွင် ဆရာ သက် တန့်ချိုမှ ပိတ်ထားသော မျက်လုံးများ ဖွင့်ကြည့်စေချင် ဆိုသည့် ဆောင်းပါးလေးဖြင့် ကျွန်တော်တို့ မျက်လုံး များ ကို ဆွဲဖွင့်ပေးခဲ့သည်။ မြန်မာဆိုသည့် အမျိုးချစ်စိတ်ဖြင့် နည်းလမ်းအမျိုး မျိုးကြိုးစားကာ Like များ ပေးခြင်းဖြင့် သူမသည်  အင်တာနက်မယ် ဖြစ်ကာ သူမ၏ မလုံတလုံပုံများ မြန်မာနိုင်ငံတွင် ပုံနှိပ် မီဒီယာများမှ ဖော်ပြကြ သည်။ နန်းခင်ဇေယျာပုံများ ကုန်သည့်အခါ  အခြားအလှမယ်များ၏ ဘီကီနီများကို ဖော်ပြကြ သည်။ ထို့နောက် ထို့နောက်တွင်တော့ celebrities တွေရဲ့ မဖုံးနိုင်မဖိနိုင်ပုံများ တရားဝင်၊ တရား မ၀င် ထွက်လာကြလေသည်။
နောက်တစ်ကြိမ် လာမည့် Miss International ပြိုင်ပွဲအတွက် စကာတင် ၁၈ ဦး ရွေးချယ်ထားကြောင်း၊ အကောင်းမွန်ဆုံး ဖြစ်အောင် လေ့ကျင့်ပေးနေကြောင်း ရုပ်သံမီဒီယာများမှ ကြေငြာသည့်အခါ ဘယ်နေ့များ ဘီကီနီဖြင့် လေ့ကျင့် ပြိုင်ပွဲဝင်ကြမည်နည်း ဆိုသည့် အတွေးဝင်လာခဲ့သည်။ အပြိုင်အဆိုင် ပြိုင်ပွဲဝင်နေကြ သည့် အလှမယ်များကို ကြည့်ပြီး ကျွန်တော်တို့ နိုင်ငံတွင် ဟီရိသြတပ ဆိုသည့် အရှက်တရား မရှိတော့ ပြီလား ဟု တွေးပူမိလေသည်။ မြန်မာ မိန်းကလေးတစ်ယောက်၏ ကိုယ်ကာယ အလှကို ပွင့်လင်းမြင်သာ သည့် ခေတ်၊ ဆုတံဆိပ်၊ နာမည်ကြီးမှုတို့နှင့် အလွယ်တကူ လဲလှယ်သည့် ခောတ်ကို ရောက်နေသည် ဆိုပါက ကျွန်တော် ခေတ်နောက်ကျ ကျန်နေပြီလို့ ၀န်ခံပါသည်။
ပြောလည်းပြော ဒေါင်းလုပ်လဲချရင်း မြန်မာမယ်တို့၏ အဖော်အချွတ်၊ မဖော်မချွတ်၊ ဗီဒီယို၊ဓာတ်ပုံများ ကွန် ပျူ တာ ထဲတွင် အပြည့်ရှိပါသည်။ သို့သော် မိသားစု၊ မောင်နှမ ရှေ့တွင် ဖွင့်ကြည့်ခြင်း မရှိပါ။ HBO ရုပ်သံ လိုင်းမှ တိုက်တန်းနစ် အထွပ်အထိပ် ပန်းချီဆွဲခန်းကိုပင် လိုင်းပြောင်းကြည့်ရသည့် မိသားစုများ မြန်မာနိုင် ငံတွင် ၉၈ ရာခိုင်နှုန်း နေထိုင်ပါသည်။ စတိတ်ရှိုးပွဲများ တိုက်ရိုက်ထုတ်လွှင့်မှုတွင် လျှပ်ပေါ်လော်လီသည့် အပြင် အဆင် အ၀တ် အစားများကို တွေ့ပါက အရှက်နည်းလိုက်တာ၊ ၀တ်ရဲလိုက်တာ ဟူ၍ ပြစ်တင်ဝေ ဖန်သူ ၉၈ ရာခိုင်နှုန်း ရှိပါသည်။သို့ပါဆိုလျှင် မည်သည့်အတွက် အဖော်အချွတ်များကို အစိုးရမှ တရားဝင် ခွင့်ပြုပေးေ နသနည်း။
အီရန်၊ဆော်ဒီ၊ အာဖဂန် တို့ကဲ့သို့ ၀တ်စားရမည်ဟု မဆိုလို။ နယ်မြို့များတွင် စကပ်တို ပေါင်ပေါ်ဝတ် လျှင် ပင် ရိုင်းသည်၊ လျှပ်ပေါ်သည်ဟု ယူဆချိန်တွင် ရန်ကုန်၌ မြန်မာမလေးများ အတွင်းခံဝတ်ပြီး ရှိုးပွဲ စလေပြီ ဖြစ် သည်။ လက်ခံသူ များစွာရှိသကဲ့သို့ လက်မခံသူ များစွာလည်း ရှိသည်။ ရင်ဟိုက်၊ လည်ဟိုက်လျှင်ပင် ဆင် ဆာ တားထားသည့် ဇာတ်ကားများ၊ နှုတ်ခမ်းချင်းစုတ် နမ်းလျှင် ဆင်ဆာဖြတ် ကျော်ပစ်သည့် ဇာတ် ကား များကို ကျွန်တော်တို့ မိသားစုများ စိတ်ဝင်တစား ကြည့်ကြသည်။ ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင် ချွတ်နိုင် ပါက မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအရ ဖြတ်သည့် ဆင်ဆာမရှိတော့ ပါ။ 
ထိုင်းမလေး တစ်ယောက် မြန်မာစစ်သည် ရှေ့တွင် ဓာတ်ပုံရိုက်သည်က ထိုသို့ ဖြစ်၍ မြန်မာ မလေး တစ် ဦး မှ ဓာတ်ပုံရိုက်သည့် အခါတွင်တော့ 
ယဉ်ကျေးမှုကို ထိန်းသိမ်းပြီး အမျိုးသားအမွေအနှစ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းရမည့် မြန်မာ နိုင်ငံ၏ လမ်းဆုံလမ်းဂွ ဗီနိုင်းဘုတ်များတွင် ရေကူးဝတ်စုံများဖြင့် ကော့ပျံနေသည့် မော်ဒယ်များကို မမြင်လိုတော့ပါ။ ဒီပုံအတိုင်းဆိုပါက ပိုးအိစံ ထုတ်ဝေခဲ့သည့် အကဲလေး ဂျာနယ်အပါအ၀င် ဂျာနယ်များကို သတိပေးခဲ့ခြင်းသည် အလုပ် မဖြစ်တော့ပါ ဆိုသည်ကိုလည်း သတိမူရပေမည်။
နန်းခင်ဇေယျာ စတင် ဆွဲဖွင့်ခဲ့သော ယဉ်ကျေးမှု တံခါးသည်ကား အဆုံးစွန်ပွင့်ရန် လက်တစ်လုံးခန့်သာ လိုပါတော့သည်ဟုသာ…











3 trusted friendsဖြင့် Facebookအကောင့်ဟက်နည်း




အခုပြောပြမယ့်လမ်းကတော့ လူတိုင်းသတိမထာမိတဲ့အချက်တွေပါ သတိပြုမိတဲ့သူတွေလည်ရှိမှာပါ မရှိတဲ့သူတော့ တော်တော်များပါတယ် ကျနော်တွေ့သမျှတော့ တော်တော်များတယ် ဒါပေမယ့်လည် သွာမပြောရဲဘူး တော်ကြာကိုယ်ပြောပြီးမှ သူ့အကောင့်တစ်ခုခုဖြစ်တယ်ဆို ပြသနာရှာမှာဆိုလို့။ ကျနော်တွေ့သမျှ
ထဲက သံဃာတော်တွေပိုင်းတဲ့အကောင့်တွေလောက်ပဲ သတိပေးပြောပါတယ်.ကိုယ်တွေအချင်းချင်းတော့မပြောရဲလို့ အခုလိုပိုစ့်လေးတင်ဖြစ်သွာတာပါ အောက်မှာလေ့လာကြပါ







အထက်ပါပုံအတိုင်း ကျနော်တို့ ပြစ်မှတ်ရဲ့ဖေ့ဘုတ်အကောင့်က About ကိုနှိပ်ပြီးဝင်လိုက်ပါမယ် Contact Info မှာ အကောင့်ကိုဖွင့်ထာတဲ့ Email ကိုဖွတ်ပေးမယ့်
ဖေ့ဘုတ်မေလ်ကိုတော့မဖွက်ထာတဲ့အတွက် အဲဒီပုံမှာပါတဲ့အတိုင်း အဲဒီမေလ်နဲ့အကောင့်ကိုယူပါမယ်..ပုံမှာပါတဲ့မေလ်ကို Copyကူးယူလိုက်ပါ..ထို့နောက်

အဆင့်-1


Facebook – Browser ထဲကို ဝင်လိုက်ပြီးနောက် အထက်ပါပုံအတိုင်း Email or Phone ဆိုတဲ့ Box မှာ စောစောက ကူးယူလာတဲ့ဖေ့ဘုတ်မေလ်ကိုဖြည့်လိုက်ပါမယ်
ထို့နောက် Forgot your password? ဆိုတာကိုနှိပ်လိုက်ပါ။


အဆင့်-2


Email, phone or Facebook username ဆိုပြီးအထက်ပါပုံအတိုင်း ပေါ်လာပါတယ်။Email, phone or Facebook username ဆိုတဲ့ Boxမှာ စောစောက ကူးယူလာတဲ့ဖေ့ဘုတ်မေလ်ကိုဖြည့်လိုက်ပါ ..ဖြည့်ပြီးပါက Search ဆိုတာကိုနှိပ်ပါက ကျနော်တို့လိုခြင်းနေတဲ့ ဖေ့ဘုတ်အကောင့်ပေါ်လာပါမယ်။


အဆင့်-3
 

အထက်ပါပုံအတိုင်း သင့်အကောင့်လားလို့ဆိုပြီးမေးလာပါမယ်.. အဲဒီမှာပါတဲ့ Yes , This is my account ကိုနှိပ်ပေးလိုက်ပါ


အဆင့်-4


အထက်ပါပုံအတိုင်း Pasword ပြန် rest လုပ်မလားလို့ မေးပါလိမ့်မယ် ခဏနေအုန် ဘာမှမနှိပ်ပါနဲ့။ အရေးကြီးတဲ့ အပိုင်းစလာပါပြီး ကျနော်တို့ ရယူမို့ကြိုစားနေတဲ့ ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာနေတယ်ဆို I have on longer use this account ဆိုတာပေါ်နေပြီး။လက်ရှိအသုံးပြုနေဆဲဆိုပါက No longer have access to these? ဆိုပြီးပေါ်နေပါမယ် အခုကျနော်ယူမယ့်အကောင့်က သုံးနေဆဲအကောင့်ပါ.အဲဒီတော့  No longer have access to these? ဆိုတာကိုနှိပ်လိုက်ပါမယ်


အဆင့်-5


I have no longer use this account ကို နှိပ်လိုက်ပြီးပါက အထက်ပါပုံအတိုင်း
Please enter an email address that you know you can access. We'll use this address to send you messages about recovering your account.
ဆိုပြီးတော့ boxထပ်ကျလာပါမယ်အဲဒီမှာ  email address  ဖြည့်စွက်ရမယ့်မေလ်က Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ မေလ်အသစ်ဖြစ်ရပါမယ်.အဲဒီမှာပုံအတိုင်း
မေလ်ကိုနှစ်ကြိမ်းဖြည့်ရပါမယ်သို့သော် ကျနော်တို့ဖြည့်လိုက်တဲ့မေလ်ကို ဖေ့ဘုတ်ကနေ မေလ်ပို့လာမှာမဟုတ်ပါဘူး ဘာဖြစ်လို့လည်ဆိုတော့  Security layerကြောင့်ပါ။
ကယ်ကျနော်တို့မေလ်အသစ်ဖြည့်ပြီးပါက Continue ဆိုတာကိုနှိပ်လိုက်ပါမယ်..။


အဆင့်-6


 အထက်ပါပုံကတော့ ဒီအကောင့်ကို ရယူရန်အတွက်လုပ်ဆောင်ရမယ့်အဆင့်ကိုပြထာပါ..ထို့နောက် Continue ဆိုတာကိုပဲ ဆက်နှိပ်ပါ


အဆင့်-7
 
စပါပြီး 3 trusted friends အစီစဉ်ကျနော်တို့ရယူမယ့်  Facebook အကောင့်ထဲက 3 trusted friends ရွေးရပါတော့မယ် အဲဒီအကောင့်ထဲမှာ ကျနော်တို့အနေနဲ့
3 trusted friends အစီစဉ်အောင်မြင်အောင် အကောင့်တွေကြိုတင်အက်ထာပြီးတော့ အဲဒီထဲက ကျနော်တို့ အက်ထာတဲ့အကောင့်3ခုကိုရွေးလိုက်ပါမယ်
အကောင့်3ခုရွေးပြီးပါက Continueဆိုတာကိုနှိပ်ပါ..(မှတ်ချက်-အကောင့်တစ်ခုရွေးပြီးတိုင်Continueဆိုတာကိုနှိပ်ပါ)


အဆင့်-8

အထက်ပါပုံအတိုင်း သူငယ်ချင်3းယောက်ရွေးပြီးပါက Send Codes to Friends ဆိုတာကိုနှိပ်လိုက်ပါ..။


အဆင့်-9


အထက်ပါပုံအတိုင်း ကျနော်တို့ရွေးချယ်လိုက်တဲ့ အကောင့်3ခုကို ကုဒ်တွေပို့လာပါမယ် အဲဒီကုဒ်တွေကို ဖြည့်ပြီးပါက  Submit Condes ဆိုတာကိုနှိပ်ပါက.။
အဲဒီအဆင့်ပြီးတာနဲ့ -ကျနော်တို့ရယူမယ့်အကောင့်ကို Recover လုပ်ရပါပြီး..။

ဒီလိုအရမ်းလွယ်ကူတဲ့ ဟက်နည်းလမ်းပါ ဘာTool မှမသုံးပဲ ဟက်သွားတာ ဖြစ်ပါတယ်။ဒီလောက်လွယ်တာလည်ဆိုတော့ Security Question ကိုမခံထာလို့ပါ တကယ်လို့ Security Questionခံထာလည် လွယ်တဲ့ Security Questionပြုလုပ်ထာပါကလည် ရယူသွာပါမည်။
ကျနော်တို့အနေနဲ့ အကောင့်ယူလို့မအောင်မြင်ရင်တောင် အဲဒီအကောင့်သေချာပေါက် Lock ကျပါမယ်.အင်မတန် ကြောက်စရာ ကောင်းပါတယ်။


ကာကွယ်ရမယ့်အချက်တွေကတော့

1-  Facebook ဖွင့်ထားတဲ့ Emailကို Only Me လုပ်ထာပါ။
2- Facebook ကပေးတဲ့  Emailကိုလည် Only Me လုပ်ထာပါ
3- Security Question ကို လေးလေးနက်နက်ပြုလုပ်ထာပါ
4-ကိုယ့်မသိတဲ့ သူတွေလာအက်ရင်လက်မခံမို့ပါ

Security Question ကို ပြီးပြီးရောဆိုပြီး အလွယ်တကူတွေထားတော့ ရယူမယ့်သူက အေးဆေယူသွာမှာပေါ့။ Security Question လေးလေးနက်နက်ပြုလုပ်ထားရင် အကောင့်ဟက်ခံရခြင်းမှစိတ်ချရပါမယ်။


အဓိကသတိပေးခြင်းတာကတော့ Security Questionလေးလေးနက်နက်ပြုလုပ်ထာပါလို့အကြံပြုခြင်းပါတယ်။


အခုပိုစ့်လေးကို မိတ်ဆွေ သူငယ်ချင်းအချင်းချင်း အကောင့် ပျောက်ဆုံးခြင်းမရှိစေရန် လက်ဆင့်ကမ်းမျှဝေးပေးပါရန် တိုတ်တွန်းလိုက်ပါသည်။

နေတိုးရဲ့ ရည်းစားဟောင်း အသက် ၁၄ နှစ်ကျောင်းသူလေး

ဖေ့စ်ဘွတ်ပေါ်မှာရေးခဲ့တာတွေ အမှန်ပါလို့ ပြောတဲ့ နေတိုးရဲ့ ရည်းစားဟောင်း အသက် ၁၄ နှစ်ကျောင်းသူလေး Patricia ရဲ့ ဖွင့်ဟချက်ကို အိုအေစစ်ဂျာနယ်က ဖော်ပြခဲ့တယ်။ နေတိုးအမည် အတိုကောက်ကို လက်ဖျံမှာ ဓားနဲ့ရေးခြစ်ခဲ့တဲ့ ပုံကိုလည်း ဖော်ပြခဲ့တယ်။

မုဒိမ်းမှုကာကွယ်ရေးအဖွဲ့ဟာ ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူတို့ဆီက အကြမ်းဖက်မှုဖြစ်စေနိုင်တဲ့ အချက်အလက် တွေကိုလေ့လာပြီး ပြန်လည်ဝေမျှလိုက်ရခြင်းဖြစ်ပါတယ်…



(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်းစုစည်းပြီး ဆံပင်အရှည်ချထားတဲ့ပုံစံ၊ ဆံထုံးထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်ဆွဲလို့ကောင်းတဲ့ ပုံစံတွေကို ရွေးချယ်တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေး ထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူတို့ရဲ့သားကောင်အဖြစ် ပိုရွေးချယ်တတ်ကြပါတယ်။



(၂) ဒုတိယတစ်ချက်ကတော့ အ၀တ်အစားပါ။ မုဒိမ်းကောင်တွေဟာ အ၀တ်အစားအလွယ်တကူ ချွတ်ပစ်လို့ရမယ့် မိန်းကလေးမျိုးကို ရွေးချယ်ကြပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ မုဒိမ်းကောင် အများစုဟာ အ၀တ်အစားတွေကို ဖြတ်ပစ်ဖို့ ကတ်ကြေး ယူဆောင်လာတတ်ကြပါတယ်။

(၃) မုဒိမ်းကောင်တွေဟာ ဖုန်းအသုံးပြုနေတဲ့မိန်းကလေးမျိုး၊ ပိုက်ဆံအိတ်ထဲက တစ်ခုခု ရှာဖွေနေတဲ့မိန်းကလေးမျိုး ဒါမှမဟုတ် လမ်းလျှောက်ရင်း တစ်ခုခု အာရုံစူးစိုက်မှုလုပ်နေတဲ့ မိန်းကလေးမျိုးကို ရှာဖွေကြပါတယ်။ အဲ့လိုမျိုး တစ်ခုခု အာရုံစူးစိုက်နေတဲ့ မိန်းကလေးဟာ ရုတ်တရက်မို့ သူကိုယ့်သူ ကာကွယ်ဖို့မလွယ်ပါဘူး၊ရုတ်တရက်မို့လို့ မွှန်ထူပြီး တုန့်ပြန်မှုနည်းတဲ့အတွက် မုဒိမ်းကောင်တွေအတွက် လွယ်ကူပါတယ်။

(၄) မုဒိမ်းကောင်တွေ အမျိုးသမီးတွေကို မုဒိမ်းကျင့်ဖို့ အများဆုံးခေါ်သွားတဲ့နံပါတ်တစ်နေရာကတော့ ကုန်တိုက်တွေ ရဲ့ကားပါကင်ပါပဲ။ ( မှတ်ချက် ။ ။ ဒါကတော့ သူတို့နိုင်ငံတွေအတွက်ပြောတာပါ။ ကျွန်တော်တို့နဲ့တော့ သိပ်မကိုက်သေးသလိုပါပဲ။ )

(၅) နံပါတ် ၂ နေရာကတော့ ရုံးခန်းတွေရဲ့ကားပါကင်နေရာ၊ ဓာတ်ဆီဆိုင်လိုနေရာမျိုးတွေပါ။

(၆) နံပါတ် ၃ နေရာကတော့ အများပြည်သူသုံး သန့်စင်ခန်း(စည်ပင်အိမ်သာ)တွေပါ။

(၇) နောက်တစ်ခုကတော့ မုဒိမ်းကောင်တွေဟာ ဒုတိယနေရာ (သူတို့အတွက် မဖမ်းမိစေရန် လုံခြုံစိတ်ချရတဲ့နေရာ) ကို မိန်းကလေးတွေကို အလျင်အမြန် ဆွဲခေါ်သွားကြပါတယ်။

(၈) တကယ်လို့သာ သင်ဟာ နည်းလမ်းပေါင်းစုံ/ ရုန်းကန်မှုမျိုးစုံနဲ့ မုဒိမ်းကောင်ကို တက်နိုင်သမျှတိုက်ခိုက်နေခဲ့မယ်ဆိုရင် သူတို့အတွက် စိတ်ဓာတ်ကျ/စိတ်ကုန်အားလျော့မှုကို ဖြစ်စေနိုင်ပါတယ်။ သင်ရုန်းကန်တိုက်ခိုက်နေတဲ့ အချိန်က တစ်မိနစ် ဒါမှမဟုတ် ၂ မိနစ်လောက်ပဲ ကြာနေပါစေ သင်ဟာ သူတို့ထင်သလောက် လွယ်ကူမှုမရှိဘူး ဆိုတာကို သူတို့ သဘောပေါက်လာနိုင်ပါတယ်။ဒါကတော့ မုဒိမ်းးကောင်ကို စိတ်ဓာတ်ကျသွားစေဖို့ အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်ခြင်းနဲ့ ကာကွယ်နည်းတစ်မျိုးပါပဲ။

(၉) မုဒိမ်းကောင်တွေဟာ ထီး(သို့) အလားတူပစ္စည်းတစ်ခုခုလက်မှာ ကိုင်ထားတဲ့ မိန်းကလေးတွေကို မရွေးချယ်တတ်ကြပါဘူး။ အဲ့ဒီလိုပစ္စည်းတွေဟာ သူတို့ကို အဝေးကနေတောင်မှ တိုက်ခိုက်နိုင်လို့ပါပဲ။

(၁၀) သော့ချောင်းတွေဟာ လက်နက်တစ်ခုအနေနဲ့ သူတို့ကို ဟန့်တားအောင်လုပ်ဖို့ ဆိုရင် အလွန်နီးကပ်မှ ဖြစ်နိုင်တယ်ဆိုတဲ့အတွက် လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့် Something is better than nothing ဆိုသလိုပေါ့။ ဘာမှမလုပ်တာထက်စာရင် တစ်ခုခုလုပ်လိုက်တာက ပိုကောင်းတဲ့သဘော ပါပဲ။ အဲ့လိုပြန်လည်တိုက်ခိုက်ခြင်းဟာ အပေါ်မှာပြောခဲ့သလိုပဲ သူတို့ထင်သလောက် လွယ်ကူမှုမရှိတဲ့ အတွက် စိတ်ဓာတ်ကျမှုကို အနည်းနဲ့အများဖြစ်စေနိုင်ပါတယ်။

မှတ်ထားသင့်သော အချက်အလက်များ..

(၁) လမ်း၊ဓာတ်ဆီဆိုင်၊ဓာတ်လှေခါးနဲ့ အဆောက်အအုံတွေရဲ့လှေခါးအကွေ့နေရာမျိုးတွေမှာ တစ်စုံတစ်ယောက်က သင့်အနောက်ကနေ လိုက်လာနေတယ်ဆိုပါဆို့ အဲ့ဒီလူရဲ့မျက်နှာကို သေချာကြည့်ပါ ထို့နောက် သူ့ကို မေးခွန်းတစ်ခုတစ်လေလောက်မေးပါ(စကားစမြည်သဘောမျိုးပေါ့)၊ ဥပမာ - ဘယ်အချိန်ရှိပြီလဲ? ၊ အပြင်မှာ အရမ်းအေးတယ်နော်၊ ဒီနှစ်ဆောင်းရာသီက တော်တော်ဆိုးတာပဲ စသဖြင့်ပေါ့ဗျာ။ အဲ့လိုပြောခြင်းအားဖြင့် ပထမအချက်က သင်အဲ့ဒီလူရဲ့မျက်နှာကို သေချာမြင်ဖူးသွားပြီ၊ ဒုတိယအချက်အနေနဲ့ အဲ့ဒီလူကို အကဲခတ်နိုင်မယ်။ ဒါကြောင့် မုဒိမ်းကောင်ဟာ ပစ်မှတ်ပြောင်းသွားနိုင်ပါတယ်။

(၂) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ဆီကို ဦးတည်လျှောက်လာပြီး သင့်လက်တွေကို ချူပ်ကိုင်ထားလိုက်မယ်ဆိုရင်တော့ အကျယ်ကြီးအော်ပစ်ပါ၊ “ရပ်စမ်း.. ဝေးဝေးသွားစမ်း” စသဖြင့် အမိန့်ဆန်ဆန်ပြောဆိုပါ။ မုဒိမ်းကောင် အများစုပြောကြတာကတော့ အရမ်းအော်ဟစ်တဲ့ မိန်းကလေးတွေ၊ ပြန်လည်တိုက်ခိုက်ဖို့ ကြောက်ရွံမနေတဲ့မိန်းကလေးတွေဆိုရင် ဆက်မကြိုးစားချင်တော့ပါဘူး။ ထားခဲ့လိုက်ပါတယ်။ သူတို့ထက်ပိုလွယ်တဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ကိုပဲ ထပ်ရှာပါတယ်။

(၃) တကယ်လို့ သင့်မှာ ငရုတ်ကောင်းရည်ဖျန်းဘူး ( spray တစ်ခုခုပေါ့ ) ပါခဲ့မယ်ဆိုရင် အဲ့ဒါကိုလက်မှာကိုင်ထားပြီး “ငါ့မှာ ဒီ spray ဘူးရှိတယ်..” လိုအော်ပြီး မုဒိမ်းကောင်ကို သတိပေးပါ။ မဆိုင်းမတွ ဖျန်းပက်ပစ်ပါ။ (မူရင်းစာရေးသူကတော့ ဒီ Pepper Spray လို့ခေါ်တဲ့ Spray ဘူး ကိုပြည့်အ၀ အားပေးထောက်ခံထားပါတယ်။ )

(၄) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ကိုဆွဲခေါ်သွားနေပြီ၊ ခွန်အားချင်းမမျှလို့ သင်သူ့ကို ပြန်လည်ရိုက်နှက် တိုက်ခိုက်လို့မရနိုင်ပေမယ့် ကိုယ်တက်နိုင်တာနဲ့ ထိရောက်အောင်လုပ်နိုင်ပါသေးတယ်။ အဲ့ဒါကတော့ ဆွဲဆိတ်ခြင်းပါပဲ။ ဆွဲဆိတ်တယ်ဆိုတာက အင်အားလည်း အများကြီးမလိုပါဘူး။ ခံရသူအဖို့လည်း တော်တော်ဆိုးပါတယ်။ ခါးပိုင်းနေရာ ၊ လက်မောင်းကနေ တစ်တောင်ဆစ်ချိုးမရောက်ခင်နေရာ ၊ ပေါင်အတွင်းပိုင်း နေရာတို့ကို ပြင်းပြန်ထန်ထန်ကို ဆွဲဆိတ်ပစ်ပါ။
သွေးထွက်အောင်အထိအားကုန်သုံးပြီး ဆွဲဆိတ်ပစ်ပါ။ ဘယ်လောက်ပဲ သန်မာတယ်ပြောပြော၊ ခွန်အားကြီးတယ်ပြောပြော၊ အဲ့လိုနေရာမျိုးတွေကို ဆွဲဆိတ်တဲ့ဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။ သင်မယုံရင် သင့်ကိုယ်သင်သာ အရင်ဆုံး ဆွဲဆိတ်ကြည့်လိုက်ပါ။

(၅) ဆွဲဆိတ်ခြင်း၊ ပေါင်ခြံလိုနေရာမျိုးကို ရိုက်နှက်ခြင်းတွေဟာ ဒီလိုအဖြစ်အပျက်မျိုးကို မမျှော်လင့်ထားတဲ့ လူတစ်ယောက်အတွက် မလွယ်ကူလှပေမယ့် အဲ့ဒါတွေဟာ တကယ်ပဲ သူ့ကို နာကျင်စေမှာပါ။ သင်ကတော့ သူ့ကို နာကျင်စေတာဟာ သူ့ကိုဒေါသပိုထွက်စေတယ်လို့ ထင်နေမှာပါ။ ဒါပေမယ့် လေ့လာစမ်းစစ်မှုအရတော့ မုဒိမ်းကောင်တွေဟာ သူတို့ကို ဒုက္ခရောက်အောင်၊ အချိန်ကြန့်ကြာအောင် မလုပ်တဲ့မိန်းကလေးမျိုးကိုပဲ အလွယ်တကူ အလိုရှိတာပါ။ သူတို့ကို ဒုက္ခတွေ အများကြီးရောက်အောင် ရိုက်နှက်ပြီး နောက်ဆုံးအချိန်ထိ ရုန်းကန်နေတဲ့ မိန်းကလေးမျိုးဆိုရင်တော့ စွန့်ခွာသွားတတ်ကြပါတယ်။

(၆) မုဒိမ်းကောင်ရဲ့လက်ဟာ သင့်အပေါ်သို့ကျရောက်လာပြီဆိုရင်တော့ သူ့လက်ချောင်း ၂ ချောင်းကို ဆောင့်ဆွဲပါ၊ လိမ်ချိုးပစ်ပါ၊ ဟိုဘက်ဒီဘက် ဆွဲဖြဲပစ်ပါ၊ တက်နိုင်သမျှ အားအကုန်သုံးပြီးတော့ ချိုးပါ။ အဲ့ဒီနည်းကလည်း အားသိပ်မပါဘဲနဲ့ စမ်းကြည့်တာတောင် နာလွန်းလို့ ဒူးထောက်ပီး အော်လိုက်ရပါသေးတယ်။

(၇) ပတ်ဝန်းကျင်ကို အမြဲတမ်း သတိမူပြီးနေပါ။ တစ်ခုခု ပုံမှန်မဟုတ်တဲ့/အမူအယာထူးခြားတဲ့ လူတွေ့မိရင် ပေါ့ပေါ့လေးမနေပါနဲ့၊ သတိကြီးကြီးထားနေပါ။အဲ့ဒီအခြေအနေမှာ သင့်ကိုယ်သင် ကလေးကလား အကြောက်လွန်နေတယ်လို့မထင်ပါနဲ့၊ ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်စုံတစ်ယောက်ကို သင်နဲ့အတူအဖော်ခေါ်သွားပါ။

နောက်ဆုံးအနေနဲ့ ဒါလေးတွေကိုလည်း မှတ်သားထားစေချင်ပါတယ်…
သင်သိထားသင့်တဲ့ အချက်အလက်တွေပါ။ သင်ဖတ်ပြီးသွားရင်လည်း သင်ဂရုစိုက်ရတဲ့လူတွေဆီကို ဆက်လက်မျှဝေပေးလိုက်ပါ။ ကျွန်တော်တို့နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ သတိဆိုတာ ပိုတယ်လို့မရှိပါဘူး -

(၁) တိုက်ကွန်ဒို သိုင်းပညာမှာတော့ တံတောင်ဆစ်ဟာ လူ့ခန္ဒာကိုယ်ရဲ့ အသန်မာဆုံး အပိုင်းလို့ ဆိုပါတယ်။ ဒါကြောင့် တံတောင်ဆစ်နဲ့ တွတ်လို့ရမယ့်အခြေအနေမျိုးဆိုရင် လက်လွတ်မခံပါနဲ့။

(၂) နယူးအော်လန်မြို့ရဲ့ ခရီးသွား လမ်းညွှန်ထဲမှာဖတ်ရတာတော့ - တကယ်လို့သာ ခါးပိုက်နှိုက်တွေ လုယက်တဲ့လူတွေ၊ ဓားပြ တွေက သင့်ပိုက်ဆံအိတ်ကိုတောင်းမယ်ဆိုရင် သင့်လက်နဲ့ ပိုက်ဆံအိတ်ကို ကမ်းမပေးပါနဲ့။ သင်နဲ့ဝေးတဲ့နေရာကို လွှင့်ပစ်ပြီးပေးပါ။ ဒီဒုစရိုက်သမားဟာ လူထက် ပိုက်ဆံကို ပိုလိုချင်တယ်ဆိုရင်တော့ သူ ပိုက်ဆံအိတ်ကို သွားကောက်မှာပါ။အဲ့ဒီအချိန်မှာ တွေဝေမနေဘဲ သူနဲ့ဆန့်ကျင်ဘက်ကိုသာ ပြေးပါ။

(၃) သင်ဟာ ကာနောက်ဖုံးထဲကို ထည့်ခံထားရတယ်ဆိုရင်တော့ ကားနောက်မီး ရှိတဲ့နေရာကို ကန်ကြောက်ပစ်ပါ၊ အဲ့ဒီအပေါက်ကနေ လက်ကိုထုတ်ပြီးတော့ တတ်နိုင်သမျှ ဝေ့ရမ်းပါ။ ကားမောင်းတဲ့လူကတော့ မမြင်နိုင်ပေမယ့် တစ်ခြားလူတွေက မြင်နိုင်ပါတယ်။ ဒါကလည်း သင့်ဘ၀ကို တစ်ဖက်တစ်လမ်းက ကယ်တင်နိုင်မှာပါ။

(၄) အမျိုးသမီး အများစုဟာ အလုပ်မှအပြန်၊ စားသောက်ဆိုင်မှ အပြန် နှင့် ဈေးဝယ်ခြင်းတို့မှအပြန်တွင် ကားပေါ်တက်ကာ ချက်ချင်း မောင်းမထွက်ပဲ ထိုင်နေတတ်ကြပါတယ်။ မှတ်စုတွေ မှတ်နေတာမျိုး၊ စာတစ်ခုခု ကိုခဏဖတ်နေတာမျိုး စသဖြင့် လုပ်တတ်ကြပါတယ်။ အဲ့ဒီလိုမျိုးတွေ မလုပ်ပါနဲ့ ၊ တဏှာရူးကောင်တွေ လူယုတ်မာတွေက သင့်ကို စောင့်ကြည့်နေပါတယ်။ အဲ့ဒီလို အခြေအနေဟာ သူတို့အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်နေလို့ပါ။ သင့်နောက်ကခုံမှာဝင်ထိုင်ပြီး သင့်ခေါင်းကိုသေနတ်နဲ့ထောက်ကာ “ဘယ်နေရာကို မောင်းပါ” လို့ ပြောခံရနိုင်ပါတယ်။ ဒါကြောင့် ကားပေါ်မှာ တက်ထိုင်ပြီးပြီးချင်း ချက်ချင်းဆိုသလို မောင်းထွက်သွားပါ။ ဆိုင်းငံ့မနေပါနဲ့။(၇) တကယ်လို့ အဲ့ဒီလူယုတ်မာဆီမှာ သေနတ်ပါလာတယ်ဆိုရင်လည်း သင်ဟာ သူ့ထိန်းချူပ်မှုအောက်မှာ ရှိမနေပါဘူး။ ပြေးသာပြေးပါ။ လှုပ်ရှားနေတဲ့ပစ်မှတ်ကို ထိအောင်ပစ်ဖို့လည်းမလွယ်ပါဘူး။ အကြိမ် ၁၀၀ မှာ ၄ ကြိမ်သာ ထိနိုင်ပါတယ်။ ထိတယ်ဆိုရင်တောင်မှာ အရေးကြီး အစိတ်အပိုင်းတွေမဖြစ်နေပါဘူး။ ဒါကြောင့် ပြေးဖို့တိုက်တွန်းချင်ပါတယ်။ ( မှတ်ချက်။ ။ မူရင်းစာရေးသူကတော့ အလျော့မပေးဖို့ကို ဆိုလိုချင်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့ တစ်ချို့အရာတွေမှာ အခြေအနေနဲ့ အချိန်အခါကို သုံးသပ်ပြီးမှ ကိုယ့် ဆုံးဖြတ်ချက်ကို ကိုယ်မှန်အောင်ချနိုင်ဖို့ အကြံပေးချင်ပါတယ်။ )

(၈) အမျိုးသမီးတွေဟာ စာနာစိတ်၊ ကိုယ်ခြင်းစာ ကရုဏာစိတ် ၊ လိုက်လျောတဲ့စိတ်တွေရှိပါတယ်။ ဒါပေမယ့် ဒါဟာ သင့်အတွက်မကောင်းပါဘူး။ Ted Bundy ဆိုတဲ့ လူသတ်သမားတစ်ယောက်ဟာ မိန်းကလေးတွေရဲ့ အဲ့ဒီစိတ်တွေကို အမြဲအသုံးချခဲ့ပါတယ်။ သူက ဒုတ်ကောက်တစ်ချောင်း ဒါမှမဟုတ် ခြေထောက် တစ်ဖက်ဆာပြီးတော့ လမ်းလျှောက်ပါတယ်။ ပြီးတဲ့နောက် သူဟာ သူ့ရဲ့ ပစ်မှတ်သားကောင် ဖြစ်တဲ့ မိန်းကလေး ကို သူ့ကားထဲကို ပို့ပေးဖို့ အကူအညီတောင်းပါတယ်။ ကားထဲရောက်သွားရင်တော့ သင့်ကို သူအတင်းခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ စကားပုံအတိုင်း မလိုအပ်ရင် မသနားပါနဲ့လို့အကြံပေးပါရစေ။

ဒီစာကို ဖြစ်နိုင်ရင် ခင်ဗျားတို့ပတ်ဝန်းကျင်က အမျိုးသမီးတွေ အကုန်လုံးဆီကို share ပေးစေချင်ပါတယ်။ဒီစာက ဘ၀ တစ်ခုကို ကယ်တင်စောင့်ရှောက်နိုင်မယ်ဆိုခဲ့ရင် အလွန်ပီတိဖြစ်စရာပါ။ ဖရောင်းတိုင် တစ်ခုက တစ်ခြားဖရောင်းတိုင်တစ်ခုကို မီးကူးပေးလိုက်လို့ ပထမ ဖရောင်းတိုင်ရဲ့မီးရောင်ဟာ မှေးမှိန်မသွားနိုင်ပါဘူး။ ဒီစာကို ကျွန်တော်က အမျိုးသမီးတွေ ဖတ်ဖို့အတွက်ပဲရေးထားတယ်ဆိုပေမယ့် ဖတ်မိတဲ့ညီ၊အကိုတွေမှာလည်း အမေ၊အမ၊နှမ၊သမီး နဲ့ ချစ်သူ၊သူငယ်ချင်းတွေ ရှိမှာပါ၊ သူတို့တွေအတွက်လည်း စေတနာရှေ့ထားပြီး ဖြန့်ဝေပေးစေချင်ပါတယ်။ ကျွန်တော်တို့ လောကကြီးမှာ ဒီလိုဒုစရိုက် တဏှာရူးကောင်တွေ အများကြီးပါပဲ။ တစ်ဖက်တစ်လမ်းက အခုလို ကူညီ အသိပေးခြင်းဟာ တစ်စုံတစ်ခုဖြစ်ပြီးသွားတော့မှ စိတ်မကောင်းဘူး ပြောတာထက်စာရင် ပိုကောင်းပါတယ်။

တစ်စုံတစ်ခု ရင်ထဲရောက်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။

အင်တာနက်ဆိုင်နှင့်ဂိမ်းဆိုင်အများအပြားညစ်ညမ်းကားများ အလွယ်တကူကြည့်နိုင်အောင် စီစဉ်၍ သုံးစွဲသူလျော့ကျလာမှုကို ဆွဲဆောင်မြှင့်တင်လာ


သုံးစွဲသူ နည်းပါး၍ ဝင်ငွေကျဆင်းမှုများ ဖြစ်ပေါ်နေသော အင်တာနက်ဆိုင်အချို့ ကွန်ပျူတာတွင် ညစ်ညမ်းဗီဒီယိုဇာတ်ကားများ အခမဲ့ထည့်သွင်း နည်းလမ်းဖြင့် သုံးစွဲသူများအား ဆွဲဆောင်မှုပြုလုပ်နေကြောင်း သိရသည်။

ယင်းသို့ ပြုလုပ်လာမှုသည် အင်တာနက်သုံးစွဲမှု နည်းပါးသည့် နယ်မြို့များတွင်သာမက ရန်ကုန်မြို့ ရှိ အချက်အချာကျသည့် မြို့နယ် များတွင်ပါ ပြုလုပ်လျက်ရှိနေသည်။

”ပြီးခဲ့တဲ့လက တောင်ငူသွားတုန်းက အင်တာနက်သုံးချင်လို့ ဆိုင်သွားသုံးတယ်။ ဒက်စတော့ပေါ်မှာ ညစ်ညမ်းပုံတွေ၊ ဇာတ်ကားတွေ တွေ့ခဲ့ရတယ်။ အခု ရန်ကုန် ပြန်ရောက်တော့ ဆိုင်သွားသုံးတော့လည်း ဒီပုံစံတွေ ထပ်မြင်နေရ တယ်။ လူဝင်ဖို့သက်သက်နဲ့ အခု လိုမျိုးအရှက်သိက္ခာမဲ့ လုပ်ရပ်တွေ တော့ မပြုလုပ်သင့်ပါဘူး” ဟု လသာမြို့နယ်မှ မသက်စုအောင် က ပြောသည်။
ယင်းအပြင် အချို့အင်တာနက် ဆိုင်များမှာ ညစ်ညမ်းကားများကို ပေါ်လွင်အောင် ဒက်စတော့ပေါ် တွင် တင်မထားသော်လည်း My Computer , My Document ဖိုင်များတွင် ဖိုဒါ (Folder)များ ပြု လုပ်၍ သုံးစွဲသူကြည့်ရှုရန် ထားရှိ ပေးနေကြောင်း ပုဇွန်တောင်မြို့ နယ် လိပ်ကန်လမ်းမှ အင်တာနက် သုံးစွဲသူတစ်ဦးက ပြောသည်။

အတိုကြိုက်တဲ့မမ 43ကားပေါ်မှာ ပေါင်ကိုကိုက်ခံရသတဲ့



ဒီဘလော့က တခြားဘာသာကိုယိုးစွပ်တာလည်း မဟုတ်ပါဘူး။ ကိုယ်တို့မြန်မာမိန်းခလေးတွေ အနေအထိုင် မတတ်လို့ခံရတာကိုပြောချင်တာပါ။ မိန်းခလေးတယောက်က ဒီအကြောင်းကိုပြန်ပြောပြရတာ ရှက်ဖို့တော့ ကောင်းပေမယ့် မတတ်နိုင်ဘူးလေ။ ဒါကတော့ ပြောပြအသိပေးရမှာပဲ။



ကဲ…. 43ကားပေါ်မှာပေါ့။ ကားကကြပ်ကြပ်နဲ့ဆိုပေမယ့် စပယ်ယာကလည်း ချောင်ပါတယ်အော်ပြီး လူခေါ်။ ကားပေါ်ကလူတွေကလည်း ဟိုနားကပ် ဒီနားတိုးပေါ့။ အဲ့အချိန် ဘောင်းဘီပေါင်သာသာဝတ်ထားတဲ့ မမ ခြေတံကလည်းလှမှလှနဲ့ ကားပေါ်တိုးတက်လာရော။(သူ့အလှသူဖော်တာ…. ဒါဘာမှားလို့လဲနော်) နေစရာ နေရာလိုက်ရှာ၊ မရှိတော့ ထိုင်ခုံတစ်ခုံနားတိုးပြီး ရပ်တယ်။ ထိုင်ခုံမှာထိုင်နေတာက (ကန်တော့နော်) ကုလား။ ဘယ်ယောက်ျားမဆိုတော့ ကိုယ့်ရှေ့မှာ ခြေတံအဖွေးသားနဲ့ လာရပ်နေရင် စိတ်တော့လှုပ်ရှားတာပဲ(နော့..)။ ဒီမှာလည်းဒီလိုပဲ။ တစ်မှတ်တိုင်လောက်လည်း စီးပြီးရော အဲ့ကုလားက မမရဲ့ပေါင်ကို လှမ်းနမ်းတယ်ဆိုပဲ (အဲ ဘယ်လိုသုံးရမှန်းကိုမသိပါဘူး…. စိတ်တွေလည်းညစ်ပါတယ်) မမက အော်တာပေါ့။ ဘေးကလူတွေလည်း ရှူးရှူးရှားရှားနဲ့ ရိုက်မယ် ထုမယ်လုပ်တော့ ပေါင်သားကိုနမ်းထားတာကနေ ကိုက်တယ်ရှင့်။ ပေါင်မှာ အကွင်းလိုက်ဖြစ်သွားတယ်ဆိုပဲ။ ဒါနဲ့ကားကိုရဲစခန်းမောင်းရရောတဲ့ကွယ်။ ဘာဆက်ဖြစ်လဲတော့ မသိပေါင်။ သေချာတာတော့ အဲ့မမ နောက်တခါ အတိုဝတ်ပြီး လိုင်းကားစီးရဲတော့မယ် မထင်ဘူး။ ဒါဖြစ်ရပ်မှန်နော်။ ဟိုတနေ့ကလေးတင်ဖြစ်တာ။


ဒီက သူငယ်ချင်းတွေ မမတွေရော… တိုတိုဝတ်ပြီး လိုင်းကားတိုးမစီးနဲ့နော်။ တောင်းပန်တာပါ။ မိန်းခလေး တစ်ယောက်ဒီလိုဖြစ်ခံရတာ ဘယ်လောက်နားရှက်စရာလဲ။ ၀တ်ရင်လည်း တော်ရုံဝတ်ကြပါလို့။ တော်ရုံ မ၀တ်နိုင်လဲ တက္ကစီတော့စီးကြပါလို့ပြောချင်ပါရဲ့ကွယ်။။။။။။

ရုပ်ချောတယ်။ရက်စက်တယ်။

အမျိုးသမီးတစ်ဦးမှ ယုန်လေးတစ်ကောင်ကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ပုံများ ပေါ်ကို ဗွီဒီယိုရိုက်ပြီး အင်တာနက်ပေါ်တင်ခဲ့ပါတယ်…။ ဒီဗွီဒီယိုကို အရေအတွက် (၅) သန်းကျော် ကြည့်ရှု့ခဲ့ကြပြီး လူအများရဲ့ဝေဖန်ချက်တွေဟာ စာမျက်နှာ (၁၀၀) ကျော်အထိ ရှိခဲ့ပါတယ်..။
ဒီဗွီဒီယိုဟာ ကြာချိန် ၄မိနစ်နဲ့ ၉စက္ကန့်ရှိပါတယ်..၊ ဗွီဒီယိုထဲမှာ ယုန်လေးတွေဟာ ထောင့်တစ်ထောင့်မှာရှိတဲ့ လှောင်အိမ်ငယ်လေးထဲမှာ ထည့်ထားခြင်းခံရပါတယ်…။ အသက်နှစ်ဆယ်ခန့်ရှိ အမျိုးသမီးငယ် တစ်ဦးဟာ လှောင်အိမ်ထဲမှာ ယုန်ငယ်လေးတစ်ကောင် ယူလိုက်ပါတယ်..ပြီးတော့ နမ်းလိုက်ပါသေးတယ်..၊ပြီးတော့ ရိုက်ကူးနေတဲ့ ကင်မရာဘက်ကို လှည့်ပြီး "ဟဲလို"လို့နှုတ်ဆက်ပါတယ်..ပြီးတော့ ယုန်ငယ်လေးကို ပစ်ပေါက်ပြီး ညှင်းပမ်းနှိပ်စက်မှု အမျိုးမျိုး ကို ပြုလုပ်ပါတော့တယ်..၊ ဗွီဒီယိုထဲမှာ မြင်ရတာတော့ ယုန်လေးတွေ နှစ်ကောင်ထက်မက အခုလိုမျိုး ပြုလုပ်ခြင်းခံထားရတာကိုတွေ့ရပါတယ်..














 




လူအများကတော့ ဒီကောင်မလေးဟာ စိတ်ရောဂါဝေဒနာရှင် ဖြစ်နိုင်ကြောင်း ထင်မြင်ချက်ပေးခဲ့ပါတယ်.. ဒါပေမယ့် မဖြစ်နိုင်ပါဘူး..ဘာလို့လဲဆိုတော့.. အခုဖြစ်ရပ်ဟာ ဒီကောင်မလေး တစ်ယောက်တည်း လုပ်တာမဟုတ်ပဲ အဖွဲ့အစည်းနဲ့ကို လုပ်ဆောင်တာ ဖြစ်လို့ပါပဲ..အဲဒီအဖွဲ့အစည်းကိုတော "crush fetish" လို့ခေါ်ပါတယ်..။ ဗွီဒီယိုမှာ အတူပါခဲ့တဲ့ တစ်ခြား မိန်းကလေးတွေဟာ ဒီအဖွဲ့ထဲက အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်..။ ဒီလို ဗွီဒီယိုကို ပြုလုပ်ပြီး တိရစ္ဆာန်ငယ်လေးတွေ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ရခြင်းဟာ ပိုက်ဆံရှာဖို့ လုပ်တာဖြစ်ပါတယ်..။ သူတို့ဟာ ဒီဗွီဒီယိုတွေကို ခွေထုတ်ပြီး ပြန်လည်ရောင်းချကြပါပဲ ဖြစ်ပါတယ်..။








 ဒီလိုပုံစံတူမျိုး ညှင်းပမ်းနှိပ်စက်မှုပြုလုပ်ပုံတွေ အင်တာနက်မှာ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်..။

ShareThis