EQ အကြောင်း~~~~~~။ှEQ ဆိုတာ Emotional Quotient သို့မဟုတ် Emotional Intelligence ကိုအတိုကောက်ခေါ်တာပါ။ မြန်မာလိုတော့ နှလုံးသားအရည်အသွေးလို့ တစ်ချို့သုံးနှုန်းကြပါတယ်။ EQ ဟာလူ့အဖွဲ့အစည်းအတွက် အရေးပါသလို လူတိုင်းအတွက်လည်း အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ ကျွန်မတို့ပတ်ဝန်းကျင်မှာ ပျော်ရွှင်အောင်မြင်နေတဲ့သူတွေဟာ ငယ်စဉ်က အတန်းထဲမှာ ပထမ၊ ဒုတိယချိတ်ပြီး စာတော်တဲ့သူတွေမဟုတ်ပါဘူး၊ စာတော်တယ်။ ဘွဲ့တွေအများကြီးရတယ်ဆိုတာကို IQ လို့သတ်မှတ်လို့ရပါတယ်။ ပျော်ရွှင်အောင်မြင်နေတဲ့ လူအများစုဟာ ကျောင်းတုန်းက ထူးချွန်တဲ့သူတွေ မဟုတ်ပါဘူး။ ဘွဲ့တွေအများကြီး ရတဲ့သူတွေမဟုတ်ပါဘူး။ သူတို့တွေ ပျော်ရွှင်အောင်မြင်တာဟာ EQကောင်းလို့ပါ။ EQကောင်းတယ်ဆိုတာက စိတ်လိုက်မာန်ပါမလုပ်တ...ဲ့သူတွေပါ။ မိမိရဲ့ခံစားချက်ကိုမိမိသတိထား နိုင်သလို တစ်ဖက်သားရဲ့ ခံစားချက်ကိုလည်း သတိထား နားလည်ပေးသူအပြောအဆို သတိရှိသူတွေပါ။ EQကောင်းသူတိုင်း ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပါတယ်။ ကိုယ်ချင်းစာတရားဆိုတာ အင်္ဂလိပ်လို Empathy ပါ။ သနားတာကို အင်္ဂလိပ်လို Sympathy လို့ခေါ်ပါတယ်။ ဥပမာလေးတစ်ခုပြောပြပါမယ်။ ဘောလုံးပွဲမှာ တစ်ယောက်နဲ့တစ်ယောက် ထိမိခိုက်မိနိုင်ပါတယ်။ အထိခံရတဲ့ ဘောလုံးသမားတစ်ယောက်က မကျေနပ်လို့ တစ်ခြားတစ်ယောက်ကို ခြေထိုးခံလိုက်ရာက အသင်းကထုတ်ပယ်ခံရပါတယ်။ တစ်ခုခုဖြစ်ပျက်လာချိန်မှာ ရုတ်တရပ်ဖြစ်ပေါ်လာတဲ့ တုန့်ပြန်မှုတွေဟာ EQ နဲ့သက်ဆိုင်ပါတယ်။ အထက်ပါပြတဲ့ ဥပမာအတိုင်းဆိုရင် ဒီဘောလုံးသမားရဲ့ EQ ကိုမြင်နိုင်ပါတယ်။
ပညာရှင်တွေကတော့ EQ ကောင်းတဲ့သူမှာ အဓိကအရည်အချင်း ၄ခု ရှိတယ်လို့ဆိုပါတယ်။
၁။ Self Awareness မိမိရဲ့ခံစားချက်ကိုသိတယ်။ မိမိရဲ့အားသာချက်၊ အားနည်းချက်ကို သိပြီး မိမိကိုယ်ကို ယုံကြည့်ချက်ရှိသူပါ။
ပညာရှင်တွေကတော့ EQ ကောင်းတဲ့သူမှာ အဓိကအရည်အချင်း ၄ခု ရှိတယ်လို့ဆိုပါတယ်။
၁။ Self Awareness မိမိရဲ့ခံစားချက်ကိုသိတယ်။ မိမိရဲ့အားသာချက်၊ အားနည်းချက်ကို သိပြီး မိမိကိုယ်ကို ယုံကြည့်ချက်ရှိသူပါ။
၂။ Self Management မိမိကိုယ်ကို ထိန်းကျောင်းနိုင်သူပါ။ ဦးဆောင်လုပ်သူပါ။ မခိုင်းဘဲလုပ်တာပါ။ လုပ်စရာရှိတာကို ဇွဲကောင်းကောင်းနဲ့ ပြီးအောင် လုပ်တာပါ။ ပြောင်းလဲခြင်းကို လက်ခံနိုင်သူပါ။
၃။ Social Awareness တစ်ဖက်သားရဲ့ ခံစားချက်၊ လိုအပ်ချက်ကို သိရှိနားလည်ပေးသူပါ။ ကိုယ်ချင်းစာစိတ်ရှိသူပါ။ အကင်းပါးသူ၊ အဖွဲ့အစည်း သဘောသဘာဝကို နားလည်သူပါ။
ဥပမာလေးတစ်ခုပေးပါမယ်။ သူငယ်ချင်းနှစ်ယောက် Stage Show သွားကြည့်ကြတယ်။ သူငယ်ချင်းက အရပ်ပုလို့ နောက်ကမမြင်ရတဲ့အတွက် ရှိုးပွဲကို စိတ်မပါတော့ဘူး။ နောက်သူငယ်ချင်းတစ်ယောက်က ဒါကို သတိထားမိဖို့လိုတယ်။ သတိထားမိတဲ့ အခါ ”လာ သူငယ်ချင်း ရှေ့တိုးကြည့်မယ်” ဆိုပြီး မြင်ရတဲ့အထိ တိုးဝင်သွားကြတယ်။ ၂ယောက်စလုံးမြင်ရတယ်။ ၂ယောက်စလုံး ပျော်ရတယ်။
၎။ Relationship Management မိတ်ဆွေကောင်းတွေနဲ့ ဖွဲ့နိုင်၊ လူတွေက သဘောကျနှစ်ခြိုက်၊ ကတိတည်၊ ကိုယ်ကျင့်တရားကောင်း၊ လူတွေကို စိတ်ဓာတ်တတ်ကြွအောင် လုပ်နိုင်၊ စည်းရုံးနိုင်၊ အဖွဲ့အစည်းနှင့် လုပ်တတ်၊ ပြသာနာတွေကို ဖြေရှင်းနိုင်သူပါ။
လူတွေကို အကူအညီပေးပါ။ သူများအရေးကို ဦးစားပေးပါ။ နားထောင်ပါ။
နောက်ဆုံးပြောချင်တာကတော့ EQ ကောင်းသူများဟာ အောင်မြင်ကြသူများပါ။
by: Smart Group OF Companies Chairman ဦးကျော်ကျော်လှိုင် ရဲ့ ရွှေFM မှ မေးခွန်းများ
KZL