Pages

တတိယ အကြိမ်မြောက် သိပ္ပံပြပွဲ (annual White House Science Fair) ကို အိမ်ဖြူတော်တွင် ကျင်းပခြင်း

ဧပြီလ (၂၂)ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၏ တတိယ အကြိမ်မြောက် သိပ္ပံပြပွဲ (annual White House Science Fair)ကို

အမေရိကန် သမ္မတ အိုဘားမားမှ အိမ်ဖြူတော်တွင် လက်ခံ ကျင်းပပေးခဲ့ရာ အမေရိကန် နိုင်ငံ တစ်ဝှန်းလုံးမှ အထက်တန်း ကျောင်းသူ ၊ ကျောင်းသားများ ၊ တက္ကသိုလ် ကျောင်းသားများအနက် သိပ္ပံဘာသာ ၊ နည်းပညာ ၊ အင်ဂျင်နီယာ ဘာသာရပ်နှင့် သင်္ချာဘာသာရပ်များတွင် နိုင်ငံတော်အဆင့် ထူးချွန် သူများအား အိမ်ဖြူတော်သို့ ဖိတ်ခေါ်၍ ဂုဏ်ပြုပွဲ ကျင်းပပေးခြင်း ဖြစ်သည်။
အဆိုပါ ပွဲတွင် ထူးချွန်ကျောင်းသား ၊ ကျောင်းသူများမှ မိမိတို့ စိတ်ကူးများအား သမ္မတအား ပုံဖော်ပြသနိုင်ရာ ယခုနှစ်တွင် စီးပွားဖြစ် အသုံးပြုနိုင်မည့် ဇီဝလောင်စာ ၊ ရေဆေးပန်းချီ ဆွဲနိုင်သည့် စက်ရုပ်နှင့် ကင်ဆာ ကာကွယ်ရေး လုပ်ဆောင်နိုင်သည့် ကွန်ပြူတာ ပရိုဂရမ် စသည့် နယ်ပယ်များတွင် အဆိုပါ ထူးချွန်သူများ၏ စိတ်ကူးများကို ယှဉ်ပြိုင်စေခဲ့သည်။

http://newsone.com/2405607/white-house-science-fair-2013/

အေးချမ်းမွန်  from The Hot News

ShareThis