ရိုင်းပြသော ဇာတ်ဝင်ခန်း အမှုအရာများ ပါဝင်မှုကြောင့် PSY ၏ Gentleman သီချင်း ဗီဒီယိုခွေကို ထုတ်လွှင့်ရန် တောင်ကိုရီးယား ဂီတကွန်ယက်မှ ပိတ်ပင်ခဲ့ပြီးနောက် ပြန်လည်ရုပ်သိမ်း ပေးခဲ့သည်။ ဂီတကွန်ရက်၏ အဆိုအရ အဆိုပါ သီချင်းဗီဒီယို ဇာတ်ဝင်ခန်း အချို့တွင် လမ်းတား ပလပ်စတစ် ကတော့ချွန်များကို ကန်ကျောက်ခြင်း စသည့် မသင့်လျော်သော အမှုအရာများ ပါဝင်မှုကြောင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ဂီတကွန်ရက်အဖွဲ့သည် တောင်ကိုရီးယား သမ္မတ ပက်ဂွမ်းဟေ အနေဖြင့် PSY သည် တောင်ကိုရီးယား နိုင်ငံ၏ ဂုဏ်ကျက် သရေဆောင် ဂီတပညာရှင် ဖြစ်သည်ဟု အစွမ်းအစအပေါ် ချီးမွမ်းဂုဏ်ပြု ခဲ့သောကြောင့် ပြန်လည် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ yoyarlay