Pages

ထိတွေ့ခံစားမှု အာရုံကို ဦးနှောက်သို့ ပြန်လည် ပေးပို့နိုင်သည့် ကမ္ဘာ့ ပထမဆုံး လက်တု


အသုံးပြုသူကို မူလ လက်တစ်ချောင်း ပမာ ထိတွေ့ ခံစားမှု အာရုံ ပေးနိုင်သည့် ကမ္ဘာ့ ပထမဆုံး လက်တု ကို သိပ္ပံ ပညာရှင်များက ထုတ်လုပ် နိုင်ခဲ့ကြပြီး ယခု အချိန်တွင် ၎င်း လက်အတုကို လက်မရှိသော လူများ ၏ လက်မောင်းတွင် အစားထိုး တပ်ဆင်ပေးရန် စီစဉ်လျက်ရှိသည်။ ယခင်က ထုတ်လုပ်ခဲ့သည့် လက်အတု များသည် ဦးနှောက်မှ အချက်ပြမှုကို လက်ခံကာ အချက်ပြမှု အတိုင်း ရွေ့လျား ဆောင်ရွက်နိုင်စွမ်း ရှိကြသည်။ သို့ရာတွင် ၎င်းလက်တုများသည် ယခု လက်တုကဲ့သို့ ထိတွေ့ ခံစားမှု အာရုံကို ဦးနှောက်သို့ ပြန်လည် မပေးပို့ နိုင်ခဲ့ကြပေ။ ယခင် လက်အတု သည် လက်မောင်း ပင်မ အာရုံကြော နှစ်ခုပေါ်၌ တပ်ဆင် ထားသော အီလက်ထရုဒ် များမှ တစ်ဆင့် အာရုံကြော စနစ်သို့ တိုက်ရိုက် ဆက်သွယ် ပေးထားသည်။



အီလက် ထရုဒ်များသည် လက် အတု တပ်ဆင် အသုံးပြုသူ၏ စိတ်ကူးအတိုင်း လက်တုကို လှုပ်ရှား ဆောင်ရွက် ပေးနိုင်ပြီး လက်အတု၏ ထိတွေ့ ခံစားမှု အာရုံကို ဦးနှောက်သို့ ပြန်လည် ပေးပို့နိုင်သည်။ ယခု ကဲ့သို့ ခံစားမှုကို တုံ့ပြန် ပေးနိုင်သည့် လက်အတုကို ဖန်တီး နိုင်မှုသည် အနာဂတ် ကာလတွင် လက်တု အသစ်များ ထုတ်လုပ်နိုင်ရေး အတွက် လမ်းခင်း ပေးသကဲ့သို့ ဖြစ်စေသည်။ လက်တု တပ်ဆင်သူများကို ထိတွေ့ ခံစားမှု အာရုံပေးနိုင်ခြင်း၊ လက်တုကို လက်အစစ် တစ်ချောင်း ပမာ အသုံးပြုနိုင်ရန် အဆင့် တိုးမြှင့် နိုင်ခြင်း တို့သည် ခန္ဓာကိုယ်၏ မူလ အစိတ်အပိုင်း များကဲ့သို့ ခြေလက်အင်္ဂါ တုများကို တပ်ဆင် အသုံးပြု နိုင်မည့် အခြေအနေမှာ ပိုမို နီးကပ် လာပြီဟု မျှော်လင့်ရကြောင်း သိပ္ပံ ပညာရှင် များက ပြော ကြားသည်။

ယခု ကဲ့သို့သော လက်အတုကို ဖန်တီး နိုင်မှုသည် လက်ဖြတ်ေ တာက် ကုသခံရမည့် လူနာများ အတွက် မျှော်လင့်ချက်ဖြစ်ပြီး လက်တု အသုံးပြုသူများအား ထိတွေ့ ခံစားမှု အာရုံကို မူလ လက်အတိုင်း တုံ့ပြန်မှု ပေးနိုင်သည့် ပထမဆုံး လက်အတု ဖြစ်လာမည် ဖြစ်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လက်မောင်း တစ်ခုလုံးကို အစားထိုး နိုင်လိမ့်မည် ဟု မျှော်လင့် ရကြောင်း ဆွစ်ဇာလန် အခြေစိုက် Ecole Polytechnique Federalede Lausanne မှ ဒေါက်တာ ဆေလ်ဗာစတို မီဆီရာက ပြောကြားသည်


Read more>> http://bit.ly/ZFjiLq

ShareThis