Pages

တိုယိုတာ၏ နောက်ဆုံးပေါ် Touch panel ကား


Touch Screen ဖုန်း၊ Tablet နဲ့ အခြား Portable electronic device တွေကိုတော့ ကမ္ဘာတစ်လွှားမှာ ရင်းနှီးနေကြပါပြီ။

သို့ပေမဲ့ ထိတွေ့ပြောင်းလဲရတဲ့ Touch Panel ပါရှိသော ကားရှိပါတယ်ဆိုရင်တော့ အံ့အောစရာဖြစ်ပါတယ်။ ဒါကသိပ်အံ့အောစရာမကောင်းသေး ပါဘူး။

သို့ပေမဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၈ ဂျပန်နိုင်ငံ တိုကျိုမြို့မှာကျင်းပခဲ့တဲ့ ၄၂ ကြိမ်မြောက် တိုယိုတာကားပြပွဲမှာ ပွဲထုတ်ခဲ့သော Touch Panel သုံး Fun vii အမည်ရကားဟာ မော်တော်ကား နည်းပညာလောကကို အံ့အား
သင့်သွားစေပါတယ်။

ကား ဘော်ဒီ အတွင်းအပြင် တစ်ခုလုံးကို ထိတွေ့ပြီး အရောင်ပြောင်း၊ ပုံရိပ်ပြောင်းလဲယူနိုင်ပါတယ်။ ဒါမျိုးကို သိပ္ပံလွန်ဇာတ်ကားတွေမှာ သာ တွေ့ဖူးတာဖြစ်ပါတယ်။ အခုတော့ တိုယိုတာက ဖန်တီးလိုက်ပါပြီ။ ကားဘော်ဒီကို ဆေးမှုတ်ဖို့ မလိုအပ်တော့ပါဘူး။



ကားကို စမတ်ဖုန်း၊ Tablet စသည်တို့နဲ့ ချိတ်ဆက်နိုင်မယ်။ အင်တာနက်မှ Wallpaper, ရောင်စုံ ကာလာ ဒီဇိုင်းများကို Download ဆွဲပြီး၊ ကားရဲ့ အရောင်ကို ပြောင်းလဲယူလို့ရပါတယ်။

ပြီးတော့ ကားမှာ အသုံးပြုထားတဲ့ software ကိုလည်း Update လုပ်နိုင်ပြီး ယင်း Touch Panel အပေါ် ပေးစွမ်းမဲ့ ဝန်ဆောင်မှု အသစ် တွေကို ရရှိအုံး
မှာဖြစ်ပါတယ်။

လောလောဆယ်ကတော့ ကာလာ၊ ဒီဇိုင်းမှာသာ အလုပ်လုပ်ပါသေးတယ်။
နောက်ဒီထက်အဆင့်မြင့်ပြီး၊ ထိတွေ့မောင်းနှင်ရလောက်တဲ့အထိ အဆင့်မြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ Fun vii ကားကို ဒီဇင်ဘာ ၃ ရက်မှာ စတင်ရောင်းချမှာဖြစ် ပါတယ်။ ကားရဲ့ အခြား အစိတ်အပိုင်းတွေကတော့ ထုတ်လုပ်နေ ကြ တိုယိုတာ ကားများရဲ့ Funtion တွေ အတိုင်းပဲဖြစ်ပါ တယ်။ဘော်ဒီ အတွင်းအပြင်
ကတော့ နည်းပညာ အလွာကြီး တစ်ခုဖြစ်သွားပါတယ်။

ဈေးနှုန်းဘယ်လောက်နဲ့ ရောင်းချမယ်လို့ တော့ ကြေညာထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Xinhua ColayOnline:Automobile

ShareThis