ဖုန်းကတ်ပျောက်ဆုံးသူများအတွက် ပြုပြင်စရာ
10:16 PM
မိုဘိုင်းဖုန်းဆိုင်ရာ
ရန်ကုန်တိုင်းဒေသကြီးအတွင်း သာမက မြန်မာနိုင်ငံအရပ်ရပ်ရှိ ဖုန်းကတ်ပျောက်ဆုံးသူများအတွက် ပြုပြင်စရာများကို ရေးသားတင်ပြအပ်ပါသည်။
အဆိုပါ ဖုန်းကတ်ပျောက်ဆုံးသူ များအတွက် ပြုပြင်စရာမှာ အင်ဂျင် နီယာချုပ်ရုံးတွင် အခြေစိုက်မိုဘိုင်း ဆက်သွယ်ရေးစခန်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း ရန်ကုန်မြို့မှ စတင်ပြီး ပြုပြင်စရာမှာ ဖုန်းကတ်ပျောက်ဆုံးသူ ပြည်သူလူထုများအတွက် အကြံပေး အပ်ပါသည်။
တစ်ဆယ့်ငါးသိန်းတန်၊ ငါးသိန်း တန်၊ နှစ်သိန်းခွဲတန်နှင့် နှစ်သိန်းတန် ဖုန်းကတ်များ ပျောက်ဆုံးသူများ အတွက် ပြုပြင်စရာများမှာ ရဲစခန်း ထောက်ခံစာတောင်းခြင်း၊ ခံဝန်ကတိ ပြုခြင်း၊ မှတ်ပုံတင်မူရင်းပြရခြင်း၊
လိုင်းပိတ်သိမ်းမည်ဟု သိရှိကြောင်း ဝန်ခံကတိပြုခြင်းတို့ကို ပြုပြင်စေချင် ပါသည်။
တန်ဖိုးနည်းနှစ်သိန်းတန် ဖုန်းကိုင်ဆောင်ထားသူ အမည်ပေါက် တစ်ဦးက ''အေးဗျာ၊ မနေ့ညက ကျွန်တော့်ဖုန်း အခိုးခံလိုက်ရတယ်။ ခိုးတဲ့သူကို အမှုမဖွင့်ပါဘူး။ ကြီးတဲ့ အမှုသေးအောင်၊ သေးတဲ့အမှု
ပပျောက်အောင်လို့ပေါ့။ ပြည်သူ့ရဲစခန်းလည်း အလုပ်မရှုပ်အောင် ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို သွားလုပ်ရတယ်။ အချိန် လည်းကုန်၊ ငွေလည်း လေးငါးသောင်း ကုန်တာပဲဗျာ''ဟု ဖုန်းနှင့် ကတ် ပျောက်ဆုံးသူ ကိုထက်ပြည့်အောင် က ပြောသည်။
အမည်မပေါက် တန်ဖိုးနည်း နှစ်သိန်းတန်ကိုင်ဆောင်သူ ကိုအောင် က ''ကျွန်တော်ဖုန်း ဝယ်ထားတာ သုံးလမပြည့်သေးဘူး။ ပျောက်သွား တာ နှစ်သိန်းတန် တန်ဖိုးနည်းလို့သာ ပြောတာ ဟန်းဆက်၊ အင်တာနက်
နဲ့ တခြားပစ္စည်း အပါအဝင် သုံးသိန်းကျော် လေးသိန်းဖိုးလောက် ရှိပြီ၊ ငွေဖြည့်ကတ်ဝယ်သုံးတာတင် ငါးသောင်းကျော်လိမ့်မယ်၊ ကံကောင်း ချင်တော့ တန်ဖိုးနည်းဖုန်း ဝယ်ကိုင်နိုင်ပါရဲ့၊ ကံဆိုးချင်တော့လည်း သုံးလမပြညေ့် သးဘူး ပျောကသ်ွားတယ်။
ရွှေဂုံတိုင်သွားတော့ ပထမဦးဆုံး မှတ်ပုံတင်မူရင်းတောင်း၊ ဆိုင်တွေကဝယ်ရင်တော့ အမည်ပေါက် ပိုင်ရှင် လာမှ ပြန်လုပ်လို့ရမယ် တဲ့လေ။ ဒါတောင် မဟောက်လိုက်တာ တော်သေးရဲ့''ဟု ပြောသည်။
''ပြီးတော့ မူရင်းဝယ်တဲ့ဆိုင်သွား တော့လည်း လေးငါးသောင်းတောင်း တယ်ဗျာ၊ နောက်နှစ်ပတ်ကြာမယ် လို့လည်း ပြောတယ်။
ကျွန်တော့်မှာက မြန်မာနိုင်ငံ တစ်ထောင့်တစ်နေရာက နိုင်ငံတည်ဆောက်ခြင်းမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ အလုပ် တွေလုပ်နေရတာလေ။ဒါမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ လူမျိုးတိုင်း၊ ဘာသာ
တိုင်း စည်းလုံးညီညွတ်ငြိမ်းချမ်းဖို့ အတွက်ဖုန်းက မ၇ှိမဖြစ်ဖြစ်လေ။
အခုလိုလုပ်နေမယ်ဆိုရင်တော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအတွက် ဖွံ့ဖြိုး တိုးတက်ဖို့ နှောင့်နှေးသလို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ နှောင့်နှေးနေမှာပဲ။ ကျွန်တော့်မှာ မရှိမဲ့ရှိမဲ့ တန်ဖိုးနည်း နှစ်သိန်းတန် ဖုန်းကလေးဝယ်တာ ဂရုတစိုက်ပါဗျာ။ ဧပြီ ၈ ရက်က မြန်မာ့ ဆက်သွယ်ရေးရုံးနဲ့ ဝယ်တဲ့ဆိုင်
ရောက်ပါတယ်။ ဘယ်လိုမှ အဆင် မပြေဘူး။
အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းနဲ့ စိတ်ဓာတ်ကို အရမ်း ကျသွားတာပဲ။ လမ်းဘေးဖုန်းဆိုင် တွေကလည်း တစ်ခါဆက် နှစ်ရာမှ ငါးရာ၊ တစ်ထောင်ထိ အရမ်းတောင်း တာပဲ။ ဒီနှစ် ဧပြီ ၂၄ ရက်မှာထုတ် ပေးမယ့် တန်ဖိုးနည်း ၁၅ဝဝ တန်ဖုန်း ကလည်း ဟန်းဆက်နဲ့ပါဆို ငွေကျပ် တစ်သောင်း လောက်ဖြစ်မှာ၊ ဒါတောင် တရုတ်ပြည်ထုတ်အညံ့ဆုံး ဟန်းဆက်လေ။ ဆင်းရဲတဲ့ မိသားစုဘဝအတွက် မဝယ်နိုင်သေးဘူး။
ကာတွန်းဆရာတစ်ယောက် ကာတွန်း တစ်ကွက် ရေးဆွဲထားတာရှိပါတယ်။ တန်ဖိုး နည်းဖုန်းတော့ မထွက်သေး ဘူး၊ ဖုန်းသတင်းတော့ အမျိုးမျိုး ထွက်နေတာပဲတဲ့လေ။ တန်ဖိုးနည်း ၁၅ဝဝတန်ဆိုတာလည်း မြန်မာပြည် မှာ လူတိုင်းစေ့ရမှာမဟုတ်သေးပါ ဘူး။ ထိုင်းနိုင်ငံမှာဆို အလကားပေး တယ်လို့ ကြားရတယ်ဗျာ။ အဓိက တော့ ငွေဖြည့်ကတ်ပဲ။ ဟန်းဆက် လည်း တန်ဖိုးနည်းတာတွေရှိပါတယ်'' ဟု ပြောသည်။
(စပိုင်)
ကြေးမုံ