" ကလေးတစ်ယောက် မူလတန်းမှာ ပထမ ရ ရင် တော်လိုက်တာ ဆိုပြီးချီးကျူးတယ်ချီးမြှောက်တယ်မလား။ပထမ မရတဲ့ကလေးဆိုလှည့်တောင်မကြည့်ကြဘူး။အတန်းထဲမှာ ကျောင်းသားအယောက် သုံးဆယ် ရှိတယ်။ အဲ ဒီ သုံးဆယ်ထဲ က မှ တစ်ယောက်ပဲ ပထမရမယ်။ ကလေး တစ်ယောက်ရဲ့ ပျော်ရွှင်မှူ ပာ ကျန်တဲ့ ကလေး နှစ်ဆယ့်ကိုးယောက်ရဲ့ ဝေဒနာတွေ စိုးရိမ် သောကတွေပေါ်မှာတည်ဆောက်ထားတယ်.ဒီလို ပညာရေးမျိုးကို ကျွန်ုပ်တို့ အားပေးနေကြ တာပါ။
ပထမရလို့ ပျော်ရွှင်ကျေနပ်နေတဲ့သူပာာ သူပထမ ရလို့ပျော်ရွှင်ကျေနပ်နေတာ မပာုတ်ဘူး တခြားကျောင်းသားတွေကို နောက်ကောက်ချ နိုင်လို့ပျော်ရွှင်နေတာ ။တကယ်တော့ ကျွန်ုပ် တို့ ပာာ အကြမ်းဖက်မှူကို သင်ကြားပေးနေတာ။ အကြမ်းဖက်မှူမှာ အဓိပ္ပါယ်တစ်ခုပဲရှိတယ်။သူတစ်ပါးရဲ့ ဝေဒနာ ထဲမှာပျော်ရွှင် တာပာ အကြမ်းဖက်မှူရဲ့ အဓိပ္ပါယ်ဖြစ်တယ်။
သူတစ်ပါးရဲ့ဝေဒနာထဲမှာ ပျော်ရွှင်နိုင်အောင်ကလေးတွေကို သင်ပေးတာအပြင် ကျွန်ုပ်တို့ ဘာတွေ သင်ပေး နိုင် သေးလဲ။တစ်ခန်းလုံးမှာ ကျောင်းသားတစ်ယောက်ပဲ ရှိရင် သူပထမ ရမှာဖြစ်ပေမဲ့ ပထမရလို့ပျော်မှာ မပာုတ်ဘူး ။ ဒါပေမဲ့ ကျောင်းသား သုံးဆယ်ရှိ လို့ ပထမ ရရင်တော့ သူပျော်မှာ အမှန်ပဲ။အကြောင်းက တော့ ကျန်တဲ့ နှစ်ဆယ့်ကိုးယောက် ကို သူနောက် ကောက်ချထားနိုင်ခဲ့တာကို။တကယ်လို့ကျောင်းသားသုံးထောင်ရှိရင်ပိုပျော်မှာပဲ။ကျောင်းသားသုံးသိန်းဆိုရင် သူဘယ်လောက်ပျော်မလဲ။စဉ်းစားကြည့်တော့။တစ်နိုင်ငံလုံး က လူတွေကို ကျော်ပြီး သမ္မတ ဖြစ်လာခဲ့ရင်တော့ဘယ်လောက် ဘဝင်ခိုက် လိုက်မလဲ။နိုင်ငံရေး ပာာ ပထမဆုရအောင်ပြိုင်တဲ့ ပြိုင်ပွဲပဲ။ အဲဒါကြောင့် စစ်ပွဲတွေဖြစ်လာရတာ။နိုင်ငံရေးပာာ လဲ အကြမ်းဖက်မှူပဲ။
ဘာသာတရားနဲ့ အသိပညာ ပာာ အဲဒါတွေနဲ့မတူဘူး။ ဘာသာတရားတွေ ကို လည်း မျက်ကန်းယုံကြည်ပြီး ပထမလုတဲ့ ပြိုင်ပွဲ လို မလုပ်သင့်ဘူး။ဘာသာတရား အားလုံး ပာာ စိတ်အေးချမ်းမှူကို ပဲ လိုလားတာပါ။ "
အိုရှိုး ပညာတော်လှန်ရေး စာအုပ်မှ ကောက်နုတ်ထားတာပါ။
အခုတလော လူရည်ချွန် တွေ ပြန် မွေးထုတ် တော့မယ်ကြားလို့ ပါ။
ကလေးတွေ ကို အတ္တ ကြီးအောင် အကြမ်းဖက်မှုတွေများအောင် ထပ်လုပ်ဦးမှာပါ။
အမုန်းတရားတွေ အောက်မှာ လူတွေ ပာာ လွတ်လပ်စွာမတွေးခေါ်နိုင်ပါဘူး။
ကမ္ဘာ့ သိပ္ပံပညာရှင်ကြီး တွေဖြစ်တဲ့ အိုင်းစတိုင်းတို့ အက်ဒီဆင်တို့ သာ ပထမလုခဲ့မယ်ဆိုရင် အလွန်ဆုံးဖြစ်ပရော်ပဆာဘဝ နဲ့ အမုန်းတရားတွေနဲ့ သာ ပြီးဆုံးသွားမှာပါ။ မပြိုင်ဆိုင်ဘဲ လွတ် လပ် စွာ တွေးခေါ် ဆန့်ကျင်နိုင်လို့ သာအခု လို အထင် ကရ ပာာတွေ ရှာဖွေနိုင်ခဲ့တာပါ။
စာမေးပွဲတွေ ပာာ ဘဝ အတွက်မည် သို့မျှ အဓိပ္ပါယ်မရှိပါ။
ပညာတော်လှန်ရေး https://www.facebook.com/MyanmarNewsUpdates?ref=ts&fref=ts