Pages

တရုတ် နိုင်ငံတွင် မိုးသက်မုန်တိုင်း တိုက်ခတ်မှုကြောင့် ခြောက်ဦးသေဆုံး၊ လူဦးရေ ၁ သန်းနီးပါး မုန်တိုင်းဒဏ် သင့်ခဲ့

Photo: တရုတ် နိုင်ငံတွင် မိုးသက်မုန်တိုင်း တိုက်ခတ်မှုကြောင့် ခြောက်ဦးသေဆုံး၊ လူဦးရေ ၁ သန်းနီးပါး မုန်တိုင်းဒဏ် သင့်ခဲ့  တရုတ်နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် လွန်ခဲ့သည့် ၅ ရက်ကျော် အတွင်း မိုးသက်မုန်တိုင်းများ တိုက်ခတ်မှု ကြောင့်ခြောက်ဦး သေဆုံးပြီး လူဦးရေ ၁ သန်းနီးပါး မုန်တိုင်းဒဏ် ခံခဲ့ရသည်ဟု သိရသည်။   ယခုနှစ်တွင် တရုတ်နိုင်ငံ၏ ကမ်းရိုးတန်း ဒေသများသည် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုကို ခုနစ်ကြိမ်တိုင်တိုင် ခံစားရဖွယ် ရှိကြောင်း ဆင်ဟွာ သတင်းဌာနက မေ ၁၂ ရက် တွင် ပြောကြားခဲ့သည်။  တရုတ်နိုင်ငံ အလယ်ပိုင်းတွင် မေလ အစောပိုင်းမှ စတင် ရွာသွန်းခဲ့သော မိုးသည် ဆက်လက်၍ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဟူနန်ပြည်နယ်တွင် ခြောက်ဦးသေဆုံးခဲ့ပြီး မေ ၁၁ ရက်က ဆက် လက်၍ မိုးသက်မုန်တိုင်းများ တိုက်ခတ်ခဲ့မှု ကြောင့် လူဦးရေ ၈၅ဝဝဝဝခန့် ယင်းဒဏ်ကို ခံစားခဲ့ရကြောင်း၊ လူနေအိမ် ၂၂ဝဝ ကျော် ပျက်စီးပြိုလဲခဲ့ပြီး ဒေသခံ ၁၄ဝဝဝ ဦးကို ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ ပေးခဲ့ရသည်။  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေနှင့် ရေလှောင်ကန် ကြီးများမှ ရေများ လျှံကျလာပြီး ရေကြီးမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။  http://bit.ly/18HtBCM
တရုတ်နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် လွန်ခဲ့သည့် ၅ ရက်ကျော် အတွင်း မိုးသက်မုန်တိုင်းများ တိုက်ခတ်မှု ကြောင့်ခြောက်ဦး သေဆုံးပြီး လူဦးရေ ၁ သန်းနီးပါး မုန်တိုင်းဒဏ် ခံခဲ့ရသည်ဟု သိရသည်။
ယခုနှစ်တွင် တရုတ်နိုင်ငံ၏ ကမ်းရိုးတန်း ဒေသများသည် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုကို ခုနစ်ကြိမ်တိုင်တိုင် ခံစားရဖွယ် ရှိကြောင်း ဆင်ဟွာ သတင်းဌာနက မေ ၁၂ ရက် တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်းတွင် မေလ အစောပိုင်းမှ စတင် ရွာသွန်းခဲ့သော မိုးသည် ဆက်လက်၍ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဟူနန်ပြည်နယ်တွင် ခြောက်ဦးသေဆုံးခဲ့ပြီး မေ ၁၁ ရက်က ဆက် လက်၍ မိုးသက်မုန်တိုင်းများ တိုက်ခတ်ခဲ့မှု ကြောင့် လူဦးရေ ၈၅ဝဝဝဝခန့် ယင်းဒဏ်ကို ခံစားခဲ့ရကြောင်း၊ လူနေအိမ် ၂၂ဝဝ ကျော် ပျက်စီးပြိုလဲခဲ့ပြီး ဒေသခံ ၁၄ဝဝဝ ဦးကို ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ ပေးခဲ့ရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေနှင့် ရေလှောင်ကန် ကြီးများမှ ရေများ လျှံကျလာပြီး ရေကြီးမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

http://bit.ly/18HtBCM

ShareThis