မင်းသား၊ မင်းသမီးရ တဲ့ငွေကြေးနဲ့ ဇာတ်ပို့၊ ဇာတ်ရံရတဲ့ ငွေကြေး အရမ်းကွာခြား တယ်လေ။ ကွာခြားတဲ့ အခါကျတော့ တစ်လ မှာ တစ်ကားပဲ ရိုက်ရတဲ့ လူတွေ တောင် မိသားစု စားဝတ် နေရေးက တော်တော်လေး အခက်အခဲဖြစ်ကြ မှာ။ တချို့ တစ်ကားမှ မရိုက်ရဘဲ ထိုင်နေရတဲ့ လူတွေဆို ပိုဆိုးတယ်။ အဲဒီတော့ ဗီဒီယို ဈေးကွက် မြန်မြန် ပြန်ကောင်း လာပါစေလို့ပဲ ဆုတောင်း ရမှာပါ။
ခိုးကူးခွေကိစ္စ ရှင်း ရှင်းလင်းလင်း ပပျောက်ပြီးတော့ ကျွန်တော်တို့ လောက သားတွေ စည်းစည်း လုံးလုံးဖြစ်ပြီး ဗီဒီယိုဈေး ကွက် ဒါမှမဟုတ်လည်း ရုပ်ရှင်ဆို လည်းရုပ်ရှင် ပေါ့နော်။ ရုပ်ရှင်ကျ တော့လည်း အခုက ရုံရက်တွေ စောင့်ဘာညာနဲ့ ဆိုတော့ ကားကြီး က ရိုက်တဲ့လူနည်းသေးတယ်။ အခု တလောမှ ပြန်စလာကြတာ။
ဟို တလောကဆိုရင် ကားကြီးတော် တော်များများ ရပ်ထားကြတာ။ အဓိ ကရုပ်ရှင်ပြဖို့ ရုပ်ရှင်ရုံရက်စောင့်ရ တာပေါ့နော်။ ကျွန်တော်တို့ နိုင်ငံမှာ ရုပ်ရှင်ရုံတွေ အများကြီးဖြစ်လာ မယ်၊ ဒီရုံပြပြီးမှ ဟိုရုံပြခွင့် ရှိမယ်ဆိုတဲ့ ဟာမျိုးတွေ ကင်းရှင်း သွားမယ် ဆိုရင်တော့ ကားတွေ အပြိုင်တွေ တင်နေကြ ရင်တော့ အများကြီး အလုပ်လုပ် နေကြရမှာ ပေါ့နော်။ အခုကတော့ ရုပ်ရှင် တစ်ကားရိုက် ရင် သိန်းထောင်ချီပြီး ကုန်တာဆို တော့ ရင်းနှီးမြုပ်နှံ ထားရတာ အရမ်းများ တယ်လေ။
အဲဒီလို ရင်းနှီး မြုပ်နှံထားရတဲ့ အခါကျတော့ မ ကိုက်ကြဘူး ပေါ့နော်။ ဒါကလည်း May be ပါပဲ။ ရုံတင်ရင် ဒီကားက အောင်မြင်မလား မအောင်မြင်ဘူး လားဆိုတာက ရှိသေးတယ်။ ရုပ်ရှင် ကားကြီးက ထီထိုး သလိုဖြစ်နေ တယ်။ အဲဒီ ဂယက်တွေက ဘယ်မှာ လာရိုက်လဲဆိုရင် ခုနကပြောတဲ့ ဇာတ်ပို့၊ ဇာတ်ရံ လေးတွေမှာ လာပြီး တော့ ဂယက်ရိုက် တာပေါ့။ အဲဒါ ကတော့ အခက်အခဲပါပဲ။ from 8days