အမေရိကန်နိုင်ငံနယူးအော်လင်းမြို့၌ မေ၁၃ရက်နံနက်တွင်ကျင်းပသည့်အမေနေ့အထိမ်းအမှတ်လမ်းလျှောက်ပွဲတွင်အကြမ်းဖက်သမားတစ်ဦး၏ပစ်ခတ်မှုကြောင့် ၁၉ ဦးဒဏ်ရာရရှိသွားကြောင်းဝါရှင်တန်ပို့စ်အွန်လိုင်းသတင်းတွင်ဖော်ပြထားသည်။
အဆိုပါပစ်ခတ်မှုကြောင့် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၇ ဦးနှင့် အသက် ၁၀နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးမှာဒဏ်ရာပြင်းထန်ကြောင်းသိရသည်။
ပစ်ခတ်မှုနှင့်ပတ်သတ်သည့် တရားခံကိုလိုက်လံစုံစမ်းဆဲဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာရှိ ဗီဒီယိုမှတ်တမးများ၊ ဓာတ်ပုံများ၊ မျကမြင်သက်သေများကိုလိုက်လံစုံစမ်း စုစောင်းလျှက်ရှိကြောင်း ဒေသခံအာဏာပိုင်တို့၏ အဆိုကိုကိုးကား၍ ၀ါရှင်တန်ပို့စ်က သတင်းဖော်ပြထားသည်။ဓာတ်ပုံ (အင်တာနက်)
ယနေ့ခေတ်