မနေ့ နေ့လည်က တက္ကဆီဆွဲနေရင်းနဲ့ မလေးလေယာဉ်ဆိုက်လာတောခရီးသည်လိုက်ရှာရင်းနဲ့ကောင်လေး
တစ်ယောက်တွေ့တော့ကားသမားထုံးစံအတိုင်းညီလေးကားလိုလားဘာလားမေးလိုက်မိတယ်ဗျာ။
ကောင်လေးကတုန်တုန်ယင်ယင်နဲ့ပြန်ပြောပါတယ် ကျွန်တော်မလေးက ci နဲ့ပြန်ရောက်လာတာပါတဲ့အဝတ်တစ်ထည်ကိုယ်တစ်ခုပဲပါပါတယ် ပခုက္ကူ မြိုင်ကိုပြန်ရမှာပါလို့ပြောတယ် ပြောရင်းနဲ့မျက်ရည်တွေကျလို့ဗျာ ။
မင်း ရန်ကုန်မှာအသိရှိလားဆိုတော့လည်းမရှိဘူးတဲ့ရွာဖုန်းနံပါတ် လည်းမှတ်ထားတဲ့ဟာကအသိမ်းခံရတဲ့ထဲပါသွားတော့မရှိတော့ဘူး ထိုင်း မှာအလုပ်လုပ်ဖို့သွားတာ မရလို့မလေးကိုဆက်သွားဖို့ ထိုင်းမှာရှိတဲ့ အစ်မကပွဲစားနဲ့အပ်ပြီးထဲ့ပေးလိုက်တာ မလေးဘက်ရောက်တာ နဲ့ရဲကဖမ်းပြီးကမ့်ကိုပို့လိုက်တာကမ့်မှာလခွဲနေခဲ့ရပြီးပြန်ပို့လိုက်တာနဲ့ကလည်ကလည်နဲ့ပြန်ရောက်လာတာ။
ဒါနဲ့ကျွန်တော်လည်း အသိကားဆရာတစ်ယောက်နဲ့တိုင်ပင်ပြီးတော့ ကျွန်တော်တို့အပြင်ကားသမားတွေဂိတ်ကိုခေါ်သွားပြီးတော့တတ်နိုင်သလောက်အလှူခံတာသောင်းခွဲလောက်ရလိုက်တာနဲ့အောင်မင်္ဂလာအဝေးပြေးကိုအော်ဒါရသွားတဲ့ဂိတ်ကကားနဲ့တင်ပေးလိုက်ပြီးသေခြာအပ်ခိုင်းလိုက်ရတယ်ဗျာ။
မှာလည်းမှာလိုက်ပါတယ်မင်းတို့ဘက်ကနိုင်ငံခြားသွားမဲ့သူတွေရှိသေးရင်လည်းမင်းလိုအဖြစ်မျိုးမကြုံတွေ့ရအောင်ပြောပြပေးလိုက်ပါလို့ တို့လည်းဒီထက်ကူညီပေးချင်ပေမဲ့ဒီမှာgolden swallow,ပါရမီ တို့နဲ့အလှည့်ကျဆွဲနေရလို့ ဒီကြားထဲမှခွဲတမ်းကအနည်းဆုံးဖြစ်နေတော့ သိပ်အဆင်မပြေတော့ဒီလောက်ပဲကူညီစောင့်ရှောက်နိုင်တာပါကွာ
လို့သေခြာရှင်းပြလိုက်ပါတယ် ။
ဓာတ်ပုံထဲကတီရှပ်အစိမ်းနဲ့ကောင်လေးပါ အင်္ကျီအနီကြားနဲ့ကကျွန်တော်တို့ဂိတ်မှူး ကိုနန္ဒ ဖြစ်ပါတယ် ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပြည်ပဆိုက်ရောက်မှာအခက်အခဲတစ်စုံတစ်ရာကြုံတွေ့ရရင်ကျွန်တော်တို့ကိုအကူအညီတောင်းခံနိုင်ပါတယ်။အပြင်ဂိတ်ကကားဆရာတွေနဲ့တွေ့ချင်တယ်လို့သာပြောလိုက်ပါ။
(သတင်းနှင့် ဓာတ်ပုံ- ကိုထွန်းလင်း)