သင်သိပါသလား။ ဂျပန်နိုင်ငံမှာ မူလတန်း ပထမတန်း မှ တတိယတန်းအထိ စာမေးပွဲဆိုတာ မရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့ ပညာရေး ပန်းတိုင်ဟာ စာမေးပွဲတွေ၊ ပုံစံခွက် ရိုက်သွင်းခြင်းတွေ မရှိပဲ အယူအဆ သဘောတရားတွေနဲ့ စာရိတ္တ ကောင်းမွန်ရေးတို့ကို တဖြည်းဖြည်းနားလည်ခံယူသွားနိုင်အောင် လေ့ကျင့်ပေးခြင်းပဲဖြစ်ပါတယ်။ နောက်ပြီးသူတို့ ဆီမှာကျွန်တော်တို့ လိုဆရာမခိုင်းတာလုပ်။ စာအုပ်ထဲပါသမျှစာအကုန်ကျက်ရတဲ့ပညာရေးစနစ်မျိုး မဟုတ်ပါဘူး။ကိုယ်ပိုင်အတွေးအခေါ်ရှိအောင်။ ဆန်းသစ်တီထွင်စိတ်များပေါက်ဖွားစေရန်ရည်ရွယ်ပါတယ်။လွယ်လွယ်ပြောရရင်တော့ UMMဆရာမများလိုတိုက်စစ်မှုးများလည်းမရှိကြပါ။ စာမေးပွဲများတွင်ကိုယ်ပိုင်အတွေးအခေါ်ကိုသာဦးစားပေးဖြေဆိုရသည်။
ငါတို့ နိုင်ငံပြည်တွင်းမှာစာကြိုးစားတဲ့သူတွေကြီးလာတဲ့အခါနောက်လိုက်ကောင်းတစ်ယောက် ပဲဖြစ်ကြပါတယ်။ ဘာလို့ လည်းဆိုတော့တက္ကသိုလ်တွေဆိုတာကျောင်းသားတွေကိုကိုယ်ပိုင် အတွေးအခေါ်ရှိအောင်သင်ပေးတာမျိုးမဟုတ်ပဲလူကြီးခိုင်းတာကိုတလွဲမသွေလုပ်တတ်အောင်သင်ပေးနေလို့ ပါပဲ။ပြည်ပမှာဆရာမသင်တဲ့ စာထက်ပိုပြီးတော့လေ့လာပြီးစာမေးပွဲဖြေနိုင်ရင်တော်တယ်လို့ သတ်မှတ်ပါတယ်။ ဒီမှာကတော့တစ်မှတ်မှရတော့တာပါပဲ။ ငါတို့ မှာစာအုပ်ထဲကစာကိုပဲကျက်ပိုင်ခွင့်ရှိတယ်လေ။ ဒီထက်ပိုပြီးကျယ်ကျယ်ပြန့် ပြန့် လေ့လာလို့ မရဘူးလေ။ဒါကြောင့်ငယ်ရွယ်စဉ်အခါမှာ စာကြိုးစားတဲ့ကလေးဟာကြီးလာတဲ့ အခါနောက်လိုက်ကောင်း တစ်ယောက်ပဲဖြစ်ကြပါတယ်။ ဒီကပညာရေးစနစ်ကတော့ လူငယ်တွေကိုနွားလုံးလုံးဖြစ်အောင် လူကြီးဘာခိုင်းခိုင်းလုပ်တတ်အောင် တနည်းပြောရရင်လူငယ်များကိုငယ်ရွယ်စဉ်ကတည်းက ဆရာဆရာမများနဲ့ ပေါင်းပြီး အာဏာရှင်စနစ်ဆိုးလက်အောက်ကိုသိမ်းသွင်းနေကြပါတယ်။
မူရင်း-ကိုအောင်ကိုမင်း(www.mmdailytime.com)