ဘာသာစကား သုံးမျိုး ပြောတတ်သော အင်္ဂလန်မှ ကြက်တူရွေး
2:20 PM
ထူးဆန်းထွေလာ
အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ အိုလ်ဟမ်အရပ် မိသားစု တစ်ခုမှ မွေးမြူထားသည့် ကြက်တူရွေး တစ် ကောင်သည် ဘာသာစကား သုံးမျိုးကို ပြောဆို တတ်သည်ဟု အင်တာနက် သတင်း တစ်ပုဒ် အရ သိရသည်။ အဆိုပါ ကြက်တူရွေး၏ အမည်ကို Rocket ဟု ပေးထားပြီး ၎င်းသည် အာရေဘစ် ဘာသာစကား၊ အူရဒူဘာသာ စကားနှင့်
အင်္ဂလိပ် ဘာသာစကား သုံးမျိုးကို ပြောဆိုနိုင်ကြောင်း သိရသည်။ Rocket သည် ၎င်း၏ အနီးအနားမှ ဖြတ်သန်းသွားလာ သူများက အံ့သြ ရလောက်အောင် ဖြတ်သန်း သွားလာသူ များကို အာရေဘစ် ဘာသာဖြင့် ''အားလုံး ငြိမ်းချမ်းပါေ စ''ဟူသော နှုတ်ဆက် စကားကို ပြောလေ့ရှိပြီး အင်္ဂလိပ် ဘာသာ စကားကိုလည်း အာရှ တိုက်သားတို့၏ လေယူလေသိမ်းဖြင့် ပြောဆိုတတ်ေ ကြာင်း သိရသည်။
၎င်း ကြက်တူရွေး၏ ပိုင်ရှင် ဖြစ်သူ မှာ အက်ဆန်းမာမွတ် ဖြစ်ပြီး ၎င်းတို့ မိသားစုသည် ပါကစ္စတန်တွင် နေထိုင် ခဲ့စဉ် ကတည်းက ကြက်တူရွေးများကို မွေးမြူခဲ့ကြောင်း၊ အင်္ဂ လန်သို့ ပြောင်းရွှေ့လာချိန် တွင်လည်း ကြက် တူရွေး အချို့ကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း၊ Rocket ၎င်းတို့ထံ ရောက်ရှိ လာသည်မှာ နှစ်နှစ်သာ ရှိသေးကြောင်းနှင့် Rocket ကို ရရှိစဉ် က Hello ဟူသော စကားလုံးကိုသာ ပြောတတ်ခဲ့ကြောင်း အက်ဆန်း မာမွတ်က ပြောကြားသည်
မြဝတီ