Pages

အောင်ရဲလင်းအကြောင်း


ဇာတ်ကားတစ်ကားနဲ့ တစ်ကားကို မတူညီတဲ့ ဆံပင်ပုံစံ ဒီဇိုင်းဆန်း ဆန်းလေးတွေနဲ့ ပရိသတ်အမြင် ဆန်းသစ်စေတဲ့ သရုပ်ဆောင် အောင်ရဲလင်းကို အနုပညာ ညီအစ်ကို မောင်နှမတွေက သူတို့သိချင် တဲ့ အကြောင်းအရာ လေးတွေ မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါ တယ်။
ဒါရိုက်တာဝင်းထွန်းထွန်း-အောင်ရဲလင်းက ဆံပင်ပုံစံတွေ အရမ်းပြောင်းတာပဲ။ ဇာတ်ကောင် ကာရိုက်တာ ပြောင်းဖို့ရှိလား။
ဖြေ - ပြောင်းမှာပါ။ အများ ကြီးပြောင်းဖို့ ရှိပါတယ်။
ထွန်းထွန်း(ကင်မရာမန်း)- တိုးတက်လာတဲ့ ရုပ်ရှင်ကင်မရာ တွေ၊ စက်မှုပညာပိုင်း အပေါ်မှာလဲ။ ဘယ်လိုပူးပေါင်း ပါဝင်ဖို့ရှိလဲ။
ဖြေ- ကျွန်တော့်ဘက်က တော့ နောက်ပိုင်းပေါ်လာတဲ့ ကင်မရာတွေကို အားပေးပါတယ်။ ရိုက် ချင်တယ်။ ပူးပေါင်းဖို့ကျတော့ ကျွန်တော်ကိုယ်တိုင်လည်း ဝါသနာပါတယ်။ အဲဒီအတွက်ကြောင့် ရိုက်ခွင့်ရမယ်ဆို ကုမ္ပဏီနဲ့ ညှိပြီး အဲဒီကင် မရာတွေနဲ့ ရိုက်ချင်တယ်။ အဲဒါ ပူးပေါင်းတာပေါ့။ အဲဒီကင်မရာတွေ ပေါ်လာတာ quality ပိုကောင်း လာတာပေါ့။
ဝတ်မှုန်ရွှေရည်-ရည်းစားရှိလား။ အောင်ရဲလင်းရဲ့ စိတ်ကူးထဲက ချစ်သူပုံစံက ဘယ်လိုမျိုးလဲ။
ဖြေ- အေးဆေးပါပဲ။အဓိကကတော့ ရိုးသားရမယ်။ ဖြူစင်ရမယ်။ ကျွန်တော့်ကို ချစ်ရမယ်။  8Day Journal

ShareThis