Pages

Ford ကားကုမ္ပဏီမှ သြဂုတ်လတွင် ကားအရောင်းပြခန်း ဖွင့်လှစ်မည်


အမေရိကန် အခြေစိုက် ကားကုမ္ပဏီတစ်ခုဖြစ်သည့် Ford ကားကုမ္ပဏီမှ ယခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံ၌ ကားအရောင်းပြခန်းဖွင့်လှစ် သွားမည် ဟု လွန်ခဲ့သည့်အပတ် အင်္ဂါနေ့တွင် ကြော်ငြာခဲ့ကြောင်း Washington Post သတင်းဌာန၌ ဖော်ပြခဲ့သည်။

လက်ရှိအချိန်တွင် ပြည်တွင်းကားဈေးကွက်မှာ နိုင်ငံတကာမှ နှစ်ပေါင်းများစွာ စီးပွါးရေးပိတ်ဆို့မှု ပြုလုပ်ခဲ့မှုများကြောင့် သတ်မှတ်ထားသည့် ဈေးနှုန်းများ ထက် ပိုမိုပေးဆောင်နေရသည့် အခြေအနေများရှိနေခဲ့သည်။

Ford အာရှ ပစိဖိတ်ဒေသ မန်နေဂျာဖြစ်သူ David Westerman မှ “ကျွန်တော် တို့အနေနဲ့ ဒီလို လူဦးရေ သန်း ၆၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံရတဲ့အတွက် ဝမ်းသာပါတယ်၊ ပြီးတော့ မြန်မာနိုင်ငံက ကားပိုင်ဆိုင်မှု အနေအထားမှာ အနည်းဆုံးဖြစ်နေပြီး Ford အနေနဲ့ လာရောက် ရင်းနှီးရတာက အကျိုးမယုတ်နိုင်ဘူးလို့ ယုံကြည်ပါတယ်” ဟု AP သတင်းဌာနသို့ပြောကြားခဲ့သည်။



ထို့နောက် ၄င်းမှ ထပ်မံ၍ “ လက်ရှိအချိန် မြန်မာနိုင်ငံမှာ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေ လာရောက်ရင်းနှီးမြုပ်နှံတာမတွေ့ရသေးတဲ့အတွက် ကျွန်တော် တို့အနေနဲ့ ဒီလိုလာရောက် ရင်းနှီးမြုပ်နှံရတာကို စိတ်လှုပ်ရှားမိပါတယ်” ဟု ပြောကြားခဲ့သည်။ Ford ကားကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ တွင် ရင်းနှီးမြုပ်နှံရန် ဝန်ထမ်းပေါင်း ၅၀ ကျော် ခေါ်ယူ အလုပ်ခန့်ထားပြီး ရန်ကုန်မြို့နေရာအနှံ့အပြား၌ ကားအရောင်းစင်တာများ ဖွင့်လှစ်သွားမည် ဟုသိရသည်။

လက်ရှိအချိန်တွင်တော့ Ford အနေဖြင့် နိုင်ငံအတွင်း ကားထုတ်လုပ်ရေး စက်ရုံဖွင့်လှစ်သွားမည် မဟုတ်ကြောင်း ကြော်ငြာထားသည်။
Westerman ၏ ကြော်ငြာချက်များအရ ယခုဖွင့်လှစ်မည့် ကား အရောင်း စင်တာများတွင် ထရပ်ကားများကိုသာ ဦးစားပေး တင်သွင်းသွား မည်ဖြစ်သော်လည်း မကြာမီအချိန်တွင် SUV ကားများ၊ ဆီဒင်ကားများကို လည်း တင်သွင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလို Ford မှ ရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်၍ ပြည်တွင်းရှိ ကားမောင်းသူ အများစုမှ မဝံ့မရဲမျှော်လင့်ချက်များဖြင့် စောင့်ကြိုလျှက်ရှိပြီး အမေရိကန် ထုတ်ကားများ၏ ဓါတ်ဆီစားသုံးမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများ ရှိနေသည်။ မြဝတီဖေ့ပုတ် 
Ref: AP

ShareThis