မြန်မာ့ပညာရေးနိမ့်ပါးမှုနဲ့ ပြဋ္ဌာန်းစာအုပ်များ
ပညာရေးစနစ်တစ်ခု နိမ့်ပါးရခြင်းအကြောင်းကို ပြောကြဆိုကြမယ်ဆိုရင် အကြောင်းပေါင်းများစွာ ရှိနိုင်တယ်။ အဲဒီအကြောင်းတေ...ွထဲက ပြဋ္ဌာန်းစာအုပ်တွေဟာလည်း အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်မှာ အာဏာရှင်တွေက သူတို့အာဏာတည်မြဲရေးအတွက် သူတို့ကို ပြည်သူတွေက မတွန်းလှန်နိုင်အောင် ပညာရေးကို အသုံးချတတ်တယ်။ ကွန်မြူနစ်အာဏာရှင်စနစ်မှာလည်း ကွန်မြူနစ်စနစ်တည်မြဲဖို့အတွက် ပညာရေးစနစ်က ကွန်မြူနစ်ပညာရေးစနစ်ဖြစ်တယ်။ ဆိုရှယ်လစ်အာဏာရှင်စနစ်မှာ ပညာရေးမှာ ပြဋ္ဌာန်းထားတဲ့ စာအုပ်တွေဟာ ဆိုရှယ်လစ်တွေ မိုးမွှန်နေတတ်တယ်။ အရင်းရှင်အာဏာရှင်စနစ်မှာ အဲဒီအရင်းရှင်စနစ်တည်မြဲဖို့ ပညာရေးကို အသုံးချတတ်တယ်။ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ဆိုတာလို ဒီမိုကရေစီပညာရေးစနစ်က ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေ၊ တရားမျှတမှုတွေဆိုတာကို အားပေးပါတယ်။
အာဏာရှင်စနစ်တွေမှာ ပညာရေးကို နိမ့်ပါးအောင် လုပ်ရတာက ရည်ရွယ်ချက်ရှိပါတယ်။ အဲဒါကတော့ ပညာတတ်တဲ့သူတွေဟာ အစိုးရကို များများ ဝေဖန်တတ်ပြီး ပညာချို့တဲ့တဲ့သူတွေက နှုတ်ပိတ်နေတတ်လေ့ရှိပါတယ်။ အာဏာရှင်တွေဟာ ပြည်သူတွေ နှုတ်ပိတ်နေတာကို အမြဲတမ်း အလိုရှိတတ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ပညာရေးကို စနစ်တကျ နိမ့်သထက် နိမ့်အောင် ပြုလုပ်တတ်ကြတယ်။ ဒါကို ဥပမာပေးဖို့အတွက် မြန်မာနိုင်ငံရဲ့ ၁၀ တန်းအင်္ဂလိပ်ပြဋ္ဌာန်းစာအုပ်ထဲက ပြဋ္ဌာန်းထားတဲ့ စာတစ်ပုဒ်ကို ထုတ်ပြပါမယ်။ အဲဒါကတော့ Too Much Knowledge Maketh Fool ဆိုတာပဲ ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ခေါင်းစဉ်ကိုက အသိပညာများတာဟာ အရူးဖြစ်တတ်တယ်လို့ ပြနေတယ်။ အဲဒီရဲ့ အဓိပ္ပာယ်က ကျောင်းသားတွေကို အသိပညာများတာဟာ မကောင်းဘူး။ အတတ်ကျူးရင် ရူးတတ်တယ်လို့ ပြောပြနေတယ်။ အဲဒီရဲ့ အကျိုးဆက်က ဘာလဲ။ ကျောင်းသားတွေဟာ အသိပညာများတဲ့ အလုပ်တွေကို မလုပ်တော့တာပဲ ဖြစ်ပါတယ်။ ဒါက ခေါင်းစဉ်က ပေးလိုက်တဲ့ အကျိုးဆက်ပါပဲ။
တစ်ခါ အဲဒီအင်္ဂလိပ်စာထဲမှာ ပါတာတွေကို လေ့လာကြည့်ပါတယ်။ အဲဒီအထဲမှာ ဒဿနသမားတစ်ယောက်ပါတယ်၊ နက္ခတ္တသမားတစ်ယောက် ပါတယ်၊ ဆေးပညာသမားတစ်ယောက် ပါတယ်၊ ဂီတသမားတစ်ယောက် ပါတယ်။ ဒဿနသမားကို အတွေးတွေ များလို့ ထောပတ်တွေ ပျော်ကျသွားတာနဲ့ တွဲပြီး အသုံးမကျတဲ့အကြောင်း ကျောင်းသားတွေကို သင်ကြားပေးလိုက်တယ်။ စဉ်းစားကြည့်ပါဦး။ ဒဿနသမားတစ်ယောက်ရဲ့ အလုပ်က ဘာလဲဆိုတာကို။
နောက်တစ်ယောက်ကို ပြောကြည့်ပါဦးမယ်။ သူက ဂီတသမားပါ။ စာထဲမှာ ဂီတသမားက ထမင်းချက်နေတယ်။ ထမင်းအိုး ဆူတော့ ပွက်ကုန်ကြတယ်။ သူက အဲဒီပွက်ပွက်ဆိုတဲ့ အသံတွေထဲမှာ ဂီတကို ရှာဖွေတွေ့ရှိသွားတယ်။ သူ တွေ့ရှိသွားတဲ့ ဂီတသံတွေကို အခုခေတ်ဂီတနုတ်တွေနဲ့ ပြလိုက်ရရင် ဘယ်ကလောက်များ လှပနေလိုက်မလဲ။ သူဟာ အဲဒီဂီတသံတွေထဲမှာ မျောသွားတယ်။ နောက်ဆုံးမနေနိုင်တော့ ထကမိသွားတဲ့အဆင့်အထိပါပဲ။ ဒါကို သေသေချာချာ ကြည့်ရင် ပညာရေး(academic)ရဲ့ အောင်မြင်မှုပါပဲ။ ဒါဟာ ဘယ်လောက်များ ကြီးကျယ်ခမ်းနားလိုက်ပါသလဲ။ ဒါပေမယ့် အဲဒီစာထဲမှာ ဂီတသမားရဲ့ ပညာရေးအောင်မြင်မှုကို ထမင်းအိုးတစ်လုံးနဲ့ တန်ဖိုးဖြတ်လိုက်တယ်။ မြန်မာပြည်က ၁၀တန်းစာသင်ခန်းတွေထဲမှာ အဲဒီဂီတသမားကို ထမင်းအိုးတစ်လုံးတောင် မတည်တတ်တဲ့ကောင်ပဲဆိုပြီး ကျောင်းသားတွေရှေ့မှာ ကဲ့ရဲ့အပြစ်တင်ပြလိုက်တယ်။ အဲဒီအတွေးအခေါ်တွေက ကျောင်းသားတွေကို တုံးသွားစေတယ်။ ဒါကို အာဏာရှင်တွေက ကြိုက်ပါတယ်။ အသိဥာဏ်တုံးပြီး နုတ်ပိတ်နေတဲ့သူ များလေ သူတို့အာဏာရှင်တွေ သက်ဆိုးရှည်လေပါပဲ။
အဲဒီပြဋ္ဌာန်းစာအုပ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး မေးနိုင်ပါတယ်။ ဂီတသမားကို သူ့ဂီတပညာနဲ့ တန်းဖိုးဖြတ်ကြမလား၊ ထမင်းအိုးတစ်လုံးနဲ့ တန်းဖိုးဖြတ်ကြမှာလားဆိုတာပါပဲ။
ဒီမိုကရေစီစနစ်ကို သွားနေပြီလို့ သတ်မှတ်ချင်ရင် ကျောင်းသားတွေရှေ့မှာ အာဏာရှင်စနစ်ကို အားပေးအားမြှောက်ပြုထားတဲ့စာတွေ