ချစ်လွန်းလို့ မငြင်းဆန်ရက်တာကို အခွင့်ကောင်းယူပြီး ဘ၀ကို မဖျက်ဆီးပါနဲ့။
ချစ်လွန်းလို့ သ၀န်တိုတာကို အပြစ်ရှာတယ်လို့မထင်လိုက်ပါနဲ့။
ချစ်သူကို အရာရာပေးဆပ်ချင်ပေမယ့် မတရားတဲ့ တောင်းဆိုမှုနဲ့ မနှိပ်စက်ပါနဲ့။
ဇရာ သဘာဝအရ အရွယ်ရင့်လို့ အလှပျက်သွားခဲ့ရင်လည်း ကျေးဇူးပြုပြီး ဆက်ချစ်နေပေးပါ။
ဘ၀မှာ ကံမကောင်းလို့ ဆင်းရဲခဲ့ရင်လည်း ကျေးဇူးပြုပြီး အေးအတူ ပူအမျှ ရှိနေပေးပါ။
အဆင့်အတန်းကို အကြောင်းပြပြီး ဘယ်တော့မှ စွန့်ပစ်မသွားပါနဲ့။
ခေတ္တခဏ ခွဲခွါခဲ့ရရင်လည်း သွေးအေးပြီး မလွမ်းပဲ မနေပါနဲ့။
စိတ်ဆိုး စိတ်ကောက်နေခဲ့ရင်လည်း မချော့ပဲ ခပ်တည်တည်နဲ့ မဆိုင်သလို မနေပါနဲ့။ အချော့ခံချင်လို့ စိတ်ဆိုး စိတ်ကောက်တာပါ။
အဆင့်မြင့်တဲ့ တခြားလူတစ်ယောက်နဲ့ ဆုံလာရင်တောင် ကျေးဇူးပြုပြီး သူ့ဘက်ကို စိတ်ယိုင် မသွားပါနဲ့။ ရင်နင့်အောင် ချစ်ရလွန်းလို့ ဒါတွေကို တောင်းဆိုတာပါ။
ပြည်ငြိမ်း