ဒီပုံလေးမှာ ဝတ်စားဆင်ယင်ပုံက အမေကျော်ဒွေးတော်လွန်း
ဆိုသလိုဖြစ်နေပါတယ်။ (၂ ဘက်စလုံး)
တိုင်းတပါး အဝတ်အစားကို မြန်မာပြည်သူကဝတ်နေတယ်။ မြန်မာ့ အဝတ်အစားကို
တိုင်းတပါးသားကဝတ်ဆင်နေတယ်။
ဝတ်အစားကို ဝတ်ထားတဲ့ တိုင်းတပါးသားတွေကို မြန်မာတွေက ဂုဏ်ယူနေကြတာ
အများအမြင်ပါပဲ။ သူတို့ ဘက်က ကြည့်မယ်ဆိုရင်လည်း သူ့ တို့ ရဲ့ အဝတ်အစားတွေကို
ဝတ်တင်နေတဲ့ မြန်ာမာပြည်သူတွေအတွက်ဂုဏ်ယ
တိုင်းတပါးအဝတ်အစားတွေဟာ မြန်မာ ယဉ်ကျေးမှု နဲ့ ကြည့်မယ်ဆိုရင်တော့ အမှန်တကယ် မသင့်လျှော်ပါဘူး။ ဒါပေမဲ့ ဘယ်လို များ တားဆီးလို့ ရနိုင်မလဲဗျာ..။ မဖြစ်သင့်တာတွေ မဖြစ်အောင် ကျကနော်တို့ က မောင်နှမလိုစိတ်ဓာတ်မျိုးနဲ
ဝတ်ဆင်ချင်ကြတဲ့ အမျိုးကောင်း သားသမီးတွေကိုလည်း နဲနဲလေး အကြံပြုချင်ပါတယ်။
ဒီအဝတ်အစားတွေကို ကိုယ်ကကြိုက်လို့ ဝတ်တယ်ဖြစ်စေ။ သူများဝတ်လို့ သူများတွေနဲ့ 
တန်းတူဖြစ်အောင်ဝတ်ဆင်နေတာပ
ဆရာသမား၊ သံဃာတော် တွေက သူတို့ တွေအမြင်နဲ့ မသင့်တော်ဘူးထင်လို့  ဆုံးမ လမ်းပြပေး
တာကို ကက်ကက်လန် ပြန်မပြောမိပါစေနဲ့ လို့  အကြံပြုပါရစေ။ (လူငယ်ဆိုတာ စိတ်မြန်မာ
လက်မြန်တစ်ခွန်းမခံပြန်ပြော
နမ်းပြီးအရိုအသေပြုခဲ့ပါ။ ဘာဖြစ်လို့ လဲဆိုတော့ သူအမြင်မှာ ဒီအဝတ်အစားဟာ လုံးဝ ဆန့် ကျင့်ဘက်ဖြစ်နေလိုပါပဲ။
ဆုံးမ လမ်းညွှန်ပေးတဲ့ အမျိုးကောင်းသားသမီးတွေအနေ ကတော့ နေရာတိုင်းမှာ အမြင်မတော်တိုင်း ပြောလို့ မရဘူးဆိုတာ နားလည်ပေးပါ။ ခေတ် (လက်ရှိကာလ)
အချိန်နဲ့  သူတို့ အဝတ်တွေဟာ ရိုင်းတယ်လို့ ပြောရပေမဲ့ ခေတ်ကာလ အလျှောက်
ဝတ်ဆင်နေကြတာ လို့ မြင်ပေးစေချင်ပါတယ်။ နေရာတိုင်းမှာ အမြင်မတော်ရင်တော့
၊ငါလူကြီးပဲ၊ ငါသူ့ ဆွေမျိုး ပဲ၊ငါ ဗုဒ္ဓဘာသာဝင်ပဲ ၊လူတောထဲလည်းပြောရမှာပဲ ဆိုပြီး
ငါသဘောနဲ့  ဆိုပြီး ပြောချင်တိုင်း ပြောလို့ မရပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒီအဝတ်အစား
မျိုးဝတ်ဆင်ထားပေမဲ့ သူတို့ မှာ အရှက်တရား ရှိနေဦးမှာပါပဲ။ တကယ်လို့ သူတို့ က အရှက်တရား
ကင်းမဲ့လို့  ကက်ကက်လန် ပြန်ပြောလိုက်ရင်တော့ သင်ကိုယ်တိုင်ပဲ ဇီဇာကြောင်သလိုဖြစ်သွားပြီး
သင်ကိုယ်တိုင်ပဲ အရှက်ကွဲခဲ့ရပါလိမ့်။ (အကြံပြုတဲ့ သဘောပါပဲဗျာ) သူ့ နေရာနဲ့ သူဆိုသူ ဆိုတာ
ကို နားလည်ပေးဖို့ ပဲ လိုအပ်ပါတယ်။
အမေစုပြောတဲ့ ဒီမိုကရေစီ ဆိုတာ လူတစ်ယောက်နဲ့  တစ်ယောက်၊ အဖွဲ့ အစည်းတစ်ခုနှင့် တစ်ခု၊
ခေါင်းဆောင်တွေ တစ်ဦးနှင့် တစ်ဦး သူ့ သဘောထား ကိုယ့်သဘောထား၊ သူ့ အပြုအမူ ကိုယ်အပြုအမူကိုအပြန်အလှန် အလေးထား လေးစားပြီး မှားတယ် ဆိုတဲ့ အရာကို ညှိနိုင်းဆွေးပြီး ဖြေရှင်းရမယ်လို့ မိန့် ခွန်းတစ်ခုမှာ ပြောကြားထားပါတယ်။ မြန်မာပြည်မှာ မွေးဖွားလာတဲ့ မြန်မာ ပြည်သူ၊သားများအနေနဲ့ အမေစုကိုတကယ်ချစ်ရင်၊တကယ်ေ
မြန်မာပြည်အပေါင်းတို့ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ အနာဂါတ် မြန်မာနိင်ငံတော်ကြီး
မှာ ပျော်ရွှင်စွာ လက်တွဲ နေထိုင်နိုင်ကြပါစေလို့  ဆုတောင်းရင် နိဂုံးချုပ်ပါတယ်ဗျာ။
ကိုထက် ( 4. 4 . 2013) (11. 16 pm)