Mystဟု HTCက အမည်ပေးထားသည့် ဖုန်းမော်ဒယ်လ်သစ် တစ်ခု ကို လတ်တလောတွင် စမ်းသပ်နေဆဲ ဖြစ်ပြီး ကြာသပတေးနေ့တွင် ဆီလီ ကွန်တောင်ကြား၌ Facebook ဝက်ဘ်ဆိုက် တည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ဂ် က ယင်းဖုန်းအသစ်ကို မိတ်ဆက်လာနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။
Facebookဖုန်းဟု ယူဆရသည့် HTC မိုဘိုင်းလ်ဖုန်း ဟန်းဆက် တစ်မျိုး၏ ဓာတ်ပုံသည် Onlineတွင် စတင် ထွက်ပေါ်လာခဲ့သည်။ Mystဟု HTCက အမည်ပေးထားသည့် ဖုန်းမော်ဒယ်လ်သစ် တစ်ခုကို လတ်တလောတွင် စမ်းသပ်နေဆဲ ဖြစ်ပြီး ကြာသပတေးနေ့တွင် ဆီလီကွန်တောင်ကြား၌ Facebook ဝက်ဘ်ဆိုက် တည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ဂ်က ယင်းဖုန်းအသစ်ကို မိတ်ဆက်လာနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။ HTCနှင့် Facebookတို့ ပူးပေါင်း ဖန်တီးမည့် အဆိုပါဖုန်းသည် Home Buttonကို Apple၏ iPhoneနှင့် ဆင်တူအောင် ဖွဲ့စည်းလာခဲ့ပြီး Facebook အသုံးပြုရန်အတွက် သီးခြား ခလုတ်အဖြစ် အသုံးပြုလာဖွယ် ရှိနေကြောင်း သိရသည်။
အဆိုပါ ဟန်းဆက်သည် Facebook၏ Menuနှင့် Screenများ အသုံးပြုရ လွယ်ကူစေရန် ပိုမိုအနုစိတ် ချဉ်းကပ် ဖန်တီးထားဖွယ် ရှိနေကြောင်း Android Policeက သုံးသပ် ဖော်ပြခဲ့သည်။ လတ်တလောတွင် Facebook Homeဟု အမည်ပေးထားသည့် Appအသစ်တစ်မျိုးကို Facebook၏ ဝန်ထမ်းများကိုသာ စမ်းသပ်သုံးစွဲခွင့် ပေးထားဆဲဟုလည်း Android Policeက ဆိုသည်။
Facebookသည် ကိုယ်ပိုင် မိုဘိုင်းလ်ဖုန်း အမျိုးအစားသစ် တစ်ခုကို ဖန်တီးမည်ဟု သတင်းကြီးနေသလို မကြာသေးခင်ကလည်း Androidကို ပိုမို အဆင့်မြှင့်တင် ပုံစံပြောင်းထားသည့် Facebook OSတစ်မျိုးကို ဖန်တီးနေကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သေးသည်။
Source: DailyMail
Planet Myanmar Network