Pages

Facebook Home ဆိုတာဘာလဲ Facebook OS New





Facebook ဆော့ဝဲလေးထည့်သွင်းအသုံးပြုရရုံနဲ့တင်မဟုတ်ဘဲ မိမိရဲ့ ဖုန်းစနစ်တစ်ခုလုံးကို Facebook ရဲ့လုပ်ဆောင်ချက်များ ၊ မိမိ facebook acc မှ new feeds များ ၊ friends activity များကိုအချိန်နဲ့တစ်ပြေးညီ ပေါင်းစပ်လုပ်ဆောင်သွားနိုင်ဖို့ရည်ရွယ်ပြီး Facebook ကနေ Facebook Home လို့ခေါ်တဲ့ Android Home Screen (Launcher) စနစ်သစ်ကိုမိတ်ဆက်လိုက်ပါတယ်။ ဒီ Launcher ကို Android ဖုန်းတွေမှာအသုံးပြုနိုင်မှာဖြစ်ပြီး ဧပြီလ ၁၂ ရက်နေ့မှာစတင်ထုတ်ဝေမယ်လို့သိရပါတယ်။ ဒါဆိုရင် Facebook Home မှာပါဝင်တဲ့ features တွေကိုလေ့လာကြည့်ရအောင်။



Cover Feed ဆိုတာကတော့ ကိုယ့်ရဲ့ Facebook account ထဲမှာရှိနေတဲ့ friend တွေရဲ့ ပို့စ်အသစ်တွေ ၊ ဓာတ်ပုံအသစ်တွေ ၊ သူတို့ရေးသားနေတာတွေကိုအချိန်နဲ့အမျှ ဖုန်းရဲ့ home screen အနေနဲ့ live မြင်နေရမှာပါ။



Facebook က notification တွေရော ၊ ဖုန်းထဲက application (သို့) sms , call notification တွေကိုရော Home Screen ပေါ်မှာတစ်စုတစ်စည်းတည်းဖော်ပြပေးမှာဖြစ်ပြီး ၊ တက်လာတဲ့ facebook notification ကို tap လုပ်ပြီး ချက်ချင်း response လုပ်နိုင်အောင်စီစဉ်ပေးထားသလို ၊ မလိုအပ်တဲ့ notification များကိုလည်း ဘေးသို့ swipe လုပ်လိုက်ရုံနဲ့ ချက်ချင်းဖယ်ရှားနိုင်မှာပါ။
notification တွေကို home screen ပေါ်မှာတင် အချိန်နဲ့အမျှဖော်ပြပေးနိင်တာကြောင့် သာမန် facebook application ကိုသုံးစွဲတာထက် facebook home application ကိုသုံးစွဲခြင်းက ပိုမိုအချိန်ကုန်သက်သာမြန်ဆန်စေပါလိမ့်မယ်။



ဖုန်းထဲမှာ တခြားဘယ်ဆော့ဝဲ ၊ ဂိမ်းကိုသုံးနေသည်ဖြစ်စေ သူငယ်ချင်းတစ်ယောက်ယောက်က ကိုယ့်ကိုလှမ်းပြီး facebook ကနေစကားလှမ်းပြောလိုက်တာနဲ့ ကိုယ့်ဖုန်းထဲမှာလက်ရှိသုံးနေတဲ့ဆော့ဝဲကိုပိတ်ပစ်စရာမလိုဘဲ လက်ရှိဆော့ဝဲကိုသုံးနေရင်းနဲ့တင် facebook ပေါ်ကသူငယ်ချင်းကို လှမ်းပြီး chatting ပြုလုပ်နိုင်မှာပါ။


အခြားဖုန်းတွေမှာလိုပဲ Facebook Home ကို ဖုန်းရဲ့ launcher theme တစ်ခုအနေနဲ့အသုံးပြုဖို့အတွက်ဆိုရင်လည်း မိမိကြိုက်နှစ်သက်ရာ ဆော့ဝဲတွေ ၊ ဂိမ်းတွေကို Facebook Home ရဲ့ favourite app list မှာထည့်သွင်းထားနိုင်ဦးမှာပါ ။ Facebook Home ကနေတစ်ဆင့် Status တင်တာ ၊ ဓာတ်ပုံတင်တာတွေကိုတစ်နေရာတည်းကနေလုပ်ဆောင်နိုင်မှာပါ။
Android စနစ်သုံးဖုန်းတွေကို facebook ရဲ့လုပ်ဆောင်ချက်တွေနဲ့အဓိကဖြစ်စေပြီး မကြာခင်မှာထွက်ရှိလာတော့မယ့် Fcaebook Home ကို မိမိတို့ရဲ့ Android ဖုန်းတွေအတွက် စောင့်မျှော်လိုက်ကြရအောင်။
Thet Naing Soe (Myanmar Mobile App Store)

ShareThis