ဒီတိုင်းနေရင်တော့ မီးလုံးက အဆိပ်မသင့်ပါဘူး။ သို့ပေမယ့် ကွဲသွားရင်တော့ အဆိပ်သင့်စေပါတယ်။ ဖြစ်ပုံက ဒီလိုပါ။
မီးသီးတွေရဲ့  အထဲက အသုံးပြုတဲ့ သတ္တများမှာ မာကျူရီ ပါရှိပါတယ်။ မာကျူရီကြောင့်လည်း လျှပ်စစ်ကောင်းကောင်းကူးပြီ
ယခုနောက်ပိုင်း တိုက်တာ အဆောက်အအုံတွေမှာ မီးလောင်ရင် ဝါယာကြိုးညှော်နှံ့ ထက် မာကျူရီညော်နှံ့ က ပိုအဆိပ်ပြင်းတယ်လို့ ဆိုပါတယ်။ အသက်ရှူလမ်းကြောင်းနဲ့ ဆက်စပ်ရောဂါကို ဖြစ်စေပြီး အဆိုးဆုံး ကတော့ အသက်ဘေးအန္တရာယ်အထိ သက်ရောက်စေခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အိမ်မှာ မီးသီးကွဲရင် လက်နဲ့ တိုက်ရိုက်ထိတွေ့ခြင်း ကို ရှောင်ကြဉ် ရမယ်လို့ တိုက်တွန်းထားပါတယ်။ အဝတ်စ တစ်ခုခု ခံပြီးမှ ကောက်ပြီး ပလပ်စတစ်ထဲမှာ လုံလုံခြုံခြုံထည့်လို့ စွန့်ပစ် ရမှာ ဖြစ်ပါတယ်။ မာကျူရီ အဆိပ်သင့်မှုဟာ မြို့ ကြီးပြကြီးတွေမှာ ပိုမို အဖြစ်များလေ့ ရှိကြောင်း သိရပါတယ်။