အမေရိကန်နိုင်ငံ၌ ၀က်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီး စုံစမ်းလေ၏။
“ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေ ကျွေးသလဲဗျ
“ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီး ကျွေးပါတယ်” “ကြားရတာ စိတ်မကောင်းစရာပဲ။ ကျွန်တော်က ကမ္ဘာ့တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
ဒဏ်ငွေဆောင်ပြီး (၃) လခန့် ကြာပြန်သော် နောက်ထပ် လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံစမ်းပြန်၏။
“ခင်ဗျား ၀က်တွေကို ဘယ်လိုအစာတွေ ကျွေးသလဲဗျ”
“ဟုတ်ကဲ့။ ပေါင်မုန့်ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီး ကျွေးပါတယ် ခင်ဗျာ”
“အားပါး- အံ့သြစရာပဲ။ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ။ ကမ္ဘာကြီးရဲ့ လူဦးရေ လေးပုံတစ်ပုံလောက် နှစ်စဉ် အငတ်ဘေးကြုံနေရတာကိုတောင်မှ ခင်ဗျားက ခြိုးခြံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက် ခင်ဗျားကို ဒေါ်လာ (၁၀၀၀) ဒဏ်ငွေရိုက်ပါတယ်”
ဒဏ်ငွေဆောင်ပြီး များမကြာမီ နောက်တစ်ဦး လာပြန်လေ၏။
“ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေ ကျွေးပါသလဲ ခင်ဗျား”
“တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ်”
..............................
တစ်နေ့မှာ အဘွားတစ်ယောက်ဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုသွားပြီ
” ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနိုင်မှ ရောင်းပေးလို့ရပါမယ် ” လို့ ပြောတယ်။
ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကိုယူလာခဲ့ပါမှ ခွေးစာဝယ်ယူခွင့်ရသွားပါတယ်။
... နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီလေးအတွက် ကြောင်စာ လာဝယ်ပြန်ပါတယ်။ဒီအခါမှာလည်း ကောင်တာက ငွေကိုင် မိန်းကလေးက မနေ့ကလို အလားတူ ပဲ… ” ကျွန်မတို့ဆိုင်မှာ ကြောင်စာဝယ်မယ်ဆိုရင် အဘွားရဲ့ကြောင်ကို ပြနိုင်မှ ရောင်းပေး လို့ရပါ့မယ် ” လို့ ပြောပြန်တယ်။
အဘွားလည်း ဒီမိန်းကလေး တယ်ရစ်ပါလားလို့တောင် မစဉ်းစားတော့ပဲ အိမ်ပြန်ပြီး သူ့ကြောင်မလေးကို ခေါ်ယူလာပြပါတယ်။ ဒါနဲ့ နောက်ဆုံး အဘွားလည်း ကြောင်စာ ၀ယ်ခွင့်ရခဲ့ပါတယ် ။
တတိယနေ့မှာ အဘွားဟာ ကုန်စုံဆိုင်လေးကို ထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ အဘွားလက်ထဲမှာ ကဒ်ထူပုံးငယ်လေး တစ်ခု ပါလာ ပါတယ်။ အဘွားက ကောင်တာက ငွေကိုင် မိန်းကလေးဆီ တန်းသွားလိုက်တယ်။ နောက်.. သူ့ကောင်တာရှေ့မှာရပ်လျှက်က လက်ထဲက ကဒ်ထူပုံး လေးကို ဆန့်တန်းပေးရင်း…
” ငါ့မြေး.. အထဲကို လက်ကလေးနှိုက် စမ်းကြည့်လိုက်စမ်း” လို့ ပြောလိုက်ပါတယ်။ မိန်းကလေး လဲ သူလက်ကလေးဆန့်တန်းလို့ ပုံးထဲ နှိုက်ကြည့် လိုက်တော့ ပူနွေးပြီး နူးညံ့နေတဲ့ အတွေ့ အထိကို သူလက်ဖျားလေးတွေမှာ ခံစားမိလိုက်ပါတော့တယ်။ ဒါနဲ့ မိန်းကလေးလည်း ဇဝေဇ၀ါဖြစ်နေတုန်း အဘွားက အခုလိုပြောလာပါတယ်။
” အဘွားကို အိမ်သာသုံး စက္ကူ တစ်လိပ်လောက်ရောင်းပါကွယ် ” ..တဲ့။
ရီမောပျော်ရွှင်ပါစေ....
(ကိုသောင်း ပုလဲမြေ - မှ ကူးယူတင်ပြပါသည်။)