Pages

သင်္ကြန်ရက် အတွင်း ခွင့်ပြုထားသော ဌာနဆိုင်ရာ ဆိုင်ကယ်များ စီးနင်းခွင့် ပြုမည်မဟုတ်


မဟာသင်္ကြန် ရက်များအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း စီးနင်းခွင့် ပြုထားသော ဌာနဆိုင်ရာ ဆိုင်ကယ်များ အားလုံး မည်သူမျှ စီးနင်းခွင့် ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ သိရသည်။

ရန်ကုန်မြို့တော် အတွင်းတွင် လိုအပ်ချက်အရ ဌာနဆိုင်ရာ ဆိုင်ကယ်အချို့ကိုသာ စီးနင်းခွင့် ပြုထားရာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန တို့မှ သက်ဆိုင်ရာ တာဝန်ရှိသူတို့၏ ဌာနဆိုင်ရာ ဆိုင်ကယ် ၇၈ စီးကိုသာ စီးနင်းခွင့် ပြုထားပြီး ယင်းဆိုင်ကယ် တို့ကိုလည်း သင်္ကြန်ကာလ အတွင်းတွင် စီးနင်းခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။



ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ပြင်ပတွင် မော်တော်ဆိုင်ကယ် များအား တရားဝင် မှတ်ပုံတင် ပြုလုပ်ပေး၍ စီးနင်းခွင့် ပြုထားသော်လည်း နယ်ကျော် စီးနင်းခြင်း၊ လိုင်စင်မဲ့ ဆိုင်ကယ်များ ဝင်ရောက် စီးနင်းခြင်း တို့အပြင် ဌာနဆိုင်ရာ ဆိုင်ကယ် အယောင်ဆောင် စီးနင်းမှုများ ရှိနေသောကြောင့် ဆိုင်ကယ် မစီးရ ကန့်သတ်ထားသော ဧရိယာ အတွင်းမှာပင် ယာဉ်မတော်တဆ မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ(ဗဟို)မှ သိရသည်။

ယင်းကြောင့် ဆိုင်ကယ်မစီးရ ကန့်သတ် ဧရိယာအတွင်း ဆိုင်ကယ် စီးနင်းခြင်း၊ လိုင်စင်မဲ့ ဆိုင်ကယ်များ စီးနင်းနေခြင်းနှင့် သင်္ကြန်ကာလအတွင်း ဌာနဆိုင်ရာ ဆိုင်ကယ်များ စီးနင်းမှုများ ရှိပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။



မြ၀တီ

ShareThis