Pages

အားနည်းချက်ကို မနောက်ပြောင်ပါနဲ့.....

ဘ၀မှာ ပြီးပြည့်စုံသောသူဆိုတာ အတော်ရှားပါတယ်။
အားနည်းချက် ကိုယ်စီ ဆိုတာ ရှိတတ်ကြပါတယ်။
သူ့မှာ ဒီ ချို့ယွင်းချက်ရှိရင် ကိုယ့်မှာလည်း တခြားချို့ယွင်းချက်တွေရှိပါတယ်။
တခါတလေ သူတစ်ပါးရဲ့  ချို့တဲ့ တဲ့ အကွက်ကို နင်းပြီးပြောတတ်တဲ့သူတွေ၊ ဟာသလုပ်တတ်သူတွေ..နောက်ပြောင်တတ်သူတွေ ရှိပါတယ်။
မုသားဆိုလျှင် ရယ်ဖွယ်မျှပင် မပြောနှင့် လို့ ဆုံးမထားသလို တစ်ပါးသူရဲ့  အားနည်းချက်ကိုလည်း ရယ်ဖွယ်မျှပင် မပြောနှင့် လို့ အသိပေးချင်ပါတယ်။
ခင်မင်လို့ နောက်ပြောင်တာပဲ ဖြစ်ဖြစ်...ချစ်လို့ စတာဘဲ ဖြစ်ဖြစ် တမင်သက်သက် နှိမ်တာပဲ ဖြစ်ဖြစ် သူတစ်ပါးရဲ့  အားနည်းချက်နဲ့ အကြောင်းအရာ မစတည်သင့်ပါဘူး။
ကိုယ်ရယ်မောချင်ရင် တခြားရယ်စရာ တွေ အများကြီး ရှိပါတယ်။


ကိုယ်က ဘာရယ်မဟုတ် စနောက်လိုက်တာက သူတစ်ပါး အတွက် စိတ်အားငယ်စေတယ်..စိတ်မချမ်းမြေ့ အောင်ဖြစ်စေတယ်ဆိုရင် ဒါဟာ အကုသိုလ်ပါဘဲ။


အားနည်းချက်ရှိသူက စနောက်တာကို ကြည်ဖြူတယ်ဘဲထား...ကိုယ်လည်း တစ်နေ့ သူ့ အားနည်းချက်လိုအရာမျိုး ကို မထင်မှတ်ဘဲ ရှိလာမှာပါ။
ဒါဟာ လောကရဲ့  တရားသော စီရင်ချက်ပါဘဲ။
အပြင်မှာလဲ တွေ့ဖူးကြမှာပါ...စကားထစ်တာကို လိုက်ပြောင်ရင်း ထစ်သွားသူတို့..သူတစ်ပါး ခန္ဒာကိုယ် နှင့် အမူအရာ တွေကို လိုက်ပြောင်ရင်း ကိုယ်လည်းဘဲ မသိမသာ ဒီပုံစံကို ပိုင်ဆိုင်သွားကြပါတယ်။
ဘုရားရဲ့  ဇာတ်တော်တွေမှာလဲ သူတစ်ပါးခါးကုန်းတာကို လှောင်ပြောင်လို့ ခါးကုန်းရသူတွေ...၀စီကံကြောင့် သူတစ်ပါးကို ကျွန်လို့ ပြောသူ၊သူဖုန်းစား နှင့် ပြည့်တန်ဆာလို့ ဆဲရေးသူတွေ ဟာ ဘ၀ပေါင်းများစွာ ထိုသူတို့ ၏ ၀စီကံ အတိုင်းပြည်လည်ပေးဆပ်ရတာ တွေ တွေ့ရမှာပါ။
ပြုသူအသစ်ဖြစ်သူအဟောင်းဆိုသလို ထိုသူ၏ အကုသိုလ်ကို အကြောင်းပြု ၍ နှလုံးမသွင်းတတ်သောကြောင့် မိမိပါ အကုသိုလ်အသစ်ကို ရယူပြီးသူမဖြစ်အောင် ဆင်ခြင်ပါ။
ဘယ်သူမဆို မသိလို့ လုပ်မိပေမယ့် မသိတာလည်း အကုသိုလ် ကံ ထိုက်သည့် အတွက် သိသောအခါ ရှောင်ကြဉ်နိုင်အောင် အသိပေးလိုက်ရပါတယ်။

မေတ္တာဖြင့်
ရေးသားသူ-- အနှိုင်းမဲ့စာတိုပေစများ

ShareThis