များမကြာသေးမီကာလများ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနမှ အရာရှိကြီးများနှင့်၊ တက္ကသိုလ် များမှ ကိုယ်စားလှယ်များပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် ဆောင်ရွက်သည့် လွှတ်တော်ကော်မတီနှစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့နှစ်ဖွဲ့တွင် ပထမလွှတ်တော်ကော်မတီသည် တက္ကသိုလ်များ ဥပဒေမူကြမ်းကို ရေးဆွဲရန်ဖြစ်ပြီး ဒုတိယကော်မတီမှာ ရန်ကုန်တက္ကသိုလ် (ပင်မ) ပြုပြင်မွန်းမံရေးနှင့် အဆင့်မြှင့်တင်ရေး အတွက်ဖြစ်သည်။ ကော်မတီ၏ ရည်မှန်းချက် ဖြစ်မြောက်ရေးအတွက် ဗြိတိန်၊ အိန္ဒိယ၊ ထိုင်း၊ ဩစတြေးလျားနိုင်ငံများရှိ တက္ကသိုလ်များသို့ လေ့လာရေးခရီးစဉ်နှစ်ခုကို ကော်မတီဝင်များ လိုက်ပါရန် ထည့်သွင်းစီစဉ်ခဲ့ပါသည်။ ဤခရီးစဉ်များ၏ ရည်ရွယ်ချက်မှာ ၎င်းနိုင်ငံများ၏ အဆင့်မြင့်ပညာရေးကဏ္ဍများတွင် မည်သို့စီမံခန့်ခွဲ အုပ်ချုပ်သည်များနှင့် မည်ကဲ့သို့ အကောင်အထည်ဖော်ဆောင်နေသည်ကို လေ့လာနိုင်ရန်ဖြစ်သည်။
၎င်းလေ့လာရေးခရီးစဉ်နှစ်ခု အနက် တစ်ခုဖြစ်သည့်ု UK ရှိတက္ကသိုလ်များသို့ လေ့လာရေးခရီးစဉ်အရ ပညာရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြဦး၊ သိပံ္မနှင့် နည်းပညာ ဝန်ကြီးဌာန မှ ညွန်ကြားရေးမှူးချူပ် ဒေါက်တာ အောင်မြတ်ကျော်တို့ ပါဝင်သော အဖွဲ့သည် မေလ ၁ရက် နေ့တွင် UK သို့ထွက်ခွာသွားပြီဖြစ်ပါသည်။
၎င်းလေ့လာရေးခရီးစဉ်နှစ်ခု အနက် တစ်ခုဖြစ်သည့်ု UK ရှိတက္ကသိုလ်များသို့ လေ့လာရေးခရီးစဉ်အရ ပညာရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြဦး၊ သိပံ္မနှင့် နည်းပညာ ဝန်ကြီးဌာန မှ ညွန်ကြားရေးမှူးချူပ် ဒေါက်တာ အောင်မြတ်ကျော်တို့ ပါဝင်သော အဖွဲ့သည် မေလ ၁ရက် နေ့တွင် UK သို့ထွက်ခွာသွားပြီဖြစ်ပါသည်။
ဗြိတိသျှကောင်စီမှ တာဝန်ယူ စီမံခန့်ခွဲ ပံ့ပိုးထားသည့် အဆိုပါ လေ့လာရေးခရီးစဉ်တွင် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှကောင်စီ၏ ညွန်ကြားရေးမှူး Mr. Kevin Mackenzie လည်း လိုက်ပါမည်ဖြစ်ပါသည်။
ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁ ရက် မှ ၃ ရက်အထိ Scotland နိုင်ငံ Edinburgh မြို့ ရှိ တက္ကသိုလ် များသို့ သွားရောက်လေ့လာခဲ့ကြပြီး မေလ ၇ ရက်နှင့် ၈ရက်နေ့များတွင် London မြို့၌ University of London နှင့်၎င်းလက်အောက်ရှိ တက္ကသိုလ်များသို့ သွားရောက်ကြမည်ဖြစ်သည်။ မေလ ၉ရက်နေ့တွင် University of London နှင့် ဗြိတိသျှကောင်စီတို့ပူးတွဲကျင်းပသော “Myanmar – a new future through higher education? A Myanmar-UK policy dialogue”ခေါင်းစဉ်ဖြင့်ပြုလုပ်မည့် ပညာရေး မူဝါဒ ဆွေးနွေးပွဲကို တက်ရောက်မည်ဖြစ်ပါသည်။
ပညာရေး လေ့လာရေးခရီးစဉ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာရေး မူဝါဒချမှတ်သူများအား UK နိုင်ငံ၏ အဆင့်မြင့်ပညာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို လေ့လာပြီး မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာကဏ္ဍ ကမ္ဘာ့အဆင့်မှီ ဖွံ့ ဖြိုးတိုးတက်ရေး အတွက် ပြန်လည်အသုံးချရန်ဖြစ်သည်။
ဤခရီးစဉ်သည် မူဝါဒ၊အုပ်ချုပ်ရေး၊ စီမံခံ့ခွဲရေးနှင့်သက်ဆိုင်သော ဥပဒေပြောင်းလဲရေး ဖြစ်စဉ်နှင့် အထူး သဖြင့် ရန်ကုန်တက္ကသိုလ် (ပင်မ) ပြန်လည်အသက်သွင်းရေးတွင် အကျိုးရှိစေမည်ဖြစ်ရာ လွှတ်တော် ကော် မတီ ၂ ရပ်လုံးအတွက် လွန်စွာအထောက်အကူပြုနိုင်ပါသည်။
အထက်ပါ ရည်ရွယ်ချက်များအပြင် မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးကဏ္ဍတွင် ရင်ဆိုင်နေရသော အခက်အခဲများကို သိရှိနားလည်စေရန်၊ UK ရှိပညာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုကို အားပေး ရန်၊ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ ဖြိုးရေးတွင် ပြည်ပမှလာရောက်ရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်ရန် နှင့် UK ရှိ အဆင့်မြင့်ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများကို မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် ပါဝင် အကြံပေးနိုင်ရန် ရည်ရွယ်၍ ခရီးစဉ်ကို အကောင်အထည်ဖော်ထားကြောင်း ဗြိတိသျှကောင်စီမှ ထုတ်ပြန်သော သတင်းကြေငြာချက်တွင်ဖော်ပြထားပါသည်။
Hotnesweekly