ကျွန်မရဲ့ မျက်နှာက ခွဲစိတ်ပြုပြင်ထားတာပါ ဆိုတဲ့ လီဒါဟေး
ချစ်ဖို့ ကောင်းလွန်းသည်ဟု အများက မှတ်ချက်ပေးထားသည့် ကိုရီးယား မင်းသမီး လီဒါဟေးက မျက်နှာ ခွဲစိတ်ပြုပြင်ထားကြောင်း ဝန်ခံပြောကြားခဲ့သည်။
သူမသည်အနုပညာလောကသို့မဝင်ရောက်မီကမျက်နှာပြင်ကိုခွဲစိတ်ပြုပြင်မှု အမျိုးမျိုး ပြုလုပ်ထားကြောင်းသိရသည်။
”ကျွန်မ မျက်နှာက ခွဲစိတ်ပြု ပြင်ထားတာနဲ့ မတူဘူးနော်။ သဘာဝအတိုင်းလိုပဲ”ဟု သူမက အရွှန်းဖောက် ပြောကြားခဲ့သည်။ သူမသည် မျက်နှာပြင်တစ်ခုလုံး နီးပါး ခွဲစိတ်ပြု ပြင်မှု ပြုလုပ်ခဲ့ပြီး အထက်တန်းကျောင်းသူဘဝက တရားလွန်ကိုယ်အလေးချိန်လျှော့ချ မှု နည်းစနစ်များကို ပြုလုပ်ခဲ့သည်။
လတ်တလော၌ လီဒါဟေး၏ အထက်တန်း ကျောင်းသူဘဝက ဓာတ်ပုံများ အွန်လိုင်းပေါ်၌ ပျံ့နှံ့ခဲ့ပြီး သူမ၏မျက်ခွံ၊ နှာခေါင်း၊ မျက်နှာကျ ပုံစံများမှာမွေးရာပါ လှပခြင်းမဟုတ်ဘဲ ခွဲစိတ် ပြုပြင်ထားကြောင်း သိရသည်။
သွားပုတ်လေလွင့် ပြောသူများက သူမကို လှောင်ပြောင်ခဲ့ကြပြီး ပရိသတ် အများစုကခွဲစိတ် ပြုပြင်ပြီးနောက် သူမ၏ ရုပ်သွင်ကို ချီးကျူးခဲ့ကြသည်။
Popular Myanmar Copy from မြဝတီဖေ့ပုတ်

”ကျွန်မ မျက်နှာက ခွဲစိတ်ပြု ပြင်ထားတာနဲ့ မတူဘူးနော်။ သဘာဝအတိုင်းလိုပဲ”ဟု သူမက အရွှန်းဖောက် ပြောကြားခဲ့သည်။ သူမသည် မျက်နှာပြင်တစ်ခုလုံး နီးပါး ခွဲစိတ်ပြု ပြင်မှု ပြုလုပ်ခဲ့ပြီး အထက်တန်းကျောင်းသူဘဝက တရားလွန်ကိုယ်အလေးချိန်လျှော့ချ