အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သော စစ်သွေးကြွများ ပုန်းအောင်းနေသည်ဟု သံသယရှိသည့် နေရာတခုကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က စီးနင်း အပြန်အလှန် ပစ်ခတ် မှုတစ်ရပ် ယနေ့ ဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံမှ လာသော သတင်းများအရ သိရှိ ရသည်။
အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ ယနေ့ မေလ ၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားခရိုင် စီဂွန်ဒီဝါ ကျေးရွာ မြန်မာသံရုံး ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူများ ခိုအောင်းနေနိုင်သည်ဟု ယူဆ ရသော နေအိမ် တခုကို စီးနင်းဝင်ရောက်စဉ် ပစ်ခတ်မှုများ အပြန်အလှန် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း၊ သေ ဆုံးဒဏ် ရာရရှိမှု အခြေအနေကို ရှင်းရှင်းလင်း မသိရှိရသေးကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ဒုတိ ယရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး နာနာမ်းဆူကာနာက ထုတ်ဖေါ်ပြောကြားလိုက်ကြောင်း ဗန်ဒေါင်းမြို့ ကပေးပို့ ထားတဲ့ အေပီသတင်းတစ်ရပ်ကို ကိုးကားပြီး “The Wichita Eagle” အင်တာ နက်သ တင်းတစ်ရပ်မှာ ဖေါ်ပြထားပါတယ်။ အင်ဒိုနီရှားရဲတပ်ဖွဲ့၏ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး တိမုရ ပရာဒိုဗို ရဲ့ အဆိုအရ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ရခြင်းမှာ စစ်သွေးကြွဟု သံသယရှိခံရသူများ ခိုအောင်းနေသော နေအိမ်အတွင်းမှ စတင်ကာခုခံတိုက်ခိုက် ပစ်ခတ်ခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း၊ အခင်းဖြစ် ပွားရာ နေအိမ်နှင့် အနီးတ၀ိုက်တွင် ဒေသခံများ ကိုလည်း နေ ရာရွှေ့ပြောင်းပေး ခဲ့ ကြောင်းသတင်းစာမျက်နှာမှဆြက်လက်ဖေါ်ပြထားပါတယ်။
“ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ မျှော်လင့်ပါတယ်” ဟု ရဲဗိုလ်ချုပ်ကြီး တိမုရ ပရာဒိုဗို ကပြောသည်။အခင်းဖြစ်ပွားရာ နေရာတွင် ရောက်ရှိနေသော အေပီသတင်းထောက်၏ အဆိုအရ ရဲတပ်ဖွဲ့၏ လက်နက်ချရန်ကြိုတင်သတိပေးချ က်များကို လစ်လျူရှုကာ နေအိမ်အတွင်းမှ စတင်ပစ်ခတ် တိုက်ခိုက်ခြင်ြး ဖစ်ကြောင်း သိရှိရသည်။
ဒေသတွင်း ရုပ်/ သံ သတင်းဋ္ဌာန Metro TV မှ ရုပ်သံသတင်းရိုက်ကူးသူတစ်ဦးကလည်း အခင်းဖြစ် ပွားမှု မှတ်တမ်းတစ်ခု အမိအရ မှတ်တမ်းးတင် ရိုက်ကူးနိုင်ခဲ့ကြောင်း၊
ဒီနှစ် မေလ လဆန်ပိုင်း မြန်မာသံရုံးဗုံးခွဲတိုက်ခိုက်ရန်ကြံစည်မှုဖြင့် သံသယရှိသူ အစွန်းရောက် စစ်သွေးကြွ ၂ ဦးကို လက်လုပ်ဗုံး ၅ လုံးနှင့်အတူ ဂျာကာတာမြို့တွင် ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့၏နေအိမ် တွင် လည်း ဖေါက် ခွဲရေး ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်ဆီးမိသူ ၂ ဦးက မြန်မာနိုင်ငံတွင် အစ္စလမ် ဘာသာ ၀င်များ တိုက်ခိုက်ခံရခြင်းအတွက် လက်စားချေလိုခြင်းကြောင့် ဗုံးခွဲရန် ကြံစည်ခြင်းဖြစ် သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သတင်းမှာ ဆက်လက်ဖေါ်ပြထားပါတယ်။
အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့အ ဆိုအရ မကြာခင်ရက်များအတွင်း ရဲတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ခဲ့တဲ့ အစွန်းရောက် စစ်သွေးကြွ အဖွဲ့ဝင်တွေဖြစ်ကြောင်း၊ ဒီနေ့ဖြစ်ပွားခဲ့တဲ့အလားတူ စီးနင်းတိုက်ခိုက်မှု တစ်ခုမှာ လည်း အင်ဒိုနီးရှား အကြမ်းဖက်မှု နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များမှ အစွန်းရောက် စစ်သွေးကြွ တစ်ဦး ကို ပစ်သတ်ခဲ့ပြီး အခြားတစ်ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း
သတင်းမှာဆက်လက်ဖေါ်ပြထားပါတယ်။
From: မြန်မာဓိကအင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ ယနေ့ မေလ ၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားခရိုင် စီဂွန်ဒီဝါ ကျေးရွာ မြန်မာသံရုံး ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူများ ခိုအောင်းနေနိုင်သည်ဟု ယူဆ ရသော နေအိမ် တခုကို စီးနင်းဝင်ရောက်စဉ် ပစ်ခတ်မှုများ အပြန်အလှန် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်
“ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့
ဒေသတွင်း ရုပ်/
ဒီနှစ် မေလ လဆန်ပိုင်း မြန်မာသံရုံးဗုံးခွဲတိုက်ခု
အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့အ
သတင်းမှာဆက်လက်ဖေါ်ပြထားပါတယ