မြစ်ကြီးနားမြို့ ၊ လယ်ကုန်းရပ်ကွက်တွင် မေလ ၃ ရက်နေ့က လမ်းခင်းရန် ကျောက်စရစ် ဂေါ်ထိုးသူ ဇနီး မောင်နှံ ၂ ဦးက ကျောက်စရစ် ဂေါ်ထိုးရင်း ဗုဒ္ဓဆင်းတုတော်ပုံပါ စကျင် ကျောက်တုံးငယ် တစ်တုံး ကို တွေ့ရှိခဲ့ပြီး မေလ ၇ ရက်နေ့မှ စတင်ကာ ဘုရားဖူး ပြည်သူများ မပြတ်စည်ကားလျက်ရှိကြောင်း သိရ သည်။
ဖြစ်စဉ်မှာ လယ်ကုန်းရပ်ကွက် ၊ နယ်မြေ (၁၂) ၊ ခတ်ချို ကူးတို့ဆိပ်ကမ်း နေ ကိုမောင်မြင့် ၊ မနှင်းဝေ ဇနီးမောင်နှံသည် လယ်ကုန်း ရပ်ကွက် သောင်ဦး ကျောင်းတိုက်ဆရာတော်ဦးဥတ္တရ၏ တာဝန်ပေး အကူအညီ တောင်းခံမှု ကြောင့် ရပ်ကွက်တွင်း လမ်းများခင်းရန် ဧရာဝတီ မြစ်အတွင်းမှ သဲကျောက်များ ကို နွေရာသီ ကာလတစ်လျှောက် လုပ်ကိုင်ခဲ့ရာမှ ဧပြီလ ၂၉ ရက်နေ့က ကျောက်စရစ် ဂေါ်ထိုးစဉ် ဗျက် အကျယ် ၂ လက်မခန့် ၊ အမြင့် ၃ လက်မခန့်ရှိ အဖြူရောင် ကျောက်တုံး တစ်တုံးအား ညီညာမှု မရှိသော် လည်း ဖယောင်းတိုင် တင်ထွန်းရန် အတွက် သိမ်းဆည်း ထားခဲ့သည်။ မေလ ၃ ရက်နေ့ တွင် ဖယောင်းတိုင် တင်ထွန်း၍ ၀ိုင်းဖွဲ့ စကားပြောစဉ် ကျောက်ခဲ အတွင်းမှ ရောင်ပြန်လွှတ်သကဲ့သို့ တွေ့ရှိ၍ ဆပ်ပြာရေတို့ဖြင့် စင်ကြယ်စွာဆေးကြောပြီး ရတနာပစ္စည်းဆိုင်မှ ကော်ပတ်ဖြင့် အချောတိုက်ချွတ် ပေးမှ အဆိုပါ ကျောက် အတွင်း ဥာဏ်တော်တစ်လက်မ ပတ်လည်ခန့် ဗုဒ္ဓဆင်းတုတော် နှင့် ကြာမှောက်ကြာလှန်ပုံတွင် ထက်ဝယ်ဖွဲ့ ခွေကာ ပလ္လင်၏ နောက်မှီမှာ စက်တော်ရာ ပုံ ၂၄ ပစ္စည်း ပဌာန်း ဒေသနာတော် ပုံကို တွေ့၍ ဆရာတော် ဦးဥတ္တရ ၏ သြ၀ါဒ ကို ခံယူကာ နေအိမ် မင်္ဂလာ မဏ္ဍာပ် ၌ မေလ ၆ ရက်က အပူဇော်ခံ ထားရှိ ခဲ့သည်။
ထိုသို့ ဗုဒ္ဓ ဘုရားရှင် ပုံတော် အား ဖူးတွေ့ ရခြင်းကို ဗုဒ္ဓ ဘာသာဝင် ပြည်သူ အများက သက်ဝင် ယုံကြည်ပြီး မပြတ်လတ်ဘဲ နေ့စဉ်ဖူးမြော်ကြည်ညိုကာ ဗုဒ္ဓ ဘိသေက အနေကဇာ တင်နိုင်ရန် အမြန်ဆုံး ဆောင်ရွက် မည် ဖြစ်ကြောင်း ၄င်းတို့ ဇနီးမောင်နှံ ထံမှ သိရှိရသည်။
Posted From The Myawady Daily

From....Thit Htoo Lwin