ဖီဖာတစ်နှစ်တာအကောင်းဆုံး နည်းပြဆုနှင့် ပတ်သက်၍ အငြင်းပွား ခဲ့သော မော်ရင်ဟိုမှာ အထင်လွဲခံနေရသူဖြစ်သည်ဟု ဂါလာတာ စာရေးနည်းပြ တီရင်က ဖွင့်ဟသွားခဲ့သည်။
ပန်ဒက်ဗ်၏မဲပေးမှုနှင့်ပတ်သက်၍ အရှုပ်အထွေးများရှိခဲ့ပြီးနောက် ဖီဖာ ဆုရွေးမှုတွင် မသမာမှုများ ရှိနေသည်ဟု မော်ရင်ဟိုကဝေဖန်ခဲ့ကာ ယင်းဝေဖန်ချက်နှင့် ပတ်သက်၍ ကလေးဆန်သည်ဟု ဒဲလ်ဘော့ စကေးက ပြန်လည်တုံ့ပြန်ထားသည်။
သို့သော် တီရင်က မော်ရင်ဟို၏လူနေမှုစရိုက်မှာ အများနှင့်တူညီခြင်းမရှိသောကြောင့် ၎င်း အပေါ် နားမလည်ကြခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
မော်ရင်ဟိုနှင့် တီရင်မှာ ရင်းနှီးသော မိတ်ဆွေများဖြစ်ပြီး ထိုရင်းနှီးမှုကို တန်ဖိုးထားသည်ဟုလည်း တီရင် က ပြောကြားခဲ့သည်။
" မော်ရင်ဟိုရဲ့စရိုက်က လူအများစုနဲ့ မတူပါဘူး။ ဒါကြောင့် တစ်ခါတလေကျရင် လူတွေက သူ့ကို နားမလည်နိုင်ကြတာပါ။ ဒါပေမဲ့ သူဟာ အသင်းတိုင်းမှာအောင်မြင်သလို ခမ်းနားတဲ့နည်းပြတစ်ယောက်ပါ။ သူနဲ့ ကျွန်တော်တို့ကြားက ရင်းနှီးမှုက ကျွန်တော့်အတွက် အရေးကြီးပါတယ်"ဟု ဆိုခဲ့သည်။ သို့သော် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် ရီးရဲလ်နှင့် ဂါလာတာစာရေး တို့ တွေ့ ဆုံနေခြင်းကြောင့် ၎င်းတို့ ၂ဦး အနေဖြင့်ပြိုင်ဘက်များအဖြစ် တွေ့ဆုံရမည်ဖြစ်သည်။
ရိုးရာလေး