ပထမဆုံး ပန်းချီဆရာက မိဖုရားကြီးကို ရှေ့တည့်တည့်ကနေထိုင်စေပြီး မိဖုရားကြီးရဲ့ပကတိ အခြေအနေအတိုင်းကို ...အတိအကျဆွဲပေးလိုက်တယ် ။ မိဖုရားကြီးက ပုံတူကိုကြည့်လိုက်တဲ့အခါ မျက်လုံးတစ်ဖက်မှာ အရမ်းကို အရုပ်ဆိုးလွန်းတဲအ့တွက် ဒေါသထွက်တော်မူသတဲ့ ။ ဒီတော့ဘုရင်ကြီးကလည်း ကဲ မိဖုရားကြီးဒေါသထွက်အောင်လုပ်ရမ
ဒုတိယပန်းချီဆရာအလှည့်ရောက်တော့ တွေးတယ် ။ အင်း . . ပထမလူတုန်းက အရှိအတိုင်းဆွဲပေးလိုက်တော့ သေသွားရှာပြီ အဲဒီအားနည်းချက်ကိုငါပြင်ရမယ် ဆိုပြီး မိဖုရားကြီးရဲ့ ပျက်နေတဲ့မျက်လုံးနေရာမှာ အကောင်းပကတိအတိုင်းဆွဲပေးလိုက်ပါတယ် ။ အဲဒီပုံကိုမိဖုရားကြီးကကြည့်ပြီးတဲ့အခါ မျက်လုံးတစ်ဖက်ပျက်နေတဲ့နေရာမှာ ကောင်းတဲ့အတိုင်းဆွဲပေးတာဟာ သူ့ကို သက်သက်ရွဲ့တာဆိုပြီး ဒေါသထွက်တော်မူသတဲ့ ။ ဘုရင်ကြီးကလည်း မိဖုရားကြီးဒေါသထွက်တော့ ထုံးစံအတိုင်း သတ်စေလို့အမိန့်ချလိုက်တယ် ။ နောက်ဆုံးပန်းချီဆရာတစ်ဦးပဲကျန်ပါတော့တယ် ။ အဲဒီပန်းချီဆရာကစဉ်းစားတယ် ။ အင်း . . လောကမှာ ပါးနပ်မှ သာအသက်ရှင်နိုင်မှာပါအလား . . ဆိုပြီး တွေးတယ် ။ ပြီးတော့မိဖုရားကြီးကို ဘေးတစ်စောင်းထိုင်ခိုင်းပြီးပုံ တူဆွဲပေးလိုက်ပါတော့တယ် ။ အဲဒီပုံဟာ ဘေးတစ်စောင်းဖြစ်နေတဲ့အတွက် ပျက်နေတဲ့ရုပ်ဆိုးတဲ့တစ်ဖက်ကိုမ မြင်ရပဲကောင်းတဲ့တစ်ဖက်ကိုသာမြင်နေရတဲ့အတွက်မိဖုရားကြီးက ၀မ်းသာအားရကျေနပ်တော်မူပြီး တစ်ဆွေလုံးတစ်မျိုးလုံကို သူကောင်းပြုတဲ့အပြင် အသပြာတစ်သိန်းကို ချီးမြှင့်ပေးတော်မူလိုက်ပါတော့ တယ် ။
============================
“ လောကကြီးမှာ အရည်အချင်း ချင်းတူနေရင်တောင် ပါးရည်နပ်ရည်ရှိတဲ့လူနဲ့ စဉ်းစားတွေးခေါ်တတ်တဲ့လူက အသာစီးရတာပါပဲ ”
============================
“ လောကကြီးမှာ အရည်အချင်း ချင်းတူနေရင်တောင် ပါးရည်နပ်ရည်ရှိတဲ့လူနဲ့ စဉ်းစားတွေးခေါ်တတ်တဲ့လူက အသာစီးရတာပါပဲ ”