လားရှိုးမြို့၌ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ကူညီစောင့် ရှောက်ရေးလုပ် ငန်းများ လုပ်ဆောင် နေသောNational NGOs Network အဖွဲ့၏ပြောပြချက်အရအခြား ကျောင်းသူများအား ကူးမည်ကို စိုးရိမ်၍ဟု ကျူရှင်ဆရာမက အ ကြောင်းပြကာထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အိတ်ခ်ျအိုင်ဗီ ဝေဒနာသည် များကို ခွဲခြားဆက်ဆံခြင်းများရှိနေ၍ ၄င်းတို့အတွက်ကာကွယ်ပေးနိုင်မည်
''လူတွေက အိတ်ခ်ျအိုင်ဗီရော ဂါဖြစ်နေတယ်ဆိုတဲ့သူတွေကို သူတို့ က နှိမ်ချင်ကြတယ်။ ဒါဟာလည်း တစ်နည်းအားဖြင့် တစ်နိုင်ငံလုံးကို ပညာပေးတွေလုပ်နေပေမယ့်လည်း မထိရောက်သေးဘူးလို့ပြော လို့ရ တယ်''ဟု Phoenix Associationမှကိုသီဟကြိုင်က ပြောသည်။
ယင်းသို့ ခွဲခြားနှိမ်ချဆက်ဆံ ခြင်းသည် ပြဿနာ တစ်ရပ်ဖြစ် သည်ကို လူမှုအသိုင်းအဝိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်လိုအပ် ကြောင်း ၄င်းက ဆက်ပြောသည်။ယခုနှစ် နိုင်ငံတကာ AIDS ညီလာခံတွင်လည်းNLD ပါတီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ''မြန်မာနိုင်ငံမှာရှိတဲ့ ရွာအဆင့် ဖြစ်ပါစေ။ မြို့နယ်အဆင့် ဖြစ်ပါစေ။ ကျယ်ပြန့်တဲ့အဆင့်ဖြစ်ပါစေ၊ ကျွန်မ တို့ လူမှုအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှု ဟာ ဘယ်လောက်အရေး ကြီးအရေး ပါလဲဆိုတာ သတိပြုမိလာကြဖို့ လို အပ်ပါတယ်'' ဟု ပြောခဲ့သည်။
မြန်မာနိုင်ငံအတွင်းတွင်HIV/
ချစ်ဆုဆွေ