ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေး၊ တေးထုတ်လုပ်ရေးလုပ်ငန်းများ အရှုံးပေါ်နေကြောင်း သိရပါသည်။ ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးလုပ်ငန်း အရှုံးပေါ်နေပြီဟု ပြောသော်လည်း နေ့စဉ်ဗီဒီယိုဇာတ်ကား ၁၅ ကားခန့် ထွက်ရှိနေပြီး မင်းသား၊ မင်းသမီးများ ရိုက်ရက်မအားအောင် ရှုတင်အိမ်များ ငှား၍မရလောက်အောင် ရိုက်နေရကာ လစဉ်ဝင်ငွေ သိန်းဆယ်ဂဏန်းရနေသော သူများက
မြန်မာနိုင်ငံရှိ တေးသံရှင်များ၊ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင်များသည်လည်း နိုင်ငံခြားတေးသီချင်းများ၊ ဇာတ်လမ်းများအား မှီငြမ်းသီဆို ရိုက်ကူးနေသူများလည်း အများအပြား ရှိနေပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ကွန်ပျူတာများတွင် အများစုအသုံးပြုနေသော ဆော့ဖ်ဝဲများသည် တရားမ၀င် ခိုးကူးဆော့ဖ်ဝဲများ ဖြစ်ပါသည်။ ထိုသို့ဖြစ်နေရခြင်းမှာ မြန်မာပြည်သူအများစုမှာ တရားဝင်မူရင်းခွေများ ၀ယ်ယူရလောက်အောင် ချမ်းသာသူများ မဟုတ်၍ဖြစ်ပါသည်။
မိမိတို့ အခွေဆိုင်များအနေဖြင့် ထိုကြေညာချက် မပေါ်ထွက်မီ ဇွန်လမှစ၍ ကိုယ့်ရှေ့မှာတင် ဖမ်းဆီးမှုများကြောင့် ဆက်လက် မရောင်းချရဲတော့ဘဲ ၀င်ငွေမရှိ အလုပ်လက်မဲ့ဘ၀သို့ ရောက်ရှိသွားပါသည်။ ကျွန်တော်တို့ အခွေရောင်းချခြင်းသည် နှစ်လုံးထီ၊ သုံးလုံးထီ၊ အရက်၊ လောင်းကစား စသည့်တို့ထက် အပြစ်ပိုကြီးနေပါသလားဟု သိချင်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် ရပ်ကွက်တစ်ခု၊ မြို့နယ်တစ်ခုတွင် နှစ်လုံးထီ၊ သုံးလုံးထီ၊ အရက်ဆိုင်များမှာ လမ်းဘေးခွေဆိုင်ထက် ပိုမိုများပြားပါသည်။ မြင်ရတာနှင့် မမြင်ရတာသာ ကွာခြားပါသည်။ ကျွန်တော်တို့ ခွေဆိုင်များတွင် အမှန်တကယ် ညစ်ညမ်းခွေများနှင့် ဗီဒီယိုဆင်ဆာရှိ သီချင်း၊ ဇာတ်လမ်းများ ရောင်းချနေပါက အဖမ်းအဆီးခံရန် ၀န်မလေးပါဟု ပြောချင်ပါသည်။ ကျွန်တော်တို့ အခွေဆိုင်များအား ဖမ်းဆီးသူများ ကိုယ်တိုင်လည်း မိမိတို့အခွေဆိုင်မှ နိုင်ငံခြားဇာတ်လမ်းများ ၀ယ်ယူကြည့်ရှုနေသူများ ဖြစ်ပါသည်။ မိမိတို့ လမ်းဘေးခွေဆိုင်လေးများအား နိုင်ငံခြားခွေမှ ရောင်းချခွင့်မပေးလျှင် အောက်ခြေဆင်းရဲသား လူတန်းစား (ရုပ်ရှင်ရုံ မသွားနိုင်သူ၊ Sky Net စသည့် အခပေးရုပ်သံလိုင်း ၀ယ်ယူမကြည့်နိုင်သူ)များကို မြန်မာဇာတ်ကားမှလွဲ၍ အခြားဇာတ်ကား ကြည့်ရှုခွင့် ပိတ်ပင်ခြင်းဟု ယူဆမိပါသည်။ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ ကိုယ်တိုင်ပင် မိမိတို့အိမ်တွင်ရှိသော ဒီဗီဒီနှင့် အခွေများ ကြည့်ရှုလိမ့်မည်ဟု ထင်ပါသည်။
ညစ်ညမ်းခွေဆိုလျှင် လမ်းဘေးအခွေဆိုင်များမှာသာလျှင် ရနိုင်သည်ဟု သတ်မှတ်နေပါသည်။ အမှန်တကယ်တော့ အင်တာနက်ခေတ်ထဲတွင် အင်တာနက်မှ ညစ်ညမ်းဝက်ဘ်ဆိုက်များမှ ဒေါင်းလော့ဆွဲခြင်း၊ တင်ချင်ရာတင်ခြင်းကို အလွယ်တကူ လုပ်နိုင်သော ခေတ်တွင် လမ်းဘေးအခွေဆိုင်များသာ ဓားစာခံဖြစ်နေသည်။ ကျွန်တော်တို့ အခွေဆိုင်များမှာ ညစ်ညမ်းရောင်းချလျှင် ဖမ်းဆီးပြီး ပြင်းထန်စွာ အရေးယူနိုင်ပါသည်။ ထိုသို့ ညစ်ညမ်းရောင်းချခြင်း အားပေးလက်ခံနိုင်စရာ အကြောင်းမရှိပါ။
ခိုးကူးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတထံ ရုပ်ရှင်လောကသားများ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုမှုကြောင့် တစ်နိုင်ငံလုံးရှိ အခွေဆိုင်များအားလုံး ပိတ်လိုက်ရသည်။ ထိုအထဲတွင် (မြန်မာသီချင်း၊ ဇာတ်လမ်းနှင့် ညစ်ညမ်း)မရောင်းဘဲ နိုင်ငံခြားဇာတ်လမ်းများ၊ ကာတွန်းကား တရားခွေသာ ရောင်းချသူများပါ အလုပ်လက်မဲ့ဘ၀သို့ ရောက်ရှိနေပါပြီ တကယ်လို့များ နိုင်ငံခြားဇာတ်လမ်း၊ ကာတွန်းနှင့် တရားခွေများပါ ဆက်လက်ရောင်းချခွင့် မရတော့ပါက အခွေဆိုင်တစ်ဆိုင် ဖမ်းဆီးလို့ အခွေရောင်းချသူတစ်ဦးတည်း ဒုက္ခရောက်သည် မဟုတ်ဘဲ ၎င်း၏နောက်၌ မှီခိုနေသော မိသားစုပါ ဒုက္ခရောက်စေပါသည်။