ပြီးခဲ့တဲ့ အပတ်က မလေးရှားရဲ့ Hot New ၂ ခု အကြောင်း မြန်မာအများစု သိထားပြီး ဖြစ်ပါလိမ့်မယ် ခင်ဗျ ။
ပထမ တစ်ခုအနေနဲ့ အခု တင်ပြတဲ့ဘလော့အကြောင်းဖြစ်တဲ့ မလေးရှားနိုင်ငံမှာ ဖြန့်ချီနေတဲ့ မြန်မာအမှတ်တံဆိပ်အရက်များကြောင့် အဆိပ်သင့်သေဆုံးသူများအကြောင်း ဖြစ်ပါတယ် .။
ယခု ဒီသတင်းရဲ့ နောက်ဆက်တွဲ သတင်းအနေနဲ့ မလေးရှားနိုင်ငံ့ UNHCR လက်အောက်ရှိ IDA မှ မလေးရှားနိုင်ငံ ဆေးရုံးများရှိ အဆိုပါ အရက်များကြောင့် ဖြစ်ရတဲ့နောက်ဆက်တွဲ သတင်များကို ဒုက္ခသည်အဖွဲ့အစည်းများအပါအဝင် နီးစပ်ရာဌာနများမှာ အထူးရှင်းလင်းပွဲများပြုလုပ်ပြီး အသိပေးချက်များ ၊ သတိပေးချက်များ ၊ ကြော်ငြာချက်များကို ထုတ်ပြန်သွားခဲ့ပါတယ် ။
ထိုသတင်းများအရ ယနေ့အထိ မလေးရှားနိုင်ငံအဝှမ်းရှိ ဆေးရုံများတွင် တက်ရောက်ကုသနေရသော အရက်အဆိပ်သင့်သူ ဦးရေ အားလုံးစုစုပေါင်း ၃၉ ဦးရှိနေပြီး ထို ၃၉ ဦးတွင် မြန်မာနိုင်ငံသား ၃၁ ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကာ ထို ၃၁ ဦးမှ ၂၄ ဦးတိတိ သေးဆုံးခဲ့ပြီဖြစ်တယ် လို့ သိရပါတယ် ။
သေးဆုံးရသော အကြောင်းအရင်းမှာ အဆိုပါအရက်များတွင် လူကိုသေဆုံးနိုင်သော အဆိပ်ဖြစ်သည့် Methanol (မက်သနော်လ်) အဆိပ်ပမာဏ များစွာ ပါဝင်နေသောကြောင့်ဖြစ်ကြောင်း မလေးရှား ရဲဌာနမှ တရားဝင်အတည်ပြုပြောကြားသွားခဲ့ပါတယ် ။ ထိုမျှမက အသက်မသေဆုံးပဲ ကျန်ရှိသူများထဲတွင် သတိလစ်မေ့မြောနေသူများအပါဝင် မျက်စေ့ကွယ်လွန်သွားသော သူများလဲရှိကြောင်း Selangor ပြည်နယ် ဆေးရုံများတွင် တက်ရောက်ကုသနေသော စာရင်းများမှ အဖြေများဖြင့် အတည်ပြု ပြောကြားသွားခဲ့ပါတယ် ။
ဆက်လက်ပြီး မက်သနော်လ်အဆိပ်ပါဝင်တဲ့ အရက်များထဲမှ အရက် ၁၀ မီလီလီတာ ( တစ်ဇွန်းခန့်) သောက်သုံးရုံမျှဖြင့် မျက်စေ့ကွယ်နိုင်သလို ၃၀ လီတာမှ ၆၀ ( ၁ ခွက်ခန့်) သောက်သုံးရုံမျှဖြင့် သေဆုံးရန်လုံလောက်ကြောင်း ပညာပေးပြောကြားသွားခဲ့ပါတယ် ။
ဆေးရုံးများမှ သက်ဆိုင်ရာ ရဲစခန်းများသို့ သတင်းပေးပို့မှု့ များပြားလာသည်နှင့်အမျှ အကောက်ခွန်ဌာန ၊ ရဲဌာန နှင့် ကျန်းမာရေး ဌာနဝန်ထမ်းများပူးပေါင်း ပြီး ယနေ့အထိ ဖမ်းင်္ဆီးစစ်ဆေးမှု့များပြုလုပ်ခဲ့ရာမှ မြန်မာ ၁၀ ဦးအပါအဝင် စုစုပေါင်း ၁၅ ဦး ဖမ်းဆီးမိခဲ့ပြီး တရားမဝင်အရက်ပုလင်းထောင်ကျော်ကို ဖမ်းဆီးခဲ့ပါတယ် ။
ပြီးခဲ့တဲ့ April ၁၂ ရက်နေ့က စွန်ဂိုင်းမတီ ရှိ အိမ်ခြေပြတ်သော နေရာရှိ အိမ်တစ်အိမ်အား စောင့်ကြည့်ရှာဖွေ ရာမှ မြန်မာတံဆိပ်အရက် များစွာ ဖမ်းဆီးမိထားကြောင်း Malaysia Kini သတင်းဌာနမှ ဖော်ပြသွားခဲ့ပြီး အဆိုပါအရက်များနှင့်အတူ မြန်မာ ၁၀ ဦးဖမ်းဆီးမိကြောင်း ပိုင်ရှင်ကို ဆက်လက်ရှာဖွေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်သွားပါတယ် ။
မလေးရှား ဆာဘ ဒေသမှ ဒေသခံများအပါအဝင် ယနေ့အထိ သေဆုံးသူ ၃၀ ကျော်ရှိနေပြီး အဆိုပါ အဆိပ်ပါဝင်သော အရက်များအားဆက်လက်ရှာဖွေစုံစမ်းနေဆဲဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကူညီပေးရန် မလေးရှား အဖွဲ့အစည်းများမှ တရားဝင် ထုတ်ပြန်ထားပါတယ်။ အဆိုပါ အဆိပ်သင့်အရက်များ နှင့်ပတ်သက်ပြီး မည်သည့်အချက်အလက်ကိုဖြစ်စေ ဖုန်းနံပတ် ၀၃ ၅၁၂၃ ၇၃၃၃ သို့ဖြစ်စေ email - sprc_sel@sel.moh.gov.my သို့ဖြစ်စေ သတင်းပေးပူးပေါင်းကူညီသွားရန် မလေးရှား နိုင်ငံအာဏာပိုင်အဖွဲ့အစည်းများမှ တရားဝင်ကြော်ငြာထားကြောင်း မလေးရှားရောက် ရွှေညီအကိုမောင်နှမများအား ဘာသာပြန်တင်ဆက်ပေးလိုက်ပါသည် ။
www.edinooyin.com