Samsung သည် ယင်းတိှု့ ထုတ်လုပ်သည့် Ultrabook များထဲ၌ အကောင်းဆုံးနှင့် အဆင့်အမြင့်ဆုံး Series 9 လိုင်း၏ အသစ်စက်စက် ၁၃ လက်မ Premium Ultrabook အား ထုတ်ဖော်ပြသခဲ့သည်။
ဤ Ultrabook သည် ထောင့်ဖြတ်အကျယ် ၁၃ လက်မရှိ 1080p Full HD မျက်နှာပြင် ပါဝင်ပြီး အလေးချိန်အားဖြင့် ၂.၅ ပေါင်သာရှိကာ ၁၂.၄” x ၈.၆” x ၀.၅” အရွယ်ရှိမည်ဖြစ်သည်။
စက်ပိုင်းဆိုင်ရာတွင်လည်း လွန်စွာမှ ကောင်းမွန်ပြီး ကြောက်မက်ဖွယ် 2 GHz Quad-core i7 ပရော်ဆက်ဆာ တပ်ဆင်ပေးထားကာ 4GB RAM ၊ 128GB SSD နှင့် ဂရပ်ဖစ်ကဒ်အဖြစ် Intel HD Graphics 4000 GPU တို့ ပါဝင်မည်ဖြစ်သည်။ ဤ Ultrabook သည် ၁၀ စက္ကန့်အတွင်း ပွင့်ကာ အသင့်အနေအထား ရှိနေနိုင်ပြီး sleep အနေအထားမှလည်း ချက်ခြင်းပင် ပြန်လည်အသုံးပြု နိုင်မည်ဖြစ်သည်။
ကိုယ်ထည်မှာ အလူမီနီယံ တစ်ဆက်တည်းကိုယ်ထည်ဖြစ်ပြီး
အထက်ပါ အချက်များကို ကြည့်ခြင်းအားဖြင့် Samsung အနေဖြင့် ပုံစံဒီဇိုင်းသာ သေသပ်လှပရုံမက စွမ်းဆောင်ရည် မြင့်မားသည့် Ultrabook တစ်လုံးအား ထပ်မံထုတ်လုပ် လိုက်သည်ဟု ဆိုနိုင်ပါသည်။
ဈေးနှုန်းအရမူ အခြား စွမ်းရည်မြင့် ထိပ်တန်း Ultrabook များနည်းတူ ဒေါ်လာ ၁၄၀၀ ပတ်ဝန်းကျင် ကျသင့်မည်ဖြစ်သည်။
Myanmar Consumer Guide