Pages

အင်တာနက်ဆိုင်နှင့်ဂိမ်းဆိုင်အများအပြားညစ်ညမ်းကားများ အလွယ်တကူကြည့်နိုင်အောင် စီစဉ်၍ သုံးစွဲသူလျော့ကျလာမှုကို ဆွဲဆောင်မြှင့်တင်လာ


သုံးစွဲသူ နည်းပါး၍ ဝင်ငွေကျဆင်းမှုများ ဖြစ်ပေါ်နေသော အင်တာနက်ဆိုင်အချို့ ကွန်ပျူတာတွင် ညစ်ညမ်းဗီဒီယိုဇာတ်ကားများ အခမဲ့ထည့်သွင်း နည်းလမ်းဖြင့် သုံးစွဲသူများအား ဆွဲဆောင်မှုပြုလုပ်နေကြောင်း သိရသည်။

ယင်းသို့ ပြုလုပ်လာမှုသည် အင်တာနက်သုံးစွဲမှု နည်းပါးသည့် နယ်မြို့များတွင်သာမက ရန်ကုန်မြို့ ရှိ အချက်အချာကျသည့် မြို့နယ် များတွင်ပါ ပြုလုပ်လျက်ရှိနေသည်။

”ပြီးခဲ့တဲ့လက တောင်ငူသွားတုန်းက အင်တာနက်သုံးချင်လို့ ဆိုင်သွားသုံးတယ်။ ဒက်စတော့ပေါ်မှာ ညစ်ညမ်းပုံတွေ၊ ဇာတ်ကားတွေ တွေ့ခဲ့ရတယ်။ အခု ရန်ကုန် ပြန်ရောက်တော့ ဆိုင်သွားသုံးတော့လည်း ဒီပုံစံတွေ ထပ်မြင်နေရ တယ်။ လူဝင်ဖို့သက်သက်နဲ့ အခု လိုမျိုးအရှက်သိက္ခာမဲ့ လုပ်ရပ်တွေ တော့ မပြုလုပ်သင့်ပါဘူး” ဟု လသာမြို့နယ်မှ မသက်စုအောင် က ပြောသည်။
ယင်းအပြင် အချို့အင်တာနက် ဆိုင်များမှာ ညစ်ညမ်းကားများကို ပေါ်လွင်အောင် ဒက်စတော့ပေါ် တွင် တင်မထားသော်လည်း My Computer , My Document ဖိုင်များတွင် ဖိုဒါ (Folder)များ ပြု လုပ်၍ သုံးစွဲသူကြည့်ရှုရန် ထားရှိ ပေးနေကြောင်း ပုဇွန်တောင်မြို့ နယ် လိပ်ကန်လမ်းမှ အင်တာနက် သုံးစွဲသူတစ်ဦးက ပြောသည်။

ShareThis