Pages
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Showing posts with label ဟာသများ. Show all posts
Showing posts with label ဟာသများ. Show all posts
တရုတ် နိုင်ငံတွင် သုက်ပိုး အလှူရှင် များအား ဆုကြေးငွေ ဆယ်သိန်း ပေးအပ်မည်
Photo: တရုတ် နိုင်ငံတွင် သုက်ပိုး အလှူရှင် များအား ဆုကြေးငွေ ပေးအပ်မည်  တရုတ်နိုင်ငံ ဟန်ကျိုး မြို့တော်ရှိ ကျဲကျန်းသုက်ပိုး စုဆောင်းရေး ဘဏ်တစ်ခုသည် သုက်ပိုး လှူဒါန်းသူ စေတနာရှင် များအား ဆုကြေးငွေယွမ် ၆၀၀၀ (စင်ကာပူ ဒေါ်လာ ၁၂၀၀) ပေးအပ် သွားမည်ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်၌ ထုတ်ပြန်ခဲ့သည်။  တရုတ် နိုင်ငံတွင် သုက်ပိုးဘဏ် တည်ထောင်ပြီး နှစ်နှစ် ကြာပြီးနောက် သုက်ပိုး အလှူရှင် ဦးရေသည် ထက်ဝက်နီးပါး ကျဆင်းခဲ့ပြီး လှူဒါန်းသည့် သုက်ပိုးများ အနက် ၃၀ ရာခိုင်နှုန်း ခန့်ရှိ သုက်ပိုးများ သာလျှင် သတ်မှတ်ချက် ပြည့်မီကြောင်း သုက်ပိုးဘဏ်ရှိ ကျန်းမာရေး ဆရာဝန် တစ်ဦးဖြစ်သူ ကျန်းကျွမ်ရုန်က ပြောကြားခဲ့သည်။  http://bit.ly/13Iz60S  မြ၀တီ
တရုတ်နိုင်ငံ ဟန်ကျိုး မြို့တော်ရှိ ကျဲကျန်းသုက်ပိုး စုဆောင်းရေး ဘဏ်တစ်ခုသည် သုက်ပိုး လှူဒါန်းသူ စေတနာရှင် များအား ဆုကြေးငွေယွမ် ၆၀၀၀ (စင်ကာပူ ဒေါ်လာ ၁၂၀၀) ပေးအပ် သွားမည်ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်၌ ထုတ်ပြန်ခဲ့သည်။
တရုတ် နိုင်ငံတွင် သုက်ပိုးဘဏ် တည်ထောင်ပြီး နှစ်နှစ် ကြာပြီးနောက် သုက်ပိုး အလှူရှင် ဦးရေသည် ထက်ဝက်နီးပါး ကျဆင်းခဲ့ပြီး လှူဒါန်းသည့် သုက်ပိုးများ အနက် ၃၀ ရာခိုင်နှုန်း ခန့်ရှိ သုက်ပိုးများ သာလျှင် သတ်မှတ်ချက် ပြည့်မီကြောင်း သုက်ပိုးဘဏ်ရှိ ကျန်းမာရေး ဆရာဝန် တစ်ဦးဖြစ်သူ ကျန်းကျွမ်ရုန်က ပြောကြားခဲ့သည်။
http://bit.ly/13Iz60S
မြ၀တီ ဖေ့ပုတ်
မယား ထမ်း ပြေးပွဲ
Photo: မယားထမ်း ပြေးပွဲ Wednesday,May08,2013  မယားထမ်း အပြေးပြိုင်ပွဲ (Wife Carrying Championship) ကို စတင်ပြု လုပ်တဲ့ နိုင်ငံကတော့ ဥရောပတိုက်မှ ဖင်လန်နိုင်ငံတွင် ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က စတင်ပြုလုပ်ပြီး ယနေ့ချိန်မှာတော့ ကမ္ဘာ့နေရာဒေသ အနှံ့အပြား မှာ ရေပန်းစားတဲ့ အားကစားတစ်မျိုး ဖြစ်လာပါတယ်။  အားကစား ဝင်ပြိုင်ဖို့အတွက် ကိုယ်ထမ်းရမယ့် အမျိုးသမီးက ဇနီးသည် မဟုတ်လည်း ရပါတယ်။ သူငယ်ချင်း၊ အိမ်နီးချင်၊ အသိမိတ်ဆွေ အမျိုးသမီး လည်း ထမ်းခွင့်ရှိပါတယ်။ အမျိုးသမီးက အသက် ၁၈ နှစ် အထက် ရှိရ မှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်အလေးချိန်ကလည်း ၄၅ ကီလိုဂရမ် အထက် ဖြစ်ပါတယ်။  သွားရတဲ့ ခရီးက ပြိုင်ပွဲတစ်ခုနဲ့တစ်ခုမတူပါဘူး။ အများစုမှာကတော့ ကုန်းလမ်း၊ ရေလမ်း၊ ရွှံ့ လမ်း၊ မြေပြင်လမ်း တို့ ပါဝင်ပြီး ပင်ပင် ပန်းပန်းပြေး လွှားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအတွင်း ထမ်းထားတဲ့ အမျိုးသမီးကို လွတ်ချ ရင်တော့ ရှုံးမှာ ဖြစ်ပါတယ်။  ပြိုင်ပွဲမှာ ချီးမြင့်တဲ့ ဆုကလည်း ထူးခြားပါတယ်။ ပထမရသူအနေနဲ့ ထမ်းပြေးတဲ့ အမျိုးသား ရမယ့် ဆုကတော့ အမျိုးသမီးရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ဘီယာဖြစ်ပြီး အမျိုးသမီးကတော့ သူနိုင်သလောက် သယ်သွားခွင့် ရှိတဲ့ အမျိုးသမီး အသုံးအဆောင်ပစ္စည်းများ ဖြစ်ပါတယ်။ ဒုတိယ၊ တတိယ တို့လည်း အခြားဆုများ ချီးမြင့်ပါတယ်။ ဒါက ဖင်လန်နိုင်ငံက ဆုပေး စနစ်ဖြစ်ပြီး နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။  ယင်းမယားထမ်းအပြေးပြိုင်ပွဲဟာ ရေပန်းစားလာပြီး ကမ္ဘာ့ချိန်ပီယံရှစ်ပ်ဆို တာမျိုးတော့ လုပ်ပါတယ်။ ကမ္ဘာအနှံ့အပြားက စုံတွဲများ လာရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယ မှာတောင် ၂၀၁၁ ခုနှစ်က စလို့ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။  ပြိုင်ပွဲ၍ ရည်ရွယ်ချက်ကလည်း အမျိုးသားနဲ့ အမျိုးသမီးကြား ချစ်ခင်ရင်းနှီး မှု၊ လက်တွဲလုပ်ကိုင်မှုစွမ်းရည်၊ အမျိုးသားတို့ တာဝန်ယူနိုင်မှု စွမ်းရည် တို့ကို ဂုဏ်ပြုခြင်း ဖြစ်ပြီး ပျော်စရာ ပွဲတော်တစ်ခု အဖြစ် ကျင်းပလာကြတာ ကို တွေ့ရပါတယ်။ --- Ref:unsuafact ရိုးရာလေး ဗဟုသုတ  နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မယားထမ်း အပြေးပြိုင်ပွဲ (Wife Carrying Championship) ကို စတင်ပြုလုပ်တဲ့ နိုင်ငံကတော့ ဥရောပ တိုက်မှ ဖင်လန်နိုင်ငံတွင် ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က စတင်ပြုလုပ်ပြီး ယနေ့ချိန်မှာတော့ ကမ္ဘာ့နေရာဒေ သ အနှံ့အပြား မှာ ရေပန်းစားတဲ့ အားကစားတစ်မျိုး ဖြစ်လာပါတယ်။ အားကစားဝင်ပြိုင်ဖို့အတွက် ကိုယ်ထမ်းရမယ့် အမျိုးသမီးက ဇနီးသည် မဟုတ်လည်းရပါတယ်။ သူငယ်ချင်း၊ အိမ်နီးချင်၊ အသိမိတ်ဆွေ အမျိုးသမီးလည်း ထမ်းခွင့်ရှိပါတယ်။ အမျိုးသမီးက အသက် ၁၈ နှစ် အထက်ရှိရမှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်အလေးချိန်ကလည်း ၄၅ ကီလိုဂရမ် အထက် ဖြစ်ပါ တယ်။
သွားရတဲ့ ခရီးက ပြိုင်ပွဲတစ်ခုနဲ့တစ်ခုမတူပါဘူး။ အများစုမှာကတော့ ကုန်းလမ်း၊ ရေလမ်း၊ ရွှံ့ လမ်း၊ မြေပြင် လမ်းတို့ပါဝင်ပြီး ပင်ပင်ပန်းပန်းပြေးလွှားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအတွင်း ထမ်းထားတဲ့အမျိုးသမီးကို လွတ်ချ ရင်တော့ ရှုံးမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာချီးမြင့်တဲ့ ဆုကလည်းထူးခြားပါတယ်။ ပထမရသူအနေနဲ့ ထမ်းပြေးတဲ့အမျိုးသား ရမယ့် ဆုကတော့ အမျိုးသမီးရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ဘီယာဖြစ်ပြီး အမျိုးသမီးကတော့ သူနိုင်သလောက် သယ်သွားခွင့်ရှိတဲ့ အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ ဖြစ်ပါတယ်။ ဒုတိယ၊ တတိယ တို့လည်း အခြား ဆုများ ချီးမြင့်ပါတယ်။ ဒါက ဖင်လန်နိုင်ငံက ဆုပေး စနစ်ဖြစ်ပြီး နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။
ယင်းမယားထမ်းအပြေးပြိုင်ပွဲဟာ ရေပန်းစားလာပြီး ကမ္ဘာ့ချိန်ပီယံရှစ်ပ်ဆို တာမျိုးတော့ လုပ်ပါတယ်။ ကမ္ဘာအနှံ့အပြားက စုံတွဲများ လာရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာတောင် ၂၀၁၁ ခုနှစ်က စလို့ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။
ပြိုင်ပွဲ၍ ရည်ရွယ်ချက်ကလည်း အမျိုးသားနဲ့ အမျိုးသမီးကြား ချစ်ခင်ရင်းနှီး မှု၊ လက်တွဲလုပ်ကိုင်မှုစွမ်းရည်၊ အမျိုးသားတို့ တာဝန်ယူနိုင်မှု စွမ်းရည် တို့ကို ဂုဏ်ပြုခြင်း ဖြစ်ပြီး ပျော်စရာ ပွဲတော်တစ်ခု အဖြစ် ကျင်းပလာကြတာ ကို တွေ့ရပါတယ်။
Ref:unsuafact
ရိုးရာလေး ဗဟုသုတ
ဝမ်းချုပ်တာကိုသက်သာစေဖို့ စအိုထဲ နို့ပုလင်းထိုးသွင်းခဲ့တဲ့လူ
ကြုံမကြုံဘူးပေါင်ဗျာ . . အမည်မဖော်ပြလိုသူ အသက် ၆၀ အရွယ်အမျိုးသားတစ်ယောက်ဟာ ၀မ်းချုပ်ခြင်း သက်သာစေဖို့ ရည်ရွယ်နဲ့ လုပ်ခဲ့တဲ့အရာတစ်ခုကတော့ သူကိုယ်တိုင် ပြန်လည် မထုတ်တတ်အောင် ဖြစ်ခဲ့ ရပါတယ် ။ တရုတ်ပြည် Zhual မှ ဆေးရုံတစ်ခုဆီသို့ သူဟာ ဒီလိုအခြေအနေဖြစ်ဖြစ်ခြင်း အလျှင်အမြန် သွားရောက် ခဲ့ပြီး တာဝန်ရှိသူတွေကို သူဘယ်လို ခံစားနေရကြောင်းပြောပြခဲ့ပါတယ် ။
သူဟာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတစ်ခုနဲ့ သူ့ရဲ့ အူတွေကို လှုပ်ရှားအောင် ကြိုးစားပြီး ၀မ်းချုပ်ခြင်းကို သက်သာစေဖို့ ကြိုးပမ်းခဲ့သတဲ့ဗျာ ။ နားမလည်နိုင်စရာအချက်ကတော့ သူဟာ ဘာကြောင့် ဆေးခန်းတစ်ခုခုကို သွားပြီး သောက်ဆေးတွေရဲ့အကူအညီကို မရယူခဲ့သလဲဆိုတာပါပဲ ။ ဒါပေမယ့် ဒါကတော့ သူပေးတဲ့ အကြောင်းပြ ချက်ပါပဲ ။ သူ့ရဲ့ဓါတ်မှန်ကတော့ ကမ္ဘာ့အဆိုးရွားဆုံး ဓါတ်မှန်တွေထဲမှာ စာရင်းဝင်ခဲ့ပါပြီ ။
သက်တန့်ချို
ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကိုအထောက်အကူပြု
Photo: ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကိုအထောက်အကူပြု  ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကိုအထောက်အကူပြုတယ်။  ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။   သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ “နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ” လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …  ၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကိုချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။  ၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။  ၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။  ၄။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။  ၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။  ၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံးဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။  ၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကိုနမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။  သော်တာမောင် (စမ်းချောင်း)
ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။
သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ “နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ” လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့
စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …
၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကိုချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။
၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။
၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။
၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။
၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။
၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံးဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။
၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကိုနမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။
သော်တာမောင် (စမ်းချောင်း)
အင်တာဗျူးဟာသ
မေး။ ။အကောင်းမြင်တဲ့လူ ဟာ ဘယ်လိုလူမျိုးလဲ။
ဖြေ။ ။သတင်း အပြည့်အစုံ မရ တဲ့ သူ ပါ။
မေး။ ။လူတယောက်ကိုတနေ့လုံးမနားရအောင်ခိုင်းနည်း။သိပါသလား။
ဖြေ။ ။စာရွက်အလွတ် တစ်ရွက်ယူပီး။နောက်ကျောကို ကြည့် လို့ နှစ်ဖက်လုံးမှာရေးလိုက်ပါ။
မေး။ ။နိဗ္ဗာန် နဲ့ ငရဲ ဘယ်ဟာကပိုသာတယ် ထင်သလဲ။
ဖြေ။ ။ရာသီဥတု ရှူ့ထောင့်ကကြည့်ရင်...နိဗ္ဗာန်..ကပိုသာပါတယ်။ဒါပေမဲ့ ငရဲမှာက အပေါင်းအသင်းပိုများပါတယ်။
မေး။ ။ဆေးရုံနဲ့ထောင်ဘာကွာလဲ။
ဖြေ။ ။ဘာမှမကွာပါဖူး။ဒါပေမဲ့ ထောင်မှာက ကိုယ်နေရမဲ့ သက်တမ်းကိုသိပါတယ်။
မေး။ ။ဆံပင်မဖြူအောင်ဘာလုပ်ရမလဲ။
ဖြေ။ ။ကတုန်း တုန်း ရပါမယ်။
မေး။ ။ရိုးသားတဲ့လူကိုဝယ်လို့ရလား။
ဖြေ။ ။ဝယ်လို့မရပါဖူး။ရောင်း....လို့တော့ရပါတယ်။
မေး။ ။သားဖွားတာ ဘယ်နှစ်မျိုးရှိပါသလဲ။
ဖြေ။ ။သုံးမျိုးရှိပါတယ်။
မင်္ဂလာမဆောင်ခင်တနှစ်အလိုမှာမွေးဖွားရင် အချိန်မရောက်ပဲ..မွေးဖွားခြင်း။
ယောက်ကျားသေပီး တစ်နှစ်အကြာမှာမွေးရင် နောက်ကျပီးမွေးဖွားခြင်း ။
ကိုယ့်မိန်းမမဟုတ်ပဲ အိမ်နားနီးချင်းမိန်းမက မွေးဖွားရင် မှားယွင်းသောမွေးဖွားခြင်း။
မေး။ ။ပျော်ရွှင်ခြင်းနဲ့ ၀မ်းနဲခြင်း ကိုဥပမာပေးပါ။
ဖြေ။ ။ပိုက်ဆံအိပ်ကောက်ရရင်ပျော်ရွှင်ရပါတယ်။အဲ။....အဲဒီပိုက်ဆံအိတ်ပိုင်ရှင်ပေါ်လာရင် တော့ ၀မ်းနည်းရပါတယ်။
မေး။ ။အကောင်းဆုံးပိန်နည်း ကဘာလဲ။
ဖြေ။ ။ဗိုက်ထဲမှာ ဘာမှ မရှိရင် ဘာမှ မစားပါနဲ့။
မေး။ ။ရေဒီယိုနဲ့ ရုပ်မြင် သံကြားဘာကွာပါသလဲ။
ဖြေ။ ။ရေဒီယိုမှာက စိတ် အနှောက်အယှက်ကို ကြားပဲကြားရပါတယ်....ရုပ်မြင်သံကြားမှာကြတော့ သူတို့ကို မြင်ပါမြင်ရပါတယ်။
မေး။ ။ချစ်သူနဲ့ဖက်ရမ်းနမ်းရှုပ်စဉ်မှာ အမျိုးသမီးများ ဟာ ဘာလို့ မျက်စိမှိတ်ထားကြပါသလဲ။
ဖြေ။ ။အရင်က...နမ်းခဲ့တဲ့ သူတွေအကြောင်းကို စဉ်းစားနေလို့ပါ။
မေး။ ။ဘယ်အချိန်မှာ မိန်းမတွေ အတင်း အဖျင်းအနဲဆုံးပြောကြပါသလဲ။
ဖြေ။ ။ဖေဖော်ဝါရီလပါ။အတိုဆုံးလ ဖြစ်လို့ပါ။
မေး။ ။မိန်းမ နဲ့ ယောက်ကျား ဘာခြားနားသလဲ။
ဖြေ။ ။မိန်းမတယောက်လိုချင်တာကအများကြီးပါ။ဒါပေမဲ့ ယောက်ကျားတယောက်ထဲဆီမှဖြစ်.....ပါတယ်။
ယောက်ကျားကတော့ တခုပဲလိုချင်ပါတယ်။အဲ...မိန်းမအများကြီးဆီကပါ။
မေး။ ။ဘ၀ နဲ့ရင်းပီး မှတ်ကျောက်အတင်ခံနိုင်တဲ့ အမှန်တရားဆိုတာ ဘာကိုပြောတာလဲ။
ဖြေ။ ။အကြိမ်ကြိမ် ကျူးလွန်မိတဲ့ အမှားပါ။
မေး။ ။အိမ်ထောင်ရေး သာယာမှု ရအောင်ဘာလုပ်ရမလဲ။
ဖြေ။ ။အသက် ၇၀ ကျော်မှ အိမ်ထောင်ပြုပါ။
မေး။ ။အစားအစာတခုဖြစ်တဲ့ မှိုမှာ ဘယ်လိုမှိုမျိုးကိုစားလို့ရပါသလဲ။
ဖြေ။ ။အားလုံးကိုစားလို့ရပါတယ်။ဒါပေမဲ့ တချီု့ မှိုတွေကိုတော့ တခါပဲစားလို့၇ပါတယ်။
မေး။ ။ခုခေတ်မှာ အံ့သြစရာအကောင်းဆုံးကဘာလဲ။
ဖြေ။ ။ပညာမဲ့သူတွေစင်ပေါ်တက်ဟောပြောနေတာ က အံ့သြစရာအကောင်းဆုံးမဟုတ်ပါဖူး။
ပညာရှိတွေက အဲဒီလူတွေကို သြဘာပေးနေတာက အံ့သြစရာအကောင်းဆုံးပါ။
မေး။ ။ယောက်ကျားတွေထက်မိန်းမတွေ အသက်ပိုရှည်တယ်ဆိုတာမှန်ပါသလား။
ဖြေ။ ။အတိအကျတော့မသိပါဖူး။ဒါပေမဲ့ မုဆိုးမတွေက အသက်ပိုရှည်တာ အမှန်ပါ။
မေး။ ။ခွဲစိတ်ဆရာဝန်တွေဟာ ဘာလို့ သူတို့မျက်နှာကို အ၀တ်နဲ့ ဖုံးထားပါသလဲ။
ဖြေ။ ။ခွဲစိတ်တာမအောင်မြင်ရင် ....သူတို့ ကို မမှတ်မိအောင်လို့ပါ။
မေး။ ။ထောက်လှမ်းရေးနဲ့ သူလျှို ဘာခြားနားပါသလဲ။
ဖြေ။ ။ထောက်လှမ်းရေးက ကျုပ်တို့လူ။သူလျှိုက သူတို့လူ။
မေး။ ။ဒီအလုပ်( လုံခြုံရေးမှုး )အတွက်လိုအပ်တဲ့အရည်အချင်းတွေ မင်းမှာရှိလား။
ဖြေ။ ။ရှိပါတယ်။အသံနဲနဲကြားတာနဲ့ကို အိပ်နေရာကနေ ချက်ချင်းနိုးတတ်ပါတယ်။
တိန်
ရီမောပျော်ရွှင်ပါစေ
ကိုလုံ
ဟာသလေးတွေ.......
 အမေရိကန်နိုင်ငံ၌ ၀က်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီး စုံစမ်းလေ၏။
“ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေ ကျွေးသလဲဗျ
“ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီး ကျွေးပါတယ်” “ကြားရတာ စိတ်မကောင်းစရာပဲ။ ကျွန်တော်က ကမ္ဘာ့တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အရာရှိပါ။ အခုလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက် ခင်ဗျားကို ဒေါ်လာ (၁၀၀၀) ဒဏ်ငွေရိုက်ရပါလိမ့်မယ်”
ဒဏ်ငွေဆောင်ပြီး (၃) လခန့် ကြာပြန်သော် နောက်ထပ် လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံစမ်းပြန်၏။
“ခင်ဗျား ၀က်တွေကို ဘယ်လိုအစာတွေ ကျွေးသလဲဗျ”
“ဟုတ်ကဲ့။ ပေါင်မုန့်ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီး ကျွေးပါတယ် ခင်ဗျာ”
“အားပါး- အံ့သြစရာပဲ။ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ။ ကမ္ဘာကြီးရဲ့ လူဦးရေ လေးပုံတစ်ပုံလောက် နှစ်စဉ် အငတ်ဘေးကြုံနေရတာကိုတောင်မှ ခင်ဗျားက ခြိုးခြံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက် ခင်ဗျားကို ဒေါ်လာ (၁၀၀၀) ဒဏ်ငွေရိုက်ပါတယ်”
ဒဏ်ငွေဆောင်ပြီး များမကြာမီ နောက်တစ်ဦး လာပြန်လေ၏။
“ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေ ကျွေးပါသလဲ ခင်ဗျား”
“တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ်”
......................................................................................
တစ်နေ့မှာ အဘွားတစ်ယောက်ဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုသွားပြီးတော့ အိမ်က သူ့ခွေးလေး အတွက် ခွေးစာသွားဝယ်ပါတယ်။ ခွေးစာဝယ်ပြီး ပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာက ငွေကိုင် မိန်းကလေးက ..
” ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနိုင်မှ ရောင်းပေးလို့ရပါမယ် ” လို့ ပြောတယ်။
ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကိုယူလာခဲ့ပါမှ ခွေးစာဝယ်ယူခွင့်ရသွားပါတယ်။
... နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီလေးအတွက် ကြောင်စာ လာဝယ်ပြန်ပါတယ်။ဒီအခါမှာလည်း ကောင်တာက ငွေကိုင် မိန်းကလေးက မနေ့ကလို အလားတူ ပဲ… ” ကျွန်မတို့ဆိုင်မှာ ကြောင်စာဝယ်မယ်ဆိုရင် အဘွားရဲ့ကြောင်ကို ပြနိုင်မှ ရောင်းပေး လို့ရပါ့မယ် ” လို့ ပြောပြန်တယ်။
အဘွားလည်း ဒီမိန်းကလေး တယ်ရစ်ပါလားလို့တောင် မစဉ်းစားတော့ပဲ အိမ်ပြန်ပြီး သူ့ကြောင်မလေးကို ခေါ်ယူလာပြပါတယ်။ ဒါနဲ့ နောက်ဆုံး အဘွားလည်း ကြောင်စာ ၀ယ်ခွင့်ရခဲ့ပါတယ် ။
တတိယနေ့မှာ အဘွားဟာ ကုန်စုံဆိုင်လေးကို ထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ အဘွားလက်ထဲမှာ ကဒ်ထူပုံးငယ်လေး တစ်ခု ပါလာ ပါတယ်။ အဘွားက ကောင်တာက ငွေကိုင် မိန်းကလေးဆီ တန်းသွားလိုက်တယ်။ နောက်.. သူ့ကောင်တာရှေ့မှာရပ်လျှက်က လက်ထဲက ကဒ်ထူပုံး လေးကို ဆန့်တန်းပေးရင်း…
” ငါ့မြေး.. အထဲကို လက်ကလေးနှိုက် စမ်းကြည့်လိုက်စမ်း” လို့ ပြောလိုက်ပါတယ်။ မိန်းကလေး လဲ သူလက်ကလေးဆန့်တန်းလို့ ပုံးထဲ နှိုက်ကြည့် လိုက်တော့ ပူနွေးပြီး နူးညံ့နေတဲ့ အတွေ့ အထိကို သူလက်ဖျားလေးတွေမှာ ခံစားမိလိုက်ပါတော့တယ်။ ဒါနဲ့ မိန်းကလေးလည်း ဇဝေဇ၀ါဖြစ်နေတုန်း အဘွားက အခုလိုပြောလာပါတယ်။
” အဘွားကို အိမ်သာသုံး စက္ကူ တစ်လိပ်လောက်ရောင်းပါကွယ် ” ..တဲ့။
ရီမောပျော်ရွှင်ပါစေ....
(ကိုသောင်း ပုလဲမြေ - မှ ကူးယူတင်ပြပါသည်။)
သင် ဦးနှောက်ကို ယောင်္ကျား ဦးနှောက်လား မိန်းမ ဦးနှောက်လား ခွဲခြားနည်း
အရမ်းမိုက်တယ် (ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါ ပြီးရင်စမ်းကြည့်ပါနော်သူ
ငယ်ချင်းတို့ )
လူဆိုသည်မှာယောကျာ်းနဲ့မိန်းမပာ
ူပြီးနှစ်မျိုးကွဲပြားခြားနားကြပါသည်။
သို့သော်အချို့သောသူများသည်ယောက
ျာ်းများဖြစ်ကြပြီးမိန်းမစိတ်(အခြောက်)ဖြစ်နေတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော မိန်းမဦးနှောက်ဖွဲ့စည်းပုံ
နှင့်မွေးဖွားလာသောကြောင့်ဖြစ်သ
ည်။ အချို့က မူ ယောကျာ်းဦးနှောက်
နှင့်မိန်းမများလည်းဖြစ်တတ်နေကြ
ပါသည်။
ဆု
ိလိုသည်မှာလူတိုင်းတွင်ယောကျာ်းဦးနှောက်နှင့်မိန်းမဦးနှောက်နှစ်မျိုးကွဲ
ကြပါသည်။အောက်ကစာသားလေးတစ်ကြောင
်းသည်သင့်၏ဦးနှောက်အမျိုး
စားကိုခွဲခြားပေးနိင်ပါသည်။စာသာ
းကို ၁၅ စကန့်အတွင်းဖတ်ပြီး " F " အလုံး
အရေတွက်ကို ရေတွက်ယုံပါပဲ။ ပာာသမပာုတ်ပါ အမြန်ဖတ်ကြည့်ပါ။
FINISHED FILES ARE THE
RESULT OF YEARS OF SCIENTIFIC
STUDY COMBINED WITH THE
EXPERIENCE OF YEARS
ကဲ F ဘယ်နှစ်လုံးတွေ့ကျလဲအစ်ကိုတို့အ
စ်မတို့
မလိမ်ကြေးနော်၊အမှန်တိုင်းဖြေမှ
ာ သင့်အတွက်တိကျတဲ့အဖြေထွက်မှာပါ။
F သုံးလုံးတွေ့တယ်မလား၊ပာုတ်တယ်မလ
ား။
( F သုံးလုံးပဲတွေ့တယ်ဆို၇င်တော့ သင့်ဦးနှောက်ပာာယောကျာ်းဦးနှောက
်အ
မျိုးစားဆိုတာအတိကျပါပဲ )
တစ်ကယ်တော့ သင်မှားနေပါတယ် ။ F အေ၇တွက်ပေါင်းအားလုံးခြောက်လုံး
တိတိရှိပါတယ်။မယုံရင်အချိန်ပေြး
ပီးသေသေချာချာပြန်ဖတ်ပါ။
FINISHED FILES ARE THE
RESULT OF YEARS OF SCIENTIFIC
STUDY COMBINED WITH THE
EXPERIENCE OF YEARS
သင်မတွေ့ခဲ့တယ် F တွေက OF ဆိုတဲ့စာလုံးက F တွေပါ ။ ဘာကြောင့်လဲ
ဆိုတော့ယောကျာ်းဦးနှောက်များက OF ဆိုတဲ့စကားလုံးကို မတွက်ချက်နိင်
ပါဘူး ။တွက်ချက်၇ာတွင် မိန်းမများထက် OF ဆိုသည့်စကားလုံးကိုကျော်
ကျော်သွားကြပါသည်။
F ခြောက်လုံးစလုံးကိုတွေ့ရှိသူမျာ
းကတော့ မိန်းမဦးနှောက်ဖွဲ့စည်းပုံ၇ှိတဲ့သူတွေ
ပါ။
ကဲ..........ဘယ်လောက်မိုက်လဲ သင့်ပတ်ဝန်းကျင်ကလူတွေကိုစမ်းသပ
်လို့ရ
ပြီပေါ့......................
Credit to ကို Aung Ko Min
အိပ်သည်ဖြစ်စေ မအိပ်သည် ဖြစ်စေ
ကိုယ်ပိုင်ကားဖြင့် ခရီးဝေးသွားတဲ့ အမျိုးသမီး တစ်ဦးဟာ ပင်ပန်းလို့ ဟိုတယ်တစ်ခုမှာ ဝင်တည်းပါတယ်။
သူမအနေနဲ့ လေးနာရီပဲ ခဏအိပ်ပြီး ခရီးဆက်သွားဖို့ ဖြစ်ပါတယ်။ လေးနာရီ အိပ်ပြီးနောက် အောက်ဆင်းလာ ပြီး ဟိုတယ်တည်းခိုခ ရှင်းပါတယ်။
တည်းခိုခရှင်းတော့ ဒေါ်လာ ၄ ထောင်တောင် ကုန်ကျပါတယ်။ ဒီတော့ ဒါကို မကျေနပ်တဲ့အတွက် မန်နေဂျာကို ကွန်းပလိန့်တက်ပါတယ်။ မန်နေဂျာ ကတော့ အောက်ပါအတိုင်းရှင်းပါတယ်။
"ကျနော်တို့ ဟိုတယ်က ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ပါ။ ရေကူးကန်လည်း ရှိပါတယ်"
အမျိုးသမီး - ဒါပေမယ့် ကျမ မသုံးဘူးလေ။
မန်နေဂျာ - ကမ္ဘာကျော်အဆိုတော်တွေလည်း လာရောက် ဖျော်ဖြေပါတယ်။
အမျိုးသမီး - ကျမ သွားမကြည့်ခဲ့ပါဘူး။
မန်နေဂျာ - အေးဆေး ကိုယ်လက်သန့်စင်ဖို့အတွက် ချွေးထုတ်ခန်း ရှိပါတယ်။
အမျိုးသမီး- အဲဒါလည်း ကျမသုံးဘူး။
မန်နေဂျာ - ကမ္ဘာ့အကောင်းဆုံး ဝိုင်နဲ့အရက်များလည်း ပေးထားပါတယ်။
အမျိုးသမီး - အဲဒါတွေလည်း ကျမ မသောက်ခဲ့ဘူး။
မန်နေဂျာ - စိတ်မရှိပါနဲ့မ။ သုံးသည်ဖြစ်စေ၊မသုံးသည်ဖြစ်စေ ကျနော်တို့ကတော့ အသုံးပြုစရိတ်ပါပေါင်းပြီး ဒေါ်လာ ၄ ထောင် ယူပါတယ်။
အမျိုးသမီး - ဟုတ်ပီလေ။ ရော့ ဒီမှာ ဒေါ်လာ ၁ ထောင်။
မန်နေဂျာ - ၄ ထောင်ပေးရမှာလေ မမလေး။
အမျိုးသမီး - အင်းဟုတ်တယ်။ ရှင် ကျမနဲ့ အိပ်ခအတွက် ၃ ထောင်ရစရာ ရှိတယ်လေ။ အဲဒါဖြတ်လိုက်တယ်။
မန်နေဂျာ - ကျနော်ဘယ်တုန်းက အမ နဲ့အိပ်ခဲ့လို့လဲဗျာ။
ဒီတော့ အမျိုးသမီးက အောက်ပါအတိုင်း ဖြေပြီး လှည့်ထွက်သွားပါတယ်။
စိတ်မရှိပါနဲ့ ရှင်။ အိပ်သည်ဖြစ်မအိပ်သည်ဖြစ်စေ။ ကျမကတော့ ဒါကို ပေါင်းပြီး ကုန်ကျစရိတ် ထည့်တွက်ပါတယ်။
--
www.aungkomin.com
--
ကျွန်တော်စာမလုပ်ရသည့် အကြောင်းအရင်း
ဆရာမ - ဟိုကျောင်းသားလေး..၊ မင်းဘာလို့ စာမလုပ်တာလဲ။
ကျောင်းသား - ဒီလိုရှိပါတယ် ဆရာမ။ တစ်နှစ်မှာ ၃၆၅ ရက်ရှိတယ်။ Sunday ၅၂ ရက်ဖယ်လိုက်ရင် ၃၁၃ ရက်ပဲကျန်တယ်။ အဲ့မှာ နွေရာသီကျောင်းပိတ်ရက်ကို ရက် ၅၀ ထည့်နုတ်တော့ ၂၆၃ ရက်ပဲ ကျန်မယ်။ တစ်ရက်ကို ကျွန်တော်က ၈ နာရီအိပ်တယ်။ ဒီတော့ တစ်နှစ်မှာ ၁၂၂ ရက်ထပ်နုတ်လိုက်တော့ ၁၄၁ ရက်ပဲ ကျန်တယ်။ တစ်ရက်မှာ အားလပ်ချိန်န်က ၁ နာရီဆိုတော့ တစ်နှစ်မှာ ၁၅ ရက်ကုန်ပါတယ်။ ဒါကြောင့် ၁၂၆ ရက်ပဲ ကျန်ပါတယ်။ ၂ နာရီက ထမင်းစားတော့ ရက် ၃၀ဟာ တစ်နှစ်မှ ပြန်ကုန်ပါတယ်။ ဒါကြောင့် တစ်နှစ်လုံးမှာမှ ၉၆ ရက်ပဲ ကျန်ပါတယ်။ သူငယ်ချင်း၊ မိသားစုတွေနဲ့ စကားပြောတာ၊ တွေ့တာက တစ်ရက်ကို တစ်နာရီ ရှိတော့ ၁၅ ရက်ထပ်ကုန်ပါသေးတယ်။ ဒီတော့ ၈၁ ရက်ပဲ ကျန်ပါတယ်။
...
စားမေပွဲဖြေရတဲ့အချိန်တွေကို စုလိုက်ရင် တစ်နှစ်မှာ ၃၅ ရက်စာ ရှိပါတယ်။ ဒီတော့ စာလုပ်ဖို့ ၄၆ ရက်ပဲ ကျန်ပါတယ်။ Public holiday ရက် ၄၀ ထပ်နုတ်တော့ ၆ ရက်ပဲ စာလုပ်ဖို့ ကျန်ပါတယ်။ ၆ ရက်မှာ ၃ ရက်လောက်ကဖျားမယ်။ ၂ ရက်က ခွင့်ယူပြီး အခြားကိစ္စလုပ်မယ်။ ဒီတော့ ၁ ရက်ပဲ ကျန်ပါတယ်။ ကျန်ရှိတဲ့ ၁ ရက်က မွေးနေ့နဲ့ သွားတိုးတော့ ကျွန်တော့မှာ စာလုပ်ဖို့ အချိန် မရှိတော့ပါဘူး။ ဒါကြောင့် ကျွန်တော် စာမလုပ်တော့တာပါ ဆရာမ။
LoLzz.
Ref: mase-funny
Aung Kham (TSJ team)
အပန်းဖြေစရာ၊ ပုံရိပ်ကမ္ဘာ....(ဟာသဓာတ်ပုံတွေပါ။များကြီးပဲနော်)
အပန်းဖြေစရာ၊ ပုံရိပ်ကမ္ဘာ....
အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေ
တာမို့ ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိ
သမျှ ၊ဖေ့ စ်ဘွတ်မှာတွေ့ မိတာ၊ တစ်ချို့ လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေ၊ကာတွန်းပြကွက်
လေးတွေတင်ပြလိုက်ပါတယ်...
အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာ
ချင်းလွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်။ ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသ
တည်း...
မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်
တာနက်မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....
မူရင်းရိုက်ကူးသူမသိပဲကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမတတ်
နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲဝါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ တင်တာ
မို့ သိခဲ့ လျှင်တောင်မှခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာ၊ ကာတွန်းဆရာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...
ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
 သာကီမျိုးဟေ့ ဒို့ ဗမာ...
 လေ့ လာမှတ်သား ပညာရှိစကား...
 အခုတော့ ဖွဘုတ်၊ ဖွရှင်မင်းတရားကြီးတွေဖြစ်နေကြပါပေါ့ လား...
 အကယ်၍သာ မှန်ခဲ့ ပါမူ... အကျွန့် လိုရာ၊ ပြည့် စေသော်....
သင်၏လို၇ာပြည့် စေသော်...
 လျှပ်တစ်ပြက် လူ့ ကဲခတ်နည်း နိဿရည်း...
 အရပ်ထဲလည်းခက်လှပါပြီ... ဒီပွဲရူးကြောင့် ရှက်လှပါသည်...
 စကားပြောလျှင် ဥဏ်ဖြင့် ယှဉ်...
 ဖုန်းတွေမယူခင်....
 သြော်... အိုင်ဖုန်း၊ အိုင်ပတ် ကြောင့် အသဲကွဲ၇တဲ့ ဒုက္ခ...
 တစ်ခေတ်တစ်ခါကပေါ့ ကွယ်....
 နိုင်ငံရေးသမားများ သတိထား...
 ရှောင်လေဝေးဝေး.... ခွေးဖြစ်ဘေး...
 အဟုတ်တကယ်စိုးပါသည်.... ကျူပ်တကယ်ခိုး ( အာဏာ ) ပါသည်....
 ဒီနိုင်ငံမှ မတိုးတက်၊ ဘယ်နိုင်ငံတိုးတက်မလည်း ....
စနေနေ့ တွေခံသွားလို့ ....
 လမ်းဖောက်တဲ့ သူ... လမ်းမပျောက်တဲ့ သူ...
အသေချာဆုံးပါပဲ....
Your love is lifting me higher: World's tallest teen girl towers over boyfriend as they take trip to Brazilian beach
Monday, December 24, 2012
ထို့ ကြောင့် ဤအရာကို...အချစ်ဟုခေါ်ပါသည်
The height of passion: Brazil's tallest teen, Elisany da Cruz  Silva with her boyfriend, Francinaldo da Silva Carvalho in Salinopolis,  Brazil
ကိုယ်ကတော့ မြင့် မြင့် ကိုပဲကြိုက်တယ်... အမြင့် ကိုပဲမှန်းတယ်...
ချစ်ခြင်းနဲ့ သက်သေတည်.... အချစ်သာလျှင်ပဓာန...
The height of passion: Brazil's tallest teen, Elisany da Cruz Silva with her boyfriend, Francinaldo da Silva Carvalho in Salinopolis, Brazil
Loved up: At 6ft 8in-tall, Elisany towers over her smitten  partner, who is just 5ft 4in
အချစ်ကြောင့် မညီမျှမှုဆိုတာလည်းမရှိနိုင်တော့ ပြီ...
Loved up: At 6ft 8in-tall, Elisany towers over her smitten partner, who is just 5ft 4in
Tender: The couple says the extreme height difference does not  matter
အကြည့် ချင်းဆုံလို့ ရင်ခုန်ပြီဆိုယင် အရပ်မြင့် တာ၊ နိမ့် တာတွေမလိုတော့ ပါဘူးလေ....
Tender: The couple says the extreme height difference does not matter
Love no matter what: Francinaldo says his girlfriend, who aspires  to be a model, is a 'beautiful person'
ယောကျာင်္းကိုဘယ်တော့ မှ မော်မကြည့် ရဲဘူးပေါ့ ... 
ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီပေါ့ ....
Love no matter what: Francinaldo says his girlfriend, who aspires  to be a model, is a 'beautiful person'
တုံးခုလို့ မှ လှမ်းမရယင်... ခုန်ပြီးတော့ ခူးမယ်... မှတ်ထားကွယ်...
ငါဟာယောကျာင်္းတစ်ယောက်ဖြစ်တယ်...
Love no matter what: Francinaldo says his girlfriend, who aspires to be a model, is a 'beautiful person'
The pair are happy together and she loves nothing more than  stooping to kiss him and giving him clothes from the top shelf which he  cannot reach
အပြစ်မမြင်ပါဘူး... ချစ်ချင်တာပဲ သိတဲ့ နောက်....
The pair are happy together and she loves nothing more than stooping to kiss him and giving him clothes from the top shelf which he cannot reach
မိန်းကလေးကို ဘယ်လိုများပွေ့ ဖက်နိုင်ပါသလဲလို့ မေးမန်းကြတဲ့ အခါ လိုလျင်ကြံဆနည်းလမ်း၇ဆိုတဲ့ စကားလိုပဲ ဘာမဆိုဖြစ်အောင်လုပ်နိုင်တဲ့ နည်းတွေရှိပါတယ်လို့ သူကဆိုပါတယ်..." ကျွန်တော့် ကောင်မလေးက မိန်းမလှလေးပါဗျာ... အရပ်ကလေးရှည်နေပေမယ့် လည်း လှပါတယ်...မျက်နှာလေးကကို ချစ်စရာကောင်းပါတယ်... ကျွန်တော့် အတွက်ကတော့ အရပ်ရှည်တဲ့ ချစ်သူမိန်းကလေးရတာ အရးမကြီးပါဘူး... ဘယ်သူတွေဘာပဲပြောပြောကျွန်တော်ကတော့ ဂရုမစိုက်ပါဘူး..." လို့ သူကဆိုပါတယ်...
Condition: The pretty 17-year-old who aspires to be a model, has a  form of gigantism caused by a tumour of the pituitary gland.
ဦးနှောက်အကြိတ်ကြောင့် မရပ်မနား အရပ်ရှည်နေပြီးထွားကြိုင်းနေပမယ့် ...
အဓိက ကတော့ အဓိကပါပဲ....
Condition: The pretty 17-year-old who aspires to be a model, has a form of gigantism caused by a tumour of the pituitary gland
Surgeons removed the tumour causing her height condition two years  ago after her story was first publicised
ဆရာဝန်တွေကတော့ ထိုဦးနှောက်အကြိတ်ကို လွန်ခဲ့ တဲ့ ၂ နှစ်ကတည်းကခွဲစိတ်
ဖယ်ရှားခဲ့ ပြီးပါပြီ... သူမအကြောင်း သတင်းတွေမှာဖော်ပြပြီးလို့ လူသိများ
လာခဲ့ ပြီးနောက်ပေါ့ ...
Surgeons removed the tumour causing her height condition two years ago after her story was first publicised
အယ်လစ်စ်နီ စာ အရပ်ရှည်လွန်းတာမို့ ကျောင်းကားလည်းစီးလို့ မရတဲ့ အပြင် အတန်းဖော်တွေကလည်း စနောက်လွန်းတာမို့ ကျောင်းထွက်ခဲ့ ရပါတယ်...." အိမ်မှာနေယင်ပိုတောင်ဆုးပါသေးတယ်... သတိမထားလိုက်တာနဲ့ မျက်နှာကြက်ကသစ်သားတန်းနဲ့ ခေါင်းနဲ့ ဆောင့် မိတော့ တာပါပဲ..." လို့ လည်းသူမကဆိုပါတယ်...သူမဟာ မိခင်ဖြစ်သူ အန်နာမာရီယာဆေးလ်ဗား၊ ပထွေးဖြစ်သူ လူးဝစ်ဇ်ဂျော့ ဂ်တို့ အပြင် ညီမလေးများနဲ့ အတူ အိမ်ငယ်လေးတစ်ခုမှအတူနေထိုင်ပါတယ်...သမီးလေးကတော့  တစ်ခြားသာမန်မိန်းကလေးတွေလိုပဲဖြစ်ချင်တပါပဲ၊ တစ်ခါတစ်လေသူစိတ်မကောင်းဖြစ်မယ်ဆိုတာ ကျွန်မနားလည်ပါတယ်လို့ မိခင်ဖြစ်သူကဆိုပါတယ်... 
Family: Elisany da Cruz Silva with her mother Ana Maria Ramos in  Salinopolis in the north of Brazil
 မအေမတူ၊ ဖအေမတူတဲ့ သမီးရှည်....
Family: Elisany da Cruz Silva with her mother Ana Maria Ramos in Salinopolis in the north of Brazil
Elisany with her mother, Ana Maria Ramos, and sister, Meire. Her  quick growth caused her migraines and pains in her limbs
 မိခင်ဖြစ်သူ မာရီယာ ရာမို့ စ်၊ ညီမဖြစ်သူ မေရာ တို့ နှင့် အတူ...
အရပ်မတန်တဆရှည်လာနေတာမို့ ခေါင်းကိုက်ရောဂါနဲ့ အဆစ်အမြစ်တွေ
ကိုတဲ့ ရောဂါပါရနေရှာပါတယ်...
Elisany with her mother, Ana Maria Ramos, and sister, Meire. Her quick growth caused her migraines and pains in her limbs
Elisany with her mother, Ana Maria Ramos, and sister, Meire. Her  quick growth caused her migraines and pains in her limbs
အချစ်တံဆိပ်ခပ်နှိပ်လို့ ပေးမယ်...
The world's tallest teenage girl walks hands in hands with her boyfriend, the picture of young love despite a staggering 1ft 6in height difference.Elisany da Cruz Silva, 17, measures an unbelievable 6ft 8in tall and has to bend down to plant a kiss on her 5ft 4in lover Francinaldo da Silva Carvalho, 22.The youngster, from Salinopolis in Brazil, has a form of gigantism because of a tumour on her pituitary gland, which regulates growth. Doctors have since removed the tumour.The aspiring model told Vietnam-based broadcaster BTV: 'What really attracted me was his personality, the way he acts with people and the way he acts with me. 'The only thing that really affects us is when we hang out holding hands - it seems like he is my little brother or son.'But I didn't choose him, God did.'Construction worker Francinaldo says his friends ask things about how he hugs her, but he tells them there is a way of doing everything.He added: 'She is a beautiful person. She is tall but she is so pretty, with a beautiful face. I don't mind having a tall girlfriend.'I feel free and relaxed as a person and don't care what people say.'Elisany was too tall to ride the school bus and says she left school because of teasing from classmates.She added: 'It's hard when I'm inside home. I get distracted and hit the wood in the ceiling with my head.Elisany lives in a small house with her sisters and mother Ana Maria Silva and step-father Luiz Jorge.Her mother said: 'I want her be like the other girls because I know she feels weird and sometimes wants to be like them.'
Friday, December 21, 2012
အာရှမှာပဲဒီလိုရှိတယ်အစ်ကို...
 အာရှဒေသက ကမောက်ကမပုံတွေပါပဲ...
တို့ ကအနုပညာကို ငယ်ကတည်းက ဒီလိုခုံမင်မြတ်နိုးတတ်တာလေ...
အဲဒီနိုင်ငံမှာထုတ်လုပ်တာမို့ ကို သတိပေးရတာပါ...
ပျိုတိုင်းကြိုက်တဲ့ ခေါင်းဆောင်ကြီးပေါ့ ... ငယ်ဂုဏ်လေးကလည်းရှိသေးတယ်လေ...
အခုတော့ ပိုင်ရှင်ကြီးနဲ့ .... ( သူ့ မိန်းမတောင် ကိုယ်ဝန်ရှိနေပြီဆိုပဲ...)
စိတ်မပူပါနဲ့ ... မိုးပျံပူပေါင်းမကယ်နိုင်ယင်တောင် ကရိန်း ( ၀န်ချီစက် ) ကကယ်မှာပါ...
ဖိုးကံကောင်းဆိုတာ သူ့ လိုလူမျိုးခေါ်တာထင်တယ်....
အားလုံးပါအောင်သယ်မယ်...
တရုတ်ဘိုးတော် ဦးတည်ဘွားနဲ့ ဆွေမျိုးတော်သလား...
မိန်းမသားမို့ ပါရှင်... ရင်မှာမျိုသိပ်မထားဘူး...ကြင်နာတာတွေကို...
ကွာခြားလိုက်ပုံက...
က္ကုတ္ထိယခေါ်မိန်းမတို့ သည်.... ဒီလိုလေးဆိုလည်းချစ်မှာလား...
အကြံတော်ပိုင်လိုက်ပုံက....
သွပ်ပြားဟာနဲ့ သွပ်ပြားဟာကို....
သံယောဇဉ်အမျှင်တန်းကို ... 
ခပ်မိုက်မိုက်ပဲ... မိုက်ထားလိုက်ပုံကတော့ ...
တို့ ကတော့ ဒီလိုသတင်းဆို ထမင်းထက်ပိုခုံမင်တယ်...
ရထားစီးယင်းလည်း မျက်နှာပေါင်းတင်တာ အာရှမှာပဲရှိမယ်နော်....
တွဲလက်တွေ မယိုင်မလဲ... ခိုင်မြဲစေနော်...
ဘယ်လောက်ပဲရှည်ရှည်... သူထိန်းထားနိုင်တယ်....
ကဲ... ဘာတတ်နိုင်သေးလည်း... ကြိုက်သလောက်ပူပါစေလေ....
ShareThis