Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label လှအပနှင့်Fashion. Show all posts
Showing posts with label လှအပနှင့်Fashion. Show all posts

မိနစ်ပိုင်းတာ သရုပ်ဆောင်ခ ကန်ဒေါ်လာ ၂ သန်းရတဲ့ ဂျိမ်းဆဘွန်းမင်းသား


Photo: မိနစ်ပိုင်းတာ သရုပ်ဆောင်ခ ကန်ဒေါ်လာ ၂ သန်းရတဲ့ ဂျိမ်းဆဘွန်းမင်းသား Wednesday, April 24, 2013  မိနစ်ပိုင်းလောက်ပဲ သရုပ်ဆောင်ရတာ အမေရိကန်ဒေါ်လာ ၂ သန်းရ တယ်ဆို ဘယ်သူယုံပါသလဲ။ တကယ်ရတဲ့ မင်းသား ရှိပါတယ်။ သူကတော့ လက်ရှိ ဂျိမ်းဆဘွန်းမင်းသား ဒန်နီယန်ခရစ် ဖြစ်ပါတယ်။  သူများသားသမီးတွေများ ကံကောင်းချက်က မိုင်ကုန်ပါပဲ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် လို့ခေါ်တဲ့ ဂျိမ်းဆဘွန်းမင်းသား ဒန်နီယမ်ဟာ ကံအကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။ အင်္ဂလန်ဖွား မင်းသားမို့လို့ အင်္ဂလန်ထုတ်ကား Land Rover ကလည်း အားကိုးရှာ ပါတယ်။  နယူးယောက်မော်တောယာဉ်ပြပွဲ စတိတ်စင်ပေါ် တစ်ခါတက်မောင်းပြီး ပရိတ်သတ်ကို ပြုံးပြဖို့ Land Rover က တိုက်တွန်းပါတယ်။ တိုက်တွန်းသလို ဒန်နီယမ် ခရစ် (Daniel Craig) လည်း လုပ်ပါတယ်။ လုပ်ပြီး ပြန်ဆင်းသွားတာ ဘယ်လောက်မှမကြာလိုက်ပါဘူး။ သို့ပေမယ့် အမေရိကန်ဒေါ်လာ ၂ သန်းကြီးတောင် ပေးရပါတယ်။  တွင်သွားတဲ့ စကားတစ်ခုကတော့ ဒန်နီယမ် ကားတစ်ခါမောင်းရင် ကန်ဒေါ်လာ ၂ သန်းပေးရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ယင်းအပေါ် Land Rover ဘယ်လို သဘောရလဲ မေးတော့ "ဒန်နီယမ်ကို ကျေးဇူးတင် ပါတယ်။ သို့ပေမယ့် လာမယ့်နှစ် ဘတ်ဂျတ်အသုံးချရေးမှာတော့ ဒီလိုမလုပ်ဖြစ်တော့ဘူးထင်တာပဲ" လို့ ရှက်ဖြေဖြေသွားပါတယ်။  ရှက်ချင်မှ ရှက်မှာပါ။ Land Rover ဆိုတာ ကမ္ဘာမှာ အောင်မြင်တဲ့ ကားကုမ္မဏီတစ်ခုပါပဲ။ ကန်ဒေါ်လာ ၂ သန်းလောက်ရင်းပြီး မင်းသား တစ်လက် အသုံးပြုမှုလောက်တော့ မှုမယ့်ပုံမပေါ်ပါဘူး။ သို့ပေမယ့် ဒန်နီယမ်ကို နောက်တစ်ခါ ၂ သန်းပေးပြီး ကြော်ငြာ ခိုင်းဖို့ မသေချာတော့ကြောင်း သိရပါတယ်။   TechSpace Journal


မိနစ်ပိုင်းလောက်ပဲ သရုပ်ဆောင်ရတာ အမေရိကန်ဒေါ်လာ ၂ သန်းရတယ်ဆို ဘယ်သူယုံပါသလဲ။ တကယ်ရတဲ့ မင်းသား ရှိပါတယ်။ သူကတော့ လက်ရှိ ဂျိမ်းဆဘွန်းမင်းသား ဒန်နီယန်ခရစ် ဖြစ်ပါတယ်။


သူများသားသမီးတွေများ ကံကောင်းချက်က မိုင်ကုန်ပါပဲ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် လို့ခေါ်တဲ့ ဂျိမ်းဆဘွန်းမင်းသား ဒန်နီယမ်ဟာ ကံအကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။ အင်္ဂလန်ဖွား မင်းသားမို့လို့ အင်္ဂလန်ထုတ်ကား Land Rover ကလည်း အားကိုးရှာ ပါတယ်။

နယူးယောက်မော်တောယာဉ်ပြပွဲ စတိတ်စင်ပေါ် တစ်ခါတက်မောင်းပြီး ပရိတ်သတ်ကို ပြုံးပြဖို့ Land Rover က တိုက်တွန်းပါတယ်။ တိုက်တွန်းသလို ဒန်နီယမ် ခရစ် (Daniel Craig) လည်း လုပ်ပါတယ်။ လုပ်ပြီး ပြန်ဆင်းသွားတာ ဘယ်လောက်မှမကြာလိုက်ပါဘူး။ သို့ပေမယ့် အမေရိကန်ဒေါ်လာ ၂ သန်းကြီးတောင် ပေးရပါတယ်။

တွင်သွားတဲ့ စကားတစ်ခုကတော့ ဒန်နီယမ် ကားတစ်ခါမောင်းရင် ကန်ဒေါ်လာ ၂ သန်းပေးရမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ယင်းအပေါ် Land Rover ဘယ်လို သဘောရလဲ မေးတော့ "ဒန်နီယမ် ကို ကျေးဇူး တင်ပါတယ်။ သို့ပေမယ့် လာမယ့်နှစ် ဘတ်ဂျတ်အသုံးချရေးမှာတော့ ဒီလိုမလုပ်ဖြစ်တော့ဘူးထင်တာပဲ" လို့ ရှက်ဖြေဖြေသွားပါတယ်။

ရှက်ချင်မှ ရှက်မှာပါ။ Land Rover ဆိုတာ ကမ္ဘာမှာ အောင်မြင်တဲ့ ကားကုမ္မဏီတစ်ခုပါပဲ။ ကန်ဒေါ်လာ ၂ သန်းလောက်ရင်းပြီး မင်းသား တစ်လက် အသုံးပြုမှုလောက်တော့ မှုမယ့်ပုံမပေါ်ပါဘူး။ သို့ပေမယ့် ဒန်နီယမ်ကို နောက်တစ်ခါ ၂ သန်းပေးပြီး ကြော်ငြာ ခိုင်းဖို့ မသေချာတော့ကြောင်း သိရပါတယ်။

TechSpace Journal

၄၀ ကျော် အိမ်ရှင်မ ဆယ်ကျော်သက်လိုလှ



ပုံမှာမြင်တွေ့ရတဲ့ အမျိုးသမီးကတော့ ဂျပန်နိုင်ငံ မှ မာဆာကို မီဇူတာနီ လို့အမည်ရတဲ့ အသက် ၄၂ အရွယ် အိမ်ထောင်ရှင် အမျိုးသမီးဖြစ်ပါတယ်။

သူမရဲ့ မယုံနိုင်ဖွယ် ဆယ်ကျော်သက်လို အရွယ်တင်နုပျိုမှုကို ဂျပန်နိုင်ငံထုတ် မဂ္ဂဇင်း Beautiful Witch မှ ဖော်ထုတ်ပြ လိုက်ပြီးနောက် တဖြည်းဖြည်းနဲ့ လူသိများလာပါတယ်။ သားသမီးလည်း ရှိနေပေမယ့် သူမရဲ့ အလှ ပျက်မသွားပါဘူး။ ယခုလို လှပအောင် ဘယ်လိုထိန်းသိန်းသလဲဆိုတာကလည်း စံပြ အမျိုးသမီး တစ်ဦးအနေနဲ့ ဂျပန်မှာ လူမေးများပါတယ်။

သူမဟာ ၁၉၆၈ ခုနှစ်ဖွားဖြစ်ပြီး ကလေး နှစ်ဦးရဲ့ မိခင်တောင်ဖြစ်
နေပါသေးတယ်။ ယခုလို အရွယ်တင်လှပဖို့ ပါ ပလက်စတစ် ဆာဂျရီနဲမှ လည်း ပြုပြင်ထားခြင်းမရှိဘူးလို့ သိရပါတယ်။

Ref: xinhua
ရိုးရာလေး

နေရောင်ခြည် ထိတွေ့ထားသော မှိုများကို စားသုံးခြင်းဖြင့် ဗီတာမင်ဒီ ကြွယ်ဝစွာ ရရှိစေနိုင်

Photo: နေရောင်ခြည် ထိတွေ့ထားသော မှိုများကို စားသုံးခြင်းဖြင့် ဗီတာမင်ဒီ ကြွယ်ဝစွာ ရရှိစေနိုင်  အေပြီ ၂၄ ရက် ၂၀၁၃  နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ ထားသော သို့မဟုတ် နေခြောက်လှန်း ထားသော မှိုများသည် ဗီတာမင်ဒီ ကြွယ်ဝသည့် ကျန်းမာရေး ဖြည့်စွက်စာ အဖြစ် အထောက်အပံ့ ပေးနိုင်ကြောင်း အမေရိကန် ဇီဝဓာတုနှင့် အဏုဇီ ဝဗေဒမှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။  ထို့အပြင် မှိုများကို မစားသုံးမီ နာရီဝက်ကြာ နေရောင်ခြည်နှင့် ထိတွေ့ စေခြင်းဖြင့် နေရောင်ခြည်မှ ခရမ်းလွန် ရောင်ခြည်ကို ဗီတာမင် အဖြစ် သို့  ပြောင်းလဲပေးနိုင်ကြောင်း သုတေသန ပညာရှင် များက လေ့လာ တွေ့ရှိခဲ့ သည်။  အာဟာရဓာတ် ပြည့်ဝသော အစားအစာများသည် ကိုယ်ခံအားစနစ်၊ အရိုးနှင့် သွားများ ကျန်းမာကြံ့ခိုင်ခြင်းနှင့် ကယ်လ်စီယံဓာတ် စုပ်ယူမှုများ အတွက် မရှိမဖြစ် လိုအပ်သော အရာများဖြစ်သည်။  အဆိုပါ လေ့လာမှုတွင် သုတေသီများသည် အသက် ၃ဝ အရွယ်လူများ အား ဗီတာမင်ဒီ များစွာ ပါဝင်သည့် ဆေးလုံးများကို သီတင်းပတ် ၁၂ ပတ်ကြာ နေ့စဉ် တိုက်ကျွေးခြင်း သို့မဟုတ် အာဟာရဓာတ် များစွာပါဝင်ပြီး နေရောင်ခြည်နှင့် ထိတွေ့ထားသော မှိုများကို တိုက်ကျွေးခြင်းဖြင့် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။ လေ့လာဆန်းစစ်  မှုပြီးဆုံးချိန်တွင် အဆိုပါ ဗီတာမင်ဒီ ဆေးလုံးများနှင့် မှိုစားသုံးသူများတွင် ဗီတာမင်များ ကြွယ်ဝလျက် ရှိပြီး ၎င်းတို့ ၏ ဗီတာမင် ကြွယ်ဝမှု ပမာဏသည် များစွာကွဲပြားမှု မရှိကြောင်း တွေ့ရှိခဲ့ကြသည်။ ထူးခြားသော လက္ခဏာရပ်များကို မတွေ့ရှိခဲ့ပေ။  နွေဦးနှင့် မိုးဦးရာဦ နှောင်းပိုင်းကာလများတွင် မှိုများကို ခူးယူပြီးနောက် နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီကြားအချိန် အတွင်း မိနစ် ၆ဝ ခန့် နေရောင်ထိတွေ့ ပြီးမှသာ စားသုံးသင့်ကြောင်း စားသုံးသူများအား သုတေသန ပညာရှင်များက အကြံပြု ပြောကြား ထားသည်။  Myawady

နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ ထားသော သို့မဟုတ် နေခြောက်လှန်း ထားသော မှိုများသည် ဗီတာ မင်ဒီ ကြွယ်ဝသည့် ကျန်းမာရေး ဖြည့်စွက်စာ အဖြစ် အထောက်အပံ့ ပေးနိုင်ကြောင်း အမေရိကန် ဇီဝ ဓာတုနှင့် အဏုဇီ ဝဗေဒမှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

ထို့အပြင် မှိုများကိုမစားသုံးမီ နာရီဝက်ကြာ နေရောင်ခြည်နှင့် ထိတွေ့ စေခြင်းဖြင့် နေရောင်ခြည်မှ ခရမ်းလွန် ရောင်ခြည်ကို ဗီတာမင်အဖြစ်သို့ ပြောင်းလဲပေးနိုင်ကြောင်း သုတေသနပညာရှင် များက လေ့ လာ တွေ့ရှိခဲ့သည်။

အာဟာရဓာတ် ပြည့်ဝသော အစားအစာများသည် ကိုယ်ခံအားစနစ်၊ အရိုးနှင့်သွားများ ကျန်းမာကြံ့ ခိုင်ခြင်းနှင့် ကယ်လ်စီယံဓာတ် စုပ်ယူမှုများ အတွက် မရှိမဖြစ် လိုအပ်သော အရာများဖြစ် သည်။

အဆိုပါ လေ့လာမှုတွင် သုတေသီများသည် အသက် ၃ဝ အရွယ်လူများအား ဗီတာမင်ဒီများစွာ ပါဝင် သည့် ဆေးလုံးများကို သီတင်းပတ် ၁၂ ပတ်ကြာ နေ့စဉ် တိုက်ကျွေးခြင်း သို့မဟုတ် အာဟာရဓာတ် များစွာပါဝင်ပြီး နေရောင်ခြည်နှင့် ထိတွေ့ထားသော မှိုများကို တိုက်ကျွေးခြင်းဖြင့် လေ့လာ ဆန်းစစ် မှုများ ပြုလုပ်ခဲ့သည်။ လေ့လာဆန်းစစ် မှုပြီးဆုံးချိန်တွင် အဆိုပါ ဗီတာမင်ဒီ ဆေးလုံးများနှင့် မှိုစားသုံး သူများတွင် ဗီတာမင်များ ကြွယ်ဝလျက် ရှိပြီး ၎င်းတို့ ၏ ဗီတာမင် ကြွယ်ဝမှု ပမာဏသည် များစွာကွဲပြားမှု မရှိကြောင်း တွေ့ရှိခဲ့ကြသည်။ ထူးခြားသော လက္ခဏာရပ်များကို မတွေ့ရှိခဲ့ပေ။

နွေဦးနှင့် မိုးဦးရာဦ နှောင်းပိုင်းကာလများတွင် မှိုများကို ခူးယူပြီးနောက် နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီကြားအချိန် အတွင်း မိနစ် ၆ဝ ခန့် နေရောင်ထိတွေ့ ပြီးမှသာ စားသုံးသင့်ကြောင်း စားသုံးသူများအား သုတေသန ပညာရှင်များက အကြံပြု ပြောကြား ထားသည်။

Myawady

လက်အဆစ် ချိုးလျှင်


လက်အဆစ် ချိုးလျှင် Tuesday,April23,2013  လက်အဆစ် ချိုးခြင်းက အဆစ် ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။  သို့ပေမယ့် လက်ဆစ် ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။  လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုး အဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီး သွားခြင်း ဖြစ်ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများ အပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ်တစ်ရှုး များအား သေစေပါတယ်။  နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ်ပါတယ်။ လက်ချိုး တယ်ရယ်လို့ မဟုတ်ပဲ ချိုးတဲ့ အဆစ်များ အားလုံးဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက်ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့်အလှမ်း များတယ်လို့ ဆေးပညာရှင် များက ဆိုထားတယ်လို့ သိရပါတယ်။  Ref: medic-facts


လက်အဆစ် ချိုးခြင်းက အဆစ် ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။
သို့ပေမယ့် လက်ဆစ်ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင်ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုး ကျိုးတော့ ရှိပါတယ်။
လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုး အဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီး သွားခြင်း ဖြစ်ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများ အပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ်တစ်ရှုး များအား သေစေပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ်ပါတယ်။ လက်ချိုး တယ်ရယ်လို့ မဟုတ်ပဲ ချိုးတဲ့အဆစ်များ အားလုံးဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက်ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့်အလှမ်းများတယ်လို့ ဆေးပညာရှင်များက ဆိုထားတယ်လို့ သိရ ပါတယ်။

Ref: medic-facts

ဗီယက်နမ် လူမျိုးများ အသားအရေနှင့် ခန္ဓာကိုယ်လှပရသည့် အကြောင်း အရင်း

ဗီယက်နမ် လူမျိုးများ အသားအရေနှင့် ခန္ဓာကိုယ်လှပရသည့် အကြောင်း အရင်း  Thursday, April 11, 2013  ဗီယက်နမ် နိုင်ငံသူ၊ နိုင်ငံသား အများစုက အသက် ကြီးငယ်မရွေး အ သား အရေ ကြည်လင်လှပပြီး ခန္ဓာကိုယ်အဆီမရှိဘဲ သွယ်လျ လှပကြ တာ ကို တွေ့ရှိ့ ရပါတယ်။ ဘာကြောင့် သူတို့အနေနဲ့ အသားအရေလှ ပပြီး ခန္ဓာကိုယ် ကြည့်ကောင်း နေရ သလဲဆိုတဲ့ အကြောင်းကတော့ စားသောက်တဲ့ အစား အသောက်အများစုက ဆီမပါတဲ့ ဟင်းလျာတွေ၊  ငါး၊ ပုစွန်၊ ကမာ၊ ခရုစတဲ့ ပင်လယ် စာတွေ၊ ကစွန်းရွက်၊ သခွားသီး စ တာတွေ ဖြစ်နေ တာကို တွေ့ရပါ တယ်။ ဒါကြောင့် ဗီယက်နမ် လူမျိုးတွေကို ကျန်းမာလှပစေတဲ့ အဓိက ဟင်းလျာ တွေအကြောင်းကို ပြောပြချင်ပါတယ်။   ၁။ ဗီယက်နမ် ဟင်းလျာထဲတွင် အဓိက ပါဝင်ပစ္စည်းများ  ဗီယက်နမ် ဟင်းလျာတွေထဲမှာ ငါးနဲ့လုပ်ထားတဲ့ ဆော့စ်၊ ပဲပိစပ်ဆော့စ်၊ ဆန်၊ လတ်လတ်ဆတ်ဆတ် ဟင်းခတ် အမွှေးအကြိုင်တွေ၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေကို အဓိက အသုံးပြုပါတယ်။ ဟင်းခတ် အမွှေး အကြိုင်အနေနဲ့ ပူရှိန်း၊ ပင်စိမ်းရွက်၊ နံနံပင်၊ ရှောက်သီး၊ သံပရာသီး၊ ဆ လတ်၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း) စတာတွေကို သုံးလေ့ရှိပါတယ်။ ဗီယက်နမ်လူမျိုးတွေက ဟင်းလျာ တစ်မျိုးထဲကို ထည့်သွင်း ချက်ပြုတ်မယ့် ပါဝင်ပစ္စည်းတွေရဲ့ လတ်ဆတ် သန့်ရှင်းမှုနဲ့ ဆေးဖက်ဝင်ပုံတို့ကို အထူး အလေးထားပါတယ်။  ၂။ ဗီယမ်နမ် မိသားစုများ စားသောက်ပုံ  ပျမ်းမျှအားဖြင့် ဗီယက်နမ် မိသားစုတွေက ထမင်းဖြူ ပန်းကန်လုံးတစ်ခွက်စာ၊ ငါး ဒါမှမဟုတ် ပင်လယ်စာနဲ့ ဟင်းသီးဟင်းရွက် ရောပြုတ်ထားတဲ့ ဟင်းရည်၊ ဟင်းသီးဟင်းရွက်သနပ်၊ ဟင်းသီးဟင်းရွက်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်ကြော် တစ်မျိုး၊ ဗီယက်နမ်ရိုးရာ ခေါက်ဆွဲ စွပ်ပြုတ်တွေ ပါဝင်ပါတယ်။ အဲဒီအစာတွေ နဲ့ တွဲစားနိုင်ဖို့ ငါးဆော့စ် ဒါမှမဟုတ် ပဲပိစပ်ဆော့စ်၊ ကြက်သွန်ဖြူ၊ ငံပြာရည် စတာတွေကိုလည်း ပြင်ဆင်ထားပါတယ်။ ထမင်းစားပြီး အချိုပွဲအနေနဲ့ စားတတ် တာကတော့ သင်္ဘောသီး၊ ပဲသုပ်နဲ့ ရာသီပေါ် အသီးအနှံတွေပဲ ဖြစ်ပါတယ်။  ၃။ ဗီယက်နမ်ရိုးရာ ခေါက်ဆွဲစွပ်ပြုတ်  ထမင်းစားတိုင်း မပါမဖြစ်ပါခဲ့တာက ကြက်သား ဒါမှမဟုတ် ဝက်သား ဒါမှမဟုတ် အမဲသားပါတဲ့ ခေါက်ဆွဲစွပ်ပြုတ်ပဲ ဖြစ်ပါတယ်။ အဲဒီ စွပ်ပြုတ်ရဲ့ နာမည်က Pho ဖြစ်ပါတယ်။ အဆီမပါဘဲ ပြုတ်ရည်ကို အရသာရှိပြီး ချိုမွှေး နေအောင် ပြုလုပ်ထားပါတယ်။ အဲဒီစွပ်ပြုတ်ကို အနီရောင်ငရုတ်သီး၊ ပင်စိမ်း၊ ကြက်သွန်နီ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ရောထည့် စားရပါတယ်။  ၄။ ဗီယက်နမ် ကြက်ဥကြော်  ကြက်ဥကြော် ကလည်း ဗီယက်နမ်တွေရဲ့ ရိုးရာ အစားအသောက်ထဲမှာ တစ်မျိုး အပါအဝင်ပါပဲ။ ကြက်ဥကို မွှေပြီး အခွံခွာထားတဲ့ ပုစွန် ဒါမှမဟုတ် ကမာ၊ ကြက်သွန်နီပါးပါး၊ တစ်ခါတစ်ရံ မှိုထည့်ပြီး အုန်းဆီ၊ နနွင်းမှုန့် တို့နဲ့ ရောပြီးကြော်တာ ဖြစ်ပါတယ်။ အုန်းဆီ (Coconut Oil) က ဗီယက်နမ်မှာ အသုံးများတဲ့ဆီ ဖြစ်ပါတယ်။  ၅။ ဗီယက်နမ် ထမင်းလိပ်  ဒါကို Vietnamese Fresh Roll လို့ခေါ်ပြီး ဆန်ကို စက္ကူပုံစံ အလိပ်လေး လုပ်ပြီး အထဲမှာ ပုဇွန်၊ ဟင်းခတ်အမွှေးအကြိုင်၊ အသား၊ မြေပဲဆော့စ် စတာတွေ ထည့်ပါတယ်။ အများအားဖြင့် ဂျုံခေါက်ဆွဲ ဒါမှမဟုတ် ဂျုံကြာ ဆံနဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်း ပြုလုပ်ကြပါတယ်။  ၆။း ဗီယက်နမ်ရိုးရာ ဆေးနည်းများ  လူ့ခန္ဓာကိုယ်မှာ ဓာတ်ပစ္စည်းတွေ မျှတနေဖို့အတွက် ဟင်းလျာတစ်မျိုးထဲ ထည့်မယ့် ပါဝင်ပစ္စည်းတွေကို ရွေးချယ် သုံးစွဲကြပါတယ်။  - ဘဲသားကို အအေးစာလို့ ယူဆပြီး နွေရာသီမှာ စားကြပါတယ်။ ချင်း(ဂျင်း)ပါတဲ့ ငါးဆော့စ်နဲ့ တွဲစားပေးရင် နွေးတယ်လို့ ယူဆပါတယ်။ ကြက်သားကို အနွေးစာ၊ ဝက်သားကို အပူစာလို့ ယူဆပြီး ဆောင်းရာသီမှာ အစားများ ပါတယ်။  - ပင်လယ်စာကို အအေးစာလို့ ယူဆပြီး ချင်း(ဂျင်း)နဲ့ တွဲစားပါတယ်။  - ဟင်းခတ် အမွှေးအကြိုင်တွေကို ချဉ်တဲ့ ဆော့စ်တွေနဲ့ တွဲဖက်ပြုလုပ်ပြီး ယင်ဓာတ်နဲ့ ယန်ဓာတ် မျှတအောင် ပြုလုပ်ပါတယ်။  - အအေးမိနေသူ၊ တုပ်ကွေး ကွေးနေသူတွေကို ချင်းပြုတ်ရည် သောက်ခိုင်း ပါတယ်။  ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်) လူဗိုလ်ဟူသည်
ဗီယက်နမ် နိုင်ငံသူ၊ နိုင်ငံသား အများစုက အသက် ကြီးငယ်မရွေး အသား အရေ ကြည်လင်လှပပြီး ခန္ဓာကိုယ်အဆီမရှိဘဲ သွယ်လျလှပကြတာ ကို တွေ့ရှိ့ ရပါတယ်။ ဘာကြောင့် သူတို့အနေနဲ့ အသားအရေလှပပြီး ခန္ဓာကိုယ် ကြည့်ကောင်း နေရသလဲဆိုတဲ့ အကြောင်းကတော့ စားသောက်တဲ့ အစား အသောက်အများစုက ဆီမပါတဲ့ ဟင်းလျာတွေ၊ငါး၊ ပုစွန်၊ ကမာ၊ ခရုစတဲ့ ပင်လယ် စာတွေ၊ ကစွန်းရွက်၊ သခွားသီး စတာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဗီယက်နမ် လူမျိုးတွေ ကို ကျန်းမာလှပစေတဲ့ အဓိက ဟင်းလျာ တွေ အကြောင်း ကို ပြောပြ ချင် ပါတယ်။


၁။ ဗီယက်နမ် ဟင်းလျာထဲတွင် အဓိက ပါဝင်ပစ္စည်းများ

ဗီယက်နမ် ဟင်းလျာတွေထဲမှာ ငါးနဲ့လုပ်ထားတဲ့ ဆော့စ်၊ ပဲပိစပ်ဆော့စ်၊ ဆန်၊ လတ်လတ်ဆတ်ဆတ် ဟင်းခတ် အမွှေးအကြိုင်တွေ၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေကို အဓိက အသုံးပြုပါတယ်။ ဟင်းခတ် အမွှေးအကြိုင်အနေနဲ့ ပူရှိန်း၊ ပင်စိမ်းရွက်၊ နံနံပင်၊ ရှောက်သီး၊ သံပရာသီး၊ ဆလတ်၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း) စတာတွေကို သုံးလေ့ရှိပါတယ်။ ဗီယက်နမ်လူမျိုးတွေက ဟင်းလျာ တစ်မျိုးထဲကို ထည့်သွင်း ချက်ပြုတ်မယ့် ပါဝင်ပစ္စည်းတွေရဲ့ လတ်ဆတ် သန့်ရှင်းမှုနဲ့ ဆေးဖက်ဝင် ပုံတို့ကို အထူး အလေးထား ပါတယ်။

၂။ ဗီယမ်နမ် မိသားစုများ စားသောက်ပုံ

ပျမ်းမျှအားဖြင့် ဗီယက်နမ် မိသားစုတွေက ထမင်းဖြူ ပန်းကန်လုံးတစ်ခွက်စာ၊ ငါး ဒါမှမဟုတ် ပင်လယ် စာနဲ့ ဟင်းသီးဟင်းရွက် ရောပြုတ်ထားတဲ့ ဟင်းရည်၊ ဟင်းသီးဟင်းရွက်သနပ်၊ ဟင်းသီး ဟင်းရွက်ပြုတ် နဲ့ ဟင်းသီးဟင်းရွက်ကြော် တစ်မျိုး၊ ဗီယက်နမ်ရိုးရာ ခေါက်ဆွဲ စွပ်ပြုတ်တွေ ပါဝင်ပါတယ်။ အဲဒီ အစာတွေနဲ့ တွဲစားနိုင်ဖို့ ငါးဆော့စ် ဒါမှမဟုတ် ပဲပိစပ်ဆော့စ်၊ ကြက်သွန်ဖြူ၊ ငံပြာရည် စတာတွေ ကိုလည်း ပြင်ဆင်ထားပါတယ်။ ထမင်းစားပြီး အချိုပွဲအနေနဲ့ စားတတ် တာကတော့ သင်္ဘောသီး၊ ပဲသုပ် နဲ့ ရာသီပေါ် အသီးအနှံတွေပဲ ဖြစ်ပါတယ်။

၃။ ဗီယက်နမ်ရိုးရာ ခေါက်ဆွဲစွပ်ပြုတ်

ထမင်းစားတိုင်း မပါမဖြစ်ပါခဲ့တာက ကြက်သား ဒါမှမဟုတ် ဝက်သား ဒါမှမဟုတ် အမဲသား ပါတဲ့ ခေါက် ဆွဲစွပ်ပြုတ်ပဲ ဖြစ်ပါတယ်။ အဲဒီစွပ်ပြုတ်ရဲ့ နာမည်က Pho ဖြစ်ပါတယ်။ အဆီမပါဘဲ ပြုတ်ရည်ကို အရသာရှိပြီး ချိုမွှေး နေအောင် ပြုလုပ်ထားပါတယ်။ အဲဒီစွပ်ပြုတ်ကို အနီရောင်ငရုတ်သီး၊ ပင်စိမ်း၊ ကြက် သွန်နီ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ရောထည့် စားရပါတယ်။

၎။ ဗီယက်နမ် ကြက်ဥကြော်

ကြက်ဥကြော် ကလည်း ဗီယက်နမ်တွေရဲ့ ရိုးရာ အစားအသောက်ထဲမှာ တစ်မျိုး အပါအဝင်ပါပဲ။ ကြက်ဥ ကို မွှေပြီး အခွံခွာထားတဲ့ ပုစွန် ဒါမှမဟုတ် ကမာ၊ ကြက်သွန်နီပါးပါး၊ တစ်ခါတစ်ရံ မှိုထည့်ပြီး အုန်းဆီ၊ နနွင်းမှုန့်တို့နဲ့ ရောပြီးကြော်တာ ဖြစ်ပါတယ်။ အုန်းဆီ (Coconut Oil) က ဗီယက်နမ်မှာ အသုံး များတဲ့ ဆီ ဖြစ်ပါတယ်။

၅။ ဗီယက်နမ် ထမင်းလိပ်

ဒါကို Vietnamese Fresh Roll လို့ခေါ်ပြီး ဆန်ကို စက္ကူပုံစံ အလိပ်လေး လုပ်ပြီး အထဲမှာ ပုဇွန်၊ ဟင်းခတ်အမွှေးအကြိုင်၊ အသား၊ မြေပဲဆော့စ် စတာတွေ ထည့်ပါတယ်။ အများအားဖြင့် ဂျုံခေါက်ဆွဲ ဒါမှမဟုတ် ဂျုံကြာဆံနဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်း ပြုလုပ်ကြပါတယ်။

၆။း ဗီယက်နမ်ရိုးရာ ဆေးနည်းများ

လူ့ခန္ဓာကိုယ်မှာ ဓာတ်ပစ္စည်းတွေ မျှတနေဖို့အတွက် ဟင်းလျာတစ်မျိုးထဲ ထည့်မယ့် ပါဝင်ပစ္စည်းတွေ ကို ရွေးချယ် သုံးစွဲကြပါတယ်။

- ဘဲသားကို အအေးစာလို့ ယူဆပြီး နွေရာသီမှာ စားကြပါတယ်။ ချင်း(ဂျင်း)ပါတဲ့ ငါးဆော့စ်နဲ့ တွဲစားပေး ရင် နွေးတယ်လို့ ယူဆပါတယ်။ ကြက်သားကို အနွေးစာ၊ ဝက်သားကို အပူစာလို့ ယူဆပြီး ဆောင်း ရာသီမှာ အစားများ ပါတယ်။

- ပင်လယ်စာကို အအေးစာလို့ ယူဆပြီး ချင်း(ဂျင်း)နဲ့ တွဲစားပါတယ်။

- ဟင်းခတ် အမွှေးအကြိုင်တွေကို ချဉ်တဲ့ ဆော့စ်တွေနဲ့ တွဲဖက်ပြုလုပ်ပြီး ယင်ဓာတ်နဲ့ ယန်ဓာတ် မျှတအောင် ပြုလုပ်ပါတယ်။

- အအေးမိနေသူ၊ တုပ်ကွေး ကွေးနေသူတွေကို ချင်းပြုတ်ရည် သောက်ခိုင်း ပါတယ်။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

ShareThis