Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

သင်္ကြန်သေနတ်တွေ လာပြီ

Photo: သင်္ကြန်သေနတ်တွေ လာပြီ  Sunday, March 31, 2013  တန်ခူးလ သင်္ကြန်ပွဲ နီးလာတာနဲ့အမျှ သင်္ကြန်နဲ့ ပတ်သက်တဲ့ မြင်ကွင်းတွေ ကိုလည်း စုံစုံလင်လင် မြင်တွေလာပါပြီ။   ဒီအထဲမှာ သင်္ကြန်ရောက်ရင်အပျော်ဆုံးဖြစ်မယ့် ကလေးတွေအတွက် သင်္ကြန်ရေကစားစရာပစ္စည်းတွေကို စတိုးဆိုင်၊ ကုန်တိုက်တွေက အစ ရပ်ကွက်ဈေးတွေမှာပါ တွေ့နေရပါတယ်။  ရေသေနတ်တွေက ကလေးတွေအကြိုက် သင်္ကြန် ရာသီစာ ဖြစ်ပါတယ်။  လူကြီးတချိုကလည်း ရေသေနတ်နဲ့ သင်္ကြန်မှာ ကဲကြ၊ ရေပက်ကြတာ ကိုလည်း တွေ့ဖူးကြမှာပါ။  ရေသေနတ်ရဲ့ အကြီးဆုံးသော အားသာချက်ကတော့ ရေကုန်သက် သာခြင်း ဖြစ်ပါလိမ့်မယ်။  ငွေကုန်တာတော့ သက်သာမယ်မဟုတ်ပါ။အခု ဈေးကွက်မှာ ရေသေ နတ်တွေရဲ့ ဈေးနူန်းတွေက ၁,ဝဝဝ ကနေ ၅,ဝဝဝ အတွင်း ရှိနေပါတယ်။  ဘန်ကောက်မြို့ သင်္ကြန်မြင်ကွင်းတခု (ဓာတ်ပုံ - AFP) ဧရာဝတီ
တန်ခူးလ သင်္ကြန်ပွဲနီးလာတာနဲ့အမျှ သင်္ကြန်နဲ့ပတ်သက်တဲ့ မြင်ကွင်းတွေကိုလည်း စုံစုံလင်လင် မြင်တွေလာပါပြီ။ ဒီအထဲမှာ သင်္ကြန်ရောက်ရင်အပျော်ဆုံးဖြစ်မယ့် ကလေးတွေအတွက် သင်္ကြန်ရေကစားစရာပစ္စည်းတွေကို စတိုးဆိုင်၊ ကုန်တိုက်တွေက အစ ရပ်ကွက်ဈေးတွေမှာပါ တွေ့နေရပါတယ်။

ရေသေနတ်တွေက ကလေးတွေအကြိုက် သင်္ကြန် ရာသီစာ ဖြစ်ပါတယ်။ လူကြီးတချိုကလည်း ရေသေနတ် နဲ့ သင်္ကြန်မှာ ကဲကြ၊ ရေပက်ကြတာ ကိုလည်း တွေ့ဖူးကြမှာပါ။

ရေသေနတ်ရဲ့ အကြီးဆုံးသော အားသာချက်ကတော့ ရေကုန်သက် သာခြင်း ဖြစ်ပါလိမ့်မယ်။

ငွေကုန်တာတော့ သက်သာမယ်မဟုတ်ပါ။အခု ဈေးကွက်မှာ ရေသေ နတ်တွေရဲ့ ဈေးနူန်းတွေက ၁,ဝဝဝ ကနေ ၅,ဝဝဝ အတွင်း ရှိနေပါတယ်။

ဘန်ကောက်မြို့ သင်္ကြန်မြင်ကွင်းတခု (ဓာတ်ပုံ - AFP)
ဧရာဝတီ

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ နီပေါနဲ့ မြန်မာနိုင်ငံခရီး စတင်


အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ နီပေါနဲ့ မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ် သောကြာနေ့က စတင်လိုက်ပါတယ်။

သမ္မတကာတာဟာ နီပေါနိုင်ငံကတဆင့် မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပြီး၊ နိုင်ငံရေး အသွင် ကူပြောင်းနေ တဲ့ မြန်မာနဲ့ နီပေါနိုင်ငံတွေမှာ ဒီမိုကရေစီလမ်းများ ပေါ်ထွန်းလာရေးကို အားပေးဘို့ ဖြစ် တယ်လို့ သိရပါတယ်။

အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ဂျင်မီကာတာဟာ မြန်မာနိုင်ငံကို ဧပြီလဆန်းမှာ ရောက် ရှိမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးခေါင်းဆောင်များ လူမူရေးအဖွဲ့ NGO များအပြင် နိုင်ငံ မှာ ပြုပြင်ပြောင်း လဲရေးတွေလုပ်နေတဲ့ တချိန်က စစ်ခေါင်းဆောင်တွေနဲ့ လည်း တွေ့ဆုံ ဖို့ရှိပါတယ်။

သမ္မတကာတာမြန်မာနိင်ငံကိုလာရောက်ချိန်မှာ မြန်မာနိုင်ငံအတွင်း ဘာသာရေးနဲ့ နွယ်ပြီး အကြမ်းဘက် မူတွေ ဖြစ်ပေါ်နေတာကြောင့် အပြည်ပြည်ဆိုင်ရာက စိုးရိမ်မကင်းဖြစ်နေချိန်နဲ့ တိုက်ဆိုင် နေတာ လည်းဖြစ်ပါ တယ်။

သမ္မတရာထူးက အနားယူခဲ့တဲ့ ၁၉၈၁ ခုနှစ်ကစပြီး သမ္မတဟောင်း ဂျင်မီကာတာဟာ ကမ္ဘာ့ငြိမ်းချမ်းရေး လုပ် ငန်းတွေ၊ ဆင်းရဲမွဲတေမူ ပပျောက်ရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် ဆောင်ရွက်နေသူဖြစ်ပြီး ၂၀၀၂ ခုနှစ် က ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။
From:RFA

“အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီး တောင်ကိုရီး ယားနှင့် စစ်ဖက်ဖြစ်ပွားသည့် အခြေအနေဟု ကင်ဂျုံအမ်ဆို”

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် ဒုံးကျည်များ ချထားရေးအစီအစဉ်အား လက်မှတ်ရေးထိုးခဲ့သည့်အပြင် အိမ်နီးချင်းတောင်ကိုရီးယားနှင့်လည်း စစ်မက် ဖြစ်ပွားသည့် အခြေအနေအဖြစ် ထုတ်ဖော်ပြောဆိုခဲ့သည်။
နိုင်ငံပိုင် KNCA သတင်းဌာနက ထုတ်လွှင့်ချက်အရ “တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား မည်သည့်အရေးကိစ္စမဆိုအား စစ်မက်ဖြစ်ပွားနေသည့် ကာလအတိုင်း ဆောင်ရွက်သွားမည်” ဟု မြောက်ကိုရီးယားတို့ကဆိုထားပြီး အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့်အစီအစဉ်ဟု ဖော်ပြထားသော ပုံကြမ်းတစ်ရပ်ကိုလည်း ထုတ်လွှင့် သွားခဲ့သည်။



အဆိုပါ ပုံကြမ်းတွင် တိုက်ခိုက်မည့် ပစ်မှတ်များအဖြစ် ကယ်လီဖိုးနီးယား၊ နယူးမက္ကဆီကို၊ အရီဇိုးနား၊ တက္ကဆပ်၊ အာကင်ဆတ်၊ အိုကလာဟိုးမား၊ မစ္စစ္စပီ၊ ဂျော်ဂျီယာ၊ အလာဘားမားနှင့် တောင်ကယ်ရို လိုင်းနားတို့ကို ဖော်ပြထားသည်။

ဖေဖော်ဝါရီလအတွင်းက မြောက်ကိုရီးယားတို့၏ တတိယမြောက်နျူ စမ်းသပ်မှုအပြီး ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့၏ ထပ်မံ၍ ပိတ်ဆို့အရေးယူမှုခံရပြီးကတည်းက တိုက်ခိုက်မှုများပြုလုပ်သွား မည့် မြောက် ကိုရီးယားတို့က နေ့စဉ်လိုလို ခြိမ်းခြောက်မှု ပြုခဲ့ကြသည်။

PN055/ Ref: CNN,BBC,usatoday

ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ

ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ
ကော်ဖီများများ သောက်တဲ့သူတွေဟာ သာမန်လူတွေထက် ပိုမို စိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာ တွေ့ရှိထားပါတယ်။
စိတ်ခြောက်ခြားစရာ ပုံရိပ်များ၊ လူသေပုံရိပ်များ အလိုလို ပေါ်လာတာမျိုး၊ အသံများ ကြားနေရခြင်းမျိုး တို့ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ယင်းလေ့လာမှု ကို ဗြိတိန်မှာ ကျောင်းသား ၂၀၀ အား လက်တွေ့စမ်းသပ် ခဲ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် တစ်ရက်ကို ၇ ခွက်နဲ့ ညီမျှတဲ့၊ ပိုများတဲ့ ကဖင်းဓာတ်ကို နေ့စဉ် သောက်သုံးနေသူများ ကြုံတွေ့ ရတယ်လို့ ဆိုပါတယ်။ သူတို့က သာမန် ကော်ဖီသောက်သုံးသူများ (တစ်ရက်လျှင် တစ်ခွက် နှင့် အောက် သောက်သုံးသူများ) ထက် သုံးဆလောက် ပိုမို စိတ်ခြောက်ခြားပြီး ကြောက်စရာ အာရုံ ပိုရပါတယ်။

စိတ်ဖိစီးနေတဲ့အခါ Stress ဟိုမုန်း တစ်မျိုးဖြစ်တဲ့ Cortisol ကို ကိုယ်တွင်း မှ ထုတ်လွတ်ပါတယ်။ ယင်း Cortisol ထုတ်လွတ်မှုဟာ ကော်ဖီသောက်သုံး လိုက်တဲ့အခါ (ကဖင်းဓာတ် ဝင်ရောက်သွားတဲ့ အခါ) Cortisol ပိုမို ထုတ်လွတ်ပြီး ကဖင်းနဲ့ တွေ့တဲ့အခါ ဦးနှောက်မှာ Hallucinate လို့ခေါ်တဲ့ စိတ်ခြောက်ချား စရာ ပုံရိပ်များ၊အတွေးများ ပေါ်ပေါက်လာစေပါတယ် လို့ ဆိုပါတယ်။
ဒါကြောင့် ကော်ဖီသောက်သုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရရှိနိုင်သော်လည်း အလွန်အကျွံ သောက်သုံးမိတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုကို ရရှိစေတယ်လို့ ဆေးပညာရှင်တို့ သတိပေး ထားကြောင်း သိရပါတယ်။

ငွေ စက္ကူ ကျပ် ၅ဝဝဝ တန် အတုနှင့် အစစ် ခွဲခြား သိရှိ နိုင်သော အချက်များ


ပြည်သူများ အနေဖြင့် ၅ဝဝဝ ကျပ်တန် ငွေစက္ကူ အတုနှင့် အစစ် ခွဲခြား နိုင်ရန် အတွက် သာမန် အားဖြင့် ထင်သာ မြင်သာ ရှိသည့်အလွယ် တကူ နှိုင်းယှဉ် ခွဲခြား သိရှိ နိုင်သော အောက်ပါအချက် အလက် များအား သတိပြု နိုင်ရန် မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ သတင်း ရရှိသည် -


ငွေစက္ကူ အစစ်

(က)စက္ကူ အမျိုး အစားမှာ စက္ကူသား ကျစ်လျစ် သိပ်သည်းပြီး၊ အထူ အပါး ညီညာမှု ရှိခြင်း၊ ခရမ်းလွန် ရောင်ခြည် အောက် တွင် နို့နှစ်ရောင် ပြောင်းခြင်း၊ ရာသီ ဥတုနှင့် ရေစိုဒဏ် ခံနိုင်ခြင်း၊

( ခ)ငွေစက္ကူ နံပါတ် များမှာ အက္ခရာ (၂) လုံး၊ ဂဏန်း (၇) လုံးပါ မြန်မာ အက္ခရာ ဂဏန်းနှင့် အင်္ဂလိပ် အက္ခရာ ဂဏန်း တို့ဖြင့် (၂) မျိုး ရိုက်နှိပ်ထားပြီး ခရမ်းလွန် ရောင်ခြည် အောက်တွင် နီရဲ တောက်ပ စွာ တွေ့မြင် ရခြင်း၊

(ဂ)ရေစာများ အနေဖြင့် ဆင်ဖြူတော်ပုံ ရေစာနှင့် ၅ဝဝဝ တန်ဖိုး ရေစာပါရှိခြင်း၊ အလင်းရောင် တွင် ထောင် ကြည့် က မြင်ရပြီး၊ ခရမ်းလွန် ရောင်ခြည်အောက်တွင် မမြင်ရခြင်း၊

(ဃ)လုံခြုံရေး ကြိုးအား ငွေစက္ကူ တွင် ဒေါင်လိုက် ထည့်သွင်း ထားပြီး ၅ဝဝဝk စာတန်း အား အတည့်/ ပြောင်းပြန် ရိုက်နှိပ် ထားခြင်း၊ ခရမ်း
လွန် ရောင်ခြည် အောက်တွင် နီ၊ ပြာ၊ ဝါ အရောင်များ တွေ့ရ ခြင်း၊

(င)ပုံနှိပ်နည်း စနစ်မှာ ဖောင်းကြွ ပုံနှိပ် နည်းစနစ်ဖြင့် ရိုက်နှိပ် ထားပြီး စာလုံး၊ ဆေးကြောင်း များကြွ နေပြီး ကြည်လင် တောက်ပ ပြတ်သားမှု
ရှိခြင်း၊

ငွေစက္ကူ အတု

( က) စက္ကူ အမျိုး အစားမှာ သာမန် စက္ကူတွင် ရိုက်နှိပ် ထား၍ ပြောင်ချောနေပြီး၊ စက္ကူသား ပွကာ ကျစ်လျစ် သိပ်သည်းမှုမရှိခြင်း၊ အထူအပါးညီညာမှုမရှိခြင်း၊ ခရမ်း လွန် ရောင်ခြည် အောက် တွင် နို့နှစ်ရောင်မပြောင်းခြင်း၊ ရာသီ ဥတုနှင့် ရေစိုဒဏ် ခံနိုင်မှု မရှိခြင်း၊

(ခ)ငွေစက္ကူ နံပါတ် များမှာ အက္ခရာ (၂)လုံး၊ ဂဏန်း(၇) လုံးပါ မြန်မာ အက္ခရာ ဂဏန်းနှင့် အင်္ဂလိပ် အက္ခရာဂဏန်းတို့ဖြင့် (၂)မျိုး ရိုက်နှိပ် ထားသော်လည်း၊ ခရမ်းလွန် ရောင်ခြည် အောက်တွင် နီရဲ တောက် ပမှု မရှိခြင်း၊

(ဂ)ရေစာများ အနေဖြင့် ဆင်ဖြူတော် ပုံရေစာနှင့် ၅ဝဝဝ တန်ဖိုး ရေစာမှာ အလင်း ရောင် တွင် ထောင် ကြည့်က ပေါ်လွင် ပြတ်သားမှု မရှိခြင်း၊

(ဃ)လုံခြုံရေး ကြိုးအား ငွေစက္ကူတွင် ဒေါင်လိုက် ထည့် သွင်း ထားခြင်း မရှိဘဲ၊ ငွေစက္ကူ ပေါ်တွင် ၅ဝဝဝk စာတန်းအား အတည့်/ ပြောင်းပြန် ပုံနှိပ် ထားပြီး သပ်ရပ်မှု မရှိခြင်း၊

(င)ပုံနှိပ်နည်း စနစ်မှာ သာမန် ပုံနှိပ် ထားခြင်းကြောင့် စာလုံး၊ ဆေးကြောင်းများ ကြည်လင် ပြတ်သားမှု မရှိဘဲ အရောင် မှိန် နေခြင်း၊ စသည်တို့ဖြစ်ကြောင်းသိရှိရသည်။

မြ၀တီ

“ကျွန်တော်တို့က အကောင်းဆုံးဖြစ်ပြီး ထူးခြားတဲ့ကားမျိုးကို အမြဲဖန်တီးချင်တာပါ”


လမ်ဘော်ဂီနီ ကားကုမ္ပဏီအကြီးအကဲ စတီဖင်ဝင်ကယ်မန်းနှင့် တွေ့ဆုံခြင်း


ဖာရွတ်စီယိုလမ်ဘော်ဂီနီဟာ ၁၉၆၃ မှာ သူ့နာမည်အတိုင်း အစွဲပြုခေါ်ဝေါ်ထားတဲ့ လမ်ဘော်ဂီနီဆိုတဲ့ ကားကုမ္ပဏီကို အီတလီနိုင်ငံမြောက်ပိုင်း ဆန်တာဂါတာဘိုလော့ဂ်နီစ်ဆိုတဲ့ ရွာလေးမှာ တည်ထောင်ခဲ့ပါတယ်။
လမ်ဘော်ဂီနီကားတွေဟာ ကမ္ဘာ့မော်တော်ကားလောကမှာ စတင်ပေါ်ထွက်လာချိန်ကစလို့ ထင်ရှားကျော်ကြားလာခဲ့တာ အများအသိပါပဲ။ အခုတော့ ကမ္ဘာ့အကောင်းဆုံးနဲ့ ဈေးအကြီးဆုံးကားတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ လမ်ဘော်ဂီနီဟာ သက်တမ်းနှစ်ငါးဆယ် ရွှေရတုတိုင်ခဲ့ပြီး နောက်ဆုံးထုတ် ကားမော်ဒယ် “ဗီနီနို”ကိုလည်း ရွှေရတုအထိမ်းအမှတ်အဖြစ် ထုတ်လုပ်နိုင်ခဲ့ပါပြီ။ ဒါကြောင့် ယူရိုသတင်းဌာနဟာ လမ်ဘော်ဂီနီကားကုမ္ပဏီရဲ့ ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ် စတီဖင်ဝင်ကယ်မန်းနဲ့ ဂျီနီဗာမော်တော်ကားပြပွဲမှာ တွေ့ဆုံကာ ကမ္ဘာ့အမြန်ဆုံးနဲ့ ဈေးအကြီးဆုံးကားတွေကို ထုတ်လုပ်နေတဲ့ ၎င်းတို့အကြောင်းသိရအောင် မေးမြန်းထားတာတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

လမ်ဘော်ဂီနီက ထုတ်လုပ်သမျှထဲမှာ ဈေးအကြီးဆုံးနဲ့ အမြန်ဆုံးပြိုင်ကားရဲ့ အင်္ဂါရပ်တွေက ဘာတွေပါလဲ။
ဟုတ်ကဲ့။ ကျွန်တော်တို့အနေနဲ့ ဒီလိုကားမျိုးတွေကို “စီးရေ အထူးကန့်သတ် ထုတ်လုပ်မှုပုံစံ” Special Limited Edition နဲ့ ထုတ်လုပ်ရတဲ့ အကြောင်းရင်းရှိပါတယ်။ ဒီအချက်က ကျွန်တော်တို့ကို စိတ်ကူးစိတ်သန်းနဲ့ ဒီဇိုင်းပိုင်းမှာ လွတ်လပ်မှုပိုပေးပြီး ပစ္စည်းသစ်တွေနဲ့ နည်းပညာသစ်တွေသုံးဖို့ အခွင့်အရေးပိုရစေလို့ပါ။ ပြီးတော့ ဒါတွေက ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေအပေါ်လည်း အပြုသဘော အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါတွေက အိပ်မက်တွေကို တွန်းအားပေးပြီး အချို့ကို လက်တွေ့ဖြစ်လာစေပါတယ်။ ဗင်နီနိုကားရဲ့အင်ဂျင်က မြင်းကောင်ရေ ၇၅၀ နဲ V12 ပါ။ တစ်နာရီ မိုင်တစ်ရာနှုန်းကို ၂ ဒသမ ၈ စက္ကန့်အတွင်း အရှိန်မြှင့်နိုင်ပြီး တစ်နာရီ ကီလိုမီတာ ၃၃၅ အမြန်နှုန်း ရှိပါတယ်။
ကုမ္ပဏီဟာ အခုဆို ဗင်နီနိုကားတွေ Limited Edition အနေနဲ့ သုံးစီးပဲ ထုတ်လုပ်ထားတာဆိုတော့ ဒီကားနဲ့ ဘယ်လိုဝယ်သူတွေကို ပစ်မှတ်ထား ထုတ်လုပ်ထားတာလဲ။
ကျွန်တော်တို့က အမြဲအကောင်းဆုံးဖြစ်ပြီး ထူးခြားတဲ့၊ လမ်းကြောင်းသစ်ဖောက်နိုင်တဲ့ ကားမျိုးကို ဖန်တီးချင်တာပါ။ ဒါကြောင့် အဗန်တေဒါ Aventador နဲ့ ဂါလာဒို  Gallardo လို ကားမျိုးတွေအပြင်၊ ကျွန်တော်တို့မှာ ကိုယ့်ရဲ့အမှတ်တံဆိပ်ကို ကိုယ်စားပြုနိုင်တဲ့ လမ်ဘော်ဂီနီရဲ့ပုံရိပ်ကို မြှင့်တင်နိုင်တဲ့ အအိပ်မက်ကောင်းတွေ ပေးနိုင်တဲ့ သင်္ကေတတစ်ခု ဖြစ်လို့ပေါ့။

မြန်မာ့ဖွံ့ဖြိုးရေးအတွက် ဂျပန်က ဒေါ်လာ သန်း ၅၀၀ ကျော် ကူညီမည်




မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၃ ခုအတွက် ဂျပန်နိုင်ငံက ဂျပန်ယန်းငွေ ၅၁ ဒဿမ ၀၅၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၃၇ သန်းလောက်) ချေးငွေ ထောက်ပံ့ကူညီပေးသွားမယ်လို့ ဂျပန်အစိုးရက တရားဝင်ဆုံးဖြတ်လိုက်ကြောင်း ဂျပန်သံအမတ် H.E.Mr.Numata က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကို ဂျပန်သံအမတ်က ပြောကြားလိုက်တာလို့ မတ် ၂၈ ရက်ထုတ် နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ဒေသဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဂျပန်ယန်းငွေ ၁၇ ဘီလီယံ၊ အလျင်အမြန်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ အဆင့်မြှင့်တင် ဆောင်ရွက်ရမယ့် လုပ်ငန်းစီမံကိန်းတွေအတွက် ၁၄ ဒဿမ ၀၅၂ ဘီလီယံ၊ သီလ၀ါအထူးစီးပွားရေးဇုန် နယ်မြေမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယန်းငွေ ၂၀ ဘီလီယံ စတဲ့ စီမံကိန်း ၃ ခုအတွက် ကူညီသွားမယ်လို့ သိရပါတယ်။

ဒီချေးငွေတွေကို အတိုးနှုန်း ၀ ဒဿမ ၀၁ ရာခိုင်နှုန်းနဲ့ နှစ် ၄၀ ကာလအတွင်း ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုနိုင်ရေးနဲ့ လူမှု၊ စီးပွား တိုးတက်ဖြစ်ထွန်းလာစေရေးအတွက် အခုလို ချေးငွေအကူညီပေးရတာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။


 .. www.MyanmarExpress.net

နျူကလိယဗုံး ပေါက်ကွဲခြင်း ဟူသည်




နျူကလိယဗုံး ပေါက်ကွဲတာထက် သူ့ကိုဘာနဲ့ လုပ်တယ်ဆိုတာ အရင် လေ့လာ ရပါမယ်။
အသုံးပြုသော သတ္တုအမျိုးအစားအဓိက အသုံးပြုတဲ့ ပစ္စည်းကတော့ ပလူတိုနီယံ သတ္တု နဲ့ ယူရေနီယမ် ဖြစ် ပါတယ်။ ပလူတိုနီယမ်မှာ ထူးခြားချက် နှစ်ခုက ရေဒီယို ဓာတ်ကြွခြင်း ဓာတုဓာတ်ပြုခြင်း ဖြစ်ပါတယ်။ ယူရေနီယမ်ကတော့ ရေဒီယို ဓာတ်ကြွမှု နည်းပေမယ့် ကျန်တာကတော့ တူပါတယ်။  ယင်း အချက်နှစ်ချက်ကြောင့် ပဲ နျူကလိယဗုံးအတွက် အသုံးပြု ရတာ ဖြစ် ပါတယ်။ ပလူတိုနီယမ် တစ်ခုတည်းကိုပဲ အသုံးပြုလို့ မရပါဘူး။ အလိုလိုနေရင်းနဲ့ကို ယခုလို ဓာတ်ကြွပြီး ဓာတ်ပြုချင်နေတဲ့အတွက် ပတ်ပတ်လည်မှာ ကာရန်ပေးထား၊ ကာကွယ်ပေးထားရတဲ့ အခြားသော သတ္တုများလည်း ရှိနေပါသေးတယ်။ ပလူတိုနီမ်-239 ဆိုတာကလည်း ယူရေနီယမ်ကနေ ပြန်လည် ဓာတ်ခွဲယူထားတာ ဖြစ်ပါတယ်။

နျူကလိယဗုံးလို့ခေါ်ရတဲ့ အကြောင်းအရင်းတော့ နျူကလိယဓာတ်ပြုခြင်း လုပ်ဆောင်ချက်ကို လုပ်လို့ ဖြစ်ပါတယ်။ နျူလိကယ ဓာတ်ပြုမှု အက်တမ် တစ်ခုရဲ့  အလယ်ဗဟိုက နျူကလိယနဲ့ အခြား အက်တမ်များရဲ့  အလယ်ဗဟို က နျူကလိယတို့ ပွတ်တိုက်ပြီး နောက်ထပ် နျူကလိယတွေ၊ အက်တမ်တွေ ဆက်တိုက်မွေးဖွားလာခြင်း ဖြစ်ပါတယ်။ ယင်း ဖြစ်စဉ်က တော်တော်လေး ကို မြန်ဆန်ပါတယ်။ ဒါကြောင့် သူ့ကို အက်တမ်ဗုံး (Atomic bomb) လို့လည်း ခေါ်ပါတယ်။
နျူကလိယဗုံး ပေါက်ကွဲခြင်း
နျူကလိယ ဗုံးကြဲလိုက်တယ်ဆိုတာ ပလူတိုနီယံ၊ ယူရေနီယဆ်ကို အပြင်က ကာကွယ်ပေးထားတဲ့ သတ္တုအလွှာကို ဖယ်ရှားပေးခြင်း သို့မဟုတ် အပြင် သတ္တုထက် ပိုမိုအားပြင်းသော Input တစ်ခုပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ အမြင့်ပေပေါင်းထောင်ချီက ပစ်ချတဲ့ ပလူတိုနီယမ်ဗုံးက များသော အားဖြင့် မပေါက်ကွဲစရာ အကြောင်းမရှိပါဘူး။ သူ့ကို ထိန်းသိန်း ထားလို့တော့ သာမန်အခန်းအပူချိန်နဲ့ မရနိုင်တာ အပြင်မှာ ဖြစ် သလို ပစ်ချတော့ ကြိမ်းသေကွဲပါတယ်။ နျူကလိယဗုံး ကြဲချ လိုက်ပြီ ဆိုပါစို့။
Fission လို့ခေါ်တဲ့ အနုမြု မျိုးပွားစနစ်နဲ့ စတင် အလုပ်လုပ် ပါတယ်။ နျူကလိယ ဗုံးဟာ လေထုထဲမှာ ရှိတဲ့ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင် အပြင် အခြားသော ဓာတ်ငွေ့ အားလုံးနဲ့ ဓာတ်ပြုပြီး အဆင့်ဆင့်မျိုးပွားပါတယ်။ အသေးစိတ်ဆိုရင် သူတို့ရဲ့  အက်တမ်တွေရဲ့ နျူကလိယ အလယ်ဗဟိုအားလုံးကို ပွတ်တိုက်ပါတယ်။ ဒီတော့ အဆိပ်ဖြစ်စေတဲ့ Co, N ဓာတ်ငွေ့များအပြင် မီးလည်း လောင်စေ ပါတယ်။ Fireball လို့ခေါ်တဲ့ မီးလုံးကြီး တက်လာပါတယ်။
ယင်းမီးလုံးဟာ ၂ စက္ကန့်အတွင်း မီတာ ၆၀၀ အထိ အပေါ်တက်ပါတယ်။ ဒါကြောင့် ၁၂ ကီလိုမီတာအထိလည်း ဆက်တက်ဖို့ မခဲယဉ်းပါဘူး။ မှိုပွင့်ကြီးလို့ အမြင့်ကြီးကို တက်ပါတယ်။ ယင်းမီးလုံးရဲ့ အပူချိန်ကလည်း ၄၄၀၀ ကီလိုဂရမ် အက်တမ်းဗုံးဆိုရင် ဖာရင်ဟိုက် ၇၀၀၀ ကျော်အထိ တက်နိုင်ပါတယ်။ ဒါက ကမ္ဘာစစ်ကာလက နျူကလိယဗုံးကိုအခြေံပြီး တွက်ချက်တာ ဖြစ်ပါတယ်။ ယနေ့ခေတ် နျူကလိယဗုံးက အရင်ကလောက် မကြီးတော့ပါဘူ။ အလေးချိန်လည်း ကျသွားပါတယ်။ သို့ပေမယ့် ပြင်းအား ကျတော့ အဆပေါင်းများစွာ တက်လာပါတယ်။
ရလဒ်ဆိုးကျိုး
နျူကလိယဗုံး ပေါက်ကွဲမှုကြောင် မီးလောင်ပျက်ဆီးမှုကတော့ သာမန်ဗုံးလို ပါပဲ သို့ပေမယ့် ကျန်ရှိတဲ့ ဆိုးကျိုးကတော့ ကမ္ဘာ့အဆိုးရွားဆုံး ပဲ ဖြစ်ပါ တယ်။ နျူကလိယဗုံးကြဲပြီးသွားပေမယ့် ၁၀ နှစ်ကြာတောင် ယင်းဒေသ မှာ ရေဒီယိုဓာတ် ကြွယ်ဝနေဆဲ ဖြစ်ပါတယ်။ ရေဒီယို ဓာတ်ဆိုတာ ကိုယ်တွင်းအထိကို ထိုးဖောက်နိုင်တဲ့ ရောင်ခြည်တစ်မျိုး ဖြစ်ပြီး ဓာတ်ရောင်ခြည်အဆိပ်သင့် တယ်လို့ ခေါင်းစဉ် တပ်နိုင်တဲ့ ရောဂါပေါင်း များစွာ ဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်ကြောင့် သက်ရှိအားလုံးရဲ့  ဇီဝ စနစ်တွေအားလုံးကို ဖျက်ဆီးပါတယ်။ သေစေ ပါတယ်။ ပြောင်းလဲစေ ပါတယ်။ ဥပမာ- ငါးက မွေးပေမယ့် လူရုပ်ပေါက်နေတာတို့။ လူကမွေးပေ မယ့် တိရစ္ဆာန်ဖြစ်နေတာတို့၊ ဝက်ကမွေးပေမယ့် လူတစ်ပိုင်း ဝက်တစ်ပိုင်း ဖြစ် တာတို့၊ ခြေ လက် များစွာပါတဲ့ လူမွေးလာတာတို့၊ မြင်းနွား အစရှိသဖြင့် ထူးထူးခြားခြား ဇီဝပြောင်းလဲမှု အထိ ဖြစ်စေပါတယ်။ အပင်တွေလည်း မပေါက်တော့ပဲ ပေါက်တဲ့အပင်ကလည်း အဆိပ်သင့်ပါတယ်။
အသုံးပြုခဲ့တဲ့ နျူကလိယဗုံး အရွယ်အစား အကြီးအသေးကိုလိုက်လို့ သူ့ပတ်ဝန်းကျင် မိုင်ပတ်ပတ်လည် အတိုင်းအတာအတွင်းထိ ထိရောက်မှုက နှစ်ပေါင်းများစွာ ကြာမြင့်ပါတယ်။ ဒါကြောင့် နျူကလိယ ဗုံးကို အတတ်နိုင်ဆုံး အသုံးမပြုဖို့ ကမ္ဘာနိုင်ငံအားလုံးက နားလည် လက်ခံထားပါတယ်။
ကမ္ဘာမှာ နျူကလိယ စွမ်းအင်ပိုင်ဆိုင်တဲ့ နိုင်ငံအရေအတွက်တိုးလာ ပါတယ်။ ဗုံးအတွက်တင်မဟုတ်ပဲ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖို့အတွက် နျူကလိယ နည်းပညာကလည်း သက်သက်ရှိနေပါသေးတယ်။ သို့ပေမယ့် ဆက်စပ်မှုက သိပ်မဝေးပါဘူး။ အသုံးပြုပုံသာ ကွဲသွားတာဖြစ်ပါတယ်။ ပလူတိုနီယမ်၊ ယူရေနီယမ်တို့ကို အခြေခံထားခြင်း ဖြစ်တဲ့အတွက်လည်း ဓာတု အဆိပ်က ဗုံးနဲ့ သိပ်မကွာပါဘူး။ သို့ပေမယ့် စွမ်းအင်းရှားပါးလာ တဲ့ ခေတ်မှာ ယင်း သတ္တုများက ထွက်ပေါက်လို့ အများက ယူဆနေခြင်း ဖြစ် ပါတယ်။
အနှစ်ချုပ်
အနာဂတ်မှာ စွမ်းအင်ရှားပါးလာတဲ့အခါ သဘာဝအတိုင်းရတဲ့ နေရောင်ခြည် တို့လို ဟာကိုသုံးမလား နျူကလိယစွမ်းအင်ကို သုံးမလားဆိုတာ စဉ်းစားစရာ ရှိနေပါတယ်။ ဒါတွေအတွက်လည်း ပညာရှင်များလိုအပ် ပါတယ်။ လျှပ်စစ်စွမ်းအင်၊ ဓာတုဗေဒစွမ်းအင်ကို အကောင်းဆုံး သိရှိနားလည်တဲ့ ပညာရှင်များ ပိုမို ပေါက်ဖွားလာမှသာ ယင်းအခက်အခဲများ ကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်ကမ္ဘာမှာ နျူကလိယစွမ်းအင် လို မဟုတ် ပဲ အခြားသော အန္တရာယ်နည်း စွမ်းအင်စနစ် တစ်ခုခုသို့မဟုတ် သဘာဝ စွမ်းအင်များကို ခွဲဝေအသုံးချနိုင်ရေး အတွက် ကမ္ဘာအရပ်ရပ်က ကြိုးပမ်းဆောင်ရွက်လျက် ရှိသလို မြန်မာပြည်ကလည်း အားကိုးအားထား ရတဲ့ စွမ်းအင်စနစ်တစ်ခု ပေါ်ပေါက်လာရန် ကြိုးစားလုပ်ဆောင်သင့်ကြောင့် ဆန္ဒပြုရင်း နိဂုံးချုပ်လိုက် ရပါတယ်။
--
အောင်ခမ်း (ရိုးရာလေး)

အွန်လိုင်းမှာ Programming ပညာ အခမဲ့လေ့လာမယ်

အပြင်မှာ Programming အတွက် သင်တန်းကြေးတွေ ဘယ်လောက် ကုနတယ် ဆိုတာ အားလုံးသိထားတဲ့အတိုင်းပါပဲ။ ဒါကြောင့် အကောင်းဆုံး ကျော်ဖြတ်နည်းကတော့ Self Study ပါ။
ဒီလို Self Study လုပ်ဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့ ရှင်းလင်းပြသပေးထားတဲ့ ဆိုဒ်တွေ ရှိဖို့လိုပါတယ်။ ယခု Share ပေးမယ့် ဆိုဒ်လေးကတော့ တကယ်ရှင်းလင်းပါတယ်။
အွန်လိုင်း အခမဲ့ Programming ပညာသင်ကြားရေးဝဘ်ဆိုဒ်တွေ အများကြီး ရှိပါတယ်။ လက်တလော သုံးဖြစ်နေတာလေးပါ။ အများစုက Basic ကို အခမဲ့ သင်ကြားနိုင်ပြီး နောက်ထပ် Level တွေအတွက် ပိုက်ဆံ သွင်းရပါတယ်။ ဒီဆိုဒ်ကတော့ ကျနော်လည်း အခုမှ စသုံးရသေးတဲ့ အတွက် နောက်ထပ် Level တွေအတွက် ပိုက်ဆံ ပေးရမပေးရ မသိသေး ပါဘူး။
beginner ရော၊ Expert ဖြစ်အောင် လေ့လာလို့ရတယ်လို့ဆိုပါတယ်။ အခမဲ့ ဖြစ်ဖို့များပါတယ်။ ပုံစံ ကြည့်ရတာ Register လုပ်ရမယ့် Level တွေ မတွေ့ရပါဘူး။ ကိုယ်ပိုင် ဝဘ်ဆိုဒ် တစ်ခု တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အခြေခံ ပညာရပ်တွေအားလုံးကိုပါ လေ့လာလို့ရတယ်လို့ ဆိုပါတယ်။ ကိုယ်တိုင်လည်း ဆန်းသပ်လို့ရအောင် ဖန်တီးပေးထားပါတယ်။
HTML, Java, PHP, SQL အစရှိသဖြင့် Programming language များကို စုံစုံလင်လင်တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုဒ် လခ့်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
http://www.w3schools.com

ဆိုင် အင်တာနက်မြန်နှုန်း မိုဘိုင်းထက်သာမှ အနာဂတ်သာယာမည်


လစဉ်ကြေး လျှော့ချခြင်း အပြင် မိုဘိုင်းဖုန်း မြန်နှုန်းထက် သာအောင် မပေးနိုင်လျှင် ရန်ကုန်၌ အင်တာ နက်ဆိုင် ပိတ်သိမ်းမှု ပိုများ လာမည်ဟု ဆိုင်ဖွင့်သူ အချို့က ပြောသည်။ လက်ရှိတွင် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် လျှောက်ထား ခကို ဧပြီ ၁ ရက်နေ့မှ စ၍ ကနဦးလိုင် စင်ကို ကျပ်ငါးသိန်းမှ ကျပ်ငါးသောင်းသို့ လျှော့ချ လိုက်ပြီး နှစ်စဉ်ကြေး ကိုလည်း သုံးသိန်း ခြောက်သောင်းမှ ခြောက် သောင်းသို့ လျှော့ချ လိုက်ခြင်း အပေါ် ၄င်းတို့က အထက်ပါ အတိုင်း ဝေဖန် လိုက်ခြင်း ဖြစ်သည်။ ယင်းသို့ မြန်မာ့ ဆက်သွယ်ရေးမှ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် လျှောက်ထားခ နှုန်းများ လျှော့ချ ပေးလိုက် သော်လည်း ရန်ကုန်မှ အင်တာနက် ဆိုင်အများစုမှာ ဆိုင်တိုးချဲ့ ဖွင့်လှစ်မှုထက် လက်ရှိ ဖွင့်လှစ် ထားသည့် ဆိုင်ကိုပင် ပြန်လည် ပိတ်သိမ်းမည့် အနေ အထားတွင် ရှိနေကြောင်း ၄င်းတို့က ပြောသည်။
”မိုဘိုင်းဖုန်း တွေနဲ့ အင်တာနက် သုံးစွဲနေတဲ့ ခေတ်မှာ ဒီဈေးနှုန်း ဖြစ်သွားလည်း မဆန်းတော့ ပါဘူး။ လျှောက်ထား ခတွေ၊ နှစ်စဉ် ကြေးတွေ လျှော့ချရုံနဲ့ အင်တာနက် သုံးတဲ့လူ တက်မလာ ပါဘူး။ လိုအပ် နေတဲ့ မြန်နှုန်း၊ မြင့်မား နေတဲ့ လစဉ်ကြေး တွေကို အကောင်းဆုံး လုပ်ပေးမှ သုံးတဲ့ သူများ လာပြီး ဆိုင်ဖွင့် ချင်တဲ့ လူရှိလာ မှာပါ။ ဒီလိုမှ မဟုတ် ရင်တော့ အင်တာနက် ဆိုင်တွေ မများလာတဲ့ အပြင်ရှိတဲ့ ဆိုင်တွေပါ ပိတ်သိမ်းဖို့ ရှိလာမှာ ပါ” ဟု ပုဇွန်တောင် မြို့နယ် Net King အင်တာနက်ဆိုင် ပိုင်ရှင်က ပြောသည်။

ယင်းအပြင် မင်္ဂလာတောင် ညွန့်မြို့နယ်မှ Joker အင်တာနက် ဆိုင်ပိုင်ရှင် ကလည်း မိုဘိုင်း အင်တာနက် မြန်နှုန်းထက် ပိုကောင်းမှသာ ဆိုင်များတွင် လာရောက် သုံးစွဲသူ ရှိလာမည် ဖြစ်ကြောင်း၊ လက်ရှိ အနေ အထားအရ အင်တာနက် သုံးစွဲသူ အများစုမှာ မိုဘိုင်း ဖုန်းနှင့် ရုံးများ တွင်သာ သုံးစွဲမှု ပိုများသည့် အနေ အထားတွင် ရှိနေကြောင်း၊ နောက်ရောင်း ချမည့် ဖုန်းများ တွင်လည်း အင်တာနက် စနစ်များ ပါဝင်လာဖွယ် ရှိသည့်အတွက် အင်တာနက် သုံးစွဲသူများမှာ မိုဘိုင်းဖုန်း ကိုသာ ဦးစား ပေးတော့ မည်ဖြစ်ကြောင်း၊ ယင်းကြောင့်ငွေ ကြေးကုန် ကျမှု များစွာဖြင့် ဖွင့်လှစ် ထားသည့် အင်တာနက် ဆိုင်များ ဆက်လက် ရပ်တည်ရန် လစဉ်ကြေးနှင့် မြန်နှုန်းကို အဆင်ပြေအောင် ဆောင်ရွက် ပေးစေလိုကြောင်း ပြောသည်။ ဆက်သွယ် ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီး ဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် Public Access Center (PAC) ဝန်ဆောင်မှု လုပ် ငန်း လိုင်စင်ကို ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် ကစ၍ ဆောင်ရွက်ပေး ခြင်း ဖြစ်သည်။ 

အလိုအလျောက် မောင်းနှင်နိုင်သည့် တစ်ယောက်စီး စက်ရုပ်ကား

ကမ္ဘာ့အသေးဆုံး P45 ကားကို တီထွင်သူ ဂျရမီကလက်ဆန်က ယာဉ်မောင်းသူ၏ အကူအညီမလိုဘဲ အလိုအလျောက် မောင်းနှင်နိုင်သည့် တစ်ယောက်စီး စက်ရုပ် ကားလေးကို ဂျပန်ကုမ္ပဏီ ဟီတာချီ အတွက် တီထွင်ပေး လိုက်သည်။ အဆိုပါ စက်ရုပ် ကားတွင် တည်နေရာကို အလိုအလျောက် ဖော်ပြပေးနိုင်သော ဂျီပီအက်စ် စနစ်များ ထည့်သွင်းထားပြီး သယ်ယူပို့ဆောင်ရေးနှင့် စပ်လျဉ်း၍ လူတစ်ယောက်ကဲ့သို့ စဉ်းစားတွေးခေါ် နိုင်သည့် စက်ရုပ် နည်းပညာ စနစ်ကိုပါ ထည့်သွင်း တပ်ဆင် ထားသည်။ Repits ဟု အမည် ပေးထားသည့် အဆိုပါ စက်ရုပ်ကားသည် လေးဘီးယက် မော်တော်ကား အမျိုးအစား ဖြစ်သည်။ ကားစီး ခရီးသည်များ အနေဖြင့် သွားလိုရာ ခရီးစဉ်ကို ဂျီပီအက်စ် စနစ်သုံး မြေပုံများဖြင့် ရှာဖွေပြီး အလိုအလျောက် မောင်းနှင်နိုင်သည့် မောင်းသူမဲ့ ကားဖြင့် လိုရာခရီး ပန်တိုင်သို့ အဆင်ပြေ ချောမောစွာ ခရီးနှင်နိုင် မည်ဖြစ်သည်။

ဝက်ခြံ ထွက်ခြင်းကို ကာကွယ်နည်း


လူငယ်တွေ အတွက် မရိုးနိုင်တဲ့ ပြဿနာ ကတော့ ဝက်ခြံပါပဲ။ အထူး သဖြင့် အမျိုးသမီး တွေမှာ သွေးမဆုံး ခင်အထိ ဝက်ခြံက ဒုက္ခပေး ပါတယ်။ အမျိုးသားတွေ အသက် ၄၀ ကျော် ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက် ပေမယ့် အမျိုးသမီး တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိမြဲပါ။ ဝက်ခြံဟာ မျက်နှာပြင်ပေါ် အဆီပြန် တဲ့အခါ မွေးညင်း ပေါက်တွေမှာ ဖုန် အညစ်အကြေးတွေ ပိတ်ဆို့နေလို့ ထွက် ရတယ်လို့ အတိအကျ မပြောနိုင်ပါ။ အလွန် အမင်း ဆေးကြော သန့်စင်၊ အကြိမ်ကြိမ် ရေဆေး သန့်ရှင်းကြ လို့ပါပဲ။ ဒီလို လုပ်ခြင်းဖြင့် ဝက်ခြံတွေ ပိုဆိုး သွားစေ ပါတယ်။ ရေနဲ့ ခဏ ခဏ ဆေးတော့ အရေပြား အစိုဓာတ် ခန်းပြီး ဝက်ခြံတွေ ပိုထွက် စေပြန် တယ်။ ဒါကြောင့် တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ ဆေးပါ။ 

ငါးတွေ သေသွားရင် ဘာကြောင့်ရေပေါ် ပေါ်လာသလဲ

ငါးအများ စုဟာ ရေထက် ပိုပြီး သိပ်သည်းဆ များကြ ပါတယ်။ ဒါကြောင့်မို့ ငါးတွေဟာ သေဆုံး သွားတာနဲ့ ချက်ချင်း ရေထဲကို နစ်မြုပ်သွား ကြပါတယ်။ လူတစ်ဦး ရေနစ်သွား သလိုပါပဲ။ ဒါပေမယ့် လူတွေနဲ့ ငါးတွေဟာ အချိန်ကြာ လာတာနဲ့ ခန္ဓာကို ရေပေါ်ကို ပြန်လည် ပေါ်လာစေဖို့ ဖော့ဂုဏ် သတ္တိကို ပြန်လည်ရရှိ လာကြပါတယ်။ ခန္ဓာကိုယ်ထဲ မှာရှိတဲ့ သေဆုံးပြီး ဘတ်တီးရီးယား တွေကနေ ဂက်စ်အငွေ့တွေကို ထုတ်လွှတ်တတ် ကြပါတယ်။ အဲဒီ ဂက်စ်အငွေ့တွေ များပြား လာတာနဲ့ အမျှ ခန္ဓာကိုယ်တွင်း ခေါင်းတစ်လုံး ပြည့်နှက် သွားပြီး ခန္ဓာကိုယ်ကို ရေပေါ်ပေါ် စေပါတယ်။


အီဂျစ်ရေငုတ်သမားများက အင်တာနက် Cable ကြိုးဖြတ်တောက်သူ ၃ ဦးဖမ်းဆီးရမိ


အီဂျစ်ရေငုတ်သမားများက အင်တာနက် Cable ကြိုးဖြတ်တောက်သူ ၃ ဦးဖမ်းဆီးရမိ  မတ် ၂၉, ၂၀၁၃  ဗုဒ္ဓဟူးနေ့ (၂၇.၃.၂၀၁၃) ၊မြေထဲပင်လယ်ဒေသမှာ ပင်လယ်ရေအောက်အင်တာနက် Cable ကြိုးကို ဖြတ်တောက်ရန်ကြိုးစားခဲ့ကြသော ရေငုတ်သမား (၃) ဦးကို အီဂျစ်နိုင်ငံ ရေတတ်သင်္ဘောသားများက ဖမ်းဆီးရမိခဲ့ပါတယ်လို့ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။ Cable ကြိုးတပ်ဆင်နေချိန်အတွင်း သတင်းပတ် တစ်ပတ်ကြာလောက် အင်တာနက်လိုင်းတွေ နှေးကွေးနေမှာဖြစ်ပါတယ်။  ကိုးအာမက် မိုဟာမက်အလီက သူ့ရဲ့ရုံးသုံး ဖေ့ဘုတ်စာမျက်နှာမှာ ပြောကြားချက်အရ အီဂျစ်နိုင်ငံ အဓိက ဆက်သွယ်ရေးကုမ္ပဏီရဲ့ ရေအောက် Cable ကြိုးကို ဖြတ်တောက်နေစဉ်မှာပဲ ဒီ ရေငုတ်သမားတွေကို ဖမ်းဆီးခဲ့တာပါလို့ဖော်ပြထားပါတယ်၊ တရားဝင်ထုတ်ပြန်ချက်ကတော့ အလက်ဇန်းဒါးဆိပ်ကမ်းအထွက် ငါးဖမ်းဘုတ်အမြန်ယာဉ်ပေါ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ ဘယ်သူတွေလဲ၊ ဘာကြောင့် ခုလို ဖြတ်တောက်ချင်ရတာလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။  ပါကစ္စတန်နှင့်အိန္ဒြိယနိုင်ငံတွေထိ အင်တာနက်လိုင်းနှေးကွေးမှုများဖြစ်ပေါ်မှာဖြစ်ကြောင်း နည်းပညာဦးစီးမှုး ဂျင်ကော်ဝေးက ပြောပြပါတယ်။ Cable ပြတ်တောက်မှုကြောင့် ကမ္ဘာတ၀ှမ်းမှာ Data စီးဆင်းမှုနှေးကွေးမှုများဖြစ်ပေါ်လာနိုင်ကြောင်း သူကပြောပါတယ်။  မြေထဲပင်လယ်အရှေ့ပိုင်းဒေသမှာ မကြာသေးမီနှစ်များအတွင်း ခုလို Cable ပြတ်တောက်မှုဟာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ Errant သင်္ဘေားများ၏ကျောက်ဆူးများကြောင့် မကြာခဏဖြစ်ခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်အတွင်း ပင်လယ်ရေအောက် Cable ကြိုးပြတ်တောက်မှု ကြီးကြီးမားမား ၂ ခု မြေထဲပင်လယ်အရှေ့ပိုင်းမှာ သီးခြားစီဖြစ်ပေါ်ခဲ့ပါတယ်။  NaingLinn ဘာသာပြန် www.facebook.com/ZinYawNews www.zinyawnews.com ဗုဒ္ဓဟူးနေ့ (၂၇.၃.၂၀၁၃) ၊မြေထဲပင်လယ်ဒေသမှာ ပင် လယ်ရေအောက် အင်တာနက် Cable ကြိုးကို ဖြတ်တောက် ရန်ကြိုး စားခဲ့ကြသော ရေငုတ်သမား (၃) ဦးကို အီဂျစ်နိုင်ငံ ရေတတ် သင်္ဘော သားများက ဖမ်းဆီးရမိခဲ့ပါတယ်လို့ စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်ကပြောပါ တယ်။ Cable ကြိုးတပ်ဆင်နေချိန်အတွင်း သတင်းပတ် တစ်ပတ် ကြာလောက် အင်တာနက် လိုင်းတွေ နှေးကွေးနေ မှာဖြစ်ပါတယ်။
ကိုးအာမက်မိုဟာမက်အလီက သူ့ရဲ့ရုံးသုံး ဖေ့ဘုတ်စာမျက်နှာမှာ ပြောကြားချက်အရ အီဂျစ်နိုင်ငံ အဓိက ဆက် သွယ်ရေးကုမ္ပဏီရဲ့ ရေအောက် Cable ကြိုးကို ဖြတ်တောက်နေစဉ်မှာပဲ ဒီ ရေငုတ်သမားတွေကို ဖမ်းဆီးခဲ့တာပါလို့ဖော်ပြထားပါတယ်၊ တရားဝင်ထုတ်ပြန်ချက်ကတော့ အလက်ဇန်းဒါးဆိပ်ကမ်းအထွက် ငါးဖမ်းဘုတ်အမြန်ယာဉ်ပေါ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ ဘယ်သူတွေလဲ၊ ဘာကြောင့် ခုလို ဖြတ်တောက်ချင်ရတာလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။

ပါကစ္စတန်နှင့်အိန္ဒြိယနိုင်ငံတွေထိ အင်တာနက်လိုင်းနှေးကွေးမှုများဖြစ်ပေါ်မှာဖြစ်ကြောင်း နည်းပညာ ဦးစီးမှုး ဂျင်ကော်ဝေးက ပြောပြပါတယ်။ Cable ပြတ်တောက်မှုကြောင့် ကမ္ဘာတ၀ှမ်းမှာ Data စီးဆင်းမှုနှေးကွေးမှုများဖြစ်ပေါ်လာနိုင်ကြောင်း သူကပြောပါတယ်။

မြေထဲပင်လယ်အရှေ့ပိုင်းဒေသမှာ မကြာသေးမီနှစ်များအတွင်း ခုလို Cable ပြတ်တောက်မှုဟာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ Errant သင်္ဘေားများ၏ကျောက်ဆူးများကြောင့် မကြာခဏဖြစ် ခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်အတွင်း ပင်လယ်ရေအောက် Cable ကြိုးပြတ်တောက်မှု ကြီးကြီးမားမား ၂ ခု မြေထဲ ပင်လယ်အရှေ့ပိုင်းမှာ သီးခြားစီဖြစ်ပေါ်ခဲ့ပါတယ်။

From.....ZinYawNews

မော်ရင်ဟို အထင်လွဲခံနေရသည်ဟု တီရင် မြင်

မော်ရင်ဟို အထင်လွဲခံနေရသည်ဟု တီရင် မြင်  Friday, March 29, 2013  ဖီဖာတစ်နှစ်တာအကောင်းဆုံး နည်းပြဆုနှင့် ပတ်သက်၍ အငြင်းပွား ခဲ့သော မော်ရင်ဟိုမှာ အထင်လွဲခံနေရသူဖြစ်သည်ဟု ဂါလာတာ စာရေးနည်းပြ တီရင်က ဖွင့်ဟသွားခဲ့သည်။  ပန်ဒက်ဗ်၏မဲပေးမှုနှင့်ပတ်သက်၍ အရှုပ်အထွေးများရှိခဲ့ပြီးနောက် ဖီဖာဆုရွေးမှုတွင် မသမာမှုများ ရှိနေသည်ဟု မော်ရင်ဟိုကဝေ ဖန်ခဲ့ကာ ယင်းဝေဖန်ချက်နှင့်ပတ်သက်၍ ကလေးဆန်သည်ဟု ဒဲလ်ဘော့စကေးက ပြန်လည်တုံ့ပြန်ထားသည်။  သို့သော် တီရင်က မော်ရင်ဟို၏လူနေမှုစရိုက်မှာ အများနှင့်တူညီခြင်းမရှိ သောကြောင့် ၎င်း အပေါ်နားမလည်ကြခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ မော်ရင်ဟိုနှင့် တီရင်မှာ ရင်းနှီးသော မိတ်ဆွေများဖြစ်ပြီး ထိုရင်းနှီးမှုကို တန်ဖိုးထားသည်ဟုလည်း တီရင်က ပြောကြားခဲ့သည်။  " မော်ရင်ဟိုရဲ့စရိုက်က လူအများစုနဲ့ မတူပါဘူး။ ဒါကြောင့် တစ်ခါ တလေကျရင် လူတွေက သူ့ကို နားမလည်နိုင်ကြတာပါ။ ဒါပေမဲ့ သူဟာ အသင်းတိုင်းမှာအောင်မြင်သလို ခမ်းနားတဲ့နည်းပြတစ်ယောက်ပါ။ သူနဲ့ ကျွန်တော်တို့ကြားက ရင်းနှီးမှုက ကျွန်တော့်အတွက် အရေးကြီးပါတယ်" ဟု ဆိုခဲ့သည်။ သို့သော် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် ရီးရဲလ်နှင့် ဂါလာတာစာရေးတို့ တွေ့ဆုံနေခြင်းကြောင့် ၎င်းတို့ ၂ဦးအနေဖြင့် ပြိုင်ဘက်များအဖြစ် တွေ့ဆုံရမည်ဖြစ်သည်။  ရိုးရာလေး ဖီဖာတစ်နှစ်တာအကောင်းဆုံး နည်းပြဆုနှင့် ပတ်သက်၍ အငြင်းပွား ခဲ့သော မော်ရင်ဟိုမှာ အထင်လွဲခံနေရသူဖြစ်သည်ဟု ဂါလာတာ စာရေးနည်းပြ တီရင်က ဖွင့်ဟသွားခဲ့သည်။
ပန်ဒက်ဗ်၏မဲပေးမှုနှင့်ပတ်သက်၍ အရှုပ်အထွေးများရှိခဲ့ပြီးနောက် ဖီဖာ ဆုရွေးမှုတွင် မသမာမှုများ ရှိနေသည်ဟု မော်ရင်ဟိုကဝေဖန်ခဲ့ကာ ယင်းဝေဖန်ချက်နှင့် ပတ်သက်၍ ကလေးဆန်သည်ဟု ဒဲလ်ဘော့ စကေးက ပြန်လည်တုံ့ပြန်ထားသည်။

သို့သော် တီရင်က မော်ရင်ဟို၏လူနေမှုစရိုက်မှာ အများနှင့်တူညီခြင်းမရှိသောကြောင့် ၎င်း အပေါ် နားမလည်ကြခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
မော်ရင်ဟိုနှင့် တီရင်မှာ ရင်းနှီးသော မိတ်ဆွေများဖြစ်ပြီး ထိုရင်းနှီးမှုကို တန်ဖိုးထားသည်ဟုလည်း တီရင် က ပြောကြားခဲ့သည်။

" မော်ရင်ဟိုရဲ့စရိုက်က လူအများစုနဲ့ မတူပါဘူး။ ဒါကြောင့် တစ်ခါတလေကျရင် လူတွေက သူ့ကို နားမလည်နိုင်ကြတာပါ။ ဒါပေမဲ့ သူဟာ အသင်းတိုင်းမှာအောင်မြင်သလို ခမ်းနားတဲ့နည်းပြတစ်ယောက်ပါ။ သူနဲ့ ကျွန်တော်တို့ကြားက ရင်းနှီးမှုက ကျွန်တော့်အတွက် အရေးကြီးပါတယ်"ဟု ဆိုခဲ့သည်။ သို့သော် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် ရီးရဲလ်နှင့် ဂါလာတာစာရေး တို့ တွေ့ ဆုံနေခြင်းကြောင့် ၎င်းတို့ ၂ဦး အနေဖြင့်ပြိုင်ဘက်များအဖြစ် တွေ့ဆုံရမည်ဖြစ်သည်။

ရိုးရာလေး

ဒူးဖော်၊ပေါင်ဖော်တဲ့ မိန်းကလေးများ သိစေရန်

မိန်းကလေးအလှပာာ တန်ဖိုးကြီးတယ်ကွဲ့..ဒူးဖော် ပေါင်ဖော်ရင်သားတွေ ဖော်နေရင် ဘယ်သူမှ စိတ်မ၀င် စားတော့ဘဲ တန်ကြေး မရှိဖြစ်မယ်

တစ်ခါက ရွာကြီးတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက်ရှိတယ်။သူမှာ သိပ်လှ တဲ့ မြေးမလေး တစ်ယောက် လည်းရှိတယ်။အဘိုးအိုပာာ မျက်လှည့်ပညာသိပ် ကျွမ်းတယ်။အဲဒီပညာနဲ့ ပဲအ သက်မွေးခဲ့ တယ်...မြေးမလေးကိုလည်း အဲဒီပညာတွေသင်ပေးထားတယ်။

တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့။ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ကြိုး ကနေ မြွေဖြစ်သွားတာတွေ ပြကွက်မျိုးစုံနဲ့ ပရိသတ်ကိုဖျော်ဖြေတယ်။ အားလုံးပြပြီးရင် ပရိသတ်က စွန့်ကြဲ တဲ့ငွေကိုပဲယူတယ်။အခုပြတဲ့ပွဲမှာ အဘိုးအိုပာာ ထူးဆန်းတဲ့ စကားတစ်ခွန်းပြောတယ်။
"မျက်လှည့် ပညာဆိုတာ မှော်ပညာမပာုတ်လို့ တန်ခိုးစွမ်းအားတွေမရှိပါဘူး။လိမ်တာလည်းမပ
ာုတ်ပါ ဘူး။ မျက် လှည့်ပညာမှာ လျို့ဝှက်ချက်တွေရှိပါတယ်။အဲ့ဒီလျှို့ဝှက်ချက်တွေကို ခင်ဗျားတို့မသိ လို့သာ အထူး အဆန်းလာကြည့်ကြတာဖြစ်တယ်။ဒီနေ့ မျက်လှည့်ပညာ ရဲ့လျှို့ဝှက်ချက်တွေ ကို ပြောပြ မယ်" ပရိ သတ်ပာာ အင်မတန် စိတ်ဝင်စားသွားတယ်။
ကြိုးကနေ ဘယ်လိုမြွေဖြစ်သလဲ စသည်ဖြင့်ပေါ့။ခဏကြာတော့ အဘိုးအိုပာာ လျှို့ဝှက်ချက်တွေ အား လုံးပြောပြ သတဲ့။ ပရိသတ်လည်း ပြောတုန်းခဏပဲ စိတ်ဝင်းစားတာပေါ့။သိလည်းသွားရော-
"သြော် ဒီလိုလုပ်တာလား။ဒါလေးများ။" ပာု မျက်လှည့်ပညာကို စိတ်မ၀င်စားတော့ဘူးပေါ့။
နောက်တစ်နေ့ မြေးမလေးကို ခေါ်ပြီး မျက်လှည့် သွားပြသတဲ့။

ပရိသတ် တစ်ယောက်မှ မလာတော့ချေ။ထိုနောက် အဘိုးအိုက-
"မြေးလေးရေ။ပရိသတ်တစ်ယောက်မှ မလာပါလား။ဘာကြောင့်လဲ။"
"အဘိုးက မနေ့ကပွဲမှာ လျှို့ဝှက်ချက်တွေပြောလိုက်တာကိုး။ဘယ်သူမှ
စိတ်မ၀င်စားတော့ဘူးပေါ့။"
"အေး။ပာုတ်တယ်မြေးလေး။အဘိုးကို တစ်သက်လုံး ထမင်းကျွေးခဲ့တဲ့ပညာ။အခုတော့ လျှို့ဝှက်ချက် လည်းပြ လိုက်ရော ဘာမှ တန်ဖိုးမရှိတော့ဘူး။မြေးလေးလည်းမှတ်ထားပါ။

လှ်ျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ်အလှတရားပာာ ဘယ်သူ့မှ မပြရဘူး။ လျှို့ဝှက်ထား ရမယ်။ ဒါဆို မြေးရဲ့ မိန်းကလေးအလှပာာ တန်ဖိုးကြီးတယ်ကွဲ့။ဒူးဖော် ပေါင်ဖော် ရင်သားတွေဖော်နေရင် ဘယ် သူမှ စိတ် မ၀င်စားတော့ဘဲ တန်ကြေးမရှိဖြစ်မယ်။ပြတုန်းခဏပဲ သူတို့က တန်ဖိုးထားတာ။ဒါ့ကြောင့် အ ၀တ် အစားကို လုံလုံခြုံခြုံဝတ်ပါ။"

အဘိုး အိုပာာ သူ့ပညာနဲ့ရင်းပြီး မြေးမလေးကို ဆုံးမခဲ့တယ်။ သူငယ်ချင်းတို့လည်း အဘိုးအိုစကားကို နားလည် နိုင်ပါစေ.....
From:Pyi Nyein

UFO နှင့် IFO


အမျိုးအမည်မသိ ယာဉ်ပျံအရာဝတ္ထုတစ်ခုသည် ကောင်းကင်တွင် ပျံသန်းနေပြီး ၎င်းအရာအား မြင်သည့် ပုဂ္ဂိုလ်က မည်သည့်အရာဖြစ်သည်ဟု အတိအကျခွဲခြားမရနိုင်ခြင်း ဖြစ်ရသည့် အရာဝတ္ထုမျိုးကို အမျိုးအမည်မသိ ယာဉ်ပျံ(Unidentified Flying Object) ဟုခေါ်ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် ယင်းစာလုံးအားအတိုကောက်အနေဖြင့် UFO ဟု ခေါ်ဝေါ်ကြသည်။ တစ်ခါတစ်ရံတွင် အရာဝတ္ထုများကို စူးစမ်းလေ့လာနိုင်သည်။ သို့သော် လူပုဂ္ဂိုလ်တို့ လေ့လာထားပြီးသော်လည်း မည်သည်ဖြစ်သည်ကို မဖော်ပြနိုင်သေးသ၍ ၎င်းကို UFO ဟုခေါ်သည်။ အကယ်၍ လူတို့က ယင်းအရာဝတ္ထုသည့် မည်သည်ဖြစ်သည်ဟု ထုတ်ဖော်နိုင်သည့်နှင့် UFO ဟုခေါ်ဝေါ်မရတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းအား ရှာဖွေ့တွေ့ရှိ လေ့လာသတ်မှတ်ခဲ့ပြီးသောကြောင့်ဖြစ်သည်။
...
ပန်းကန်ပြားပျံဆိုသည်မှာ ကမ္ဘာမှမဟုတ်ဘဲ အခြားဂြိုဟ်များမှလာသော ယာဉ်ပျံများကိုဆိုလိုသည်။ သုသေသီများ၏လေ့လာချက်အရ လူအများပြောဆိုကြသော ပန်းကန်ပြားပျံများသည်
၁။ မိုးပျံပူဖောင်းများ၊ မီးပုံးပျံနှင့်လေသင်္ဘောများ
၂။ တိမ်များ
၃။ ကောင်းကင်တွင်ပေါ်သောပုံရိပ်များ၊ အလင်းတန်းများ၊ တံလျပ်များ
၎။ လေတပ်မတော်များ၏လျှို့ဝှက်လေယာဉ်များ၊ ဒုံးလက်နက်များ
၅။ အာကာသယာဉ်များ၏ ဆင်းသက်ထိပ်ဖူး(re-entering capsule)များသို့မဟုတ် အခြားအစိတ်အပိုင်းများ
၆။ အာကာသယာဉ်ပစ်လွှတ်သည့် တွန်းအားပေးဒုံးပျံများ၏ မြေပေါ်ပြန်လည်ကျရောက်လာသောအစိတ်အပိုင်းများ ဖြစ်ကြသည်။
အချို့ဓာတ်ပုံများမှာ ပန်းကန်ပြားပျံအတုများ ဖြစ်ကြသည်။ အချို့မှာမူ ယခုထိဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ ဒုတိယ ကမ္ဘာစစ်ကာလက ဂျာမန်တို့သည် လေယာဉ်အသစ်အဆန်းများ တီထွင်ရာတွင် အဝိုင်းပြားပုံ လေယာဉ်များလည်း ပါဝင်သည်။ ထို့‌ကြောင့်အချို့က ပန်းကန်ပြားပျံများသည် ဂျာမန်တို့၏လက်နက်ဆန်းများ ဖြစ်သည်ဟု ဆိုကြသည်။ ဂြိုဟ်သားများသည် ကမ္ဘာပေါ်တွင် အခြေစိုက်စခန်းများထားရှိကြပြီး ယင်းအနီးတစ်ဝိုက်တွင် ပန်းကန်ပြားပျံများကို မကြာခဏ တွေ့ရှိရလေ့ရှိသည်။

ပန်းကန်ပြားပျံများ၏ထူးခြားချက်မှာ လေကြောင်းပျံသန်းမှု နိယာမများကို ချိုးဖောက်ခြင်းဖြစ်သည်။ တည့်တည့်ပျံသန်းလာမှ ရုတ်ခြည်း ဘေးတိုက်ပျံသန်းသွားခြင်း၊ လူသားတို့ တီထွင်သော လေယာဉ်များ မလုပ်နိုင်သော တွန့်ခေါက်ပုံ (Zig-Zag) ပျံသန်းခြင်းများရှိသည်။ ပျံသန်းနှုန်းမှာလည်း လေယာဉ်များထက် ပိုမြန်သည်။


အမျိုးအမည်မသိ ယာဉ်ပျံများ( Unidentified flying object (UFO) )

လေ့လာသူများက မှတ်ချက်ပေးသည်မှာ UFO အမြင်များကို နောက်ပိုင်းတွင် ခွဲ့ခြားနိုင်သည်ဖြစ်ပြီး မှတ်တမ်းအားလုံး၏ ၅၀-၉၀ ရာခိုင်နှုန်းဖြစ်သည်။ မှတ်တမ်း၏ ၁၀-၂၀ ရာခိုင်နှုန်းမှာ ခွဲခြားမရနိုင်ပါဟု ဆိုကြလေခြင်း ဖြစ်သည်။ လေ့လာသူအများစုက အလွန်နည်းသော ယူအဖ်အို အမြင်များမှာ လူတို့၏လှည့်ကွက်တစ်ခုဖြစ်သည်ဟုလည်း ပြသခဲ့ကြသည်။ အမှန်တကယ်အားဖြင့် ယူအဖ်အိုအများစုမှာ လူလုပ်အရာ သို့မဟုတ် သဘာဝအတိုင်းဖြစ်ပြီး အမြင်မှာ အံ့ဩစရာကောင်းသည်။


အမျိုးအမည်သိ ယာဉ်ပျံများ (Identified flying objects (IFOs) )

IFOsများ၏ ၈၀-၉၀ ရာခိုင်နှုန်းမှာ အောက်ဖော်ပြပါ မတူညီသည့် အရာသုံးခုမှ တစ်ခုဖြစ်ပြီး ခွဲခြားနိုင်သည်။

အာကာသအတွင်းရှိဖြစ်စဉ်များ (ဥပမာ-ဂြိုဟ်များ၊ ကြယ်များ၊ ဥက္ကာပျံများ)
လေယာဉ်ပျံများ
ဖူဖောင်းများ(မိုးလေဝသဖူဖောင်းအပါအဝင်) တို့ဖြစ်သည်။

IFOsများ၏ ၁၀-၂၀ ရာခိုင်နှုန်းသည် အခြားအကြောင်းကြောင့်ဖြစ်နိုင်သည်။ (ဥပမာ-ငှက်၊ တိမ်များ၊ ဆလိုက်မီးများ၊ သဘာဝအတိုင်းဖြစ်သည် မြင်ကွင်းများ၊ အစရှိသဖြင့်)

ဝေဟင်ချစ်သူ

“ လောကကြီးမှာ အရည်အချင်း ချင်းတူနေရင်တောင် ပါးရည်နပ်ရည်ရှိတဲ့လူနဲ့ စဉ်းစားတွေးခေါ်တတ်တဲ့လူက အသာစီးရတာပါပဲ ”

 
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးနဲ့ မိဖုရားကြီး တို့ စိုးစံတော်မူကြတယ် ။ တစ်နေ့တော့ တောကစားထွက်ရင်း မိဖုရားကြီးဟာ ဒါဏ်ရာရပြီး မျက်လုံးတစ်ဖက် ကွယ်သွားသတဲ့ ။ အဲဒီမျက်လုံးကို လည်း သမားတော်က ထုတ်ပစ်မှရမယ်ဆိုလို့ ထုတ်ပစ်လိုက်တဲ့အခါ မိဖုရားကြီးရဲ့မျက်လုံးတစ်ဝက်ဟာ
မျက်လုံးအတုကြီးတပ်ဆင်ရတာမို့ တကယ့်ကို အရုပ်ဆိုးအကျည်းတန်သွားခဲ့တယ် ။ ဒီလိုနဲ့ တစ်နေ့တော့ဘုရင်ကြီးဟာ မိဖုရားကြီးအတွက် စိတ်ပြေလက်ပျောက်ဖြစ်စေဖို့အတွက် မိဖုရားကြီးပုံတူကို အတူဆုံးဆွဲနိုင်တဲ့သူတွေကို အသပြာ တစ်သိန်းချီးမြှင့်မယ်ကြေငြာလိုက်တယ် ။ အနယ်နယ်အရပ်ရပ်က ပန်းချီဆရာတွေဟာ မိဖုရားကြီးပုံတူကိုဆွဲဖို့အတွက် အဆင့်အဆင့် လက်ရည်သွေးပွဲတွေကျော်ဖြတ်ပြီးလာခဲ့ကြတယ် ။ အဆင့်ဆင့်ပြိုင်ပွဲတွေပြီးတဲ့အခါ နောက်ဆုံးမှာ ဇကာတင် ၃ ယောက် ကျန်ခဲ့သတဲ့ ။
ပထမဆုံး ပန်းချီဆရာက မိဖုရားကြီးကို ရှေ့တည့်တည့်ကနေထိုင်စေပြီး မိဖုရားကြီးရဲ့ပကတိ အခြေအနေအတိုင်းကို ...အတိအကျဆွဲပေးလိုက်တယ် ။ မိဖုရားကြီးက ပုံတူကိုကြည့်လိုက်တဲ့အခါ မျက်လုံးတစ်ဖက်မှာ အရမ်းကို အရုပ်ဆိုးလွန်းတဲအ့တွက် ဒေါသထွက်တော်မူသတဲ့ ။ ဒီတော့ဘုရင်ကြီးကလည်း ကဲ မိဖုရားကြီးဒေါသထွက်အောင်လုပ်ရမလားဆိုပြီး သတ်စေ လို့အမိန့်ချလိုက်တယ် ။
ဒုတိယပန်းချီဆရာအလှည့်ရောက်တော့တွေးတယ် ။ အင်း . . ပထမလူတုန်းက အရှိအတိုင်းဆွဲပေးလိုက်တော့ သေသွားရှာပြီ အဲဒီအားနည်းချက်ကိုငါပြင်ရမယ် ဆိုပြီး မိဖုရားကြီးရဲ့ ပျက်နေတဲ့မျက်လုံးနေရာမှာ အကောင်းပကတိအတိုင်းဆွဲပေးလိုက်ပါတယ် ။ အဲဒီပုံကိုမိဖုရားကြီးကကြည့်ပြီးတဲ့အခါ မျက်လုံးတစ်ဖက်ပျက်နေတဲ့နေရာမှာ ကောင်းတဲ့အတိုင်းဆွဲပေးတာဟာ သူ့ကို သက်သက်ရွဲ့တာဆိုပြီး ဒေါသထွက်တော်မူသတဲ့ ။ ဘုရင်ကြီးကလည်း မိဖုရားကြီးဒေါသထွက်တော့ ထုံးစံအတိုင်း သတ်စေလို့အမိန့်ချလိုက်တယ် ။ နောက်ဆုံးပန်းချီဆရာတစ်ဦးပဲကျန်ပါတော့တယ် ။ အဲဒီပန်းချီဆရာကစဉ်းစားတယ် ။ အင်း . . လောကမှာ ပါးနပ်မှ သာအသက်ရှင်နိုင်မှာပါအလား . . ဆိုပြီး တွေးတယ် ။ ပြီးတော့မိဖုရားကြီးကို ဘေးတစ်စောင်းထိုင်ခိုင်းပြီးပုံတူဆွဲပေးလိုက်ပါတော့တယ် ။ အဲဒီပုံဟာ ဘေးတစ်စောင်းဖြစ်နေတဲ့အတွက် ပျက်နေတဲ့ရုပ်ဆိုးတဲ့တစ်ဖက်ကိုမမြင်ရပဲကောင်းတဲ့တစ်ဖက်ကိုသာမြင်နေရတဲ့အတွက်မိဖုရားကြီးက ၀မ်းသာအားရကျေနပ်တော်မူပြီး တစ်ဆွေလုံးတစ်မျိုးလုံကို သူကောင်းပြုတဲ့အပြင် အသပြာတစ်သိန်းကို ချီးမြှင့်ပေးတော်မူလိုက်ပါတော့တယ် ။
============================
“ လောကကြီးမှာ အရည်အချင်း ချင်းတူနေရင်တောင် ပါးရည်နပ်ရည်ရှိတဲ့လူနဲ့ စဉ်းစားတွေးခေါ်တတ်တဲ့လူက အသာစီးရတာပါပဲ ”

♥♥ ဘီလ်ဂိတ် ကပေး တဲ့ အကြံဥာဏ် (၁၁) ခု ♥♥

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ဂိတ်က ဒီလို အကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။
(၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
(၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှု ကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။
(၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။
(၄) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီ သူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။
(၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။
(၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။
(၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်းမှိုင်း ရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျားပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကိုအရင်သန့်ရှင်းလိုက်ပါ။
(၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းကခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။
(၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်းကော်ဖီ ဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။
(၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။
(၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။
((မဖတ်ရသေးတဲ့ သူတွေအတွက် စိတ်အဟာရ.. စိတ်ဓါတ်ခွန်အားဖြစ်လိုဖြစ်ငြား Soup for Soul (motivational essays) page မှပြန်လည်ကူးယူ ဝေမျှပေးလိုက်တာပါ...တစ်စုံတစ်ရာ ခံစားမှု ရနိုင်ပါစေ..++နေမျိုး++))

မူးယစ်ဆေးဝါးကြောင့် ငယ်ရွယ်လှပတဲ့ မိန်းကလေးတဦးရဲ့ ကြေကွဲဖွယ်အဖြစ်အပျက်

 
မူးယစ်ဆေးဝါးကြောင့် ငယ်ရွယ်လှပတဲ့ မိန်းကလေးတဦးရဲ့ ကြေကွဲဖွယ်အဖြစ်အပျက် --------------------------------------------------------------------------------------- တက္ကဆက်ပြည်နယ် Cypress မြို့က ၁၇ နှစ်အရွယ် မိန်းကလေး Emily Bauer ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ဓာတ်ဆီဆိုင်တခုကနေ ၀ယ်ယူခဲ့တဲ့ ဓာတုဆေးခြောက် (ဆေးခြောက်အတု) ကို သူငယ်ချင်းတွေနဲ့ ရှုရှိုက်ခဲ့ရာမှ သွေးတိုးဖြစ်ကာ ဦးနှောက်ထိခိုက်၊ အကြောတချို့သေသွားပြီး ယခုအခါ မျက်လုံးလည်း မမြင်နိုင်တော့ကြောင်း သိရပါတယ်။ ဓာတုဆေးခြောက်ဟာ Spice သို့မဟုတ် K2 လို့လည်း ခေါ်ကြပြီး အရွက်ခြောက်ပေါင်းစုံပါဝင်ပြီး ဓာတုဆေးရည်များနဲ့ ရောစပ်ထားတာ ဖြစ်ပါတယ်။ ဓာတ်ဆီဆိုင်တွေမှာ အနှံ့အသက်မွှေးစေတဲ့ potpourri အထုတ်လေးတွေအဖြစ် ရောင်းချကြပါတယ်။ အမေရိကန်ရဲ့ ပြည်နယ်များစွာ မှာ တားမြစ်ထားကြပြီး ထုတ်လုပ်သူတွေက ပါဝင်တဲ့ပစ္စည်းတချို့ကို အစားထိုးထည့်သုံးကြပြီး ဈေးကွက်မှာ ပြန်လည်ရောင်းနေခဲ့ပါတယ်။ Emily Bauer က အဆိုပါ ဆေးခြောက်ကို ရှုရှိုက်ခဲ့ပြီး ၁၅ မိနစ်အကြာမှာ ခေါင်းတွေကိုက်ခဲ့တယ်လို့ သူ့ချစ်သူကို ဖုန်းဆက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သွေးတိုးတေ...ွဖြစ်ပြီး စိတ်ဖော်ပြန်သလိုဖြစ်ကာ၊ နံရံကိုပြေးတိုက်တာ၊ သေးပေါက်ချတာ၊ ကြမ်းကြမ်းတမ်းတမ်း ဖြစ်ခဲ့တယ်လို့ သူရဲ့ညီမဖြစ်သူက CNN သတင်းကို ပြောပြခဲ့ပါတယ်။ ရဲတွေရောက်လာပြီး သူ့ကိုဆေးရုံပို့ခဲ့ပါတယ်၊ ဆေးရုံမှာ သူနာပြုတယောက်ကို ကိုက်ဖို့ကြိုးစားခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ ဦးနှောက်နဲ့အာရုံကြောအထူးပြုဆရာဝန် က Emily ရဲ့ ဦးနှောက်ကိုဓာတ်မှန်ရိုက်ထားပြီး အဖြူရောင်အကွက်တွေက အာရုံကြောတွေ သေနေတာဖြစ်ကြောင်း ပြသခဲ့ပြီး ဓာတ်ပုံထဲမှာ အဖြူရောင်တွေက ၇၀% လောက် ရှိနေတယ်လို့ အမေဖြစ်သူ Tonya Bauer က ပြောပြပါတယ်။ ဆရာဝန်တွေရဲ့ ကြိုးစားမှုကြောင့် Emily Bauer က အသက်ရှင်ခဲ့ရပေမယ့် မျက်လုံးတွေ မမြင်ရတော့ပါဘူး၊ လက်တွေခြေတွေ မလှုပ်ရှားနိုင်တော့ပါဘူး။ အခုအချိန်မှာ Emily Bauer ရဲ့ မိသားစုတွေက S.A.F.E (Synthetic Awareness For Emily) အဖွဲ့ကို တည်ထောင်ထားပြီး လူငယ်များကို ဓာတုချက်ဆေးခြောက်ရဲ့ အန္တရာယ်ကို အသိပေး ပညာပေးမှုတွေ လုပ်ပေးနေပါတယ်။ ဖေ့စ်ဘုတ်စာမျက်နှာ https://www.facebook.com/safe4emily မှာလည်း သွားရောက်လေ့လာနိုင်ပါတယ်။ (Ref; DailyMail UK, Feb 04, 2013, http://tinyurl.com/bjk45jt)See More

မျောက်ကြည့်မျက်မှန် (BokitoKijkers)


မျောက်ကြည့်မျက်မှန် (BokitoKijkers)   ၂၀၀၇ ခုနှစ်တုန်းက နယ်သာလန်နိုင်ငံ တိရစ္ဆာန် ဥယျာဉ် တစ်ခုမှာ ဂေါ်ရီ လာ (Bokito အမည်ရ) မျောက်ဝံတစ်ကောင်ရဲ့  တိုက်ခိုက်မှုကို လူသုံးလေးယောက် လောက် ခံလိုက်ရပါတယ်။   အဓိကကတော့ Eye Contact ပါပဲ။ ဂေါ်ရီလာအပြင် အခြားသော မျောက်နဲ့ လူဝံများဟာ သူတို့ကို လူတွေက စိုက်ကြည့်တာ မကြိုက်ကြပါဘူး။ ယင်းကတော့ သူတို့က ဘာသာ တစ်မျိုးပြန်ပြီး တိုက်ခိုက်ပါတယ်။  ယင်း တိုက်ခိုက်မှုကို ရှောင်လွဲပြီး ဂေါ်ရီလာ မျောက်ဝံနဲ့ အခြားမျောက်များနဲ့ အရင်းတနှီးနေလို့ ရမယ့် နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။  DDB Amsterdam အမည်ရ Media and Advertising ကုမ္မဏီက ဒီဇိုင်းဆွဲပြီး ဒေသခံ အသက်အာမခံ ကုမ္မဏီ တစ်ခုက  BokitoKijkers ("Bokito viewers") လို့ခေါ်တဲ့ မျက်မှန်ကို တီထွင်ဖန်တီးလိုက်ပါတယ်။ အခု ၂၀၀၀ ကျော် ဖန်တီးပြီး တိရစ္ဆာန်ဥယျာဉ်မှာ အသုံးပြုစေခဲ့ပါတယ်။   ဒီတော့ မျောက်နဲ့ မျောက်ဝံ ပွဲတော်တွေပြုလုပ်ရင် ယင်းမျက်မှန်များကို အသုံးပြုရပါတယ်။ မျက်လုံးက အခြားတစ်နေရာကို ကြည့်နေတဲ့ ပုံစံမျိုး စက္ကူမျက်မှန်မှာ ပြုလုပ်ထားတော့ မျောက်များက သူတို့ကိုကြည့်နေမှန်း မသိပါဘူး။ ဒီတော့ အနီးကပ်နေပြီး မျောက်ကို ထိတွေ့လို့ ရပါတယ်။   မျောက်များအနေနဲ့ လည်း သူတို့က အခြားတစ်ဖက်ကြည့်တယ် အထင်နဲ့ လိုက်ကြည့်ပြီး မျောက်တိုက်ခိုက်တဲ့ အန္တရာယ်မှ ကင်းဝေးရပါတယ်။   BokitoKijkers အမည်ရ မျောက်ကြည့် မျက်မှန်ဟာ နယ်သာလန်က ဒီဇိုင်း ဆုပေးပွဲများမှာ ဆုများ ရရှိခဲ့ပြီး ယနေ့တိုင် ထူးခြားပြောင်မျောက်တဲ့ တီထွင်မှု တစ်ခုအနေနဲ့ ကျန်ရှိလျက် ရှိကြောင်း သိရပါတယ်။  -- Ref: wiki International news for myanmar -- http://www.innewsmyanmar.com/2013/03/bokitokijkers.html  --
၂၀၀၇ ခုနှစ်တုန်းက နယ်သာလန်နိုင်ငံ တိရစ္ဆာန် ဥယျာဉ် တစ်ခုမှာ ဂေါ်ရီ လာ (Bokito အမည်ရ) မျောက်ဝံတစ်ကောင်ရဲ့  တိုက်ခိုက်မှုကို လ...ူသုံးလေးယောက် လောက် ခံလိုက်ရပါတယ်။

အဓိကကတော့ Eye Contact ပါပဲ။ ဂေါ်ရီလာအပြင် အခြားသော မျောက်နဲ့ လူဝံများဟာ သူတို့ကို လူတွေက စိုက်ကြည့်တာ မကြိုက်ကြပါဘူး။ ယင်းကတော့ သူတို့က ဘာသာ တစ်မျိုးပြန်ပြီး တိုက်ခိုက်ပါတယ်။ ယင်း တိုက်ခိုက်မှုကို ရှောင်လွဲပြီး ဂေါ်ရီလာ မျောက်ဝံနဲ့ အခြားမျောက်များနဲ့ အရင်းတနှီးနေလို့ ရမယ့် နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။

DDB Amsterdam အမည်ရ Media and Advertising ကုမ္မဏီက ဒီဇိုင်းဆွဲပြီး ဒေသခံ အသက်အာမခံ ကုမ္မဏီ တစ်ခုက BokitoKijkers ("Bokito viewers") လို့ခေါ်တဲ့ မျက်မှန်ကို တီထွင်ဖန်တီးလိုက်ပါတယ်။ အခု ၂၀၀၀ ကျော် ဖန်တီးပြီး တိရစ္ဆာန်ဥယျာဉ်မှာ အသုံးပြုစေခဲ့ပါတယ်။

ဒီတော့ မျောက်နဲ့ မျောက်ဝံ ပွဲတော်တွေပြုလုပ်ရင် ယင်းမျက်မှန်များကို အသုံးပြုရပါတယ်။ မျက်လုံးက အခြားတစ်နေရာကို ကြည့်နေတဲ့ ပုံစံမျိုး စက္ကူမျက်မှန်မှာ ပြုလုပ်ထားတော့ မျောက်များက သူတို့ကိုကြည့်နေမှန်း မသိပါဘူး။ ဒီတော့ အနီးကပ်နေပြီး မျောက်ကို ထိတွေ့လို့ ရပါတယ်။

မျောက်များအနေနဲ့ လည်း သူတို့က အခြားတစ်ဖက်ကြည့်တယ် အထင်နဲ့ လိုက်ကြည့်ပြီး မျောက်တိုက်ခိုက်တဲ့ အန္တရာယ်မှ ကင်းဝေးရပါတယ်။

BokitoKijkers အမည်ရ မျောက်ကြည့် မျက်မှန်ဟာ နယ်သာလန်က ဒီဇိုင်း ဆုပေးပွဲများမှာ ဆုများ ရရှိခဲ့ပြီး ယနေ့တိုင် ထူးခြားပြောင်မျောက်တဲ့ တီထွင်မှု တစ်ခုအနေနဲ့ ကျန်ရှိလျက် ရှိကြောင်း သိရပါတယ်။
--
Ref: wiki

မီလျံနာကနေ လူမွဲစာရင်း ဝင်သွားတဲ့ ပရီးမီးယားလိဂ် ဘောလုံးသမားများ

ကျနော်တို့ မြန်မာပရိသတ်တွေ နေ့စဉ်နဲ့အမျှ ရင်သပ်ရှုမောစွာ အားပေးနေတဲ့ အင်္ဂလိပ် ပရီးမီးယားလိဂ်မှ ဘောလုံး ပွဲစဉ်များဟာ ပြိုင်ဆိုင်မှု ပြင်းထန်သလို ကစားသမားတွေ ဟာလည်း ဘောလုံး ကန်နေတဲ့သက်တမ်းတလျှောက် လက်ဖျားငွေသီးတဲ့လူတွေလို့ ဆို ရလောက်အောင် လစာငွေ အဆမတန် ရရှိကြပါတယ်။
ပရီးမီးယားလိဂ် ပရိသတ်တွေအနေနဲ့ လွန်ခဲ့တဲ့နှစ်ပိုင်းတွေတုန်းက အက်စတွန်ဗီလာမှာ နာမည်ကြီးခဲ့တဲ့ လီဟန်ဒရီကို မှတ်မိကြမှာပါ။ ၁၉၉၉ နောက်ပိုင်း ၀န်းကျင်လောက်မှာ ပေါ်ထွက်လာခဲ့ပြီး အင်္ဂလန်
ရဲ့ ရွှေရောင် မျိုးဆက်သစ်လို့ နာမည်ကြီးခဲ့တဲ့ လီဟန်ဒါရီဟာ အခု နာမည်ကြီးကစားသမား လန်းပတ်၊ ရီယိုဖာဒီနန်၊ စတီဗန် ဂျာရတ်တို့နဲ့ မရှေးမနှောင်း နာမည်ကြီးခဲ့တဲ့ ကစားသမားပါ။

လီဟန်ဒရီဟာ ၂၀၀၀ ပြည့်နှစ်အကျော်မှာ တပတ်ကို ပေါင် ၃ သောင်းကျော်နဲ့ ပရီးမီးယားလိဂ်ရဲ့ လစာငွေ အများဆုံးရရှိတဲ့ အယောက် ၂၀ စာရင်းကို ၀င်ခဲ့ဖူးပါတယ်။
အခု အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ လီဟန်ဒရီဟာ တချိန်က သူနှစ်ခြိုက်စွာ ၀ယ်ယူခဲ့တဲ့ ဇိမ်ခံကား၊ ဇိမ်ခံအိမ်တွေကို ဆုံးရှုံးလိုက်ရပြီဖြစ် ပါတယ်။ ၂၀၁၂ ဇန်န၀ါရီလမှာ အကြွေးတွေကြောင့် ဟန်ဒရီဟာ ဒေ၀ါလီ ခံခဲ့ရပြီး စိတ်ကျရောဂါကြောင့် သူကိုယ့်သူ သတ်သေဖို့လည်း ၂ ကြိမ်တိုင် ကြိုးစားခဲ့ပါသေးတယ်။

လတ်တလောအချိန်မှာ တမ်ဝေါ့လို့ခေါ်တဲ့ အပျော်တမ်း ကလပ်မှာ ဘောလုံးကစားနေသေးတဲ့ ဟန်ဒရီဟာ သူရဲ့ အကြောင်းဖြစ်စဉ်တွေနဲ့ ပတ်သတ်လို့ ရင်ဖွင့်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး Sporting Charity XPro လို့ ခေါ်တဲ့အဖွဲ့ အစည်းက လီဟန်ဒါရီဟာ ပရီးမီးယားလိဂ် နာမည်ကြီး ကစားသမားတွေ ထဲက ငွေကြေးပြဿနာ ကြုံတွေ့ ရတဲ့ ကစားသမား တဦးပါလို့ ဆိုပါတယ်။

ဆက်လက်ပြီး ပရီးမီးယားလိဂ် ကစားသမား ၅ ယောက် မှာ ၃ ယောက်လောက်က ဘောလုံးသမား ဘ၀မှ အနားယူအပြီး ငွေကြေးပြဿနာတွေကြောင့် ဒေ၀ါလီ ခံရလုနီးပါး ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ဘောလုံးသမား ဘ၀မှာ ငွေဖြုန်းကြမ်းကြတဲ့ သူတွေကို ဒေ၀ါလီခံရလို့ စာနာမိဖို့ မလွယ်ပါဘူး။ ဒါပေမယ့် လီဟန်ဒရီရဲ့ ဖြစ်ရပ်ဟာ အခြားသူတွေနဲ့ ကွဲပြားလို့ နေပါတယ်။ လီဟန်ဒရီက သူရဲ့ ငွေကြေးတွေကို ဘယ်လိုသုံးစွဲစုဆောင်းရမယ်ဆိုတာ မသိသလိုအိမ်ထောင်ရေး ပြိုကွဲမှုက သူ့ကိုအကြွေးတွေ တင်စေပြီး လူမွဲစာရင်းကို ရောက်စေခဲ့တာလို့ ရင်ဖွင့်ပါတယ်။

အင်တာဗျူးတခုမှာ လီဟန်ဒရီက ကျနော်ဟာ အသက် ၂၁ နှစ်လောက်ကနေ ၃၃ နှစ်လောက်အထိက လစာ တော်တော်များများ ရရှိခဲ့တာပါ။ ကျနော်ဟာ အပတ်တိုင်း ရရှိနေတဲ့ အဲဒီလောက်များတဲ့ ၀င်ငွေတွေနဲ့ စပွန်ဆာကြေးတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ စဉ်းစားပါတယ်။

လူအများမြင်တာက ဘောလုံးသမားတွေဟာ အလွယ်တကူ ကားအကောင်းစားတွေ စီးမယ်၊ ဇိမ်ခံအိမ်တွေ ရှိမယ်။ စတိုင်ကျတဲ့ အ၀တ်အစားတွေနဲ့ ချမ်းသာတဲ့ သူဌေးတွေလို အားလပ်ရက် ခရီးတွေ ထွက်မယ်လို့ပဲ မြင်ကြတာပါ။
အဲဒီ ဇိမ်ခံ အရာအတ္ထုတွေဟာ ဘောလုံးကန်နေတုန်း ပိုက်ဆံတအားဝင်တော့လွယ်ကူပါတယ်။

ဟန်ဒရီရဲ့ အဖေဟာ အရင် စကော့တလန် ဘောလုံးသမားဟောင်း တဦးပါ။ သူက ဟန်ဒရီကို ပိုက်ဆံ ၀င်ငွေ ရရှိတုန်း ကောင်းမွန်စွာ သုံးစွဲဖို့နဲ့ စိတ်ချရတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် လီဟန်ဒရီဟာ မှားယွင်းတဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပြီး ပေါင် ၁၀ သန်းခန့်  ဆုံးရှုံးခဲ့ပါတယ်။

ကျနော်ဟာ တခြားသူတွေလို လောင်းကစား ပြုလုပ်တဲ့သူမျိုး မဟုတ်သလို ပိုက်ဆံကို ဂရုမစိုက် ဘဲ ဖောဖောသီသီ သုံးတတ်တဲ့သူမျိုးလည်း မဟုတ်ပါဘူး။ ကျနော်ရဲ့ ရည်ရွယ်ချက်ဟာ မိသားစု ကို စောင့်ရှောက်ဖို့ စိတ်ချရတဲ့နေရာမှာ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ဖို့ပါဆိုပြီး ရင်ဖွင့် ပါတယ်။

ဒါပေမယ့် ကျနော်ကို ရိုက်ခတ်စေခဲ့တာက ကျနော့် ဇနီးနဲ့ ကွာရှင်းအပြီး ကျနော့်လက်ထဲမှာ ပိုက်ဆံ မကျန်ခဲ့သလို အခြားဝယ်ထားတဲ့ အိမ်တွေဟာ ရောင်းမထွက်ဘဲ ဆုံးရှုံးတဲ့နစ်နာမှုတွေ တမျိုးပြီးတမျိုး ကြုံခဲ့ရပါတယ်လို့ ဆိုပါတယ်။

ပီတာကယ်ဆေဟာ ကြွယ်ဝချမ်းသာတဲ့ သူများကို အကြံပေးနေတဲ့ ပုဂ္ဂိုလ် တဦးဖြစ်ပြီး ဘောလုံး သမားနဲ့  ရုပ်သံကြေညာသူတွေကိုလည်း သူတို့ရဲ့ အောင်မြင်မှုနဲ့  ငွေကြေး ချမ်းသာမှုဟာ ခဏတာမျှ သာလို့ သတိပေးသွားပါတယ်။ ပီတာကယ်ဆေက ဆက်လက်ပြီး သူတို့ရဲ့ ကစားသမားဘ၀ဟာ သူတို့ လိုချင်သလောက် ရေရှည်မှာ ၀င်ငွေရမယ့် အလုပ်မျိုးမဟုတ်ပါဘူး။

ကိုယ်ပိုင်ဆိုင်တဲ့ ငွေကြေးတွေကိုဘယ်လို အသုံးချရမလဲမသိရင် တကယ့်အခက်အခဲကို ရင်ဆိုင်ရတဲ့ အခါ ကျဉ်းထဲကျပ်ထဲ ရောက်ရှိပြီး ဒေ၀ါလီ ခံရတဲ့အဆင့်တွေ ဖြစ်ကုန်ကြပါတယ်လို့ ဆို ပါတယ်။

ဘောလုံးသမားတွေဟာ ပညာရေးပိုင်းမှာ အားနည်းတဲ့သူတွေ ဖြစ်သလို သူတို့ရဲ့ပတ်ဝန်းကျင်ဟာလည်း သူတို့ကို အသိပညာပေးမယ့် အဖွဲ့ အစည်းမျိုး နည်းတာကြောင့် ဘောလုံးသမားတွေဟာ အနား ယူတာနဲ့ ငွေကြေးအခက်အခဲ ကြုံကြရတာပါလို့ ဝေဖန်သွားပါတယ်။

နာမည်ကြီး ဘောလုံးသမားတွေထဲက ဒေ၀ါလီ ခံရတဲ့သူတွေထဲမှာ မန်ယူ ကစားသမားဟောင်း ကီး ဂယ်လစ်စပီ၊ ဂျမ်ဘာဂျမ်ဘာတို့ ပါဝင်သလို ချယ်လ်ဆီးနဲ့ နယူးကာဆယ် ကစားသမားဟောင်း ဘာဘာရာရို ဟာလည်း ဒေ၀ါလီ ခံခဲ့ရပါတယ်။ ဒါ့အပြင် လစ်ဗာပူး ကစားသမား ဂျွန်ဘန်းစ်နဲ့ ဂျွန်အာနီ ရီဆေးတို့ဟာလည်း အေးဂျင့်တွေနဲ့ ပြဿနာတက်ခါ လူမွဲစာရင်း သွင်းခံခဲ့ရဖူးပါတယ်။

အက်ဖ်အေ အမှုဆောင် အရာရှိချုပ် ဂေါ်ဒန် တေလာကတော့ ကျနော်ဟာ အေးဂျင့်တွေ နဲ့ ပတ်သက် ပြီးလည်း သတိထား ပြောချင်ပါတယ်။ သူတို့တွေဟာ ငွေကြေးရွှင်တုန်း အနားမှာ ပျံဝဲနေသလို ကစား သမားတွေ ခက်ခဲတဲ့အချိန် ရောက်ရင် လိပ်ပြာတွေလို ၀တ်ရည်စုပ်ပြီးထွက်ပြေးတတ် ကြတယ် လို့ ပြစ်တင်ပြောဆိုသွားပါတယ်။

“ကစားသမား တော်တော် များများဟာ အခုလိုပြဿနာတွေ ကြုံနေရတဲ့အခါ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ရုံးကိုလာပြီး အကြံဉာဏ် လာလာတောင်းကြပါတယ်၊ သတိထားရမှာက ငွေကြေးကို အကျိုး ရှိစွာ အသုံးချတတ်ဖို့လိုအပ်ပြီး ဘောလုံးကန်တဲ့ အချိန်မှာလို ဇိမ်ခံပစ္စည်းတွေနဲ့ ပျော်မွေ့ဖို့တော့ လွယ်ကူမှာ မဟုတ်ပါဘူး။

တော်တော်များများဟာ ဒါနဲ့ပတ်သတ်ပြီး အသားမကျသလို ချက်ချင်းကြီး လုံးဝပြောင်းလဲဖို့ကတော့ မလွယ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

ဘောလုံးသမားတွေ သူဌေးကနေ လူမွဲစာရင်း အချိန်ခဏတာအတွင်းပြောင်းလဲ သွားတဲ့ ဖြစ်ရပ် သတင်းတွေဟာ ပရီးမီးယားလိဂ် ဘောလုံးလောကမှာ တော်တော်လှုပ်ခတ် သွား သလို နောက်ဖြစ် လာမယ့် အကျိုးဆက်ကိုတွေးပြီး ဘောလုံးသမားတွေ အနားမယူခင် ဘ၀ အတွက် ဆွေးနွေးတိုင်ပင်မှုနဲ့  သင်တန်းတွေကို ဂရုတစိုက် လုပ်ဆောင်သင့်တယ်လို့ အင်္ဂလန်က မီဒီယာတွေ က ရေး သားနေကြ ပါတယ်။

ဒါဖတ်ပြီးမှ နေပူထဲထွက်ပါ


ဒါဖတ်ပြီးမှ နေပူထဲထွက်ပါ  Thursday, March 28, 2013  ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ ပူပြင်းခြောက်သွေ့သော နွေရာသီအတွင်း ၀င်ရောက်ခဲ့ပြီဖြစ်သောကြောင့် အပူချိန်မြင့်တက်ခြင်း၊  ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အန္တရာယ် စိုးရိမ်ဖွယ်ရှိနေကြောင်း  မိုးလေ၀သဗေဒ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောကြားသည်။  ရန်ကုန်မြို့တွင် ခရမ်းလွန်ရောင်ချည်ကျရောက်မှုသည် ညွန်းကိန်းအမှတ်အ ထိ ရောက်ရှိနေပြီး  မော်လမြိုင်၊  ဘားအံမြို့များတွင် (၁၂.၈) လွိုင်ကော်မြို့ တွင် (၁၂.၄)၊  တောင်ကြီးမြို့ တွင် (၁၂) ဒီဂရီ အထိ အသီးသီးကျရောက် လျက်ရှိကြောင်း ဦးထွန်းလွင်က ထပ်မံပြောကြားသည်။   ခရမ်းလွန်ရောင်ခြည်ညွန်းကိန်းကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ကစတင်ပြီး တိုင်းတာခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီး ဌာန၏ ထုတ်ပြန် ချက်အရ သိရှိရသည်။  (၀ မှ ၃) အထိ အနိမ့်စား၊  (၄ မှ ၇) အထိ ဆိုလျှင် အသင့်တင့်၊   ၈ မှ အထက်ကို အန္တရာယ်ရှိအဆင့်ဟုသတ်မှတ်ထားသည်။   ခရမ်းလွန်ရောင်ခြည်သည် အညွန်းကိန်း (၈) အထက်ဖြစ်ပါက အသက် အန္တရာယ် စိုးရိမ် ထိခိုက်နိုင်ပြီး၊  အညွန်းကိန်း ၈၊ ၉၊ ၁၀၊  အထိရောက်ရှိပါ က အရေပြားဆိုင်ရာ ရောဂါများ၊  အမြင်အာရုံေ၀၀ါးမှု ချို့တဲ့မှု ရောဂါများ၊  ကျရောက်နိုင်ကြောင်း၊   ခရမ်းလွန်ရောင်ခြည် ကျရောက်မှု  ညွန်းကိန်း (၁၃/၁၄) အထိရောက်ရှိပါက အမျိုးသားဆိုင်ရာ ရောဂါ၊   သားသမီး မရနိုင် သည့်ရောဂါ များအထိ သက်ရောက်နိုင်ကြောင်း အရေပြား အထူးကု ဆရာဝန်ကြီးတဦးကပြောကြားသည်။  ခရမ်းလွန်ရောင်ခြည် ထိရောက်မှု များပါက အရေပြားဆိုင်ရာ ရောဂါ၊  ကင်ဆာရောဂါ စသည်ဖြင့်  ဖြစ်ပွားတတ်ကြောင်း ကျန်းမာရေးဦးစီး ဌာန မှ ဆရာဝန်တဦးက ပြောကြားသည်။  နေပူထဲသွားလျှင် နေလောင်ခံ လိမ်းဆေး လိမ်းခြင်း၊ ဦးထုပ်ဆောင်းခြင်း၊   ထီးဆောင်းခြင်း၊  နေရောင် စုတ်ယူအား နည်းသည့် အဖြူထည် အင်္ကျီ အ၀တ်အစား ၀တ်ဆင်ခြင်းဖြင့် ပြုလုပ်ပြီးမှ သွားလာသင့်ကြောင်း သူက ဆက်ပြောသည်။  နေပူထဲမှ ပြန်ရောက်ရောက်ခြင်း ရေချိုးခြင်း ၊ ရေခဲရေသောက်ခြင်း ၊ အရက်သောက်သုံးခြင်း မပြုသင့်ကြောင်း သူက ဆက်ပြောသည်။   ရန်ကုန်ရဲ့ နေပူဒဏ်ကို ပုဆိုးများနဲ့ ကာကွယ်ထားတဲ့  တက္ကစီတစီးကို  သင်္ကန်းကျွန်းမြို့ နယ် သုဝဏ္ကမီးပွိုင့်မှာ လဆန်းပိုင်းက အောက်ပါအ တိုင်း တွေ့ရပါတယ်။  ဓာတ်ပုံ -  http://www.facebook.com/GtrJournal GTR Car Journal)  ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ဧရာဝတီ ပီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ ပူပြင်းခြောက်သွေ့သော နွေရာ သီအတွင်း ၀င်ရောက်ခဲ့ပြီဖြစ်သောကြောင့် အပူချိန်မြင့်တက်ခြင်း၊ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အန္တရာယ် စိုးရိမ်ဖွယ်ရှိနေကြောင်း မိုးလေ၀သဗေဒ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောကြားသည်။

ရန်ကုန်မြို့တွင် ခရမ်းလွန်ရောင်ချည်ကျရောက်မှုသည် ညွန်းကိန်းအမှတ် အထိ ရောက် ရှိနေပြီး မော်လမြိုင် ၊ ဘားအံမြို့များတွင် (၁၂.၈) လွိုင်ကော်မြို့တွင် (၁၂.၄)၊ တောင်ကြီးမြို့ တွင် (၁၂) ဒီဂရီ အထိ အသီးသီးကျရောက်လျက်ရှိကြောင်း ဦးထွန်းလွင်က ထပ်မံပြောကြားသည်။

ခရမ်းလွန်ရောင်ခြည်ညွန်းကိန်းကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ကစတင်ပြီး တိုင်းတာခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

(၀ မှ ၃) အထိ အနိမ့်စား၊
(၄ မှ ၇) အထိ ဆိုလျှင် အသင့်တင့်၊
၈ မှ အထက်ကို အန္တရာယ်ရှိအဆင့်ဟုသတ်မှတ်ထားသည်

ခရမ်းလွန်ရောင်ခြည်သည် အညွန်းကိန်း (၈) အထက်ဖြစ်ပါက အသက်အန္တရာယ် စိုးရိမ် ထိခိုက်နိုင်ပြီး၊ အညွန်းကိန်း ၈၊ ၉၊ ၁၀၊ အထိရောက်ရှိပါက အရေပြားဆိုင်ရာ ရောဂါများ၊ အမြင်အာရုံေ၀၀ါးမှု ချို့တဲ့မှု ရောဂါများ၊ ကျရောက်နိုင်ကြောင်း၊ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ညွန်းကိန်း (၁၃/၁၄) အထိရောက်ရှိပါက အမျိုးသားဆိုင်ရာ ရောဂါ၊ သားသမီး မရနိုင်သည့်ရောဂါ များအထိ သက်ရောက်နိုင်ကြောင်း အရေပြား အထူးကုဆရာဝန်ကြီးတဦးကပြောကြားသည်။

ခရမ်းလွန်ရောင်ခြည် ထိရောက်မှု များပါက အရေပြားဆိုင်ရာ ရောဂါ၊ ကင်ဆာရောဂါ စသည်ဖြင့် ဖြစ်ပွား တတ်ကြောင်း ကျန်းမာရေးဦးစီး ဌာန မှ ဆရာဝန်တဦးက ပြောကြားသည်။

နေပူထဲသွားလျှင် နေလောင်ခံ လိမ်းဆေးလိမ်းခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ ထီးဆောင်းခြင်း၊ နေရောင် စုတ်ယူအား နည်းသည့် အဖြူထည် အင်္ကျီ အ၀တ်အစား ၀တ်ဆင်ခြင်းဖြင့် ပြုလုပ်ပြီးမှ သွားလာ သင့်ကြောင်း သူက ဆက်ပြောသည်။

နေပူထဲမှ ပြန်ရောက်ရောက်ခြင်း ရေချိုးခြင်း ၊ ရေခဲရေသောက်ခြင်း ၊ အရက်သောက်သုံးခြင်း မပြု သင့်ကြောင်း သူက ဆက်ပြောသည်။

ရန်ကုန်ရဲ့ နေပူဒဏ်ကို ပုဆိုးများနဲ့ ကာကွယ်ထားတဲ့ တက္ကစီတစီးကို သင်္ကန်းကျွန်းမြို့ နယ် သုဝဏ္က မီးပွိုင့်မှာ လဆန်းပိုင်းက အောက်ပါအတိုင်း တွေ့ရပါတယ်။

ပြင်စရာမလိုသော အသက်ပါသည့် ကား Audi A9


ဂျာမနီ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္မဏီ အော်ဒီ (Audi) ထုတ် ကားများလည်း မြန်မာပြည် ရောက်ပါတယ်။ အများစုကတော့ ဂျပန်လေလံ က ဖြစ်ပြီး ဆလွန်း၊ SUV စုံစုံလင်လင်ရောက်ရှိပါတယ်။ အကယ်၍ ပုံမှာ ဖော်ပြထားတဲ့ကားသာ တကယ်ထွက်ပေါ်လာရင် လည်း မြန်မာပြည်ရောက်ဖို့ မျော်လင့်ပါတယ်။
တစ်ခုခုနဲ့တိုက်လို့ ကားဘော်ဒီမှာ ချိုင့်ဝင်သွားတာ၊ အရောင်ပွန်းသွားတာ မျိုးဆိုရင် ကားက အလိုအလျောက် ပြန်ပြင်ပေးပါတယ်။ ကိုယ်တိုင် ပြင်စရာ မလိုပါဘူး။ ဆေးရောင်လည်း ကိုယ်လိုသလို ပြောင်းလဲနိုင်ပါတယ်။ ပုတ်သင်ညိုတို့တောင် အရောင် ၄၊ ၅ မျိုးထက် ပိုမပြောင်းနိုင်ပေမယ့် Audi A9 ဆလွန်းကတော့ အရောင်မျိုးစုံ ပြောင်းလဲနိုင်ပါတယ်။ ကိုယ်တိုင် လည်း ပြန်ပြင်တယ်၊ အရောင်လည်းပြောင်းတယ်ဆိုတော့ အသုံးပြုတဲ့ နည်းပညာကို လူတိုင်း စိတ်ဝင်စားကြမှာ ဖြစ်ပါတယ်။
ကိုယ်တိုင်ပြန်ပြင်ရလောက်အောင် အသက်သွင်းပေးထားတာကတော့ နာနို နည်းပညာ (Nanotechnol...ogy) ဖြစ်ပါတယ်။ နာနို နည်းပညာဟာ ၁၉၇၀ နောင်းပိုင်းက စပေါ်ပေမယ့် ၂၁ ရာစုမှာ လွမ်းမိုးလာတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဆံပင်တစ်မွေးစာရဲ့ တစ်ထောင်ပုံတစ်ပုံ အရွယ်အစား ပစ္စည်းကို လူသုံးကုန်ပစ္စည်းတွေမှာ အသုံးပြုလာခြင်းဟာ အံ့မခန်း ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဒီအတွက် အဓိကလိုအပ်ချက်က အသုံးပြုမယ့် သတ္တုအမျိုးအစားပဲ ဖြစ်ပါတယ်။
ကားဘော်ဒီပြင်တစ်ခုလုံးမှာ နာနိုနည်းပညာသုံး အလွာတစ်ခုလုံးခြုံလွမ်း ထားပါမယ်။ အပူချိန်ကြေင့်သော်လည်းကောင်း၊ အက်ဆီးဒန့်ကြောင့်သော် လည်းကောင်း တစ်နေရာရာက တွန့်လိမ်သွားရင် နာနိုနည်းပညာသုံး ကားဘော်ဒီအလွှာက အလိုလို ပုံမှန်အနေအထားသို့ ပြန် လည် ရောက်ရှိ ပါတယ်။ Electronic Painting နည်းပညာလည်း ပါဝင်တဲ့အတွက် လိုအပ်တဲ့ အရောင်ကို ခလုတ်နှိပ်ပြီး ပြောင်းရုံပဲ ဖြစ်ပါတယ်။
ဟိုင်းဘရစ်ဗားရှင်းနဲ့ထုတ်လုပ်မ
ယ်လို့ ကြားနေရပါတယ်။ အကယ်၍ ထုတ်လုပ်မယ်ဆိုရင်တော့ အနာဂတ်မှာ လျှပ်စစ်ကိုသာ အသားပေး အသုံးပြုရမှာ ဖြစ်ပါတယ်။ လက်ရှိကတော့ လောင်စာဆီသုံး အင်ဂျင်ကို လျှပ်စစ်မော်တာလေးလုံးနဲ့ ဘီးလေးလုံးမှာ ထပ်မံအားဖြည့်ပေး ထားမယ်လို့ ဆိုပါတယ်။ ကားကို ခေတ်မှီနည်းပညာများဖြင့်သာ အလုပ်လုပ် စေတဲ့ အတွက် အော်တို စနစ်တွေ ပါဝင်မှု များပြားမှာ ဖြစ်ပါတယ်။
မဝေးတော့တဲ့အနာဂတ်မှာ ထုတ်လုပ်ဖို့ ဂျာမနီ Audi တို့ရေးဆွဲထားတဲ့ ဒီဇိုင်း ဖြစ်ပြီး ကုန်ကြမ်း အလွယ်တကူ ရရှိဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

GTA motor မှ 99 စီးသာထုတ်သော Spaco sport type

 စပိန်ပြိုင်ကားထုတ်လုပ်ရေးကုမ္မဏီတစ်ခုဖြစ်တဲ့ GTA Motor မှ ၂၀၀၅ ခုနှစ်မှာ လျှို့ဝှက်စီမံကိန်း တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အဆင့်မြင့် GTA concept ကားဖြစ်ပါတယ်။ အစီးရေနည်းနည်းသာ ထုတ်လုပ်ပြီး ဖြန့်ချိမယ်လို့ ဆုံးဖြတ်ပြီးနောက် ၂၀၁၀ခုနှစ်မှာ ပွဲထုတ်ပြသခဲ့ပါတယ်။


ကားရဲ့ဒီဇိုင်းအား အမြင်ဆန်းနေပြီး အမိုးကို မှန်အနက်နဲ့ ပြုလုပ်ထားပါတယ်။ အသုံးပြုတဲ့ အင်ဂျင် ကတော့ ဆလင်ဒါ ၁၀လုံးအားဖြည့် ၈၃၀၀ စီစီ  Vအင်ဂျင် ဖြစ် ပါတယ်။ ဒါကြောင့် သူ့ရဲ့ မြင်းကောင်ရေ အားဟာ ၈၂၀ အထရှိပြီး အမြင့်ဆုံး speed တစ်နာရီ ၂၁၇ မိုင်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဘော်ဒီကို ကာဘွန်ဖိုက်ဘာ၊ တိုက်တေနီယမ်၊ Kevlar သတ္တုအားလုံး ဆီလျော်သလို ရောစပ် တည်ဆောက်ထား ပါတယ်။ ဥပမာ- crash ဖြစ်နိုင်ချေများတဲ့ ဦးပိုင်းတွေကို ဆိုရင် ကာဘွန်ဖိုက်ဘာ ပါဝင်မှု နည်းမှာ ဖြစ်ပါတယ်။ အသုံးပြုတဲ့ သတ္တုအမျိုးအစားများဟာ ပေါ့ပါးပြီး ကြံ့ခိုင်မှုရှိတာကို တွေ့ရပါတယ်။

အရွယ်အစားအားဖြင့်လည်း အမြင့် ၄၇ လက်မ၊ အရှည် ၁၈၃ လက်မ၊ အကျယ် ၇၈ လက်မ သာရှိတဲ့ နှစ်ယောက်စီး စူပါကား ဖြစ်ပါတယ်။

မြန်ဆန်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဘရိတ်ကို ပစ်စတင်ခြောက်လုံးတပ် ကယ်လီပါနဲ့ အသုံးပြုထားပါ တယ်။ ကာဘွန်ကြွေသားနဲ့လုပ်တဲ့ Disc ကြောင့်မို့ ဘယ်လောက် မြန်မြန် ထိန်းချုပ်ရလွယ် ကူပြီး ABS စနစ်ကို အသုံးပြုပါတယ်။ ဂီယာ ၇ ချက် လက်ထိုး ဖြစ်ပေမယ့် Automatic sequential လည်းပါဝင်ပါသေးတယ်။

တစ်ကမ္ဘာလုံးမှာမှ အစီးရေ ၉၉ စီးသာရှိတဲ့ အတွက် ဈေးနှုန်းက အမေရိကန်ဒေါ်လာ ကိုးသိန်းခွဲ အထက်မှာ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးကြီး ကားစာရင်းထဲမှာ ပါဝင်နေတဲ့ ကားတစ်စီးလည်း ဖြစ်နေ ပါသေးတယ်။ 
နောက်ထပ်ပုံများကြည့် ရန်read more ကိုနှိပ်ပါ။









ShareThis