Pages - Menu

Pages

Pages

ရွှေမလေးတွေ ပြည်တန်ဆာ လုပ်နေတဲ့ အိမ်များ ( အထူးဆောင်းပါး )

 
ရွှေမလေးတွေ ပြည်တန်ဆာ လုပ်နေတဲ့ အိမ်များ ( အထူးဆောင်းပါး )
 
“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီး ဒ်ီဘ၀ကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါ...မှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။

နအဖလက်ထက် စီးပွားရေးကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြသူများထဲတွင် မြန်မာအမျိုးသမီးငယ် အများအပြားလည်းပါဝင်၏။ ဘ၀ပျက်ကာ ပြည့်တန်ဆာဘ၀တွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေးများ ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေကြသည့် မြန်မာမိန်းမငယ်များ ထောင်နှင့်ချီရှိသည်။ အများစုမှာ မိသားစု စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စွန့်စားကာ အလုပ်အကိုင် လာရောက်ရှာဖွေကြခြင်းဖြစ်၏။
သို့သော် အတွေ့အကြုံမရှိဘဲ နေရာဒေသအသစ်ကို ရောက်ရှိလာသူတို့ ထုံးစံအတိုင်း လူကယ်ရီနှင့် ပွဲစား များကြောင့် ပြည့်တန်ဆာဘ၀သို့ ရောက်ရှိခဲ့ကြရကြောင်း ကာယကံရှင်များက ခေတ်ပြိုင်သို့ ရင်ဖွင့်ပြောကြားသည်။

မြန်မာပိုင် ပြည့်တန်ဆာရုံများပေါ်လာ

သို့သော် လွန်ခဲ့သည့် နှစ် (၂၀)ခန့်က မဲဆောက်ဒေသတွင်း ပြည့်တန်ဆာရုံများ (၃၀)ခန့်ရှိရာ နမ့်ကျိုင်းဖိ၊ ဒါလင်၊ ပတ္တမြား၊ နှုတ်ခမ်းမွှေးရုံ၊ မီးစက်ရုံများ အပါအ၀င် ထိုင်းလူမျိုးပိုင်ရုံများသ
ာရှိပြီး မြန်မာပြည့်တန်ဆာရုံဟူ၍ သီးခြားမရှိဘဲ ထိုင်းပြည့်တန်ဆာများကြားထဲတွင် အရောအနှောသဘောသာ ရှိခဲ့ကြသည်။ လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်က စတင်ကာ မဲဆောက်ဒေသအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများတွင် မြန်မာများသာ အဓိကလုပ်ကိုင်ကြသည့် အနေအထားသို့ ပြောင်းလဲလာခဲ့သည်။

ဒေသခံ ထိုင်းနိုင်ငံသားများသည် အခြားဒေသမှ မိတ်ဆွေများအား မဲဆောက်သို့ အလည်ခေါ်ရာတွင် “မဲဆောက်ကိုရောက်ရင်တော့ မင်းတို့ကို မြန်မာမိန်းကလေးတွေနဲ့ ပြုစုမယ်။ တို့မဲဆောက်ဆိုတာက မြန်မာမိန်းကလေးတွေပေါတဲ့မြ
ို့ဆိုတာ တနိုင်ငံလုံးသိကြတယ်” ဟု ပြောဆိုစမှတ် ပြုကြသည့်အထိ ဖြစ်သည်။

လက်ရှိ မဲဆောက်မြို့လယ်ရှိ ပြည့်တန်ဆာရုံတခုတွင် အလုပ်လုပ်ကိုင်နေသည့် မသဲသဲက “ဒီအလုပ်လုပ်တာ ငွေရလွယ်တယ်လို့ပြောနေကြတယ်
။ မလွယ်ပါဘူးရှင်၊ အလုပ်တခါလုပ်ရင် ကျမတို့ရုံမှာ ဘတ် (၃၀၀) ရတယ်၊ တချို့ရုံဆိုရင် ဘတ် (၂၀၀) ပဲရတယ်။ အလုပ်ရှင်က တ၀က်၊ ကိုယ်က တ၀က်ရတယ်။ ကိုယ်ရတဲ့အထဲက စားစရိတ်၊နေစရိတ်၊ မီးဖိုး၊ ရေဖိုး၊ ပုလိပ်ကြေးက အစ အဖြတ်ခံရတယ်။ ကျမတို့ဘ၀လည်း ရရစားစားပါပဲ။ ဖာရုံဆိုတာက တရားဝင်ဖွင့်ခွင့်ရတာ မဟုတ်တော့ ဟိုလူဒီလူ ဖားရတာတွေကလည်းရှိတယ်။ ဒ်ီကြားထဲ အလကားလိုက်ပေးရတာမျိုး လည်း ရှိတယ်။ အပိုင်ရဲတွေဆိုရင် သူတို့ကို ရုံကပိုက်ဆံလည်း ပေးရတယ်။ သူတို့လိုရင် အလကားလည်းလိုက်ပေးရတယ်။ ဒီကရဲနဲ့ ဗမာရဲက စကားသာ မတူကြတာ အကျင့်စရိုက်နဲ့ ရိုက်စားလုပ်တာကတော့ အကုန်တူတယ်” ဟု ပြောသည်။

ဆက်လက်၍ “အိမ်ကိစ္စ အကြောင်းတစုံတရာရှိလို့ မြ၀တီကိုသွားတဲ့အခါမှာ ရဲ၊ လ၀က၊ ပြည်သူ့ စစ်၊ မီးသတ်နဲ့ အခြားတာဝန်ရှိသူတွေဟာ ကျမတို့ဘ၀ကိုသိတော့ အကြောင်းအမျိုးမျိုးရှာပြီး
စစ်ဆေးတယ်၊ ရစ်တယ်။ အဲ့ဒါသူတို့ရဲ့အလိုဆန္ဒကို ဖြည့်ပေးမှပဲ သွားရေး၊ လာရေး အဆင်ပြေတော့တယ်။ နေ့ခင်းကြောင်တောင် ရဲဂိတ်ထဲမှာသူတို့နဲ့ အိပ်ရတာရှိသလို တချို့ဆို တွေ့ကရာမှာရှိတဲ့ အိမ်သာထဲမှာပဲ သူတို့နဲ့ သွားရတဲ့အထိ ကြုံဖူးတယ်။ နောက်ကို ကျမတို့ဆီကလူတွေဟာ မြ၀တီကိုသွားရင် အဖော်(ကွန်ဒုံး) အမြဲဆောင်သွားရတယ်။ ကိုယ့်အန္တရာယ်ကိုလည်း ကာကွယ်ရသေးတယ်။ မဲဆောက်မှာက ပြည့်တန်ဆာမှုနဲ့ တရားစွဲတာမရှိပေမယ့် ဗမာပြည်မှာကတော့ရှိတယ်၊ ထောင်ကျနိုင်တယ်။ မြန်မာအချင်းချင်း ကုတ်သွေးစုပ်ခံရတာက ပိုပြီးဆိုးတယ်”ဟု ပြောသည်။

ရည်ရွယ်ချက်မရှိသူများလည်း ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာများ၏ ပြောပြချက်များအရ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရန် အလုပ်လာရှာကြသော်လည်း အခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် ဖြစ်သွားကြရကြောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်လုပ်ကိုင်ခြင်း မဟုတ်ကြောင်း ပြောသူများလည်း ရှိသည်။

အသက် (၁၈) နှစ်အရွယ် မနှင်းဆီက “ဒီအလုပ်လုပ်တာ (၂) နှစ်ရှိပြီ။ ပွဲစားက သမီးကို ဘန်ကောက်မှာ အိမ်ဖော်အလုပ် တလ ဘတ် (၅,၀၀၀)ရမယ်ဆိုပြီး ကျလောက်အောင်ပြော တော့ အိမ်ကလည်း ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ ဘန်ကောက်မရောက်ဘဲ ဒီဘ၀ကို ရောက်ခဲ့ရတယ်။ ရောက်စမှာ စကားလည်းနားမလည်၊ ဘယ်သူနဲ့မှလည်း အတွေ့မခံဘူး။ သမီးကို ထိုင်းသူဌေးအဖိုးကြီးတယောက်
နဲ့ အိပ်ခိုင်းတယ်။ ပွဲစားနဲ့ ခေါင်းကဘယ်လောက်ရသလဲတော့ သမီးမသိဘူး။ သမီးတို့အိမ်ကို လူကြုံနဲ့ဗမာငွေ (၃) သိန်း ပို့ပေးတယ်။ အမေကစာပို့လာတယ်။ ပို့လိုက်တဲ့ငွေရတဲ့အကြောင်း၊ သမီးလိမ်လိမ်မာမာနဲ့ အလုပ်ကြိုးစားဖို့ပြောတယ်။ အမေ့စာဖတ်ပြီး ကျမ ရူးမတတ်ဖြစ်ခဲ့တယ်။ အခုတော့လည်း မထူးဇာတ်ပဲ ခင်းလိုက်ရတော့တယ်။ ဒီအလုပ်လုပ်တာ နောက်ပိုင်းမှာ အမေတို့ကော၊ သမီးတို့မြို့ကလူတွေလည်း သိကုန်ပြီ၊ အိမ်ပြန်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ လူကြုံနဲ့တော့ ငွေလေး ဘာလေး ပို့နိုင်တာပဲရှိတယ်။ ဘ၀ရှေ့ရေးကတော့ သမီးတို့ရုံမှာ အရင်ကလုပ်ခဲ့ကြတဲ့အစ်မတွေ အဖွဲ့အစည်းက လူတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံခြားကို ရောက်သွားတာတွေ ရှိတယ်။ သူတို့ငွေပြန်ပို့လို့ ဗမာပြည်က သူတို့မိဘတွေလည်း တိုက်နဲ့တာနဲ့ ဖြစ်ကုန်ပြီ။ သမီးလည်းအဆက်သွယ်ရှာပြီး နိုင်ငံခြားကိုသွားဖို့ စဉ်းစားထားတယ်” ဟု ပြော သည်။

ပြည့်တန်ဆာအလုပ်ဖြင့် မိဘများကို ပြန်လည်ထောက်ပံ့နိုင်သူများ
အနည်းငယ်သာ ရှိပြီး အများစုမှာ လက်ရှိဘ၀မှ ရုန်းမထွက်နိုင်ဘဲ ပျော်ရင်းပါးရင်းဖြင့် အချိန်ကုန်သူများလည်း အများအပြားရှိသည်။

သက်မွန်မြင့်နှင့်တူသည်ဟု လူပြောများသည့် မိန်းကလေးက “ညဖက်အလုပ်လုပ်ပြီး နေ့ဘက် တရေးတမောအိပ်ပြီးရင် မဲဆောက်ဈေးထဲသွားပြီး ဘီယာသောက်၊ စီးကရက်သောက်၊ ထမင်းစား၊ ကာရာအိုကေဆိုပြီး ကိုယ့်ဘ၀ကို ပျော်အောင် လုပ်ယူရတယ်။ ကျမတို့ လုပ်အားခအပြင်ကို လာလည်တဲ့ဧည့်သည်တွေက တရာမျိုး၊ နှစ်ရာမျိုး မုန့်ဖိုး ပေးသွားတာတွေရှိတယ်။ အဲ့ဒီအပိုဝင် ငွေတွေနဲ့ စားသောက် ပျော်ပါးရတာပေါ့။ ဒီအလုပ်လုပ်နေရပေမယ့် ကျမတို့လည်း နှလုံးသားနဲ့ပါ၊ အပြင်မှာလည်း ချစ်သူရည်းစားတွေ အသီးသီးရှိကြတယ်။ ညဘက်အလုပ်လုပ် နေ့ဘက် သူတို့နဲ့အတူ စားသောက်နေထိုင် သွားလာရတာပေါ့။ ကျမတို့ရည်းစားက ကျမတို့ကို နေ့ပဲပိုင်တယ်၊ ညကိုတော့ ရုံကပိုင်တယ်။ ကိုယ့်ရည်းစားလည်း အခြားလူတွေရဲ့ရည်းစားလို တူတူတန်တန်ရှိအောင် အိမ်ခန်းငှားပေးရတယ်၊ မော်တော်ဆိုင်ကယ် ၀ယ်ပေးထားရတယ်။ ကိုယ်ကချစ်တော့ သည်လိုမှမလုပ်ရင် သူများဆီပါသွားမယ်” ဟု ပြောသည်။

မဲဆောက်ဈေးမှ ကာရာအိုကေဆိုင်ရှင် မြန်မာ အမျိုးသမီးတဦးကမူ “ဒီမိန်းကလေးတွေကို ပိုက်ဆံစုဖို့၊ အိမ်ကိုငွေပို့ဖို့ ကျမတို့လည်း ပြောပါတယ်။ အထိန်းအကွပ်မရှိတဲ့ကြမ်းလို
ပရမ်းပတာ ဖြစ်ကုန်ပြီ၊ သူတို့ညဘက် လုပ်လို့ရတာကို နေ့ဘက်မှာ လာဖြုန်းကြတယ်။ သူတို့ ရည်းစားထားတဲ့ သူတွေကလည်း မဲဆောက်မှာ လက်ကြောတင်းအောင် အလုပ်မလုပ်စားချင်တဲ့ ကောင်လေးတွေ က ဒီကလေးမလေးတွေကို ခြူစားနေကြတာ။ သူတို့ရည်းစားတွေကို နာရီ၊ လက်စွပ်၊ ဆွဲကြိုး၊ မော်တော်ဆိုင်ကယ်အပြင် အိမ်ခန်းပါ ငှားပေးတဲ့အထိဖြစ်တယ်။ ယောက်ျားတယောက်ကို မိန်းကလေးနှစ်ယောက်က အပြိုင်လုပြီး ကျမဆိုင်ထဲမှာ ရန်ဖြစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ ရိုက်ကြ၊ ပုတ်ကြနဲ့ ခဏခဏ ကြုံရတယ်” ဟု ပြောသည်။

မဲဆောက်ရှိ တည်းခိုခန်းတခုတွင်အလုပ်လုပ
်ကိုင်နေသည့် ကိုအောင်က “ခေတ်စနစ်က မကောင်းတော့ ကျနော်တို့ မြန်မာတွေလည်း စာရိတ္တဆိုတာ ဘာလည်းမသိတော့ဘူး၊ အဆိုးအကောင်းလည်း မသိကြတော့ဘူး။ ကျနော်တို့ တည်းခိုခန်းမှာဆိုရင် ဧည့်သည်က မြန်မာမိန်း ကလေးလိုရင် ခေါ်ပေးရတယ်။ လာပို့တဲ့သူက ဆိုင်ကယ်နဲ့လာတယ်၊ လာတာက သုံးယောက်။ ကလေးက (၁)နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ မိဘတွေနဲ့အတူလာတယ်၊ ဆိုင်ကယ်မောင်းတာ က အဖေ၊ အမေလုပ်သူက ပြည့်တန်ဆာဆိုတော့ ဧည့်သည်နဲ့ အခန်းတက်နေတဲ့အချိန်မှာအဖေလုပ်တဲ့သူက ကလေးကိုနို့ဘူးတိုက်ပြီး အပြင်ကစောင့်တယ်။ ကလေးအမေ အခန်းတက်ပြီးတာနဲ့ သားအမိ၊သားအဖသုံးယောက် ဆိုင်ကယ်နဲ့အတူတူ ပြန်သွားကြတယ်။
အဲလိုပဲ အမေနဲ့ သမီး ပြည့်တန်ဆာရုံ တရုံထဲမှာအတူတူ အလုပ်လုပ်ကြတာလည်းရှိတယ်။ မဲဆောက်မှာ ကျနော်တို့ မြန်မာတွေရဲ့ အဖြစ်ကတော့ ပြောလို့တောင် ယုံနိုင်စရာမရှိတဲ့ အခြေအနေတွေ ဖြစ်ကုန်ပြီ” ဟု ပြောသည်။

ဆန္ဒအလျောက် ပြည့်တန်ဆာလုပ်သူ များလာ

သို့သော် ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာအလုပ် လာလုပ်ကြသည့် မြန်မာမိန်းကလေး အတော်များများမှာ ကိုယ့်သဘောနဲ့ကိုယ် ရည်ရွယ်ချက်ရှိရှိနဲ့ လာလုပ်ကြသူ များလာသည်။ ယခင်က ပြည့်တန် ဆာ လူသစ်တယောက်ရရန် အခက်ခဲရှိသော်လည်း လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်မှစပြီး မဲဆောက်နှင့် ပြည်တွင်းမှပွဲစားများ အချိတ်အဆက် လုပ်လာကြသည့်အတွက် ယခင်လိုအခြေနေမျိုး မဟုတ်တော့သည့်အကြောင်းကို ပြည့်တန်ဆာဘ၀မှနားပြီး ပြည့်တန်ဆာရုံထောင်ထားသူ မြန်မာအမျိုးသမီးတဦးက ပြောသည်။

သူမက “ကျမ ဒီအလုပ်ကို အသက် (၁၈) နှစ်လောက်က လုပ်လာတာ၊ အခု (၄၀) ကျော်ပြီ။ ကျမတို့ခေတ်က လူသစ်တယောက်ရဖို့ဆိုတာမလွယ်
တော့ အလုပ်ရှင်တွေကလည်း နည်းအမျိုးမျိုးသုံးပြီး လူသစ်ရှာဖွေခဲ့ရတယ်။ အခုဆိုရင် မြန်မာပြည်မှာ စားဝတ်နေရေး အကျပ်အတည်းရှိ တော့ ပြည်တွင်းမှာရှိတဲ့ ပွဲစားကနေတဆင့် ကိုယ်လိုချင်တဲ့ ပုံပန်းသဏ္ဌာန်၊ အရွယ်အစားအမျိုးမျိုး မှာလို့ရတဲ့အထိ ဖြစ်သွားပြီ။ ကျမတို့ရုံက အထက်တန်းလွှာရုံမဟုတ်ဘူး၊ ဝေနေယျတွေအတွက်ဖွင့်ထားတော့ သာမန်လက်လုပ်လက်စား အလုပ်သမားတွေအလာများတယ်။ အခန်းတခါ တက်ရင် ဘတ် (၂၀၀)ပဲယူတယ်။ ကျမတို့နဲ့ ကောင်မလေးတွေက တယောက်တ၀က် ယူရတယ်။ သူတို့ကို တလတခါ ငွေရှင်းပေးရတယ်။ တချို့ ကြိုထုတ်တဲ့လူလည်း ရှိတယ်။ ငွေရှင်းတဲ့ အချိန်ကျရင် အိမ်လခနဲ့ ပုလိပ်ကြေး တယောက် (၁,၀၀၀) နုတ်တယ်။ သူတို့ကို ထမင်းပေးတယ်၊ ဟင်းဖိုး (၁) နေ့ (၂၀) ပေးတယ်။မဲဆောက်မှာ တနိုင်တပိုင်အိမ်ရုံအပါဝင် လက်ရှိဖာရုံ (၂၀) လောက်ရှိတယ်။ ရုံတိုင်း ပုလိပ်ကို လစဉ်ကြေးပေးရတယ်။ တလ (၈,၀၀၀)ကနေ (၁၀,၀၀၀) ကြားရှိတယ်။ လိုင်းကြေးပေးထားတော့ အဖမ်းအဆီးရှိရင် ကြိုရှောင်လို့ရတယ်။ ဘန်ကောက်ကလာတဲ့ အထူးအဖွဲ့တို့၊ စီမံချက်အဖွဲ့စုံတို့ကျတော့ သူတို့လည်းဘာမှလုပ်ပေးလို့မရဘူး။မနှစ်က ကျမတို့ရုံကို ၀င်ဖမ်းတော့ ကျမယောက်ျားကို ဖာရုံထောင်မှုနဲ့ ရုံးတင်တာ ထောင် (၂) နှစ်နဲ့ (၇) လကျသွားတယ်” ဟု ပြောသည်။

ယခင်က ပြည့်တန်ဆာလုပ်ငန်းကို ဒေသခံလူမျိုးများက ဦးစီးလုပ်ကိုင်ကြရာမှ ယခုအခါ မြန်မာများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နားလည်မှုယူကာ “အိမ်ဘိ” ဟုခေါ်သည့် (ပြည့်တန်ဆာ) အိမ်ရုံများထောင်ပြီး ကိုယ့်အဆက်သွယ်နှင့်ကိုယ် လုပ်စားကြသည်ဟု လက်ရှိ မဲဆောက် ပြည့်တန်ဆာရုံတခုမှ ခေါင်းတဦးဖြစ်သူ ကိုအာနိုးက ရှင်းပြသည်။

ကိုအာနိုးက “ကိုယ့်မြန်မာတွေအချင်းချင်
း အိမ်ရုံထောင်ပြီး လုပ်စားကြတော့ ပိုပြီး တွက်ခြေကိုက် တယ်။ ဟန်ပြအနေနဲ့ အိမ်ရှေ့မှာ ဈေးဆိုင်လေး ဖွင့်ထားမယ်၊ စက်ချုပ်ဆိုင်ဖွင့်ထားမယ်။ ဟိုတယ်တို့၊ တည်းခိုခန်းတို့၊ အပြင် အော်ဒါတို့ သွားဖို့ကြတော့ ဆိုင်ကယ်နဲ့လိုက်ပို့ပေးရတယ်။ တချို့ မိန်းကလေးတွေက မိသားစုရှိတော့ အော်ဒါလာတဲ့အချိန်မှာ ဖုန်းနဲ့ပဲ အဆက်သွယ်လုပ်ရ တယ်” ဟု ပြောသည်။

ညိုညိုဟု အမည်ရှိသည့် အသက် (၂၅)နှစ်ဝန်းကျင် မိန်းကလေးကလည်း သူမအလုပ်နှင့် ပတ်သက်၍ ရယ်ရယ်မောမောဖြင့် ယခုကဲ့သို့ ရှင်းပြသည်။

“ဧည့်သည်ခေါ်လို့ ဟိုတယ်ကိုသွားရင် ကျမယောက်ျားက မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ အလုပ်သွားရင် တခါတလေ ကလေးပါခေါ်သွားရတယ်။ ကျမသားလေးက (၁)နှစ်ခွဲပဲရှိသေး တယ်။ ကျမဧည့်သည်နဲ့ အခန်းတက်ရင် ကျမယောက်ျားက ကလေးကိုနို့ဘူးတိုက်ရင်း အပြင်က စောင့်တယ်။ လူတွေက ကျမတို့လိုလူတွေကိုအပြစ်ပြေ
ာချင်ကြတယ်။ ကျမက ခန္ဓာကိုယ်ကိုပဲ ရောင်းတာပါ၊ ကျမမေတ္တာနဲ့ နှလုံးသားကတော့ လင်နဲ့ကလေးပေါ်မှာ အပြည့်အ၀ရှိပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘူး၊ ကိုယ့်ကို ထမင်းကျွေးတာမှမဟုတ်ဘဲ။ ကျမတို့လို မြန်မာမိသား စု မဲဆောက်တခွင်မှာ ရာနဲ့ချီရှိပါတယ်။ ကျမယောက်ျား ပန်းရန်လုပ်ရင် တနေ့ (၁၀၀) ထက်ပိုမရဘူး၊ မိဘဆွေမျိုးသားချင်းတွေကို ကူညီဖို့မပြောနဲ့၊ ကိုယ်တောင် ထမင်းနပ်မှန်ဖို့ မလွယ်ဘူး။ အဲ့ဒီတော့ ယောက်ျားက ကလေးထိန်း၊ အကြိုအပို့လုပ်ပေါ့။ အော်ဒါတခါ သွားရင် (၅၀၀) ရတယ်၊ (၁) နာရီတောင်မကြာဘူး၊ ညအိပ်ရင် (၁,၅၀၀)ရတယ်။ ဗမာပြည်က မိသားစုတွေကို မျက်နှာမ ငယ်အောင် အိမ်နဲ့ယာနဲ့ဖြစ်အောင် ကူညီနိုင်ခဲ့တယ်။ ကျမတို့လို အိမ်ထောင်သည်တွေ ဒီအလုပ် လုပ်စားတာ မဲဆောက်မှာ ရာနဲ့ချီရှိတယ်။ ဒီအလုပ်က မိုးရွာတုန်း ရေခံရတာ၊ အရွယ်ရလာရင် ဘယ်သူမှ ကိုယ့်ကိုသုံးတော့မှာ မဟုတ်ဘူး။ အဓိကကတော့ လင်မယားချင်း နားလည်မှု ရှိဖို့ပဲလိုတယ်” ဟု ပြောသည်။

ပန်းဦးဈေးကွက်

ပန်းဦးရောင်းရာမှ ပြည့်တန်ဆာလောကတွင် ကျင်လည်ခဲ့ရသူ အသက် (၁၉)နှစ်အရွယ် မနွေးနွေးက သူ့အဖြစ်ကို ပြန်ပြောင်း ပြောဆိုရာမှာ “သမီးကျောင်း (၅)တန်းထိနေခဲ့ဖူးတယ်၊ မော်လမြိုင်ကပါ။ ဟိုမှာသမီးတို့မောင်နှမ(၄) ယောက်ရှိတယ်။ သမီးကအကြီးဆုံး၊ အမေက သင်္ဘောဆိပ်မှာ အကြော်ရောင်းတယ်။ ဈေးထဲမှာ နေ့ပြန်တိုးယူပြီး အရင်းအနှီးလုပ်ရတယ်။ အဖေက လေဖြတ်ထားတယ်၊ လမ်းမလျှောက်နိုင်ဘူး။ အမေ့လုပ်စာနဲ့ မိသားစုဘ၀ ဘယ်လိုမှရပ်တည်လို့မရဘူး။ နေ့စားလုပ်ရင် (၁,၅၀၀) ကျပ်ထက်ပိုမရဘူး၊ ဆန် (၁) ပြည်က (၁,၀၀၀)ကျော်တယ်။ ကျမတို့အိမ်မှာ မနက်(၁)ပြည်၊ ည(၁) ပြည်ချက်ရတယ်။ နောက်ဆုံး အမေနဲ့သမီး မဲဆောက်မှာအလုပ်လာရှာတယ်။ ကြက်သွန်ခွာတယ်၊ ပန်းရန်လုပ်တယ်၊ အလုပ်က အဆင်မပြေတဲ့ကြားထဲ ပုလိပ်က ခဏခဏဖမ်းတော့ နောက်ဆုံးမှာ သမီးတို့နယ်ကပဲ ခေါင်းလုပ် တဲ့လူနဲ့ ဆက်မိတယ်။ အမေက ကျမကို မိသားစုအတွက် ကျမကိုရောင်းဖို့ပြောတော့ လက်ခံ လိုက်တယ်။ ဘတ် (၁၅,၀၀၀)နဲ့ ဈေးတည့်သွားတယ်။ ခေါင်းနဲ့တ၀က်စီရတယ်။ သမီးနဲ့ အိပ်တဲ့ ထိုင်းသူဌေးက သနားလို့ဆိုပြီး မုန့်ဖိုး ဘတ် (၃,၀၀၀)ပေးတယ်။ ရတဲ့ငွေတွေကို အမေ့ကိုပေးပြီး အိမ်ပြန်ခိုင်းလိုက်တယ်။ ကိုယ့်အောက်က လူတွေက ကျောင်းနေတော့ အိမ်ကို လစဉ်ပိုက်ဆံပို့ ပေးရတယ်။ ပါကင်ဖောက်တဲ့ကိစ္စက ဒီလိုရှိပါတယ်။ ပထမတကြိမ် ဖောက်ရင် (၁၅,၀၀၀)၊ ဒုတိယအကြိမ်မှာ (၈,၀၀၀)၊ တတိယအကြိမ်မှာ (၃၀၀၀)လောက်ရတယ်။ သုံးကြိမ်စလုံး သမီးကိုလုပ်တဲ့ အဖိုးကြီးတွေ ကွန်ဒုံးမသုံးကြဘူး။ နောက်မှ ပြန်စဉ်းစားပြီး တော်တော် ကြောက်သွားတယ်။ မဲဆောက်ဆေးရုံကြီးမှာ ဆေးစစ်တော့ ဒီနေ့ထိ ဘာရောဂါမှတော့ မရှိသေးဘူး” ဟု ပြောသည်။

မြန်မာပြည့်တန်ဆာကျန်းမာရေး

မဲဆောက်မြို့ရှိ ပြည့်တန်ဆာများနှင့် ပတ်သက်၍ ပြည့်တန်ဆာများသည် မဲဆောက်ဆေး ရုံကြီးတွင် (၃) လတကြိမ် သွေးစစ်ကြရပြီး (၁)ပတ်တခါ သားအိမ်စစ်ဆေးမှု ခံယူရသည်ဟု မဲဆောက်ဆေးရုံကြီးမှ အထက်တန်းသူနာပြုတဦးက ပြောကြားသည်။ ဆေးရုံကြီးနှင့်ပြည့်တန် ဆာရုံများ အမြဲတမ်းအဆက်အသွယ်ရှိကြောင်
း၊ လိင်မှုဆိုင်ရာ ရောဂါများကူးစက်မှုမဖြစ်ရအောင် ပညာပေးအစီစဉ်များကို ဆေးရုံကြီးနှင့် အစိုးရမဟုတ်သော အဖွဲ့အချို့မှ အကူညီပေး လုပ်ဆောင် လျက်ရှိကြောင်း ရှင်းပြသည်။

ဆေးစစ်မှုနှင့် ပတ်သက်၍ သွယ်သွယ်အမည်ရှိ မိန်းကလေးက “ဆေးပုံမှန်စစ်ရတာကတော့ ကိုယ့်အတွက်ပဲ။ ဆေးလာမစစ်တဲ့လူကို ဆေးရုံက သူဌေးမဆီ ဖုန်းနဲ့ဆက်ပြီးတိုင်ပြီဆို
ရင် အတိုင်ခံရတဲ့လူကို ငွေရှင်းတဲ့ရက်မှာဒဏ်ငွေ (၅၀၀) ဖြတ်တယ်။ ရောဂါဖြစ်ပြီး သေတဲ့လူတွေ ရှိတော့ရှိတယ်။ ကြာကြာမှတခါ ဖြစ်တာပါ။ ဧည့်သည်တွေကို ကွန်ဒုံးစွပ်ခိုင်းဖို့၊ ကွန်ဒုံးမပါဘဲ မလုပ်ကြဖို့ သတိတော့ထားရတယ်။ ဖာကျိုးရင် ဆေးထိုးလို့ရပေမယ့်အေအိုင်ဒီအက်စ် ဖြစ်ရင်တော့ ဘ၀ဆုံးပြီ။ တချို့ဧည့်သည်တွေက မူးမူးရူးရူးနဲ့ အစွပ်ကိုမသုံးချင်ဘူး၊ တချို့ကျတော့လည်း လုပ်ရင်းတန်းလန်းနဲ့အစွပ်ကိုခိုးဖြုတ်တာလည်းရှိတယ်။ အန္တရယ်များတော့ချော့မော့ပြီးပြောရတယ်။ ပြောလို့မရတဲ့အဆုံး ကိုယ်ပဲ အမျိုးသမီးကွန်ဒုံး သုံးရတယ်။ ဘန်ကောက်မှာ အလုပ်ရမယ်၊ လစာကောင်းတယ်၊ ငွေလည်းကြိုယူလို့ရတယ်ဆိုပြီး ပွဲစားက အိမ်ကို မြန်မာငွေ (၂) သိန်းပေးခဲ့တယ်။ ဒီရောက်မှပဲ ဒီဘ၀ရောက်ခဲ့ရတာပါ။ အယုံမလွယ်ကြဖို့ ဗမာပြည်က လူတွေကို သိစေချင်တယ်” ဟု ပြောသည်။

ရန်ကုန်သူ ဖြူဖြူကလည်း “သမီးက ဒီအလုပ်ကို ရန်ကုန်မှာကတည်းက လုပ်တာပါ။ မဲဆောက်မှာက လိမ္မာရင်ငွေစုပြီး အိမ်ကိုငွေပို့နိုင်သေးတယ်။
ရန်ကုန်မှာက ပြည့်တန်ဆာလုပ်တဲ့ လူများပြီး ပျော်ပါးနိုင်တဲ့ လူတွေကနည်းတော့ တွက်ခြေမကိုက်ဘူး။ ဒါကြောင့် မဲဆောက်ကို လာတာပါ။ ရန်ကုန်မှာက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရဲ၊ မီးသတ်တွေက အလကားခေါ်တာကများတော့ ဒီဘက်ထွက်လာတာက ပိုကောင်းတယ်ဆိုပြီး မဲဆောက်ကို အရင်ရောက်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆက်အသွယ်နဲ့ရောက်လာတာပါ။ ဒီမှာက ပုလိပ်ကြေးလောက်ပဲပေးရတယ်။ဒါကို ကျမတို့ နားလည်ပါတယ်။ ဖာသည်နဲ့ရဲဆိုတာက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲ” ဟု ပြောသည်။

အလုပ်သမား မြန်မာပြည့်တန်ဆာများလည်းရှ
ိအခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် မဲဆောက်ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမများလည်း ပြည့်တန်ဆာလောကအတွင်း ရောက်ရှိမှုများရှိသည်။ ပြည်တွင်းရှိ မိဘများမှာ အလုပ်အကိုင်နှင့် စားဝတ်နေရေး ပြဿနာများအပြင် တရားမ၀င် ထီလောင်းကစားမှုများကြောင့် အိုးပျောက်၊ အိမ်ပျောက်ဖြစ်ကာ ပို့သမျှငွေ အလျဉ်မမီဖြစ်ပြီး ငွေနောက် လိုက်ရင်းဖြင့် ပြည့်တန်ဆာဖြစ်သွား သူများလည်း အများအပြားရှိသည်ဟု အိမ်ရုံတွင် လုပ်ကိုင်နေသူတဦးကလည်း ပြောသည်။

မဲဆောက်ရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်စားပွဲထိုးမျာ
းတွင် မြန်မာ မိန်းကလေးများအများစု လုပ်ကိုင်နေကြသည့် အကြောင်းကို စားပွဲထိုးမြန်မာအမျိုးသမီး မနွဲ့က “တချို့ကျတော့လည်း ရောက်ခါစမှာ ရှက်တော့ ရိုးရိုးစားပွဲထိုးပဲလုပ်တယ်။ အိမ်က ခဏခဏ ပိုက်ဆံမှာတာလည်းပါတယ်၊ ကိုယ်ကလည်းမဲဆောက်မှာ မော်တော်ဆိုင်ကယ်နဲ့ အိမ်နဲ့ နေချင်တာလည်းပါတယ်။ ကိုယ့်အချင်းချင်း အရင်ရောက်တဲ့သူတွေကလည်း စည်းရုံးတော့၊ ဆိုင်ပိတ်ချိန် မနက် (၂)နာရီဆိုရင် ဧည့်သည်တွေနဲ့ လိုက်အိပ်တော့ တခေါက်ကို(၁,၀၀၀) လောက်ရတယ်။ ဆိုင်မှာရတဲ့လခက (၁) လ သုံးလေးထောင်ထက် မပိုဘူး။ ဒီလိုပဲ အတုမြင်အတတ်သင်ရာကနေ ဖြစ်သွားကြတာပါ။ အနှိပ်သည်လောကမှာလည်း ငွေရလွယ်တော့ ဗမာပြည်ကလာတဲ့ မိန်းကလေးတွေ တနေ့ထက်တနေ့ ပိုပိုများလာတယ်။ အနှိပ်သည်တွေကျ တော့ တခါနှိပ်ရင် (၂) နာရီကို ဘတ် (၂၄၀)ကိုယ်က (၁၀၀) ပဲရတယ်၊ ကျန်တာက အလုပ်ရှင် ယူတယ်။ နေထိုင်စားသောက်ရေးကိုတော့ သူတို့တာဝန်ယူတယ်။ အဲဒီကနေ အစပြုပြီး နောက်ဆုံးကိုယ့်ကိုယ်ကို ရောင်းစားတဲ့ဘ၀ကို ရောက်သွားတာတွေ အများကြီးရှိတယ်”ဟု ပြောသည်။

ဘွဲ့ရများ၊ ကျောင်းဆရာမများပါ ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာလောကတွင် ဘွဲ့ရကျောင်းသူများ၊ ပြည်တွင်းတွင် ကျောင်းဆရာမဖြစ်ခဲ့သူများ၊ သူနာပြုဖြစ်ခဲ့သူများ၊ ဆယ်တန်းအောင်သည့် မိန်းကလေးများမှာ ထိုင်း-မြန်မာနယ်စပ်မြို့မျ
ားဖြစ် သည့် ရနောင်း၊ မဲဆောက်၊မယ်ဆိုင်ဒေသများနှင့် ဘန်ကောက်တွင် အများအပြားလုပ်ကိုင်လျက် ရှိသည်ကို မိစန်းဟု အမည်ခံယူထားသည့်မဲဆောက်ရောက် အထက်တန်းပြဆရာမ တဦးကလည်း ရင်ဖွင့်ပြောကြားသည်။

သူမက “ဒီအလုပ်ကို ဘယ်သူမှမလုပ်ချင်ပါဘူး။ မြန်မာပြည်မှာ ဘွဲ့ရပြီးလုပ်စရာ အလုပ်မရှိဘူး။ ရှိပြန်တော့လည်းဝန်ထမ်းလစာန
ဲ့ ကုန်ဈေးနှုန်းက ဘယ်လိုမှဆက်စပ်လို့ မရဘူး။ လက်ရှိမြန်မာပြည်အခြေနေနဲ့ဆိုရင် လူမွှေးပြောင်ဖို့ မလွယ်ဘူး။ စကားကြီး စကားကျယ် ပြောတယ်လို့ တော့ မထင်ပါနဲ့၊ ကျမတို့က စနစ်ဆိုးကြီးရဲ့ သားကောင်တွေပါ။ ဘွဲ့ရ ကျောင်းဆရာမတောင် လူမွှေးမပြောင်ဘူးဆိုတော့ သာမန်လူဆိုရင် ပိုဆိုးပြီပေါ့။ ကျောင်းဆရာမဖြစ်ပြီး ဖာသည် လုပ်ရကောင်းလားဆိုပြီး ကျမကိုအပြစ်ပြောတဲ့လူလည်း ရှိပါတယ်။ ကျမ သူတို့ကို နားလည်ပေးလိုက်ပါတယ်။ ဂျင်မလေးဂျမ်းသီချင်းထဲကလိုပေါ့၊ ဂျင်ဆိုတာ သူ့ဖာသာသူ မလည်တတ်ပါဘူး။ လည်အောင်ဖန်တီးပေးတဲ့ အဓိကတရားခံ မရှိတော့တဲ့ အချိန်ကျရင် ဂျင်မလေးတွေ ကံကောင်းလာမှာပါ” ဟုပြောသည်။

(ဤသတင်းဆောင်းပါးပါ ကာယကံရှင်များ၏အမည်ရင်းများ
ကို လွှဲပြောင်းထားသည်)  သက်တန့် ချိုမှစုစည်းတင်ပြသည်

မလေးရောက်မြန်မာများမြန်မာအရက်များဝယ်သောက်ပြီသေဆုံး

ပြီးခဲ့တဲ့ အပတ်က မလေးရှားရဲ့ Hot New ၂ ခု အကြောင်း မြန်မာအများစု သိထားပြီး ဖြစ်ပါလိမ့်မယ် ခင်ဗျ ။

ပထမ တစ်ခုအနေနဲ့ အခု တင်ပြတဲ့ဘလော့အကြောင်းဖြစ်တဲ့ မလေးရှားနိုင်ငံမှာ ဖြန့်ချီနေတဲ့ မြန်မာအမှတ်တံဆိပ်အရက်များကြောင့် အဆိပ်သင့်သေဆုံးသူများအကြောင်း ဖြစ်ပါတယ် .။
ယခု ဒီသတင်းရဲ့ နောက်ဆက်တွဲ သတင်းအနေနဲ့ မလေးရှားနိုင်ငံ့ UNHCR လက်အောက်ရှိ IDA မှ မလေးရှားနိုင်ငံ ဆေးရုံးများရှိ အဆိုပါ အရက်များကြောင့် ဖြစ်ရတဲ့နောက်ဆက်တွဲ သတင်များကို ဒုက္ခသည်အဖွဲ့အစည်းများအပါအဝင် နီးစပ်ရာဌာနများမှာ အထူးရှင်းလင်းပွဲများပြုလုပ်ပြီး အသိပေးချက်များ ၊ သတိပေးချက်များ ၊ ကြော်ငြာချက်များကို ထုတ်ပြန်သွားခဲ့ပါတယ် ။


ထိုသတင်းများအရ ယနေ့အထိ မလေးရှားနိုင်ငံအဝှမ်းရှိ ဆေးရုံများတွင် တက်ရောက်ကုသနေရသော အရက်အဆိပ်သင့်သူ ဦးရေ အားလုံးစုစုပေါင်း ၃၉ ဦးရှိနေပြီး ထို ၃၉ ဦးတွင် မြန်မာနိုင်ငံသား ၃၁ ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကာ ထို ၃၁ ဦးမှ ၂၄ ဦးတိတိ သေးဆုံးခဲ့ပြီဖြစ်တယ် လို့ သိရပါတယ် ။

သေးဆုံးရသော အကြောင်းအရင်းမှာ အဆိုပါအရက်များတွင် လူကိုသေဆုံးနိုင်သော အဆိပ်ဖြစ်သည့် Methanol (မက်သနော်လ်) အဆိပ်ပမာဏ များစွာ ပါဝင်နေသောကြောင့်ဖြစ်ကြောင်း မလေးရှား ရဲဌာနမှ တရားဝင်အတည်ပြုပြောကြားသွားခဲ့ပါတယ် ။ ထိုမျှမက အသက်မသေဆုံးပဲ ကျန်ရှိသူများထဲတွင် သတိလစ်မေ့မြောနေသူများအပါဝင် မျက်စေ့ကွယ်လွန်သွားသော သူများလဲရှိကြောင်း Selangor ပြည်နယ် ဆေးရုံများတွင် တက်ရောက်ကုသနေသော စာရင်းများမှ အဖြေများဖြင့် အတည်ပြု ပြောကြားသွားခဲ့ပါတယ် ။

ဆက်လက်ပြီး မက်သနော်လ်အဆိပ်ပါဝင်တဲ့ အရက်များထဲမှ အရက် ၁၀ မီလီလီတာ ( တစ်ဇွန်းခန့်) သောက်သုံးရုံမျှဖြင့် မျက်စေ့ကွယ်နိုင်သလို ၃၀ လီတာမှ ၆၀ ( ​၁ ခွက်ခန့်) သောက်သုံးရုံမျှဖြင့် သေဆုံးရန်လုံလောက်ကြောင်း ပညာပေးပြောကြားသွားခဲ့ပါတယ် ။

ဆေးရုံးများမှ သက်ဆိုင်ရာ ရဲစခန်းများသို့ သတင်းပေးပို့မှု့ များပြားလာသည်နှင့်အမျှ အကောက်ခွန်ဌာန ၊ ရဲဌာန နှင့် ကျန်းမာရေး ဌာနဝန်ထမ်းများပူးပေါင်း ပြီး ယနေ့အထိ ဖမ်းင်္ဆီးစစ်ဆေးမှု့များပြုလုပ်ခဲ့ရာမှ မြန်မာ ၁၀ ဦးအပါအဝင် စုစုပေါင်း ၁၅ ဦး ဖမ်းဆီးမိခဲ့ပြီး တရားမဝင်အရက်ပုလင်းထောင်ကျော်ကို ဖမ်းဆီးခဲ့ပါတယ် ။

ပြီးခဲ့တဲ့ April ၁၂ ရက်နေ့က စွန်ဂိုင်းမတီ ရှိ အိမ်ခြေပြတ်သော နေရာရှိ အိမ်တစ်အိမ်အား စောင့်ကြည့်ရှာဖွေ ရာမှ မြန်မာတံဆိပ်အရက် များစွာ ဖမ်းဆီးမိထားကြောင်း Malaysia Kini သတင်းဌာနမှ ဖော်ပြသွားခဲ့ပြီး အဆိုပါအရက်များနှင့်အတူ မြန်မာ ၁၀ ဦးဖမ်းဆီးမိကြောင်း ပိုင်ရှင်ကို ဆက်လက်ရှာဖွေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်သွားပါတယ် ။

မလေးရှား ဆာဘ ဒေသမှ ဒေသခံများအပါအဝင် ယနေ့အထိ သေဆုံးသူ ၃၀ ကျော်ရှိနေပြီး အဆိုပါ အဆိပ်ပါဝင်သော အရက်များအားဆက်လက်ရှာဖွေစုံစမ်းနေဆဲဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကူညီပေးရန် မလေးရှား အဖွဲ့အစည်းများမှ တရားဝင် ထုတ်ပြန်ထားပါတယ်။ အဆိုပါ အဆိပ်သင့်အရက်များ နှင့်ပတ်သက်ပြီး မည်သည့်အချက်အလက်ကိုဖြစ်စေ ဖုန်းနံပတ် ၀၃ ၅၁၂၃ ၇၃၃၃ သို့ဖြစ်စေ email - sprc_sel@sel.moh.gov.my သို့ဖြစ်စေ သတင်းပေးပူးပေါင်းကူညီသွားရန် မလေးရှား နိုင်ငံအာဏာပိုင်အဖွဲ့အစည်းများမှ တရားဝင်ကြော်ငြာထားကြောင်း မလေးရှားရောက် ရွှေညီအကိုမောင်နှမများအား ဘာသာပြန်တင်ဆက်ပေးလိုက်ပါသည် ။

www.edinooyin.com

အရေးပေါ်သွေးလိုအပ်လျှင် ဓမ္မရောင်ခြည်သို့ ဆက်သွယ်၍ သွေးတောင်းခံနိုင်



ဓမ္မရောင်ခြည်ဓမ္မဒါနလုပ်ငန်း ဖုန်းနံပါတ်(၀၉-၅၀၇၉၆၇၄၊၀၁-၅၇၁၅၃၁)သို့ ဆက်သွယ်နိုင်ပါသည်။

အရေးပေါ်သွေးလိုအပ်နေသော ဝေဒနာရှင်များကို သွေးလှူဒါန်းနိုင်ရန်ဓမ္မရောင်ခြည်တွင် စီစဉ်ထားရှိသည့်အတွက်အရေးပေါ်သွေးလိုအပ်လျှင်ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းဓမ္မရောင်ခြည်ဓမ္မဒါနလုပ်ငန်း
ဥက္ကဋ္ဌဦးလှမျိုးက ပြောပြခဲ့သည်။



“ဓမ္မရောင်ခြည်စုပေါင်းသွေးလှူဒါန်းပွဲကို(၄)လတစ်ကြိမ် ကျင်းပပြုလုပ်နေသည်။ အဆိုပါ သွေးလှူဒါန်းပွဲများတွင်ဓမ္မရောင်ခြည်မှ အမြဲတမ်းလှူနေသော သွေးအလှူရှင်များရှိသလို
အပြင်သွေးလှူရှင်အနေနှင့် လှူပေးနေသည့်သူများလည်းရှိသည်။

သွေးလှူဒါန်းပွဲမှ ရရှိလာသော သွေးများကို အရေးပေါ်သွေးလိုအပ်နေသည့် ဝေဒနာရှင်များကို ကူညီနိုင်ရန် စီစဉ်ထားရှိသည်။ ထို့ကြောင့်အရေးပေါ်သွေးလိုအပ်လျှင် ဓမ္မရောင်ခြည်သို့ ဖုန်းဆက်၍ အကူအညီ
တောင်းခံနိုင်ကြောင်း ဦးလှမျိုးက ပြောပြသည်။

အရေးပေါ်သွေး လိုအပ်လျှင် ဓမ္မရောင်ခြည် ဓမ္မဒါ နလုပ်ငန်း ဖုန်းနံပါတ်(၀၉-၅၀၇၉၆၇၄၊ ၀၁-၅၇၁၅၃၁)သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်းသိရှိရသည်။

Skynet News ကိုဒီမိုးသားမှစုစည်းတင်ဆက်သည်

ရဟန်းတော်နှင့် အရှင်သူမြတ်တွေဟာ ဘာကြောင့် ဆံပင်ရိတ်ကြရတာလဲ(သို့) ဆံပင်၌ဖြစ်သောအပြစ် (၁၆)ပါး


ဆရာတော်၊ ရဟန်းတော်၊ မထေရ်အရှင်မြတ်တို့ ကိုရင်လေးတွေ သီလရှင်လေးတွေဟာ ဘာကြောင့်ခေါင်းရိတ်ကြရတာလဲဆိုတဲ့ အကြောင်းက
လေးကိုသိစေချင်ပါတယ်။ အဲဒီအကြောင်းကို အရှင်နာဂသိန်ထေရ်လောင်းလျာ သူငယ်လေးကမေးလို့ "အရှင်ရောဟနမထေရ်မြတ်"ကြီးကနေ
ဖြေကြားထားတဲ့ ဆံပင်မှာ ဗလိဗောဓ ကြောင့်ကြဖွယ်အပြစ် (၁၆)ပါးရှိတယ်လို့ ဆိုပါတယ်။

အဲဒီ (၁၆)ပါးသော အပြစ်ကြောင့် ရဟန်းတော်များ၊ ကိုရင်များ၊ သီလရှင်များ ခေါင်းရိတ်ကြရတာဖြစ်ပါတယ်။ ဒီအပြစ် (တစ့်ဆယ်ခြောက်ပါး)ဟာ
ဘာတွေလဲလို့ဆိုတော့ -

(၁) ဆံပင်ကို တန်ဆာဆင်ရခြင်း။

(၂) ပြေပြစ်ချောမွေ့အောင် ပြုပြင်ရခြင်း(ယခုခေတ်အလို ဆံပင်ဖြောင့်ခြင်း ကောက်ခြင်း)။

(၃) ဆီလိမ်းရခြင်း။

(၄) ခေါင်းလျှော်ရခြင်း။

(၅) ပန်းပန်ရခြင်း။

(၆) ခေါင်းလိမ်းဆီမွှေးသုတ်လိမ်းရခြင်း။

(၇) ခေါင်းလျှော်ရန် ကင်ပွန်းသီး ဆီ စသည်တို့ဖြင့် (ထုံရ)နှဲရခြင်း။

(၈) သဖန်းခါးသီးရှာရခြင်း။

(၉)။သျှစ်သျှားသီးရှာရခြင်း။

(၁၀)။ဆံပင်နက်အောင် ဆေးဆိုးရခြင်း။

(၁၁) ဦးသျှောင်ထုံးရခြင်း။

(၁၂) ဘီးဖြင့် ဖြီးရခြင်း။

(၁၃) ပြုရ၊ပြင်ရခြင်း။

(၁၄) ထုံးပြီး ဦးသျှောင်ကို အခါအားလျှော်စွာပြန်ပြင်ရခြင်း။

(၁၅) သန်းရှာခြင်း၊

(၁၆) ဆံပင်ကျွတ်ခဲ့သော် ပြတ်ခဲ့သော် စိုးရိမ်ရခြင်း၊ ပင်ပန်းရခြင်း၊ ငိုကြွေးမြည်တမ်းရခြင်း၊ ရင်ဘတ်စည်တီးရခြင်း၊ ညည်းတွားရခြင်းနှင့် လွန်စွာ
မှ တွေဝေရခြင်းတို့တွေကြောင့်ပဲ ဖြစ်ပါတယ်။

ရဟန်းတော်များ ကိုရင်များ သီလရှင်များဆံပင်များရှိနေပါက ကြည်ညိုဖွယ်မဖြစ်သလို ထိုဆံပင်များကြောင့် အချိန်ပိုလာကာအချိန်များစွာပေး
ရသဖြင့်(ပရိယတ္တိ)အလုပ်များကို ကောင်းစွာ မလုပ်ကိုင်နိုင်ကြသလို (ပဋိပတ်ဆိုတဲ့ ဝိပဿနာ)အလုပ်တွေကိုလည်း အားလျော့စေပါတယ်။ ထို
အပြစ်များကြောင့် သာသနာကိုဝင်ရင် ဆရာတော်၊ ရဟန်းတော်၊ မထေရ်အရှင်မြတ်တို့နှင့် ကိုရင်ကလေးတွေ၊ သီလရှင်ကလေးတွေဟာ ခေါင်း
ရိတ်ကြရခြင်း ဖြစ်တယ်ဆိုတဲ့ ဒီ(၁၆)ပါးသော အပြစ်အကြောင်းအရာတွေအားလုံးကို သိစေအပ်ပါသည်။

ကိုးကား။ - -  - ။ မင်းဘူး အရှင်ကဉ္စန(ဘာသာရေး ပြဿနာ အမေးအဖြေ)စာအုပ်။ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။ အရှင်
ဦးဝိမလဝံသ(နာလန္ဒာတက္ကသိုလ်အိန္ဒိယနိုင်ငံ) ထံမှကောက်နှုတ် တင်ပြပါသည်။
စနေမင်းမဟာနွယ်မှစုစည်းတင်ဆက်သည်။

ဘောစတွန်မှာဗုံးကွဲပြီး မြို့တွင်းကျောင်းများ၊လုပ်ငန်းများ၊ရုံးများအားလုံး ပိတ်ထားလိုက်ရသည်။

ဘောစတွန်မှာ ဗုံးကွဲပြီး မြို့ကို လုပ်ငန်းအားလုံးပိတ်လိုက်တယ် ကျောင်းတွေရုံးတွေပိတ်လိုက်တယ်
အသွားအလာ အကုန်စစ်တယ် အိမ်တွေမှာနေခိုင်းတယ်။ ဘယ်သူမှလက်မခံဖို့ပြောပြီး ရှာကြတယ်။
လေကြောင်းတွေရပ်လိုက်တယ်။ ခရီးစဉ်တွေ ရပ်လိုက်ကြတယ်။
လိုင်းကားတွေရထားတွေ ပိတ်လိုက်တယ်
တစ်လောက မြန်မာ တပ်မတော်နေ့စစ်ရေးပြအခန်းအနား(၈
၀၀၀)ထက်များတဲ့ တပ်တွေ ရဲတွေ နဲ့ (၉၀၀၀ကျော်) ဒီမြို့ ကလေးမှာ တင့်ကားတွေ ရဟတ်ယဉ်တွေ ကင်မရာတွေ ဂြိုလ်တုတွေ
ရိုဘော့စက်ရုပ်တွေ နည်းပညာတွေသုံ့းပြီး သမတကိုယ်တိုင် ပြောစရာ၇ှိတာသေချာပြောပြီး
အပြတ်ချခဲ့တာပါ။ အခုလိုမမိ မခြင်း အလေးထားပြီး လုပ်ကိုင်ကြတာတွေ့ ရပါတယ်။
National Security ဆိုတာ လူအခွင့်ရေးဆိုပြီး လွတ်ပေးမထားကြတာ တွေ့ လိုက်ရပါတယ်။ မမိမချင်း ပြည်သူ အများစုက ပြောတဲ့အတိုင်းနေနိုင်ကြတာ ချီးကျူးပါတယ်။ ကူညီတာကလွဲလို့  ဝင်မရှုပ်ကြတာ ပြဿနာ မရှာကြတာ တွေ့ တော့ အားကျမိပါတယ်။
အများကို ကာကွယ် နိုင်ဖို့  အထမ်းအကွပ်မရှိတဲ့ လူ့အခွင့်အရေးဟာ ကြောက်ဖို့ ကောင်းတာ ကြောင့် ဒီလို အင်အားသုံးတယ်လို့  နားလည်သိရှိလိုက်ရပါတယ်။
ကိုယ့်အလုပ်ကိုယ် တာဝန်ကျေအောင် လုပ်တဲ့ သူတွေနဲ့ ဖွဲ့ စည်းထားတဲ့ နိုင်ငံကြီး ရဲ့ အမူအကျင့်တွေကို လေးစားမိပါတယ်။   from ရဲမြတ်သူ  https://www.facebook.com/yemyatthu?fref=ts

“ဘီယာဟာ အရက်တော့ မ ဟုတ်ပါ”

“ဘီယာဟာ အရက်တော့ မ ဟုတ်ပါ”
ဆိုတဲ့သီချင်းလိုပဲ။အရက်မဟုတ် ဘူးလို့ အတင်း ဇွတ်ကန်ငြင်းပြီး လူတွေက ဘီယာ ကို နှစ်နှစ်ခြိုက်ခြိုက် သောက်လာ ကြပါတယ်။ယောက်ျားလေး တွေသာမကဘဲ မိန်းကလေး တွေလည်း သောက်လာ ကြတာပါ။ အဲဒီလို ဖက်ရှင်လိုရော၊ သောက်ချင်လို့ ရောနဲ့ အကြောင်းအ မျိုးမျိုးနဲ့ သောက်ကြတဲ့ သူတွေဘီ ယာ အကြောင်း သိပါရဲ့လား။ ဘီယာ နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ ကိုပြောပြပါ့မယ်။
Light (or) Lite
ဘီယာမှာကယ်လိုရီ ၁၀၀ ထက်ပိုပါတယ်။ ပျမ်းမျှ ၁၂ အောင်စပဲရှိတဲ့ lite ဘီ ယာတိုင်းမှာ ကယ်လိုရီ ၁၀၀ က နေ ၁၃၀ အထိပါပါတယ်။ ရိုးရိုးဘီ ယာဆိုရင် ၁၅၀ ကနေ ၂၀၀ ကယ် လိုရီပါပါတယ်။ ရိုးရိုးဘီယာ နဲ့ lite ဘီယာက အနည်းဆုံး ကယ်လီုရီ ၂၀ ကနေ ၁၀၀ အထိ ကွာပါတယ်။

... ဘီယာက အဆီ ဓာတ်ကင်း တယ်။
ဘီယာက ၀ိုင်လိုပဲ အဆီဓာတ် ကင်းပါတယ်။ နောက်ပြီး အာဟာရ ဓာတ်အနည်းငယ် လည်းပါဝင်ပါ တယ်။ ဘာတွေလဲ ဆိုရင် ပရိုတင်း၊ ပိုတတ်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီ ၁၂ နဲ့ ဆီလီယမ် တွေ ပါ။ ဒါပေမယ့် အမေရိကန်အမျိုး သား အစားအစာ ညွှန်ကြားမှုဌာ န ကတော့ ဘီယာဟာ ကယ်လိုရီ အများဆုံး အစားအစာငါးမျိုးမှာပါ ၀င်နေပြီးတော့ အာဟာရဓာတ်လုံးဝ မရှိ ဘူးလို့ ကြေညာ ထားပါတယ်။
နေ့စဉ်ဘီယာသောက်လို့ရသလား
ဘီယာကို နေ့စဉ် သောက်ရင် ကယ်လိုရီ ၃၀၀ ကနေ ၄၀၀ အထိရှိ လာတတ် လာမယ်။ ဒါက ဟမ်ဘာ ဂါစား တာရဲ့ နှစ်ဆ၊ ရိုစ့်ဆင်းဒ၀တ် နဲ့ ချိစ်ပီဇာနှစ်ခုစားသလောက်ကို တက်မှာပါ။
ဘီယာမှာ အယ်လ်ကိုဟောဘယ်လိုပါဝင်လဲအယ်လ်က
ိုဟောမှာ ကယ်လိုရီ ၇ ဂရမ်ပါဝင်ပါတယ်။ ဒီတော့ အယ်လ်ကို ဟောများလေ ကယ်လိုရီ များ လေပါ။ ကိုယ်အလေးချိန် လျှော့ ချချင်သူတွေကတော့ အယ်လ်ကို ဟောရော ဘီယာကိုပါရှောင်ရမှာပါ။
အရောင်တွေက ဘယ်လိုကွာသလဲ
ကယ်လိုရီဟာ အယ်လ်ကိုဟော ဘယ်လောက်ပါ သလဲ အပေါ်မှာမူ တည်တာပါ။ အရောင်အရင့်၊ အ ရောင် အနုပေါ်မှာ မူမတည် ပါဘူး။ အရောင်နုရင် ကယ်လိုရီ နည်းတာ လည်းမဟုတ်ပါဘူး။
ယောက်ျားတစ်ယောက်ဘီယာဘယ်လောက်သေ
ာက်ရမလဲလုံးဝ မသောက်ရင်ကောင်းပေ မယ့် မသောက်ရ မနေနိုင်ဘူးဆိုရင် တော့ နှစ်ခွက် ထက်ပိုမသောက်သင့် ပါဘူး။ တစ်ခွက်က ၁၂ အောင်စ ထက် မပိုရပါဘူး။
မိန်းမတွေကရော
မိန်းမတွေက လည်းနေရာတကာ လိုက်ပြီး ရင်ပေါင်တန်း ချင်တယ်။ သောက်ချင်တယ်ဆိုရင် တစ်နေ့ကို တစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။ ၀ိုင်ဆိုရင် ငါးအောင်စ တစ်ခွက်ပဲ သောက်သင့်ပါတယ်။

ဘာရောသောက်မလဲ
ဘီယာကို ပေါ့အောင်ဆိုပြီး တခြားအရည်ရော သောက်ရင် ကယ် လိုရီပို တတ်ပါတယ်။ ကိုလာလိုအ ရည်မျိုးရော သောက်မိပြီဆိုရင် ကယ် လိုရီ ၁၅၀ ကနေ ၂၀၀ လောက် အထိ ပိုသွားမှာပါ။
ဘီယာမသောက်လည်း ဗိုက်ပူတယ်တချို့ ယောက်ျားတွေက အ သက်ရ လာရင် ဘီယာ သောက်ပြီး ဘီယာဗိုက် ဖြစ်လာကြပါတယ်။ အ မှန် ကတော့ ဘီယာမ သောက်လည်း ကယ်လိုရီ များရင်ဗိုက်ပူ တတ်ပါတယ်။

ကောင်းတာဘာရှိလဲ
ဒီတော့ ဘီယာဆိုင် ထိုင်၊ ဘီ ယာသောက်ရင် ကောင်းတာဘာရှိ လဲ။ အပေါင်းအသင်း တိုးတယ်၊ လူ မှုရေး အကျိုးရတယ်လို့ အများက တော့ဆင်ခြေ ပေးကြပါတယ်။ နောက် တစ်ချက် ရှိပါသေးတယ်။ ရေများများ သောက်ဖြစ်တဲ့ အတွက် ကျောက် ကပ် ကျောက်တည်တာ ကိုတော့လျော့ ကျစေ တာပါပဲ။  သက်တန့် ချို
yanmar News Update

မင်မလိုသော တစ်သက်လုံး သုံးလို့ရသည့် ဘောလ်ပင်


 

Beta Pen လို့အမည်ပေးထားတဲ့ ပုံက ဘောလ်ပင်ဟာ တကယ် မင်မလို ပါဘူး။ မင်တံထည့်ရတာတို့၊ မင်ရည်ဖြည့်ရတာတို့ လုံးဝ လုပ်စရာ မလိုပဲ တစ်သက်လုံး သုံးလို့ရမှာ ဖြစ်ပါတယ်။


... ဒီတော့ သူ့က ဘာကို သုံးပြီးရေးတာလဲလို့ စိတ်ဝင်စားသွားကြမှာ ဖြစ်ပါ တယ်။ ၆.၂၅ လက်မရှည်တဲ့ Pen တစ်ခုလုံးက သတ္တုအလွိုင်းနဲ့ ပြုလုပ် ထားပြီး ထိပ်ဖူးကို ခဲ သတ္တုနဲ့ ဖုံးထားပါတယ်။ ဒီတော့ ရေးချလိုက်ရင် ခဲရောင်က ထင်ပါတယ်။ ယင်းခဲယောက်က ဘော်ပင်က မင်ရောင် လိုပဲ ဖြစ်ပါတယ်။ သူတော့ အနက်ဖြစ်ပြီး ခဲဖျက်နဲ့ ဖြတ်လို့ မပျက်ပါ ဘူး။ ဘောလ်ပင် မင်နက်လိုပဲ ဖြစ်ပါတယ်။

အဖုံးဖွင့်ထားလို့ မင်ခြောက်မှာလည်း မစိုးရိမ်ရပါဘူး။ ရေထဲ မှာတောင်
ရေးလို့ ရတယ်လို့ သက်သေပြထားပါတယ်။ မင်ရည်ယိုတာတွေ လည်း ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။ ခဲသားပေမယ့် အရောင်တောက် ပါတယ်။ မင်တုံး၊ မင်ချွံ ကိုယ်လိုသလို ဖန်တီးယူလို့ ရပါတယ်။ သံစားတဲ့ ဘရတ်ခ်ျ စက္ကူနဲ့ ပွတ်စားပြီး အချွံသော်လည်းကောင်း၊ အတုံးသော် လည်းကောင်း လိုသလို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

တစ်သက်လုံးလည်း သုံးရမယ်။ မင်လည်းဖြည့်စရာ၊ အစားထိုးစရာ မလိုဘူး ဆိုတော့ သုံးပျော်မယ့် ဘောလ်ပင်လေး ဖြစ် ပါတယ်။ ဈေးနှုန်းက လည်း ဒေါ်လာ ၃၀ ဝန်းကျင်ပဲ ရှိပါတယ်။ သို့ပေမယ့် မြန်မာပြည်ရောက် မရောက်တော့ မသိပါဘူး။ အသုံးပြုပြနေတဲ့ ဗီဒီယိုလေးကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

ရိုးရာလေး

သံတောင်မြို့ ပသိချောင်း အပန်းဖြေစခန်းသို့ လာရောက်သူ များပြား

Photo: သံတောင်မြို့ ပသိချောင်း အပန်းဖြေစခန်းသို့ လာရောက်သူ များပြား သံတောင် ၊ ၂၀-၄-၂၀၁၃  http://pyichit-thar.blogspot.com/2013/04/blog-post_19.html  တောင်ငူမြို့ မှ ၁၃ မိုင်သာ ကွာဝေးသော သံတောင်မြို့ အနီး ပသိချောင်း အပန်းဖြေ စခန်းသို့ ယခုနှစ် သင်္ကြန် ကာလ နှင့် နှစ်ဆန်း တစ်ရက် ၊ နှစ်ရက်နေ့ များတွင် ဒေသတွင်း အပန်းဖြေ သူများ အပြင် ရန်ကုန်မြို့မှ အပန်းဖြေ သူများပါ ကိုယ်ပိုင် ယာဉ်များ ၊ ခရီးသည်တင် မှန်လုံ စင်းလုံးငှား ယာဉ်များဖြင့် လာရောက် လည်ပတ် အပန်းဖြေ ကြကြောင်း သိရသည်။ ပသိချောင်း တွင် ရွှေသံတောင် အပန်းဖြေ စခန်း ဖွင့်လှစ် ထားရှိပြီး ယမန်နှစ်မှ စ၍ ဇေကမ္ဘာ ကုမ္ပဏီ မှလည် အပန်းဖြေ စခန်း ထပ်မံ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ ပသိချောင်း တစ်လျှောက် အပြင် အဆိုပါ စခန်းများ အောက်ဘက်ရှိ သံတောင်မြို့ အနီး ချောင်းရိုး တစ်လျှောက် အတွင်း အထိပါ အပန်းဖြေ အနားယူများ ဖြင့် ပြည့်သိပ် စည်ကား ခဲ့ကြောင်း သိရသည်။ ၀င်ကြေး အနေဖြင့် ရွှေသံတောင် အပန်းဖြေ စခန်း ၀င်ကြေး ကျပ် ၂၀၀ နှင့် ထိုမှတစ်ဆင့် ချောင်း အထက်ပိုင်းရှိ ဇေကမ္ဘာ ကုမ္ပဏီ အပန်းဖြေ စခန်းသို့ ၀င်ကြေး တစ်ရာကျပ် ပေးဆောင်၍ လည်ပတ် အပန်းဖြေ နိုင်ကြောင်း သိရှိရသည်။
တောင်ငူမြို့ မှ ၁၃ မိုင်သာ ကွာဝေးသော သံတောင်မြို့ အနီး ပသိချောင်း အပန်းဖြေ စခန်းသို့ ယခုနှစ် သင်္ကြန် ကာလ နှင့် နှစ်ဆန်း တစ်ရက် ၊ နှစ်ရက်နေ့ များတွင် ဒေသတွင်း အပန်းဖြေ သူများ အပြင် ရန်ကုန်မြို့မှ အပန်းဖြေ သူများပါ ကိုယ်ပိုင် ယာဉ်များ ၊ ခရီးသည်တင် မှန်လုံ စင်းလုံးငှား ယာဉ်များဖြင့် လာရောက် လည်ပတ် အပန်းဖြေ ကြကြောင်း သိရသည်။ 
ပသိချောင်း တွင် ရွှေသံတောင် အပန်းဖြေ စခန်း ဖွင့်လှစ် ထားရှိပြီး ယမန်နှစ်မှ စ၍ ဇေကမ္ဘာ ကုမ္ပဏီ မှလည် အပန်းဖြေ စခန်း ထပ်မံ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ ပသိချောင်း တစ်လျှောက် အပြင် အဆိုပါ စခန်းများ အောက်ဘက်ရှိ သံတောင်မြို့ အနီး ချောင်းရိုး တစ်လျှောက် အတွင်း အထိပါ အပန်းဖြေ အနားယူများ ဖြင့် ပြည့်သိပ် စည်ကား ခဲ့ကြောင်း သိရသည်။ ၀င်ကြေး အနေဖြင့် ရွှေသံတောင် အပန်းဖြေ စခန်း ၀င်ကြေး ကျပ် ၂၀၀ နှင့် ထိုမှတစ်ဆင့် ချောင်း အထက်ပိုင်းရှိ ဇေကမ္ဘာ ကုမ္ပဏီ အပန်းဖြေ စခန်းသို့ ၀င်ကြေး တစ်ရာကျပ် ပေးဆောင်၍ လည်ပတ် အပန်းဖြေ နိုင်ကြောင်း သိရှိရသည်။
 
ပြည်ချစ်သား

တရုတ်၌ H7N9 ရောဂါပိုး ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၇ ဦး ၊ ကူးစက်ခံရသူ ၈၇ ဦးရှိ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ၊ ကျဲကျန်းပြည်နယ် ၊ ကျန်းစုပြည်နယ် နှင့် ဟေနန် ပြည်နယ် များတွင် H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသူ ၅ ဦး ထပ်မံ တိုးမြင့် လာခဲ့ကြောင့် အစိုးရက ဧပြီလ ၁၈ ရက် ညနေပိုင်းတွင် အတည်ပြု ပြောကြား ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ တွင် ယခုအခါ H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး ကူးစက်ခံရမှု ကြောင့် သေဆုံးသူ ဦးရေမှာ ၁၇ ဦးအထိ မြင့်တက် လာပြီး ရောဂါ ဝေဒနာ ခံစား နေရယူ ၈၇ ဦး ရှိကြောင်း အမျိုးသား ကျန်းမာရေး နှင့် မိသားစု စီမံကိန်း ကော်မရှင် က ထုတ်ဝေသည့် နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင် ပြောကြား ခဲ့သည်။

အဆိုပါ H7N9 ရောဂါပိုး ကူးစက်ခံ ရသူများ အနက် ၆ ဦးသည် ဆေးဝါး ကုသမှု ခံယူပြီးနောက် ဆေးရုံမှ ဆင်းခွင့် ရပြီဖြစ်ပြီး ၆၄ ဦးသည် သတ်မှတ် ထားသော ဆေးရုံများတွင် ဆက်လက် ဆေးဝါး ကုသမှု ခံယူလျက် ရှိကြောင်း ယင်းကော်မရှင် ၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။ လူသားများတွင် H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး တွေ့ရှိမှုမှာ ပြီးခဲ့သည့် လကုန်ပိုင်း က စတင်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်အစိုးရက တရားဝင် ပြောကြားကြောင်း သိရှိရသည်။
 

၂၀၁၃ ဆီးဂိမ်းဖွင့်ပွဲတွင် အာဆီယံ အနုပညာရှင် ၃၀၀ ပါဝင်ဖျော်ဖြေမည်



၂၇ ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွ
ဲ ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင် အာဆီယံ ၁၀ နိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ယဉ်ကျေးမှု အနုပညာရှင် စုစုပေါင်း ၃၀၀ တို့က မြန်မာ ယဉ်ကျေးမှု ပညာရှင် များနှင့် တွဲဖက်ကာ ဖျော်ဖြေ တင်ဆက်သွားရန် စီစဉ်ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦးက ပြောသည်။

“နိုင်ငံတကာကနေ အားကစားပြိုင်ပွဲတွေမှာ အနုပညာ ပေါင်းစပ်ဖျော်ဖြေတာက နည်းပါးတယ်။ ရွှေနိုင်ငံက ကြိုနေမယ် ဆိုတဲ့ သီချင်းကို သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအကတွေနဲ့ ဖျော်ဖြေကြမှာပါ။ မြန်မာကောအပါအဝင် ၁၁ နိုင်ငံက အနုပညာ ရှင်တွေ ကပြကြမှာပါ” ဟု ၎င်းက ဧပြီ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သော ဆီးဂိမ်းအကြို သတင်းစာ ရှင်းလင်းပွဲ၌ ရှင်းပြသည်။


ထိုင်း၊ ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယမ်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အရှေ့တီမော၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့မှ ယဉ်ကျေးမှု အနုပညာရှင်များက ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် လာရောက် ဖျော်ဖြေကြမည် ဖြစ်ပြီး တနိုင်ငံလျှင် အနုပညာရှင် ၃၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“အနုပညာရှင်တွေက ယဉ်ကျေးမှုဝန်ကြီး ဌာနကရယ်၊ ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းတွေက ကလေးတွေရယ် ပါမယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ တ၀န်းလုံးမှာရှိတဲ့ အနုပညာရှင်တွေကလည်း သူတို့တတ်နိုင်တဲ့ ဘက်က ကူညီကြမှာပါ။ ဒီဆီးဂိမ်းမှာ ကဏ္ဍစုံ အနုပညာရှင်ပေါင်း သောင်းနဲ့ချီ ပါဝင်သွားမှာပါ။ အာဆီယံ နိုင်ငံတွေနဲ့ တွဲဖက်ကဖို့ အတွက် ကတော့ မြန်မာ ဘက်က အနုပညာရှင် ၁၆၀၀ လောက် ပါဝင်ပါမယ်” ဟု ဦးရန်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။

အနုပညာ ဆိုင်ရာနှင့်ပတ်သတ်၍ ရုပ်ရှင်နှင့် သဘင်အစည်းအရုံးမှ အကြံဉာဏ်များ တောင်းခံထားကြောင်း၊ ပါဝင်မည့် နိုင်ငံတကာ အနုပညာရှင်များနှင့် အချိန် ၁ လကျော်ကြာ လေ့လာဆည်းပူး ဖလှယ်သွားရန် စီစဉ်ထားကြောင်း၊ နိုင်ငံတကာမှ ကကွက်များ၊ ကပြမည့် တေးသွားများကို ဧပြီလကုန်မှ စ၍ သက်ဆိုင်ရာ နိုင်ငံများမှ မြန်မာနိုင်ငံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားပြု ယဉ်ကျေးမှု အကအလှ အနုပညာရှင် မစ္စစ် ဘွန်တရာဂျွန်တရာက “ကျမတို့ နိုင်ငံ ရိုးရာ အကတွေ ကို မြန်မာနိုင်ငံက ရိုးရာအကနဲ့ ပေါင်းစပ်သွားမှာပါ။ ဟာမိုနီဖြစ်အောင် ကပြသွားမှာပါ။ ကျမတို့ ရိုးရာအကကို မြန်မာပရိသတ်တွေ သိပ်ရင်းနှီးမှာ မဟုတ်ပေမယ့် ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ မြန်မာ့ရိုးရာ အကဟာ အနုစိတ်ပြီး တကယ့်ကို သိမ်မွေ့လှပတဲ့ အကတွေပါ။ ပူးတွဲကရင်း လေ့လာဖြစ်ခဲ့ရလို့ ကျေနပ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ၂၀၁၃ ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်နေ့အထိ လက်ခံကျင်းပသွားမည် ဖြစ်ကာ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ ၁၀ နိုင်ငံ၊ ပေါင်း ၁၁ နိုင်ငံမှ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံ အနေဖြင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို ၁၉၆၁ ခုနှစ်တွင် တကြိမ်၊ ၁၉၆၉ တွင် တကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအခါ ၄၄ နှစ်အကြာတွင် တတိယအကြိမ်မြောက် ကျင်း ပခြင်း ဖြစ်သည်။

ဧရာဝတီ

WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း

အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကိုစမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလာဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်

WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။
ကွန်ပျူတာနှင့် Laptop များမှ ထွက်ပေါ်လာသည့် Wireless ဖမ်းယူမှုလှိုင်းများသည် သုက်ကောင်များကိုပျက်စီးစေတတ်ကြောင်း သိရသည်။ ထို့ကြောင့်အမျိုးသားများအနေနှင့် Laptop များကိုပေါင်ပေါ်တင်ကာသုံးစွဲပါကသုက်ပိုးများကို ပျက်စီးစေနိုင်ကြောင်း သုတေသီများက ထောက်ပြခဲ့သည်။
အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကိုစမ်းသပ်လေ့လာမှုအရ ယခုသုတေသနရလဒ်ကိုပညာရှင်များကအတည်ပြုခဲ့ခြင်းဖြစ်သည်။ Wi-Fi လှိုင်းများသည် DNAကိုအနည်းဆုံး(၃)ရာခိုင်နှုန်းမျှ ပျက်စီးထိခိုက်စေပြီး

(၄)နာရီမျှ ပေါင်ပေါ်တင်သုံးပါကသုက်ကောင်များ သေဆုံးမှု ဖြစ်ပေးစေရန် (၂၅)ရာခိုင်နှုန်းမျှထိဖြစ်လာနိုင်ကြောင်း Fertility and Sterility ဆေးပညာ စာတမ်းတွင်ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်သည်အမျိုးသားတစ်ဦး၏မျိုးဆက်ပျံ့ပွားရေးစွမ်းဆောင်မှုကိုအကန့်အသတ် ဖြစ်စေမည်ဖြစ်သည်။ အမေရိကန်နှင့်အာဂျင်တီးနားမှ ပူးပေါင်း သုတေသီ အဖွဲ့တစ်ခုသည် ပရော်ဖက်ဆာကွန်ရာဒိုအဗန်ဒါနိုဦးဆာင်မှုဖြင့် WiFiစနစ်နှင့် သုက်ပိုးများ ထိခိုက်မှုကြားဆက်နွယ်နေခြင်းကို အဖြေရှာခဲ့သည်။“ကျွန်တော်တို့ တွေ့ရှိတဲ့အချက်အလက်တွေအရ WiFi ကို သုံးတဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။
ဆင်ခြင်သင့်တာက ပေါင်ပေါ်တင်ပြီး အချိန်ကြာကြာ Laptopသုံးတာမျိုးမလုပ်ဖို့ပါ။ ဒါဟာ သုက်သွေးDNAတွေကိုပျက်စီးစေနိုင်ပါတယ်”ဟု အဗန်ဒါနိုကရှင်းပြခဲ့သည်။

ယခင်သုတေသနရလဒ်များအရ ပေါင်ပေါ်တင်သုံးသော Laptopများမှထွက်ပေါ်သော အပူသည်အမျိုးသားများ၏သုက်ပိုးများကိုထိခိုက်ပျက်စီးစေနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိထားပြီးဖြစ်သည်။

မီနီကို မီးနီပြသော ကိုရီးယားနိုင်ငံရဲ့ နောက်ဆက်တွဲ သက်ရောက်မှုများ


မတ်လ ၂၂ ရက်ကစပြီး မီနီစကတ်တွေဟာ ကိုရီးယားငွေ ၀မ်ငါး သောင်း (အမေရိကန်ဒေါ်လာ - ၄၀ ကျော်) ဥပဒေနဲ့ တိုးတော့မှာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ ကမ္ဘာမှာ ခေတ်စားနေတဲ့ ကိုရီးယား ဖက်ရှင် လောကကို ဂယက်ထစေမှာ ဖြစ်သလို ကိုရီးယား အနုပညာရှင်တွေရဲ့ ပေါင်တံ အလှအတွက် အမင်္ဂလာ သတင်း တစ်ခုပဲ ဖြစ်ပါတယ်။
တောင် ကိုရီးယားရဲ့ ဒီမိုကရက်တစ် ပါတီဝင် ကီဆစ်ခ်ကင်ကတော့ “ဘာလို့ အစိုးရက ကျွန်မတို့ကို ဘယ်လိုဝတ်၊ ဘယ်လိုနေ ဆိုတာ အထိ လာပြီး ပတ်သက်နေရတာလဲ” ဆိုပြီး မေးခွန်း ထုတ်ထားပါတယ်။ ရဲ အရာရှိ ကိုဂျွန်ဟိုက CNN ကို “ကျွန်တော် တို့ လူတွေ ဘာဝတ်တယ် ဆိုတာကို အာရုံထားပြီး လုပ်နေတဲ့ သတင်း တွေဟာ မှားပါတယ်။ ဒီဥပဒေဟာ အ၀တ်အစားနဲ့ မဆိုင်ပါဘူး” တဲ့။

သမ်္မတပါ့ခ်ဂွမ်ဟီးရဲ့အဖေဖြစ် သူ သမ္မတဟောင်း ပါ့ခ်ချန်ဟီးက လည်း သူထမ်းဆောင်ခဲ့တဲ့ သမ္မတ သက်တမ်းကာလ ၁၉၆၃-၁၉၇၀ အတွင်းမှာလည်း အလားတူ ဥပဒေ ထုတ်ပြန်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက အမျိုးသမီးတွေဟာ ဒူးအထက် ၂၀ စင်တီမီတာ အတို ၀တ်ရင် အဖမ်း ခံရမှာဖြစ်ပါတယ်။ အမျိုးသားတွေ ဆံပင် တအား ရှည်နေရင်လည်း အ ဖမ်းခံရနိုင်ပါတယ်။
စီးပွားရေး ကဏ္ဍမှာ အမျိုးသား တွေဟာ အပေါ်က အနက်ရောင် Suit ကို အောက်က အဖြူ ရှပ်၊ နက်ခ်ကတိုင်နဲ့ ၀တ်ရတာဖြစ် ပါတယ်။ အမျိုးသမီး တွေကတော့ အောက်က စကတ်နဲ့ ဘလောက်စ် ၀တ်လေ့ရှိပါတယ်။ စကတ်ဟာ အရမ်းတို ကျပ်နေတာမျိုး မဖြစ်ရပါဘူး။ လက်ပြတ်နဲ့ မီနီ စကတ်တွေဟာ ပရော်ဖက်ရှင်နယ် မဆန်ဘူးလို့ သတ်မှတ်ထားပါတယ်။
တောင်ကိုရီးယားရဲ့ Asiana လေယာဉ်လိုင်းဟာလည်း အမျိုးသမီး လေယာဉ်မယ်တွေ လုံးဝ ဘောင်းဘီ မ၀တ်ရဘူး၊ စကတ်ပဲ ၀တ်ရမယ်လို့ ပေါ်လစီ ချထားပါတယ်။ မျက်မှန် မတပ်ရဘူး၊ မိတ်ကပ်နဲ့ ဆံပင် ပုံစံတွေကိုလည်း ဘယ်လို ထားရမယ် ဆိုတဲ့ ပေါ်လစီတွေရှိပါတယ်။ မျက် နှာပေါ်က မှဲ့ခြောက်တွေက အစ ဖုံးထားရမယ် ဆိုပြီး စည်းမျဉ်းရှိပါ တယ်။ တောင်ကိုရီးယားနိုင်ငံဟာ ၁၉၈၇ ခုနှစ်ကတည်းက ဒီမိုကရေစီ ရခဲ့တာ ဖြစ်ပါတယ်။
မီနီ စကတ် ဥပဒေကြောင့် ဒုက္ဓရောက်ရမည့် အနုပညာရှင် များ
ကိုရီးယားအနုပညာရှင်အ တော်များများဟာ သူတို့ရဲ့ မီနီစကတ် ပုံတွေကို အွန်လိုင်းပေါ် တင်ပြီး ဒီ ဥပဒေထုတ်ပြန်ချက်ကို အွန်ညော် စရော် (Anyong Haseyo) လုပ် လိုက်ကြပါတယ်။ တချို့ကတော့ ဒီ ဥပဒေသစ်ဟာ တောင်ကိုရီးယားရဲ့ အာဏာရှင် စနစ်သစ်ရဲ့ အစလို့ ဆိုလိုက်ကြပါတယ်။ အဆိုကျော်မ လေးလီဟိုရီကတော့ “ကျွန်မတော့ အရမ်း သေချင်တာပဲ၊ ဒီဥပဒေဟာ အရမ်းကို အိုဗာဖြစ်လွန်းတယ်။

ရုပ်သံ အစီအစဉ် တင်ဆက်သူ နန်စီလန်းက သူ့ရဲ့ မီနီစကတ်နဲ့ ရင် ဟိုက်ပုံကို Twitter ဆိုဒ်မှာ တင်ခဲ့ပါ တယ်။ လီဟိုရီက ဒီလိုပုံ တင်ရင်ရော ဒဏ်ငွေ တပ်ခံထိနိုင်သလားလို့ ရေးထားခဲ့ပါသေးတယ်။
မီနီကို မီးနီပြသော နိုင်ငံ
အာဖရိက နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဆွာဇီလီလန် နိုင်ငံ လည်း မီနီစကတ်တွေ ၀တ်တာဟာ အဓမ္မရာ ဇ၀တ်မှုတွေကို ဖြစ်ပွားစေနိုင်တဲ့အ တွက် မီနီစကတ်တွေနဲ့ ဒူးအထက် ဘောင်းဘီတိုတွေ ၀တ်ရင် ထောင်ဒဏ် ခြောက်လ ကျခံရမယ်လို့ အမိန့် ထုတ်ပြန် ခဲ့ဖူးပါတယ်။ ဒီအမိန့်ဟာ နှစ်စဉ် ကျင်းပတဲ့ ဘုရင် မာစ်ဝါတီ ကြင်ယာတော် ရွေးချယ်တဲ့ တိုနံ့နံ့ အက ပွဲလမ်းသဘင်မှာ မိရိုးဖလာအရ အမျိုးသမီးတွေ ၀တ်ဆင်ရတဲ့ အမျိုး သားဝတ် စုံတွေကိုတော့ အကျုံးဝင်ခြင်း မရှိပါဘူး။ ဘုရင် မာစ်ဝါတီမှာ လက်ရှိအားဖြင့် မိန်းမ (၁၃) ယောက် ရှိပြီး ဒီပွဲတော်မှာ အမျိုးသမီးတွေ ဟာ အရှေ့ပိုင်းပဲ ဖုံးပြီး နောက်ပိုင်း ဗလာကျင်းနေတဲ့ မီနီ (လက်တစ် ထွာ) စကတ်နဲ့ အပေါ်ပိုင်းကို ရင်ဗလာ ကျင်းအောင် ၀တ်ဆင်ပြီး ကခုန်ကြ ရပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အတွင်းခံ ၀တ်ဆင်ခြင်း မပြု ရပါဘူး။ ဒီဥပဒေကို မနှစ်က ဒီဇင် ဘာ၂၄ရက်နေ့မှာ ဒေသတွင်း ရဲအ ရာရှိ ၀င်ဒီဟဲလ်တာက ပြောဆိုခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ တော့ ဆွာဇီလန် အစိုးရဟာ ဒီလို တားမြစ်ခြင်း မရှိပါဘူးလို့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိ ပါစီဆင်မီလိန်းက ပြန်လည် ပြောကြားခဲ့တာ တွေ့ရပါ တယ်။ ဒီ မီနီစကတ် ကိစ္စဟာ ဆွာဇီလန်မှာ အဓမ္မအမှုတွေ များပြားနေ တဲ့အတွက် အမျိုးသမီးထုကြီးဟာ အဓမ္မကျင့်နေတဲ့ ကိစ္စတွေအတွက် ဆန္ဒပြကြရာမှ ရဲအရာရှိတွေရဲ့ ပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး တစ်ပတ်အကြာ မှာ တော်ဝင် ရဲအရာရှိ ၀င်ဒီကနေ အခုလို မီနီစကတ် တားမြစ်တဲ့ အကြောင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်။

တက္ကဆက်နဲ့ ဆက်နေတဲ့ မက္ကဆီကန် နယ်စပ်မြို့မှာလည်း မီနီ စကတ် ၀တ်တာကို ဖေဖော်ဝါရီလ ထဲမှာ တားမြစ်ခဲ့ပါတယ်။
အွန်လိုင်းမှာ Register လုပ် တအဲ့ ခါ မြန်မာရှေက နမ်ဘီးယား နိုင်ငံဟာလည်း မီနီစကတ်ကို မျက်စိ စပါးမွှေး စူးပုံ ရပါတယ်။ နမ်ဘီးယား နိုင်ငံရဲ့ ၀င်ဟိုအက်မှာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလက နမ်ဘီးယား အမျိုးသမီးပေါင်း ရာပေါင်းများစွာဟာ မီနီစကတ် ၀တ်ရင် ဖမ်းမယ်ဆို တဲ့ ဥပဒေကြောင့် လမ်းပေါ်ထွက်ပြီး ဆန်္ဒပြခဲ့ကြတယ်။ နမ်ဘီးယားသူ အယောက် (၃၀၀) ဟာ “မုဒိမ်း သမားတွေကို ဖမ်းပါ။ ဖက်ရှင်သမား တွေကို မဖမ်းပါနဲ့၊ အကျွန်ုပ်တို့ရဲ့ လွတ်လပ်ခွင့်ကို အဘယ်ကြောင့် သေးသိမ် မှုန်မွှားအောင် လုပ်ရသလဲ” ဆိုတဲ့ ဆိုင်းဘုတ်လေး ကိုင်ပြီး ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။ ဒီဆန္ဒ ဖော်ထုတ်မှုဟာ မီနီစကတ် ၀တ်လို့ အမျိုးသမီးပေါင်း အယောက် (၄၀) အဖမ်းခံရပြီးမှ ပေါ်ထွက်လာတာဖြစ် ပါတယ်။ ဒီဥပဒေကို ပြုခဲ့တဲ့ အထဲက ရဲအရာရှိ ဆက်ဘ်စတီယန်နဒီတွန် ဂါက အမျိုးသမီး တစ်ယောက်ဟာ မလုံ မခြုံဘဲ အပြင်ထွက်ဖို့ မသင့်တဲ့ အကြောင်း၊ ၀တ်ပြီး ထွက်ပါက အဖမ်းခံရမည့် အကြောင်း၊ ဒီလိုဝတ် စားဆင်ယင်မှုဟာ မုဒိမ်းမှုကို ဖြစ်ပွား စေနိုင်ကြောင်းဆိုထားတယ်။ “လို အပ်သလောက်ပဲ ဖုံးထားတဲ့အ၀တ် အစားတွေဝတ်ပြီး လူမြင်ကွင်းမှာ လမ်းလျှောက်ရင် လူတွေကခင်ဗျား တို့ရဲ့တင်ကိုကြည့်မှာ ဖြစ်တဲ့အတွက် ခင်ဗျား လမ်း ကောင်းကောင်းလျှောက် လို့ရတော့မှာမဟုတ်ဘူး။ လူတွေ ဘယ်လို ၀တ်သင့်တယ်ဆိုတာ ကျွန်တော် အသေးစိတ် မပြောချင်ဘူး။ ဖက်ရှင် ရေစီးကြောင်း ဖြစ်နေရင်တောင် ကျွန်တော်တို့ရဲ့မိရိုးဖလာ အထဲ မသွတ်သွင်းသင့်ပါဘူး” တဲ့။ မီနီစကတ်လို့ ပြောခဲ့တဲ့အတွက် မီဒီယာတွေက ၀ိုင်းဝန်း ဖိအားပေးတာ ကြောင့် နောက်ပိုင်းမှာ မလုံမခြုံဆို တဲ့ စကားလုံးကို အစားထိုး ပြန်ပြော ခဲ့ပါတယ်။
အင်ဒိုနီးရှား နိုင်ငံဟာလည်း ၂၀၁၂ မတ်လလောက်က မီနီ စကတ် ၀တ်ဆင်မှုကို ဥပဒေ ထုတ်တား မြစ်ဖို့ကြိုးစားခဲ့ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ မီနီ စကတ်တွေဟာ ယောက်ျားတွေ အတွက် အဓမ္မအမှု ပြုလာအောင် လက်ယပ်ခေါ်နေ သလို ဖြစ်နေတယ်လို့သိရတယ်။ ပါလီမန် ပြောရေးဆိုခွင့် ရှိသူ မာဇူကီအယ် လီကတော့ အမျိုးသမီး နိုင်ငံရေးသမားများကို မီနီစကတ်နဲ့ ဒူးအထက် တိုတဲ့ ဘောင်းဘီတွေ ၀တ်ဆင်ခြင်းကို တားမြစ်ဖို့ ကြိုးစားခဲ့တယ်။ အယ်လီက “အဓမ္မ အမှုတွေ အတော်လေး များပြားနေတဲ့အတွက် ကိုယ် ကျင့်တရား ဖောက်လွဲ ဖောက်ပြန်ဖြစ် စေနိုင်တဲ့ အ၀တ်အစားေ တွဝတ်ဆင်ဖို့ မသင့်ပါဘူး။ မိန်းမတွေ အတွက် ဒီအ၀တ်အစားတွေနဲ့ မသင့် တော်ပါဘူး” တဲ့။ ဆက်ပြီး သူက “ယောက်ျားတွေ အကြောင်း သိတယ် မဟုတ်လား။ ဒီစကတ်တွေဝတ် ထားတာမြင်ရင် ဘာဖြစ်လာနိုင် မလဲ”တဲ့။ အင်ဒိုနိုင်ငံ ဂျာကာတာ မြို့တော်ရဲ့ ညကလပ်တွေမှာ မီနီစ ကတ်တွေဟာ တွေ့မရှောင် မြင်တွေ့ရနိုင်ပါတယ်။
တွေ့နေကျ မြင်နေကျ ကိုရီး ယားကား၊ သီချင်းခွေတွေထဲက မီနီ စကတ်တွေရဲ့ အသက်ငင်သံနဲ့ ပတ်သက်ပြီး ကိုရီးယား အနုပညာ လောကအပေါ် ဘယ်လောက်အထိ သက်ရောက်မှု ရှိစေမလဲ ဆိုတာကတော့ .....။
သီဟပျံချ

ဂျပန်တွင် ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ရပြီ


ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အပြင် အခြား ပြည်နယ် ၆ ခုမှ Google ဖိုက်ဘာ အင်တာနက်လိုင်းထက် ၂ ဆမြန်တဲ့ အင်တာနက် ဆက်သွယ်ရေး စနစ်ကို ဂျပန်မှာ တပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

Service Provider တော့ Sony ရဲ့  ကုမ္မဏီခွဲဖြစ်တဲ့ So-net က ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းပါပဲ။ 2Gbps downloads, 1Gbps uploads ဆိုတော့ Google က လက်ရှိ အမေရိကန် မှာ ပေးတဲ့ Gigabyte ထက်၂ဆ တောင် သာပါတယ်။

ဈေးကလည်း သက်သာပါတယ်။ တစ်လလုံး သုံးမှ ၅၁ ဒေါ်လာပဲ ကုန်ကျတဲ့အတွက် မြန်မာငွေနဲ့ တွက်ရင် ၄သောင်းခွဲ ဝန်းကျင် လောက်ပါပဲ။ ကနဦးတပ်ဆင်ခ ကတော့ ၅၃၇ ဒေါ်လာ ဖြစ်ပြီး ၂ နှစ်စာချုပ်နဲ့ install ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ဒီတော့ တွက်ကြည့် လိုက်ရင် ထူးထူးခြားခြား ဈေးကြီးသွားခြင်း မရှိပါ ဘူး။

ဂျပန်နိုင်ငံမှ အင်တာနက်လိုင်းအခြေပြု စီးပွားရေး လုပ်ငန်းများ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ် ချက်နဲ့ ပြုလုပ်ပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ တစ်ယောက်တည်း 2GBs သုံးရုံတင် မက နောက် ထပ်ပါ လိုင်းထပ်ခွဲ သုံးတာတောင် HD movie ကို စက္ကန့်ပိုင်းအတွင်း ဒေါင်းနိုင် တဲ့ ကော်နက်ရှင် ဖြစ် ပါတယ်။

ဒါကြောင့် So-net ဟာ Google ကိုကျော်လွန်လို့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ထောက်ပံ့တဲ့ service provider အဖြစ် စံချိန် တင်စေခဲ့ကြောင်း သိရပါတယ်။
-
Ref: The Verge
Aung Kham (TSJ team)

ဘော်စတွန် မာရသွန်တွင် ဗုံးဖောက်ခွဲခဲ့သူဟု သံသယရှိသူ တစ်ဦးကို ဖမ်းဆီးရမိ


တနင်္လာ နေ့ က လူ ၃ ဦး သေဆုံး ပြီး တစ်ရာ့ငါးဆယ် ကျော် ဒဏ်ရာရရှိခဲ့သည့် ဘော်စတွန် မာရသွန် ဗုံး ပေါက်ကွဲမှုတွင် သံသယရှိသူများအနက် တစ်ဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီးရမိသည်။

သောကြာ နေ့ နံနက်အစောပိုင်းတွင် ဘော်စတွန်မြို့  စွန်ဝါးတား တောင်းဉ်ပစ်ခတ် ပေါက်ကွဲမှုများ ပြီး နောက် ဖမ်းဆီးရမိခြင်း ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ များက မဆာချုးဆက်နည်းပညာတက္ကသိုလ်တွင်ရဲအရာရှိအား ပစ်ခတ်သတ်ဖြတ်မှု အတွက် ခြေရာခံလိုက်ရင်း သံသယရှိသူ နေထိုင် ရာအား ၀ိုင်းဝန်းပိတ်ဆို့  ထားချိန်တွင် ပေါက် ကွဲ စေ တတ်သည့် ပစ္စည်းများဖြင့် ပြန်လည်ခုခံခဲ့ ခြင်း ဖြစ်သည်။

သံသယရှိသူ နှစ်ဦးအနက် တစ်ဦးမှာ သေဆုံးသွားသည်ဟု သိရသည်။

FNG

အိမ်စာမလုပ်နိုင်သည့်သမီးကို လက်စွမ်းပြသည့် မိဘများ အဖမ်းခံရ



အသက် ၇ နှစ်အရွယ် သမီးဖြစ်သူသည် ကျောင်းမှ အိမ်ပြန်လာပြီး အိမ်စာမလုပ်နိုင်သဖြင့် မိဘများ က အလွန်အကျွံရိုက်နှက်သောကြောင့် ရဲကဖမ်းဆီး အရေးယူအပြစ်ပေးခဲ့ ရသော ဖြစ်ရပ် တစ်ခု အမေရိကန်၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် ဖြစ်ပွားခဲ့သည်။

ရန်ဒီ စမစ်နှင့် သူ၏ဇနီးဖြစ်သူ မစ္စတီ တေလာတို့သည် သမီးဖြစ်သူ အိမ်စာလုပ်နေ သည် ကိုကြည့်ပြီး ဒေါသထွက်သဖြင့် ရိုက်နှက်ဆုံးမကြသည်။ ထိုသို့ရိုက်နှက်ရာတွင် စမစ်က သမီးဖြစ်သူ ကို ခါးပတ်ချွတ်ကာ ရိုက်ခြင်း၊ လည်ပင်းကိုညှစ်ပြီး နံရံတွင်ကပ်ကာ မျက်နှာကို လက်သီးဖြင့် ထိုးခြင်း၊ မိခင်ဖြစ်သူက ကြိုးဖြင့် တုတ်ကာ ရိုက်နှက်ခြင်းတို့ကို ပြုလုပ်သောကြောင့် အပြင်းအထန် ဒဏ်ရာ များ ရရှိခဲ့သည်။

သမီးဖြစ်သူသည် ကျောင်းသို့သွားသောအခါ ဒဏ်ရာများဖြင့် မြင် မကောင်းအောင်   ဖြစ်နေေ သာကြောင့် ကျောင်းရှိ ဆရာများက စုံစမ်းပြီး ရဲကိုတိုင်ကြသည်။ ရဲများက စစ်ဆေးရာတွင် မျ က်နှာ၊ ကျောနှင့် ခြေထောက် တို့တွင် ဒဏ်ရာများကို တွေ့ရှိခဲ့ကြရသည်။

“တော်တော်ရက်စက်တယ်ဗျာ။ တစ်ကိုယ်လုံးလည်း အညိုအမည်းစွဲနေတယ်။ ခြေထောက်မှာဆိုရင် ကြိုးရာတွေကြောင့် သွေးခြည်တောင် ဥနေတယ်။ ပြတ်ရှဒဏ်ရာတွေကလည်း အနှံ့ပဲ” ဟု ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ယခင်က စီးကရက်မီးဖြင့်ထိုးထားသည့် ဒဏ်ရာဟောင်းများကိုပါ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ရဲများ က လင်မယားနှစ်ယောက်ကို ဖမ်းလိုက်ပြီး ကလေးသူငယ်ဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုဖြင့် အေ ရးယူ သွားမည်ဟု ဆိုသည်။ စမစ်သည် ကာလီဖိုးနီးယားတွင် ရန်ဖြစ်တိုက်ခိုက်မှုကြောင့် ဖမ်းဆီးမိန့် အထုတ် ခံထားရသူ တစ်ဦး လည်းဖြစ်သည်။

From: မောက္ခနိုင်ငံတကာသတင်း
Dailystar
 

အမျိုးသမီးများရင်သားကျန်းမာရေး

Facebook မှာတောင် ပျံ့သွားတဲ့ အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင် တယ်ဆိုတာကို အမှတ်မဲ့ မြင်ဖူး လိုက်မယ် ထင်ပါတယ်။

အခု ကြည့်တာတင် မဟုတ်ပဲ ညှစ်ရတော့ မှာပါ။


သိပ္ပံပညာရှင် တွေက အမျိုးသမီး တွေရဲ့ ရင်သားကို ညှစ်ပေးချင်း အားဖြင့် Cancer ဖြစ်စေ နိုင်တဲ့ အန္တရာယ်ရှိတဲ့ Cell တွေဖြစ်ပေါ် ခြင်းက ကာကွယ် နိုင်တယ်လို့ ပြောလိုက်ပါတယ်။

ကဲကောင်လေးနဲ့ ကောင်မလေးတွေ ရင်သားကင်ဆာ တားဆီးရေး အတွက် ကိုယ်စွမ်း ရှိသလောက် ကူညီ ကျတာပေါ့ ဟုတ်တယ်မလား။D California ပြည်နယ်က Berkeley တက္ကသိုလ်မှာ ဒီသုတေသနကို ဦးဆောင်တဲ့ သူတွေထဲက တစ်ယောက် ဖြစ်တဲ့ Gautham Venuhopalan က Cell တွေအပေါ် ဒြပ်ရှိတဲ့ ဖိအားပေး မှုက နဂိုမူလ ဖွံ့ဖြိုးမှု လမ်းကြောင်းထဲ ပြန်ထိမ်း ပေးနိုင်တယ် ဆိုတာ စမ်းသပ်မှုတွေက တစ်ဆင့် တွေ့ရှိ ရတယ်လို့ ပြောပါတယ်။ ဆန့်ကျင်ဘက် အနေနဲ့ ဆိုရင်တော့ Cancer ဖြစ်နိုင်မယ့် ဖွံ့ဖြိုးမှုကို အားသာ စေပါတယ်။



အတိအကျ ပြောရရင် ရာစုနှစ်ပေါင်း များစွာ ကတည်းက အားသက်ရောက် မှုကြောင့် ခန္ဓာကိုယ်ကို ပြောင်းလဲ စေနိုင်တယ် ဆိုတာ လူတွေက သိပြီးသားပါ။ ဥပမာ ပေးရရင် ၀ိတ်မတယ့် အခါ ကြွက်သားတွေ ကြီးလာ သလိုပေါ့။ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားက ကျွန်တော်တို့ အရိုးတွေကို သန်မာလာ စေဖို့ အဓိက ကျပါတယ်။ အခုဒီမှာ ကျွန်တော်တို့ ပြောချင်တာက ဒြပ်ရှိ အားသက်ရောက် မှုက ဖွံ့ဖြိုးမှု နေရာမှာ အချက်အချာ ကြနိုင်ပြီး Cancel Cell တွေဖြစ်ပေါ် လာမှုကို ကျုံ့စေပါတယ်။ ဒီစမ်းသပ်မှုမှာ Cancer ဖြစ်စေနိုင်တဲ့ Cell တွေကို Silicone ထဲမှာ ဖွံ့ဖြိုးစေပြီး ပထမ Cell ဖွံ့ဖြိုးလာတဲ့ အဆင့်မှာ Silicone ကိုညှစ်တာ ပါဝင်ပါတယ်။ အချိန် ကြာလာတာနဲ့ အမျှ Cell တွေက ပုံမှန်ပြန်လည် ဖွံ့ဖြိုး လာတာကို တွေ့ရပါတယ်။ Venugopalan ကဒီ Cell တွေဟာ ပုံမှန်ကျန်းမာတဲ့ ပုံစံထဲ ပြန်ဝင်လာဖို့ အရိပ်အမြွက် လေးလောက်ပဲ လိုတာပါ။ ဖျစ်ညှစ်ခြင်းက အဲ့ဒီ အရိပ်အမြွက် ပါပဲ။ ကဲ စာဖတ်သူတို့ ရင်သား Cancer ရောဂါ ပပျောက်ဖို့ များများ ညှစ်ကြစို့။

ဆိုက်ပရပ်စ် ရွှေထုတ်ရောင်းတဲ့ ဂယက် မြန်မာဈေးကွက် လာရိုက်

ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရောင်းချရန် ပြသထားသည့်ရွှေများ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ကမ္ဘာ့ရွှေဈေးနှုန်းများ ထိုးကျနေမှုကြောင့် သင်္ကြန်ကာလအပြီး ယနေ့ပြန်လည် ဖွင့်လှစ်လိုက်သော မြန်မာ့ရွှေ ဈေးကွက်တွင် အခေါက်ရွှေ တကျပ်သားလျှင် ငွေကျပ် ၈၀၀၀၀ (ရှစ်သောင်း) ကျော် ဈေးကွာ ထိုးဆင်းသွားပြီး ၀ယ်သူ ရောင်းသူ များဖြင့် ဈေးကွက်လှုပ်ရှားနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

သင်္ကြန်ကာလမတိုင်ခင်က  ၁၆ ပဲရည် အခေါက်ရွှေတကျပ်သားလျှင် ကျပ်ငွေ ၇၄၀၀၀၀ (ခုနစ်သိန်းလေးသောင်း)  ကျော်ရှိခဲ့ပြီး အရောင်း အ၀ယ် မရှိဖြစ်ခဲ့ကြောင်း၊ ယနေ့ နှစ်ဆန်း ၂ ရက်နေ့ ရွှေဈေးကွက်များ ပြန်လည်ဖွင့်လှစ်ချိန် အခေါက်ရွှေ တကျပ်သားလျှင် ၆၆၈၅၀၀ (ခြောက်သိန်းခြောက်သောင်း ရှစ်ထောင့်ငါးရာ) ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၆၇၃၀၀၀ (ခြောက်သိန်းခုနစ်သောင်း သုံးထောင်) ဈေးပေါက်သောကြောင့် သင်္ကြန်မတိုင်မီ ပေါက်ဈေးနှင့် ယှဉ်လျှင် မြန်မာ့ရွှေဈေးနှုန်းသည်  တကျပ်သားလျှင် ငွေကျပ် ၈၀၀၀၀ ကျော် ထိုးဆင်းသွားခဲ့သည်။
“ပြည်တွင်းရွှေဈေးနှုန်းက ကမ္ဘာ့ရွှေဈေးကို မူတည်ပြီးဖြစ်ပေါ်နေတာ။ အခု ကမ္ဘာ့ရွှေဈေးတွေ ထိုးဆင်းတော့ မြန်မာ့ရွှေဈေးလည်း လိုက်ဆင်းတယ်။ အခေါက်ရွှေ တကျပ်သားကို ၈၀၀၀၀ လောက်အထိကို ထိုးဆင်းသွားတာ။ အရင် အခေါက် တကျပ်သားကို ခုနစ်သိန်းခွဲလောက် ရှိနေရာကနေ ခြောက်သိန်း ခြောက်သောင်းလောက် အထိကို ဈေးတွေ ထိုးဆင်းတာ” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်း ရေးမှူး ဦးဝင်းမြင့် က ပြောသည်။
ကမ္ဘာ့ရွှေဈေးနှုန်းများ  ကျသွားရခြင်း၏ အဓိက အကြောင်းအရင်းမှာ ဆိုက်ပရပ်စ်နိုင်ငံတွင် ဘဏ္ဍာရေးနှင့် ငွေကြေး အကျပ်အတည်းများကြောင့် ရွှေတန်ချိန်ပေါင်း မြောက်မြားစွာ ထုတ်ရောင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ဆိုကြသည်။
ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ရွှေများ ဆိုက်ပရက်စ်နိုင်ငံက ဒေါ်လာသန်း ၅၀၀ ဖိုး ထုတ်ရောင်းရန် ရာထားထားရာ အခြား အကြပ်ဆိုက် ဥရောပနိုင်ငံများကလည်း ရွှေ ထုတ်ရောင်းရန် စဉ်းစား သုံးသပ်လာကြသောကြောင့် နှစ်ပေါင်း ၃၀ အတွင်း ကမ္ဘာ့ ရွှေဈေးနှုန်း များ စံချိန်တင်ကျဆင်းခဲ့ကြောင်း၊ ဧပြီလ ၁၀ ရက်နေ့က ကမ္ဘာ့ရွှေ တအောင်စလျှင် အမေရိကန် ဒေါ်လာ ၁၅၅၈ ဒသမ ၃၈ ရှိခဲ့ရာမှ ဧပြီလ ၁၂ ရက်နေ့တွင် ရွှေတအောင်စ လျှင် အမေရိကန် ဒေါ်လာ ၁၃၃၈ အထိ အနိမ့်ဆုံး ရောက်ရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။
ရွှေဈေးနှုန်းများ ထိုးကျမှုနှင့်အတူ ၀ယ်သူ၊ ရောင်းသူများဖြင့် ဈေးကွက်စည်ကားနေပြီး အထူးသဖြင့် ရွှေဝယ်သူ များပြားကြောင်း၊ ထို့ပြင် ရန်ကုန်ရွှေဈေးနှုန်းသည် နယ်စပ်ဒေသမှ ရွှေဈေးနှုန်းများထက် မြင့်မားနေသဖြင့် နယ်စပ်ဒေသများမှ ရွှေများ ပြည်တွင်းရွှေဈေးကွက်သို့ ပြန်လည် ၀င်ရောက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ ရွှေကုန်သည်တဦးက ဆိုသည်။
“ရောင်းတဲ့သူလည်း ငွေလိုတော့ ထုတ်ရောင်းတယ်။ ၀ယ်တဲ့သူတွေကလည်း ဈေးကျနေတဲ့အချိန် တချိန် ဈေးတက်မှာပဲဆိုပြီး ၀ယ်ကြတယ်။ အခုလက်ရှိ ရန်ကုန်မှာ ဖြစ်ပေါ်နေတဲ့ အခေါက်ရွှေဈေးနှုန်းက နယ်စပ်ဒေသက ရွှေဈေးနှုန်းထက် တကျပ်သားကို ၂၀၀၀၀ ကျော် ဈေးမြင့်နေတော့ နယ်စပ်ဒေသက ရွှေတွေ  ရန်ကုန်နဲ့ မန္တလေးဈေးကွက် ကို ပြန်ဝင်နေတယ်” ဟု အဆိုပါ ရွှေကုန်သည်က ဆိုသည်။
ရွှေဈေးနှုန်းများ ထိုးကျနေချိန် အမေရိကန်နှင့် မြန်မာငွေလဲလှယ်နှုန်းထားတွင် အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်နေပြီး သင်္ကြန်ကာလမတိုင်မီက အမေရိကန်တဒေါ်လာ ၈၈၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ယနေ့ ဈေးကွက်ပြန်လည်ဖွင့်လှစ်ချိန်တွင် အမေရိကန်တဒေါ်လာလျှင် ၈၉၅ ကျပ် ရှိကြောင်း သိရှိရသည်။
စီးပွားရေးပညာရှင်အချို့ကမူ ရွှေဈေးကျဆင်းမှုသည် ပြည်သူအများစုအပေါ် သက်ရောက်မှုနည်းသော်လည်း အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုသည် သွင်းကုန်ဈေး မြင့်တက်စေပြီး ကုန်ဈေးနှုန်းမြင့်တက်မှုကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
ဧရာဝတီ

2013 ရဲ့ ခေတ်ရှေ့ ပြေး HTC One


ငွေရောင် တောက်ပနေတဲ့ အလျူမီနီယံ ကိုယ်ထည် ၊ မိမိနှစ်သက်ရာ ကဏ္ဍတွေ ထည့်ထားတဲ့

Live Home Screen ၊ ကိုယ့်ဘ၀ရဲ့ အမှတ်တရ ဓာတ်ပုံ မှတ်တမ်း ၊ အသံကြည်လင် ပြတ်သားတဲ့ အပေါ်နဲ့အောက် စပီကာ .. စတာတွေနဲ့  HTC One ဖုန်းအသစ် လေးဟာ သင့်ဘ၀အတွက် ကောင်းမွန်တဲ့ စမတ်ဖုန်း တစ်လုံး အဖြစ် အတွေ့ အကြုံ အသစ်တွေ ပေးဖို့ လာပါပြီ ။

ဒီဇိုင်း..

4.7 လက်မ (1080p) LCD display လေးထောင့်အပြား အလျူမီနီယံ အလွှာပါးပါး သတ္တု၊ ဖန်သား မျက်နှာပြင် ၊ ပိုလီမာ အမျိုးအစား ပလပ်စတစ် တို့ နဲ့ ဖက်စပ် ပြုလုပ် ထားပါတယ်။

ပါဝင်တဲ့ အရာများ..

1.7GHz quad-core Snapdragon 600 processor နဲ့ Android OS, v4.1.2 (Jelly Bean) ကို အသုံးပြုထားပြီး version 4.2.2 အထိ Upgrade လုပ်နိုင်ပါတယ်။Li-Po 2300 mAh ဘထ္ထရီ ၊ 2 GB RAM သုံးထားပြီး Memory 32 GB နဲ့  64 GB နှစ်မျိုး ထွက်ရှိပါတယ်။

ကင်မရာ အရည်အသွေး..

4 megapixels ရှိ ဖုန်းကင်မရာ ဖြစ်ပါတယ်။ ရိုက်ပြီး ထွက်လာမဲ့ပုံ ဆိုဒ်က 2688 x 1520 pixels ရှိပါတယ်။ auto focus နဲ့ LED flash အသုံးပြုလို့ ရပါတယ်။



Video Player မှာ 469 Pixel ရှိ ကြည်လင် ပြတ်သားမှုကို တွေ့ရမှာ ဖြစ်ပါတယ်။ စပီတာ နှစ်ခု ပါတဲ့ အတွက် အသံ ထွက်ရှိမှု နှုန်းမှာလည်း ကျယ်လောင်ပြီး ကြည်လင်မှုကို ခံစားရမှာ ဖြစ်ပါတယ်။

BlinkFeed Feature လို့ အမည်ပေးထားတဲ့ Screen display ကတော့ Home Screen ကို လက်ချောင်းလေးများနဲ့ ထိတွေ့ ရင်း ဖြတ်ခနဲ ရွေ့ လျားမှုကို ခံစားရမှာပါ ။

အရောင်ရွေးချယ်မှု အနေနဲ့ ခဲရောင် (သတ္တူရောင် ) နဲ့ အနက်ရောင် နှစ်မျိုး ထုတ်လုပ်မှာ ဖြစ်ပြီး April 13 ရက်နေ့ မှာတော့ စင်္ကာပူမှာ 32GB Version ကို စင်္ကာပူဒေါ်လာ $968 နဲ့  64GB version ကို $1068 ဆိုပြီး စတင် ရောင်းချ သွားမယ်လို့ သိရပါတယ်။ ချွင်းချက် အနေနဲ့ အနက်ရောင် ကတော့ မေလမှ ဖြန့်ချီမယ်လို့  ဆိုထားပါတယ်။

HTC one ကတော့ ယခုထွက်ရှိလာမဲ့ Samsung 4 ကိုတောင် ယှဉ်ပြိုင်နိုင်ဖွယ် ရှိတယ်လို့ သတင်း စကားများ အရ သိရပါတယ်။

Mobile News / ndtv

ရည်းစား ၂ဦးရန်ဖြစ်ရာမှ ကောင်လေးက ကောင်မလေးအား ဓားဖြင့်ထိုးသတ် မှုဖြစ်ပွား

၁၃၇၅ခုနှစ် မြန်မာနှစ်ဆန်း ၁ရက်နေ့ ညပိုင်းအချိန် ၉နာရီခန့်က ကန်တော်ကြီးတစ်နေရာတွင် မိန်းကလေးအလောင်းတစ်လောင်း အား တွေ့ရှိသဖြင့်သက်ဆိုင်ရာသို့ အကြောင်းကြားကာ ရပ်ကွက်နေပြည်သူများက သတင်းပေးခဲ့ကြောင်းသိရပါသည် ။

သေဆုံးသူ မိန်းကလေးမှာ အသက် ( 22 ) နှစ်အရွယ်ခန့် ရှိပြီး ချမ်း/တောင်အကွက် ( ၈၆၄ ) တွင်နေထိုင်ကာ ----ဓာတ်ဆီဆိုင်တွင်အလုပ်လုပ်ကိုင်လျှက် ရှိကြောင်းသိရပါသည် ။



ရပ်ကွက်အတူနေအိမ်နီးချင်း တစ်ဦးရဲ့ပြောပြချက်အရ " နှစ်ဆန်း၁ရက်ညနေ ပရိတ်တရားနာတုန်း ကတောင်လာသေးတယ် ။ ည ၈နာရီလောက်ကစပျောက်သွားတာပါ " ဟုပြောပြပါတယ် ။


မိသားစုဝင် ၁ဦးရဲ့ပြောပြချက်အရ " ရည်းစားနဲ့သွားချိန်းတွေ့ရင်း အခုလိုဓားနဲ့. ရက်ရက်စက်စက်အသက်ခံရတာပါဟုပြောရင်း အလောင်းကိုပြပါတယ် ။ ၀မ်းဗိုက် ၁၀ချက်ခန့်ထိုးသွင်း ဒဏ်ရာ မျက်နှာရောပါပါတယ်ဟုပြောပါတယ် ။

သတ်သွားသည်ဟုယူဆရသော ရည်းစားအားယခုအချိန်ထိ ရှာဖွေနေဆဲဟု " ပြောကြားသွားပါတယ် ။

ဓာတ်ပုံမှာအမြင်မသင့်သောကြောင့် အဝေးမှရိုက်ထားသော ၁ပုံသာတင်ပေးလိုက်ပါသည် ။

Posted From Khine Lynn Soe


သမိုင်းဝင် ပင်လုံ၌ နေ့ခင်းကြောင်တောင် ဗုံးပေါက်ကွဲ



ပင်လုံမြို့ရွှေတိဂုံပုံတူစေတီတော်
ယနေ့မွန်းတည့်ချိန် သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် ရွှေတိဂုံ ပုံတူစေတီ တော်ဝင်းအတွင်း ဗုံးတလုံး ပေါက်ကွဲခဲ့ကြောင်း ပင်လုံမြို့ခံများကပြောသည်။

ဧပြီလ ၁၇ နေ့လည်(၁၂: ၃၀)နာရီအချိန်တွင် ရွှေတိဂုံပုံတူ မဟာရဌာဘိသာမဂ္ဂ စေတီတော်ဝင်း အတွင်း ဗုံးပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး လက်သည်တော့မသိရသေးကြောင်း ပင်လုံမြို့ခံ ဦးစိုင်းကပြောသည်။ သေကြေဒဏ်ရာရမှုကိုမူ စုံစမ်းနေဆဲဖြစ် သည်။

ရွှေတိဂုံပုံတူစေတီတော်သည် ပင်လုံမြို့တွင်း သမိုင်းဝင်ပြည်ထောင်စုကျောက်တိုင်ဝင်းအတွင်း တွင်တည်ရှိသည်။

သျှမ်းသံတော်ဆင့်

ဘဝအတွက် စည်းမျဉ်း (၇) သွယ်

နှိုင်းရင့်နွေ
၁) သင့်ရဲ့အတိတ်နဲ့ ငြိမ်းချမ်းရေးလုပ်ထားပါ... ဒါမှမဟုတ်ရင် ပစ္စုပ္ပန်ကို လာပြီး ခြိမ်းခြောက်ယှက်နွယ်နေပါလိမ့်မယ်...
၂) တခြားသူတွေ သင့်အကြောင်း ဘာစဉ်းစားနေမလဲဆိုတာ သင့်အလုပ်မဟုတ်ဘူး...
၃) အချိန်ကအရာရာကိုကုစားပါတယ်... ဒီအတွက် အချိန်တော့ပေးရပါလိမ့်မယ်... ၄) သင့်ရဲ့ဘဝကို တခြားသူတွေနဲ့မနှိုင်းယှဉ်နဲ့... တခြားသူတွေကိုလည်း အကဲဖြတ်မနေနဲ့... သူတို့ဘဝဘယ်လိုဖြတ်သန်းနေရတယ်ဆိုတာ သင်မသိပါဘူး....
၅) သိပ်စဉ်းစားမနေနဲ့... အဖြေမသိလို့လည်း ဘာမှမဖြစ်ဘူး... သင်မမျှော်လင့်ဆုံးအချိန်ကျမှ အဲ့ဒီအရာတွေကဖြစ်လာလိမ့်မယ်...
၆) သင့်ပျော်ရွှင်မှုကို သင်ကလွဲပြီး ဘယ်သူကမှ မစေစားနိုင်ပါဘူး...
၇) ပြုံးပြုံးရွှင်ရွှင်နေပါ... တစ်ကမ္ဘာလုံးမှာရှိနေတဲ့ပြဿနာတွေက သင့်ပြဿနာတွေမဟုတ်ပါဘူး...
------------------------------
----------------------------------
Ref: Whisper of the heart

အလွယ်ကူဆုံး အိမ်သုံးခြင်ဖမ်းကိရိယာ


နှိုင်းရင့်နွေမှတင်ဆက်သည်...
------------------------------
----------------------------------
မိမိအိမ်ပတ်ဝန်းကျင်မှာ ခြင်တွေများနေလို့စိတ်ညစ်နေပါသလ
ား... ခြင်ဆေးခွေတွေကြောင့် ကျန်းမာရေးထိခိုက်မှာစိုးရိမ်နေပါသလား... ခြင်အန္တရာယ်ကာကွယ်ပေးမယ့် ဓာတုဆေးဝါးတွေနဲ့ ဓာတ်မတည့်တာမျိုးဖြစ်နေပါသလား... လျှပ်စစ်ခြင်ဖမ်းစက်တွေ အလွယ်တကူမဝယ်ယူနိုင်တဲ့နေရာမျိုးရောက်နေပါသလား... ဒီပြဿနာတွေကို အလွယ်ကူဆုံးဖြေရှင်းနိုင်ဖို့ တရုတ်တိုင်ပေ (ထိုင်ဝမ်) က ကျောင်းသားလေးတွေ တီထွင်ခဲ့တဲ့ အိမ်သုံးခြင်ဖမ်းကိရိယာလေးကို ကိုယ်တိုင်လုပ်...ကြည့်လိုက်ကြရအောင်...
လိုအပ်မယ့်ပစ္စည်းတွေကတော့
ရေ
သကြားအညို >>> ၅၀ ဂရမ်
တဆေး (yeast) >>> ၁ ဂရမ် နဲ့
၂ လီတာဆံ့ ရေသန့်ဘူးခွံ့တစ်ဘူးတို့ဖြစ်ပါတ
ယ်... တခြားဟာတွေက ပြဿနာမရှိပေမဲ့ တဆေးကိုတော့ ရှင်းဖို့လိုမယ်ထင်ပါတယ်... တဆေးအမျိုးမျိုးရှိပြီး နယ်ပယ်အမျိုးမျိုးမှာသုံးကြပါတယ်... ဒီနေရာမှတော့ ပေါင်မုန့်ဖုတ်တဲ့နေရာမှာသုံးတဲ့ တဆေးရှိရင်ရပါပြီ... အလွယ်တကူဝယ်လို့မရဘူးဆိုရင်တော့ ကိုယ့်ဘာသာလုပ်နိုင်ပါတယ်... သစ်သီးအစိတ်တွေ.. ဒါမှမဟုတ်သစ်သီးခြောက်တွေကို ပုလင်းအလွတ်ထဲ ရေမပြည့်တပြည့်ထည့်ပြီးစိမ်ထားပါ... အဖုံးကိုတော့ ခပ်ချောင်ချောင်လေးဖုံးထားရင်ရပါပြီ... ပိုမြန်ချင်ရင်တော့ ပုလင်းထဲ သကြားနည်းနည်းထည့်ထားပါ... ရက်နည်းနည်းကြာလာရင် အမြှုပ်ကလေးတွေထလာပြီး အနံ့ကလည်းဝိုင်နံ့လိုထွက်လာပါလိမ့်မယ်.. ဒါဆိုရင် သုံးလို့ရပါပြီ... အချဉ်ဖောက်လိုက်တဲ့သဘောပါပဲ... ကဲ ခြင်ဖမ်းတဲ့ဖက်ကို ပြန်သွားလိုက်ကြရအောင်... ပထမဆုံး ရေသန့်ဘူးခွံကို အလယ်ကနေဖြတ်လိုက်ပါ... သကြားညိုနဲ့ ရေနွေး ၂၀၀ မီလီမီတာလောက်ကိုအရင်ဖျော်ပါ... အအေးခံပါ... ၄၀ံ C လောက် အေးသွားပြီဆိုရင် ဖြတ်ထားတဲ့ ရေသန့်ဘူးရဲ့ အောက်ပိုင်းထဲကိုလောင်းထည့်ပါ... ပြီးရင် တဆေး (yeast) ကိုထပ်ထည့်ပါ... မွှေစရာမလိုပါဘူး... အဲ့ဒီကနေ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ထွက်နေပါလိမ့်မယ်... ပြီးရင် ရေသန့်ဘူးအပေါ်ပိုင်းကို ဘူးအခြေပိုင်းမှာ ပြောင်းပြန်ပြန်စွပ်လိုက်ပါ... ပုံမှာပြထားသလိုပါပဲ... သေချာအောင် တိပ်နဲ့ကပ်ထားရင်ပိုကောင်းပါတယ်... ရေသန့်ဘူးကို အနက်ရောင်တစ်ခုခုနဲ့ပတ်ထားလိုက်ပါ... အပေါ်ပိုင်းကိုတော့ အလွတ်ထားပါ... ပြီးပြီဆိုရင် သင့်အိမ်ရဲ့ ထောင့်တစ်နေရာရာမှာချထားလိုက်ပါ... နှစ်ပတ်လောက်ကြာတဲ့အခါ ရေသန့်ဘူးထဲမှာ ခြင်တွေအများကြီးရောက်နေပြီး သေနေတာကိုတွေ့ရပါလိမ့်မယ်... အထဲမှာရောစပ်ထားတာတွေကိုတော့ နှစ်ပတ်တစ်ကြိမ်လဲပေးဖို့လိုပါမယ်.... ခြင်များတဲ့ဒေသမှာရောက်နေလို့ပဲဖြစ်ဖြစ် သင့်အိမ်ထဲမှာခြင်တွေရှင်းအောင်လုပ်ချင်တာပဲဖြစ်ဖြစ် ဒီနည်းလမ်းလေးကိုစမ်းပြီး အသုံးပြုကြည့်လိုက်ပါ... တကယ်အသုံးဝင်ပါလိမ့်မယ်...
တဆေး (yeast) လုပ်နည်းလေးတွေကို ဒီမှာ ဆက်လေ့လာနိုင်ပါတယ်...
------------------------------
----------------------------------
Ref: shambala.it

ဆယ်စုနှစ် အတွင်း သြဇာ အရှိဆုံး ဒေါ်အောင်ဆန်းစုကြည်

ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက ရွေးချယ်သည့် ၁၀ စုနှစ် တစ်ခုအတွင်း သြဇာ လွှမ်းမိုးမှု အရှိဆုံးပုဂ္ဂိုလ် (၁၀၀) စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် အွန်လိုင်း မဲပေး ရွေးချယ်မှု နောက်ဆုံး အဆင့်တွင် ကမ္ဘာကျော် ပေါ့ အဆိုတော် လေဒီဂါဂါကို ကျော်ဖြတ်ပြီး အနိုင်ရရှိခဲ့ကြောင်း ယင်း မဂ္ဂဇင်း၏ အင်တာနက် စာမျက်နှာတွင် ထုတ်ပြန်လိုက်သည်။
နောက်ဆုံး အဆင့် မဲပေး ရွေးချယ်မှုကို မြန်မာ စံတော်ချိန် ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ရပ်နားခဲ့ပြီး ရရှိသော ဆန္ဒမဲ ရလဒ်များ အရ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိကြောင်း တိုင်းမ် မဂ္ဂဇင်းမှ ထုတ်ပြန် ကြေညာ ခဲ့ခြင်း ဖြစ်ပါသည်။ ဆန္ဒမဲ အရေ အတွက် စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်း ကို ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့ပြီး ၃၉ ရာခိုင်နှုန်းကိုသာ လေဒီဂါဂါက ရှိခဲ့သည်။
အင်တာနက် မြန်နှုန်း နှေးကွေး လေးလံစွာ သုံးစွဲခွင့်ရရှိနေသော ပြည်တွင်းနေ နိုင်ငံသား အနည်းစုနင့် ပြည်ပ နိုင်ငံ အသီးသီးသို့ ရောက်ရှိနေသော မြန်မာ နိုင်ငံသားများမှာ ဧပြီ လ ၁၆ရက်သင်္ကြန် အတက်နေ့ ညနေပိုင်းမှ စတင်ကာ လေဒီဂါဂါကို ရှုံးနိမ်နေသော ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ပေါင်းများစွာ မရပ်မနား ထောက်ခံခဲ့ ကြသည်။ From ရိုးရာလေး။

သင်္ကြန် အတတ်နေ့ မှာ မန္တလေးမြို့ Alpine မဏ္ဍပ် ရန်ပွဲဖြစ်၊ သင်္ကြန်ကာလအတွင်း လူ ၁၆ ဦးသေ၊ ၈၃ ဦး ဒဏ်ရာရ



(၁၆.၄.၂၀၁၃) သင်္ကြန် အတတ်နေ့ မှာ မန္တလေးမြို့ Alpine မဏ္ဍပ် က ညနေ ၄နာရီဝန်းကျင် တွင် မဏ္ဍပ် ပေါ်မှ ရေပက်သူများနှင့် စင်အောက်မှ ရေပက်ခံထွက်သူများ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။

Alpine မဏ္ဍပ် အောက်က လူတွေက ခဲတွေ၊ဖိနပ်တွေ၊ပုလင်းကွဲ တွေနဲ့ ပစ်ပေါက်ခဲ့သလို မဏ္ဍပ် အပေါ်မှာ ထိမှန်ခဲ့တဲ့ လူတချို့ကလဲ ပြန်လည်ပြီး ပလပ်စတစ် ထိုင်ခုံတွေနဲ့ ပစ်ပေါက်ခဲ့တာပါ။

ထိခိုက်ဒဏ်ရာရသူ အနည်းငယ်သာရှိခဲ့ပြီး ဖျော်ဖြေမှုနဲ့ ရေပိုက်တွေကို ရပ်နားခဲ့ရပါတယ်။
 





(၁၆.၄.၂၀၁၃) သင်္ကြန် အတတ်နေ့ မှာ မန္တလေးမြို့ Alpine မဏ္ဍပ် က ညနေ ၄နာရီဝန်းကျင် တွင် မဏ္ဍပ် ပေါ်မှ ရေပက်သူများနှင့် စင်အောက်မှ ရေပက်ခံထွက်သူများ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။

Alpine မဏ္ဍပ် အောက်က လူတွေက ခဲတွေ၊ဖိနပ်တွေ၊ပုလင်းကွဲ တွေနဲ့ ပစ်ပေါက်ခဲ့သလို မဏ္ဍပ် အပေါ်မှာ ထိမှန်ခဲ့တဲ့ လူတချို့ကလဲ ပြန်လည်ပြီး ပလပ်စတစ် ထိုင်ခုံတွေနဲ့ ပစ်ပေါက်ခဲ့တာပါ။

ထိခိုက်ဒဏ်ရာရသူ အနည်းငယ်သာရှိခဲ့ပြီး ဖျော်ဖြေမှုနဲ့ ရေပိုက်တွေကို ရပ်နားခဲ့ရပါတယ်။





 .. www.MyanmarExpress.net